စိတ်ကူးချိုချိုစာပေ
စိန်မျိုးမြင့် - မြောက်ဦးရှေးဟောင်းယာဥ်ကျေးမှုအမွေအနှစ်များ
စိန်မျိုးမြင့် - မြောက်ဦးရှေးဟောင်းယာဥ်ကျေးမှုအမွေအနှစ်များ
ထုတ်ယူရရှိနိုင်မှုကို မတင်နိုင်ခဲ့ပါ။
ရခိုင်ရာဇဝင်နှင့် ပတ်သက်၍ သမိုင်းစာတမ်း၊ ဆောင်းပါး၊ သုတေသန အစီရင်ခံစာများ များစွာ ရှိပေသည်။ စာအုပ်အနေဖြင့် ပဲခူးမင်းကျောင်း ဆရာတော် ဦးပဏ္ဍိတ၏ “ဓညဝတီ ရာဇဝင်သစ် ကျမ်း” (၁၉၁၀)၊ ရမ်းဗြဲတောင်ကျောင်းဆရာတော် ဦးစန္ဒမာလာ၏ “ရခိုင်ရာဇဝင်သစ်ကျမ်း” (၁၉၃၁) စသည့် တန်ဖိုးရှိလှသော သမိုင်းမှတ်တမ်းကျမ်းများ ထွက်ရှိခဲ့ဖူးပါသည်။ အင်္ဂလိပ်ဘာသာဖြင့် သြစတြေးလျ အမျိုးသားတက္ကသိုလ်မှ ဒေါက်တာ ပင်မလာဂတ်တမင်၏ "Burma's Lost Kingdoms, Splen-downs of Arakan" စာအုပ်လည်း ထွက်ခဲ့ဖူး သည်။
ထွက်ရှိဖူးသော စာအုပ်များ၌ မြောက်ဦး၊ ဝေသာလီ၊ ဓညဝတီနှင့် ကျောက်တော်စသည့် ဒေသ ရှေးဟောင်းအမွေအနှစ်များနှင့် ပတ်သက်၍ မှတ်တမ်းမှတ်ရာ စုံစုံလင်လင် ပြုစုထားသော စာအုပ်မှာရှားပါးပါသေးသည်။
တကယ်တော့ ရခိုင်သမိုင်းမှာ အတော် ရှည်လျား ကျယ်ပြန့်ပါသည်။ ရခိုင်နှင့်ပတ်သက်၍ ရှိခဲ့သော သမိုင်းအချက်အလက်များ၌ ရှေးဦးပိုင်း ကာလအဆိုများမှာ ဒဏ္ဍာရီဆန်ဆန်၊ ပုံပြင်ဆန်ဆန်များလည်း ရှိပေရာ အငြင်းပွားဖွယ်ရာများ လည်း ရှိပါသည်။ ရခိုင်သမိုင်းတွင် ဒွါရဝတီ၊ ရှေး ဟောင်းဝေသာလီ၊ ငခွေးသင်းတောင်၊ ပထမ ဓည ဝတီ၊ ကန်သုံးဆင့်၊ နီလာပန်းတောင်း၊ ဒုတိယ ဓညဝတီ၊ တတိယ ဓညဝတီ စသည်ဖြင့် သမိုင်း၊ ရာဇဝင်ကို စဉ်ခဲ့ကြရာတွင် ရခိုင်သမိုင်းအစမှာ ဘီစီ ရာစု အတော်စောစောဟု ဆိုကြသည်။ ပထမ ဓည ဝတီ ရာဇဝင်ပင် ဘီစီ ၃ဝဝဝ ၌ စတင်သည်ဟု ဆိုပြန်ပါသည်။ အခိုင်အခံ့ မှတ်တမ်းပြုရန်မှာ ခက်ခဲပါသည်။
