စိတ်ကူးချိုချိုစာပေ
စစ်ကိုင်းဦးဘိုးသင်း - လူ့မျက်ရှုကြမ်း
စစ်ကိုင်းဦးဘိုးသင်း - လူ့မျက်ရှုကြမ်း
Couldn't load pickup availability
ဦးမြတ်သာသည် ၎င်း၏သား ခုနစ်တန်းအောင်ပြီးသော် “တဲ့ အကောင် မင်းနာမည် ဘုန်းရှိန်ကို ဘီလုံးဟု ဘာကြောင့် ကျောင်းက နာမည်ပြောင်း ခဲ့ရသလဲ”ဟု မေးရာ သားဖြစ်သူက အဖေရယ် စွန်ရဲငှက်နှင့် ဘီလုံးငှက် အကြောင်းကို တစ်နေ့ညက အမေက ပုံပြောတယ်။ ဒါကြောင့် ကျွန်တော့် နာမည်ကို ဘီလုံးဟု ပြောင်းခဲ့ပါတယ်” ဆိုလေ၏။
ထိုအခါ အဘဖြစ်သူက “ဖြစ်မှဖြစ်ရပလေကွယ်...”ဆိုရာ သားဖြစ် သူ နာမည်ရင်း ဘုန်းရှိန် `ဘီလုံးက“ဘယ့်နှယ် အဖေ့နှယ် ဖြစ်မှဖြစ်ရပါ လေကွယ် ဆိုပါလိမ့်၊ ဖြစ်မှာကြောင့် ဖြစ်တာပေါ့”ဟုဆို၏။
သားအဖနှစ်ယောက်စကားကား အတော်ပင်လေးနက်၍ စဉ်းစား စရာဖြစ်နေ၏။ အဖေဖြစ်သူက“ဆရာကြီးနှင့်တပည့်တော့ လိုက်သကွယ်...” ဆိုပြန်ရာ ဘီလုံးက ဤသို့ ပြောပြန်၏။
“အဖေက ငါ့သံစကားပြောတာကိုး...ဆရာကြီးက ကျွန်တော့်ကို ချစ်တယ်၊ ဒါကြောင့် ကျွန်တော့်အလိုကိုလိုက်တယ်။ ဘာကြောင့်ချစ်သလဲ ဆိုရင် အားကစားမှာဆိုရင် ကျွန်တော် ထိပ်က၊ စေတနာ့ဝန်ထမ်းဆင်းရာ မှာ အမြဲပါတယ်။ သည်နှစ်စာမေးပွဲတွင် သတ္တမအတန်းမှာ တစ်ကျောင်း//
လုံး၌ ပထမရတယ်...”
ထိုဘီလုံးသည် စာပေပညာကိုသင်၍ တက္ကသိုလ်ကထွက်လာပြီး ၎င်း၏အဖေနှင့် မည်ကဲ့သို့ သဘောထားချင်း မကိုက်ညီသည်ကို စဉ်းစား သင့်သည်။
ဦးမြတ်သာက “မင်း ဘီအက်စ်စီ အောင်လာတာနှင့် ကြီးကြီးကျယ် ကျယ်ကွယ်”ဟု ဘီလုံးကိုဆို၍ ဘီလုံးနှင့်ဤသို့ စကားဆင်သနေလေ၏။
“အဖေက ဒါဖြင့် ကျွန်တော် သေးသေးနုပ်နုပ်လား၊ ကျွန်တော်ဟာ ရူပဗေဒနှင့်သင်္ချာမှာ ကိုးဆယ့်ကိုးမှတ်စီ ရလာခဲ့တဲ့လူပါကလား”
ဟေ့..ဟေ့...ဟေ့ မင်းဘာမှတ်ကြီး ဘယ်လိုပဲရရ၊ ကျောင်းဆရာ လုပ်ပါဆိုတော့လည်း မင်းကငြင်းတယ်။ အထက်တန်းအရာရှိ စာမေးပွဲ ဝင်ပါဆိုတော့လည်း မင်းကရွံစရာဆိုတယ်။ မင်း ဘီအက်စ်စီအောင်ပြီး သင်္ချာ ရူပဗေဒတို့မှာ အထူးအောင်တာဟာ ဘာအသုံးကျသလဲ”
“ဟာ...ခု ကျွန်တော် မပြောသေးဘူး။ သူတစ်ပါးက ခန့်ထားမှ လခပေးမှရတဲ့ အလုပ်မျိုးကို ကျွန်တော် ဘာလုပ်မလဲ၊ သူတကာက အာဏာနှင့်ခိုင်းတာ ကျွန်တော်မလုပ်ချင်...”
