Skip to product information
1 of 2

Other Websites

စာပေချစ်သူများအဖွဲ့ - လူငယ်များနှင့် အနာဂတ်ကမ္ဘာ (၂)

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

စာချစ်သူ မိဘပြည်သူ ညီအစ်ကိုမောင်နှမများအားလုံး မင်္ဂလာပါလို့ ရှေးဦးပဏာမ နှုတ်ခွန်းသပါရစေ။

လူငယ်များအတွက် ဦးတည်ထုတ်ဝေလာတဲ့ 'လူငယ်များနှင့် အနာဂတ်ကမ္ဘာ-ဘာသာရေးနိုင်ငံရေး အတွေးအမြင် စာစုများ” စာအုပ်ဟာ အခုဆိုရင် အမှတ် ၂ သို့တိုင် ရောက်ရှိလို့လာပါပြီ။ ဒါဟာ စာပေချစ်သူ မိဘညီအစ်ကို မောင်နှမများ အတွက်ရော ခေတ်လူငယ်များအတွက်ပါ ကောင်းမွန်တဲ့ လက္ခဏာတစ်ရပ်လို့ သုံးသပ်မိပါတယ်။ လူငယ်များနှင့် အနာဂတ်ကမ္ဘာ အမှတ် ၁ ကို စာပေချစ်သူများအဖွဲ့၊