ဝေသာလီကို တစ်ကျော့ပြန်တည်သော အေဒီ ၃၂၇ မှ ၇၇၆၊ ပထမမြောက်ဦး အေဒီ ၇၇၆၇၉၂၊ ပထမစပ္တဝက် အေဒီ ၇၉၄ - ၈၁၆၊ ပဉ္စာ အေဒီ ၈၁၈ - ၁၁၀၃၊ ပထမလောင်းကြက် အေဒီ ၁၁၀၃၊ ပထမပုရိန် အေဒီ ၁၁၀၃ - ၁၁၂၃၊ ဒုတိယ ပုရိန်အေဒီ ၁၁၂၃ - ၁၁၄၂။ ခြိပ် အေဒီ ၁၁၄၂ - ၁၁၅၄၊ ဒုတိယစပ္တဝက် အေဒီ ၁၁၅၅ - ၁၁၆၃၊ မြို့ဟောင်းတောင်ငူ အေဒီ ၁၁၆၃ - ၁၂၅၀၊ ဒုတိယ လောင်းကြက် အေဒီ ၁၂၅၁ - ၁၄ဝ၆ (၁၄၂၈)ဟူ၍ မှတ်တမ်းပြုကြသည်။ (အေဒီ ၈၁၈ မှ ၁၄၀၆ အထိ ကာလကို လေးမြို့ခေတ်ကာလဟု ဆိုကြပေ သည်။)
မြောက်ဦးခေတ်ကာလမှာ အေဒီ ၁၄၃၀ မှ စတင်၍ အေဒီ ၁၇၈၄ ခုတွင် ဘုရင် ဘိုးတော်ဘုရားတိုက်ခိုက်သိမ်းယူခဲ့သဖြင့် မြောက်ဦးမင်းဆက်၊ မြောက်ဦးခေတ်မှာ မင်းဆက်ပြတ်ပြီး မြောက်ဦး မြို့တော်လည်း ပျက်သုဉ်းခဲ့ရပေသည်။ မြောက်ဦးခေတ်ကာလမှာ နှစ်ပေါင်း ၃၅၄ နှစ် အဓွန့်ရှည်ခဲ့ပေသည်။
မြောက်ဦးခေတ်ကာလတွင် မြန်မာဘုရင် များနှင့် ရခိုင်ဘုရင်များ၏ ကောင်းမွန်သော ဆက်ဆံမှုကိုလည်း တွေ့ရသည်။ မြောက်ဦး၌ အေဒီ ၁၄၃၃ ၌ နန်းတက်သော မင်းခရီ၏လက်ထက် တွင် အင်းဝဘုရင် နရပတိ (အေဒီ ၁၄၄၂ - ၁၄၆၈) နှင့် မဟာမိတ်ပြုခဲ့ကြသည်။ အေဒီ ၁၅၄၆ တွင် ဖြစ်ပွားခဲ့သော စစ်ပွဲအပြီး တပင်ရွှေထီး၊ ဘုရင့် နောင်တို့နှင့် ရခိုင်ဘုရင်မင်းဗာကြီး (အေဒီ ၁၅၃၁ - ၁၅၅၃) တို့သည် နောက်ပိုင်း၌ ချစ်ကြည်စွာဆက်ဆံခဲ့ကြသည်။ အေဒီ ၁၅၉၇ တွင် တောင်ငူ မင်းငယ် (မင်းရဲသီဟသူ) နှင့် ရခိုင်ဘုရင် မင်းရာဇာကြီးတို့သည် ချစ်ခင်စွာ၁၆၂၂ - ၁၆၃၈ နှစ် ညောင်ရမ်းမင်း သာလွန် မင်းတရားတို့သည် သံတမန်များ အပြန်အလှန်စေလွှတ် ကာ ချစ်ကြည်ရင်းနှီးခဲ့ကြသည်။
မြောက်ဦးကို တစ်ချိန်က မြို့ဟောင်းဟု လည်း အမည်ခေါ်တွင်ခဲ့ကြသေးသည်။ ရခိုင်သမိုင်း ၏ အကျော်ကြားဆုံး၊ အဖွံ့ဖြိုးဆုံး မြောက်ဦးခေတ် ၏ ရှေးဟောင်းအမွေအနှစ်များကို သွားရောက် လေ့ လာမည်ဆိုပါက မြောက်ဦးနှင့် မဝေးကွာလှသော ဝေသာလီ၊ ဓညဝတီနှင့် ကျောက်တော်ဒေသများ နှင့်ရှေးဟောင်းအမွေအနှစ်များကို တစ်ဆက်တစ် စပ်တည်း သွားရောက်လေ့လာသင့်ကြပေသည်။
Share