ထိုသို့လျှင် ဦးမြတ်သာသည် သားဖြစ်သူ ဘီလုံးနှင့်ပြောသော စကားကို စဉ်းစားချေသော် မည်ကဲ့သို့ သဘောသက်ရောက်သည်ကို သဲလွန်စ ရသင့်ပေသည်။
xxx
ထိုဘီလုံးသည် ထို့နောက် ဖ-ဆ-ပ-လခေတ်မှာ အနည်းငယ် လူလုပ်၍ ကြာလာသောအခါ ခြံကြီးတစ်ခု၌ နိုင်ငံခြားသားတစ်ယောက်နှင့် ဤသို့ စကားပြောဆိုနေကြလေ၏။
“သည်လေချူသီးများကို တစ်ပိဿာတစ်ဆယ်ထိ ဈေးတိုးပေးပါ မယ်၊ လေချူသီးအားလုံးကို ကျွန်တော့်အား ရောင်းပါ”
“ခင်ဗျားမနေ့က ကျပ်ငွေ ခုနစ်ရာ့ငါးဆယ်ဖိုး ဝယ်သွားပြီ။ ခင်ဗျား အား ကျွန်တော် မရောင်းတော့ဘူး”
“ဟာ... ဆရာ ဒီလိုတော့မလုပ်နှင့်လေ၊ ကျွန်တော် ဈေးပိုပြီးပေးပါ့မယ်”
ခင်ဗျားဘယ်လောက်ပဲ ဈေးပိုပေးပေမဲ့ ခင်ဗျားအား ကျွန်တော် မရောင်းတော့ဘူး။ ခင်ဗျားတို့လူမျိုးဟာ အင်မတန် ကြောက်စရာကောင်း တယ်။ စီးပွားရေးနယ်ချဲ့ သဘောနှင့် ကမ္ဘာပေါ်ရှိ တိုင်းပြည်အသီးသီးသို့ သွားပြီး စီးပွားရေးကိုမျိုတဲ့အပြင် လူမျိုးကိုလည်းကြိုတယ်။ ခင်ဗျားတို့လူမျိုး ဟာ သိပ်ကြောက်စရာကောင်းတဲ့လူမျိုး”
“အို...ဒီလိုလည်းမထင်ပါနှင့် ကျွန်တော်လည်း ပြည်ကြီးကို မပြန် တော့ပါဘူး။ တိုင်းရင်းသားလုပ်ထားပါပြီ”
“ဒါကသာပြီး ကြောက်စရာ ကောင်းသေးတယ်...။ ခြင်္သေ့အစစ် ထက် ခြင်္သေ့ရေဝတ်ထားတဲ့ မြည်းကသာပြီး ကြောက်စရာ ကောင်းတယ်။ ဘာကြောင့်လဲဆိုရင် ခြင်္သေ့အစစ်ဟာ ကောက်ပဲသီးနှံကို မစားဘူး။ ခြင်္သေ့ ရေဝတ်ထားတဲ့မြည်းဟာ အသီးအနှံခင်းကိုဝင်ပြီး သူချည်းအကုန်လုံးစား ပစ်တာပဲ”
“သည်လိုလည်းမလုပ်ပါနဲ့လေ၊ တစ်ထောင်ဖိုးပြည့်အောင် ရောင်း ပါဦး”