စာနှင့်ပရဟိတကွန်ရက်ရဲ့ စာပေ ပရဟိတ အကျိုးသယ်ပိုးခြင်း ဒုတိယ မြောက် စာအုပ်အဖြစ် ၂၀၁၄ ခုနှစ်က ထုတ်ဝေခဲ့ပါတယ်။ အဖွဲ့ အနေနဲ့ နှစ်စဉ်အများအကျိုးပြု စာအုပ်များထုတ်ဖို့ ရည်ရွယ် ထားသည်အားလျော်စွာ ဆောင်းပါးစုစည်းမှု။ ဝတ္ထုစုစည်းမှု၊ ကဗျာစုစည်းမှု စာအုပ်များနဲ့ မဂ္ဂဇင်းများပါ ထုတ်ဝေနိုင်ခဲ့ကြပါတယ်။ ထုတ်ဝေခဲ့ကြတဲ့ စာအုပ်များစွာအနက် စာအုပ်အရေအတွက် အလုံးအရင်းလိုက် အမှာများ အဝယ်လိုက်ခဲ့ဆုံးစာအုပ်မှာ လူငယ်များနှင့်အနာဂတ်ကမ္ဘာ စာအုပ်ပဲ ဖြစ်ပါ တယ်။ ထုတ်ဝေသည့်နှစ်မှာပဲ အုပ်ရေတစ်ထောင် ကုန်ခဲ့ပါတယ်။ ဒုတိယအကြိမ်ရိုက်ဖို့ စိုင်းပြင်းခဲ့ကြပေမဲ့ အဖွဲ့ အနေနဲ့ ရှေ့ဆက် လုပ်ရမယ့် လုပ်ငန်းစဉ်များလည်း ရှိနေတာမို့ အဟောင်းကို ဒုတိယအကြိမ် ထုတ်ဝေခြင်းထက်အခြားအမျိုးအစားကွဲအသစ် စာအုပ်များ ထုတ်နိုင်ဖို့ ကိုသာ ဦးတည်ခဲ့ပါတယ်။ သို့သော်လည်း ယနေ့ ၂၀၁၈ ခုနှစ်ရောက်သည့်တိုင် စာအုပ်ဆိုင် များက လူငယ်နှင့်အနာဂတ်ကမ္ဘာ စာအုပ် မရသေးဘူးလားဟု မေးကြဆဲ။ မှာကြဆဲ။ ဒီတော့ အဖွဲ့ နာယကများနှင့် ဒုတိယအကြိမ် ထုတ်ဝေမလား၊ အမှတ် ၂ အဖြစ် ထုတ်မလား တိုင်ပင်ရပါတယ်။ အမှတ် ၁ ထုတ်ဝေခဲ့သည်မှာ ၄ နှစ်ကြာခဲ့ပြီ ဖြစ်တဲ့အတွက် ယနေ့ခေတ်ရေစီးနဲ့ မကိုက်ညီတော့တာတွေ ရှိကောင်းရှိနေနိုင်တာမို့ ခေတ်သစ် အတွေးအမြင်သစ်များနဲ့ ခေတ်ကို တပြေးညီဖြစ်စေရန် အမှတ် ၂ ထုတ်ဝေဖို့ ဖြစ်လာခဲ့ပါတယ်။ စာပေချစ်သူများအဖွဲ့ ရဲ့ မူလရည်ရွယ်ချက်အတိုင်း စာတစ်အုပ် ထုတ်မယ်ဆိုရင် အဖွဲ့ဝင်များနဲ့အတူ ဝါရင့် ဆရာ ဆရာမများရဲ့ စာမူများတောင်းခံဖော်ပြခြင်း၊ စာပေမျိုးဆက်သစ်များထံက ပြိုင်ပွဲဝင်စာမူများ ဖိတ်ခေါ်၍ ဆုရစာမူများကို ထည့်သွင်းဖော်ပြခြင်း အဆင့်ဆင့်ပြုလုပ်ပြီး ဒီစာအုပ်လေးကို အကောင်အထည်ဖော်ခဲ့ကြခြင်း ဖြစ်ပါတယ်။ အနာဂတ်ကမ္ဘာ ကောင်းဖို့အရေးဟာ လူငယ်အခန်းကဏ္ဍက အင်မတန်အရေးကြီးပါတယ်။ ဒီအတွက် လူငယ်အကျိုး ပြုလုပ်ငန်းစဉ်တွေကို အဖွဲ့အနေနဲ့ ဦးစားပေးဆောင်ရွက်ဖြစ်ခဲ့ပါတယ်။ လူငယ်များနှင့် အနာဂတ် ကမ္ဘာ စာအုပ်ဟာ အဓိကအားဖြင့် လူငယ်အကျိုးပြုစာအုပ်ပဲဖြစ်ပါတယ်။ လူငယ်များအတွက် လူကြီးအတွေးများပါသလို၊ လူငယ်များအတွက် လူငယ် အတွေးများလည်း ပါဝင်ပါတယ်။ လူငယ်များအတွက်ဟု ပြောသောအခါ လူကြီးများအတွက်ကော မပါဘူးလား၊ လူကြီးတွေကို ပစ်ပယ်တာလားလို့ မေးစရာရှိပါတယ်။ အဲဒီလို မဟုတ်ပါဘူး။ လူကြီးများသိဖို့ အကြောင်းအရာတွေလည်း ပါဝင်ကောင်း ပါဝင်မှာပါ။ ဒါပေမဲ့ စနစ်သစ်တစ်ခုကို ပြောင်းလဲပစ်ဖို့ ဆိုသည်မှာ နှစ်ပေါင်းများစွာပုံစံကျနေပြီးအတွေးအမြင်ရှိတဲ့လူကြီးများကိုပြုပြင်နေခြင်းထက်လူငယ်များကိုပြုပြင်ခြင်းကသာ ပိုထိရောက်လိမ့်မယ်လို့ ယူဆမိပါတယ်။ လူကြီးတိုင်းက မကောင်းတဲ့အတွေးအမြင် တွေရှိနေတယ်လို့လည်း မယူဆ ပါဘူး။ လူငယ်များအတွက် လူကြီးတွေဆီမှာ အတုယူသင့် ယူထိုက်တဲ့ အချက်တွေများစွာ ရှိနေတယ်ဆိုတာ အားလုံးအသိဖြစ်ပါတယ်။ လူကြီးများ ဆီက မထင်မှတ်ဘဲရတဲ့ အသိအမြင်တွေနဲ့ လူကြီးတွေကို ပြန်ထိန်းကျောင်းဖို့ ဆိုတာ ဘယ်လိုမှ အဆင်မပြေတော့ပါဘူး။ ပုံစံကျနေတဲ့ အတ္တမာန အသီးသီး ကလည်း အင်နဲ့အားနဲ့ ရှိနေကြတဲ့ အတွက်ပါ။