“မရောင်းတော့ဘူးဗျာ... လူဆိုတာ မျှတခြင်းရှိရတယ်ဗျ။ ကုန်း လည်း ငါ့ကုန်း၊ ကျင်းလည်း ငါ့ကျင်းလုပ်ကာ စားလို့ ဘယ်ဖြစ်မှာလဲ။ အများနှင့်မျှတရတယ်ဗျ။ တခြားသူများအား ဈေးလျှော့ပြီးတောင် ရောင်း ဦးမှာပဲ”
“တခြားလူများလည်း ဝယ်မှာမဟုတ်ပါ။ ကျွန်တော်သာ အမိုက်ခံ ပြီး ဝယ်တာပါ။
“ခင်ဗျားလည်း အမိုက်ခံမဝယ်ပါနှင့် အခြားလူများလည်း မဝယ် ချင်နေပါစေ။ လေချူသီးကို လင်းနို့နှင့်လင်းဝက်သာ သိပ်ကြိုက်တယ်။ သူတို့အားလုံး ကျွေးလိုက်မှာပေါ့ ။ ရှဉ့်နှင့်ငှက်ကလေးများကလည်း စား ချင်နေတာပဲ” - ထိုသို့လျှင် ခြံရှင်ဘီလုံးနှင့် လေချူသီးဝယ်သူသည် အစပ်မတည့် သဖြင့် ဝယ်သူ နိုင်ငံခြားသားသည် ပြန်သွားရလေ၏။
စာဖတ်သူ ထိုသဘောကို သေချာစွာစဉ်းစား၍ တည်းဖြတ်ရာသည်။ ဘီလုံးသည် ခြံစိုက်၏။ ၎င်းအား ဘာကြောင့် ခြံစိုက်သလဲဟု မေးသော်၊ တိုင်းပြည်လူမျိုးအတွက်ဟု ဖြေပေလိမ့်မည်။ သို့ သော် ခြံစိုက် သဖြင့် စီးပွားရေးသည် အတော်ဖြောင့်လာ၏။ ခြံသမားငွေရှင်ဟု ဆိုမည် လား။ ငွေရှင်ဆိုသည်ကား အဘယ်နည်း။ အနောက်နိုင်ငံက ကံတရားမရှိ သူတို့၏ အသုံးအနှုန်းဖြစ်သော ကယ်ပီတာလစ်ရှင်(အရင်းရှင်ငွေရှင်) ဟူသော အသုံးအနှုန်းကို အတုယူ၍ ပြောဆိုနေကြဟန်တူပေသည်။ ထို့ကြောင့် အရင်းရှင်ငွေရှင် သဘောတရားကို ရှင်သန်ခြင်းနှင့် အနီးဆုံး ဖြစ်ရအောင် စဉ်းစားလိုပေသည်။
ဘီလုံးသည် သူ့ထံလေချူသီးဝယ်ရန် လာသူအား မတည့်အောင် ပြောဆို၍ လွှတ်လိုက်လေသည်။ ဝယ်လာသူ နိုင်ငံခြားသားအား ရောင်း လိုက်လျှင် ငွေနှစ်ထောင်လောက် ချက်ချင်း ပက်ခနဲရပေလိမ့်မည်။ ထို သဘောကို ငွေရှာသူများက သိသွားလျှင် ဘီလုံးသည် အလကား လူပြုတ် မနူးဟု ဆိုကောင်းဆိုပေလိမ့်မည်။ ဆိုသောသူသည် ပြိတ္တာလောင်းဖြစ် သင့်သည်။
ဘီလုံးသည် ၎င်း၏ထံ၌ လေချူသီးလာဝယ်သောသူသည် ယိုဘူး ကို တစ်ဦးတည်းလုပ်၍ မတန်တဆနှင့် ဈေးကြီးစွာရောင်းသည်ကို သိသည်။ ယိုမလုပ်မီ လေချူသီးများကို ဝယ်စားလိုသူများသည် ဈေးကြီး ကြီးနှင့် ဝယ်စားရမည်ကို ၎င်းသည် အလွန်စိုးရိမ်မိပေသည်။
၎င်းသည် ခြံလုပ်သည်မှာ တိုင်းပြည်လူမျိုးအတွက် ရည်ရွယ်၍ အလုပ်လုပ်သည်။ စားသုံးသူတို့မှာ သူ့ခြံက ထွက်သော လေချူသီးများကို ဈေးနှုန်းကြီးစွာနှင့်ဝယ်စားရသော် ၎င်း၏ခြံလုပ်ခြင်းသည် ခြံထွက်ပစ္စည်း များအားဖြင့် ငွေများစွာရစေကာမူ ၎င်းသည် ထိုအလုပ်၌ မအောင်မြင် အထမမြောက်ဟု အယူရှိပုံရလေသည်။ ထို့ကြောင့် ၎င်း၏ခြံထွက်လေ ချူသီးများကို တစ်ဦးတည်းအား မဟုတ်ဘဲ လက်လီရောင်းလိုသူများအား မျှတ၍ ရောင်းချလိုက်လေသည်။
ထိုသို့သော ဘီလုံး၏အပြုအမူသည် ရူးကြောင်ကြောင် ခေတ်မမီ သလော၊ သို့တည်းမဟုတ် သဘောတရားဆိုက်သလော..။
ဘီလုံးသည် ၎င်း၏ခြံတွင်းရှိ အုန်းပင်ဆယ်ပင်မှ အုန်းသီးများကို လည်း တစ်လုံးလျှင် ပြားငါးဆယ်နှင့် ဝယ်ရောင်းလိုသူများအား မျှတကာရောင်းချလေ၏။ ၎င်း၏အုန်းပင်များမှာလည်း ဆယ့်နှစ်ရာသီဆိုသလို သီးနေပုံရလေ၏။
ဘီလုံး၏အကြောင်းကို ပုံဝတ္ထုတစ်ခုကဲ့သို့ထား၍ စဉ်းစားဖွယ်ရာ ဖြစ်ကောင်းဖြစ်ပေသတတ်။
ဘီလုံးသည် ၎င်း၏ထံ ကုန်ဝယ်လာသူနှင့်စကားကို အစပ်မတည့် လိုက်ပြီးနောက် ၎င်းနှင့်အတူနေ၊ အမယ်အိုကြီးနှင့် ဤသို့ ပြောဆိုနေလေ ၏။
“ဘွားဘွားအလိုရှိသည်ကိုလှူ... ဥပုသ်စောင့်လိုစောင့်နေပါခင်ဗျာ၊ ရိပ်သာကိုတော့...”
“ဟဲ့မောင်လုံးရဲ့ ရိပ်သာမှာ နေ့တိုင်းလိုလို တရားပြတယ်ကွဲ၊ ပေါက်တဲ့လူလည်း အတော်ပေါက်နေကုန်ပြီတဲ့”
“ဘွားဘွားရယ်.. ဘွားဘွားအညောင်းမိလို့ နေမကောင်းရာမှ နာလန်ထစရှိပါသေးတယ်” ။
“အေးအေး..နေကောင်းတော့...”