နောက်တစ်ချက်က နုနယ်စဉ်ပြုပြင်ရတာက လိုရာခရီးကို ပိုရောက် နိုင်ပါတယ်။ လူငယ်ဆိုတာ ပန်းပုအဖြစ် ထွင်းထုမထားတဲ့ သစ်ရိုင်းတုံးနဲ့ တူပါတယ်။ ပုံစံချထားတာ မရှိသေးတဲ့အတွက် ကောင်းမွန်ပြီး အကျိုးရှိမဲ့ လိုရာအရုပ်ကို ထုဆစ်နိုင်ပါတယ်။ ပုံစံကျပြီးသား ပန်းပုထုပြီးသား အရုပ် များကို ပြန်လည် ပြောင်းလဲဖို့ကတော့ သူ့ရဲ့ မူလ ရုပ်သဏ္ဌာန်ရဲ့ ထွင်းရာ ထုရာ မို့ရာမောက်ရာ ချိုင့်ရာခွက်ရာများကြောင့် လိုရာအရုပ်ကို ထုဆစ် ပုံဖော်လို့ မရနိုင်တော့ပါဘူး။ သူ့အသွင်ရဲ့ မူလရုပ် ကောက်ကြောင်းအတိုင်း အနီးစပ်ဆုံးလောက်သာ ထုဆစ်ပုံဖော်လို့ရမှာ ဖြစ်ပါတယ်။ ။ ဒီတော့ အားနဲ့ အင်နဲ့ တိုးတက်မှုမြန်ဆန်ပြီး ပိုထိရောက်ဖို့အတွက် အရိုင်းတုံးလေးများကို မှန်ကန်သော သရုပ်သဏ္ဌာန် ရရှိဖြစ်ပေါ်လာဖို့ ပိုအရေး ကြီးပါတယ်။ လူငယ်ပြုပြင်ပြောင်းလဲရေး ဆိုသည်မှာ အင်မတန် တာဝန် ကြီးပါတယ်။ အကယ်၍ ကိုယ်ပေးမိတဲ့ အတွေးအမြင်တွေကသာ မှားခဲ့မယ် ဆိုရင် မတွေးဝံ့စရာပါ။ ဒီစာအုပ်ပါ အတွေးအမြင်တွေလည်းမှာ မှားတဲ့ အတွေးအမြင် တစ်စွန်းတစ်စ ပါကောင်းပါသွားနိုင်ပါတယ်။ သို့သော် အများစုက အနာဂတ်လမ်း တိုးတက်အောင်မြင်နိုင်ဖို့အကြောင်းကိုသာ ဦးတည် နေလိမ့်မယ်လို့ယုံကြည်ပါတယ်။

လူငယ်များတိုးတက်ဖို့ အနာဂတ်ကမ္ဘာကြီးလှပဖို့ လူငယ်များနှင့် အနာဂတ်ကမ္ဘာ စာအုပ်ဟာ တစ်ထောင့်တစ်နေရာကနေ အကျိုးပြုနေမှာတော့ အမှန်ပါ။လူငယ်ဆိုတာ အနာဂတ်ကမ္ဘာရဲ့ ဗိသုကာဖြစ်ပါတယ်။ ကောင်းသော အတွေးသစ် အမြင်သစ်များနဲ့ တိုးတက် အောင်မြင် သောအနာဂတ်ကို တည်ဆောက်ကြပါစို့။

 

 

ချစ်ခင်လေးစား တန်ဖိုးထားလျက်

ပီတိ(ပေကြီး)

(တာဝန်ခံ) စာပေချစ်သူများအဖွဲ့၊ စာပေနှင့်ပရဟိတကွန်ရက်။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)