“ကျွန်တော် ဘွားဘွားကို ပြောထားတာလို လိုတဲ့အခါကျင့်တဲ့အခါ ပုတီးစိပ်တဲ့အခါ၊ ဥပုသ်စောင့်တဲ့အခါ မမေ့မလျော့အပ်တဲ့ တရားလေးပါး အရသာလုပ်၊ နေ့စဉ်လည်း သည်တရားကို အမြဲအောက်မေ့ပါ၊ ဘွားဘွား ဟာ ဝိသာခါကျောင်းအမတို့လို “ဘုံစဉ်စံဖြစ်နိုင်ပါတယ်”
“အေးကွယ်၊ မင်းပြောသလို နေထိုင်တော့ ဒိဋ္ဌိဝိသုဒ္ဓိဖြစ်တယ်ဆို တာကို ငါရှင်းပါပြီ။ ငါဘုရားကိုအာရုံပြုပြီး ပုတီးစိပ်နေတော့ သိပ်ကို စိတ်အေးပြီး ကြည်နေတာပဲ”
ထိုနေ့ညနေ၌ ၎င်း၏သူငယ်ချင်း ဝန်ထောက်မင်းနှင့် မင်းကတော် က ဘုရားကိုးဆူကျွေးတွင် ဖိတ်ထားသဖြင့် ဝါသနာမပါသော်လည်း လာ ရောက်ကာ ဆူကြမည်ကို မလိုသဖြင့် သွားရောက်ရလေ၏။
ဘီလုံးရောက်လျှင်ပင် ရောက်နှင့်၍ စားသောက်နေကြသော ၎င်းနှင့် သိသူမိတ်ဆွေများက ဝိုင်းဝန်းကာ ခေါ်ကြသဖြင့် သင့်တင့်ရာဝိုင်းတွင်ဝင်ထိုင်လေ၏။
ထိုသို့နှင့် စားသောက်နေရင်းပင် ဂျုံဈေးများ ထိုးကျသွားပြီ၊ ကြက် သွန်ဈေးနှင့် ဆီဈေးလည်းကျရမှာပဲဟု ပြောသူကပြောကြပြီးလျှင် နိုင်ငံရေး သမားတစ်ယောက်က အစိုးရက နိုင်ငံခြားက ဂျုံမှုန့်တင်သွင်းကာ ဖြန့် ဖြူးပေးကြောင်းနှင့် ဆီ၊ ကြက်သွန်တို့ကိုလည်း နိုင်ငံခြားကသွင်းဖို့ အခွင့် ပြုရလိမ့်မယ်ဟု အားရပါးရပြောဆိုနေလေ၏။
ဘီလုံးကား ထိုနိုင်ငံရေးသမား ပြောဆိုသည်ကို နားထောင်ပြီး နောက် ဤသို့လုပ်လိုက်လေ၏။
“ခင်ဗျားတို့ ဖ၊ ဆ၊ ပ၊ လ အစိုးရကိုတော့ဗျာ တွယ်လိုက်ရဦးမယ်။ ဂျာနယ်စာစောင်ကနေပြီး သေသေချာချာ နှံလိုက်ရဦးမယ်” ။
“အမယ်...ကိုလုံးက ဘာကိုသဘောမကျလို့ ဘယ်လိုတွယ်မှာလဲ...”
နိုင်ငံခြားက ဂျုံမှုန့်ကိုမှာသွင်းပြီး နယ်အရပ်ရပ်သို့ ဖြန့်ဖြူးတယ်
“ဟုတ်ပါတယ်...မကောင်းဘူးလား” “မကောင်းဘူးဗျ”
ဟာ ဟုနိုင်ငံရေးသမားသည် ဟာသွား၍ အများသည် ပါးစပ်ဟနေ ကြလေ၏။ နိုင်ငံရေးသမားသည် ဤသို့ စကားဆက်ပြန်၏။
“ခု ဂျုံဈေးတက်လို့ အစိုးရက နိုင်ငံခြားမှ မှာယူပြီး ဖြန့်ဖြူးနေတာ ကြောင့် ဂျုံမှုန့်ဈေးဟာ ဒလဟော ကျဆင်းသွားတာပဲ” “ကျွန်တော်ပြောမယ်”
“ပြောပါ... ဂျုံဈေးတက်တော့ တောင်သူတွေ ငွေရတယ်၊ ဒါ မကောင်းဘူးလား”
“ဆိုပါ...”
“မုန့်ဖိုတွေ၊ ခေါက်ဆွဲဖိုတွေက ဈေးကြီးပြီးရောင်း၊ စားသုံးသူတွေ က ဈေးကြီးပေးဝယ်စားရ ဟုတ်လား”
“ဟုတ်ပါတယ်” “အဲသည်ငွေတွေဟာ နိုင်ငံတွင်းမှာ လည်နေတာပဲ မဟုတ်လား၊
နိုင်ငံခြားသို့ ထွက်မသွားနိုင်ဘူး” “““ဟုတ်ပါတယ်...ဒါပေမဲ့ တောင်သူ ဓနရှင်ပေါက်စ အလုပ်သမား ဓနရှင်အသေးစား ဖြစ်နေတယ်မဟုတ်လား”
“ကိုင်းထားသည်ပြဿနာကို နောက်တော့ ဖြေပြမယ်ဗျာ... အစိုးရ က နိုင်ငံခြားမှာ ဂျုံမှာပြီးဝယ်တော့ နိုင်ငံခြားသုံးငွေနှင့်ဝယ်ရတယ် မဟုတ် လား...”
“ဟုတ်တာပေါ့ ”
“အဲသည်တော့ တိုင်းပြည်မှာ နိုင်ငံခြားသုံးငွေ လျော့သွားတယ်။ မဟုတ်ဘူးလား...ငြင်းဗျာ”
“လျော့ပါတယ်..ငြင်းစရာမဟုတ်ပါ”
“ဒါမှတိုင်းပြည်ကိုထိပြီး ဆင်းရဲစေတတ်တာ အစစ်ခင်ဗျ။ တိုင်း ပြည်မှာ လှည့်နေတဲ့ငွေ၊ လှည့်ရန် တောင်သူများ၊ အလုပ်သမားများထံမှာ ရှိနေတဲ့ငွေများဟာ နိုင်ငံခြားသို့ ထွက်မသွားနိုင်လို့ တိုင်းပြည်အစိုးရကို မဆင်းရဲစေနိုင်ဘူးဗျ။ အစိုးရချမ်းသာမှ နိုင်ငံခြားမှ အလိုရှိသော ပစ္စည်း များကို မှာယူပေးနိုင်လို့ တောင်သူမှစပြီး အလုပ်သမားများဟာ အလုပ်ကို အားတက်စိတ်ပါ ကောင်းစွာလုပ်နိုင်မယ်” ။
“အဲသည်လိုလုပ်နိုင်တော့မှ ကုန်ထုတ်လုပ်ငန်းတိုးတက်ပြီး၊ နိုင်ငံ ခြားသို့ ကုန်များပို့နိုင်မယ်၊ နိုင်ငံခြားသို့ ပဲ၊ အာလူး၊ ပြောင်း၊ ဆန်စပါး၊ သစ် စသည်တို့ များများပို့နိုင်ရင် တိုင်းပြည်ဟာ ချမ်းသာလာနိုင်မယ် မဟုတ်လားဗျာ၊ နိုင်ငံခြားက ကြက်သွန်၊ ငရုတ်သီးခြောက်၊ ထန်းလျက်၊ ဆီ စသည်တို့အတွက်ကို မှာနေရရင် ဘယ်လောက်ကျပ်တည်း ခဲယဉ်း သွားမယ်ဆိုတာကို တိုင်းသူပြည်သားတို့ နားလည်သင့်တယ်ဗျ..”
“သည်ဂျုံဟာ ကျွန်တော်တို့ မြန်မာများရဲ့ အဓိကအစာမဟုတ်ဘူး ဗျ၊ သရေစာအဖြစ်နှင့် အသုံးပြုရတဲ့ အစားအစာဗျ။ ကျွန်တော်တို့ ဘိုးဘွား ဘီဘင်တို့ဟာ ဂျုံကို အလေ့အထလုပ်ပြီး မစားခဲ့ကြဘူး။ ဆတ်နှင့်ပြောင်း ကိုပင် နည်းနည်းပါးပါး အသုံးများသေးတယ်။ ဂျုံဈေးကြီးရင် မစားဘဲ နေကြပေါ့။ ဂျုံအတွက် နိုင်ငံခြားက မှာတာကိုတော့ ဂျာနယ်ထဲမှာ ဆော် ထည့်ရမှာပဲဗျ။ လွတ်လပ်တဲ့တိုင်းပြည် သဘာဝကိုဗျာ..”
Share




