Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

စစ်ကိုင်းဦးဘိုးသင်း - ပုဂံခေတ်အစသူဌေးမရွှေရွှေ

Regular price 2,700 MMK
Regular price Sale price 2,700 MMK
Sale Sold out

အခန်း ၁

          မြန်မာနိုင်ငံ၏ သီရိပစ္စယာခေတ်၊ တမ္ပဝတီခေတ်တို့၌ မြန်မာတို့ တန်ခိုးကြီး၍ မြန်မာတို့ အလွန်ကောင်းစားနေသည်ဟု ဆိုသော် အရသာမဲ့သော ဒဏ္ဍာရီဆရာလောဟု ဆိုကောင်းဆိုပေမည်။ မြန်မာဟူသည်လည်း မြန်မာနိုင်ငံတော်တွင် ခိုဝင်နေသော တိုင်းရင်းသား အားလုံးပင် ဖြစ်သည်ကို ပုဂါရာမပြည် တည်ထောင်ခြင်းက သက်သေခံနေပေသည်။

          ယခုခေတ်၌ ပုဂံပြည်ဟု ထင်ရှားနေသည်။ ထိုသို့ ပုဂံပြည်ဟု ထင်ရှားသည်ကိုကား စောကျောကောင်းမှ စောကျောပေလိမ့်မည်။ အဘယ်ကြောင့် ပုဂံပြည်ဟုခေါ်တွင်ဘိသနည်း။ ပန်းကန်လုပ်ခြင်း၊ ပန်းကန်ထွက် ခြင်းကြောင့် ပုဂံပြည်ဟု ခေါ်တွင်လာသလော။ တကောင်းပြည်၏ အောက် တွင်လည်း ပုဂံပြည်ဟု ထင်ရှားဘိသည်။ ၎င်းကို အချို့က အညာပုဂံပြည်ဟု ဆိုကြသည်။

          သက္ကရာဇ် နှစ်ရာ့ရှစ်ခုသော် ပျဉ်ပြားမင်းသည် နောင်တော်ခဲ လူးမင်း နတ်ရွာစံတော်မူသောအခါ နောင်တော်၏ ရိုက်ရာတော်ကို ဆက်ခံပြီးလျှင် တမ္ပဝတီပြည်၌ အုပ်စိုး၍ သုံးနှစ်မြောက်လျှင် ပုဂံပြည်ကြီးကို တည်ထောင်ပုဂံခေတ်အစ သူဌေးမရွှေရွှေ တော်မူလေသည်။

          ထိုအခါ ပုဂံပြည်ကြီးသည် အလွန်စည်ကား၍ မြန်မာတို့၏ စာပေ ပိဋကတ်တိုက်ကြီးသဖွယ် ဖြစ်၏။ လူတိုင်းလောက်ပင် စာပေတတ်မြောက် ကြ၍ လိုက်စားကြဟန် ရှိ၏။ ထိုသို့ သဘောကြောင့် ပုဂံပြည်သည် ပုဂံပြည်ဟူသော အမည်နှင့် အလွန်ထင်ရှားသည့်ပြင် မြန်မာလူမျိုးတို့သည် ပျဉ်ပြားမင်းလက်ထက်တော်တွင် အလွန်ထင်ရှား၍ တန်ခိုးကြီးသော လူမျိုး ဖြစ်ခဲ့ပုံ ရှိ၏။

          အဘယ်ကြောင့်ဆိုသော် ထိုခေတ်ကစ၍ ထားဝယ်သား၊ မြိတ်သား တို့က မြစ်စဉ်တစ်လျှောက်က လူများကို ပုဂံသားတို့ဟု ခေါ်ကြ၍ မြိတ်၊ ထားဝယ်၊ ပုဂံ၊ ယော၊ ရခိုင်၊ ကရင်၊ ချင်း၊ ရှမ်းဟု ခေါ်ဝေါ်နေကြလေသည်။ ထိုသူအားလုံးသည်ပင် မြန်မာများ ဖြစ်ကြလေသည်။

          ထိုခေတ်မတိုင်မီ တမ္ပဝတီခေတ်၌ အရည်းတို့သည် ဘုရင့်အစိုးရအဖွဲ့ ကို မတုပနိုင်ကြသဖြင့် မူပြောင်းပြီးသော် လူတို့အား စာပေကျမ်းဂန်များနှင့် ဗေဒင်ပညာ၊ ဆေးပညာတို့ကို သင်ပေးလာကြခြင်းဖြင့် လူတို့ ကြည်ညို လာကြ၍ အရည်းတို့၏ နောက်သို့ လူထုသည် တဖြည်းဖြည်း ပါလာကြ ပုံရှိ၏။

          ပန်းဦးလွှတ် ပူဇော်ခြင်း၊ ကျောင်းလွှတ် ပူဇော်ခြင်းကိုကား အရည်း တို့သည် လုံးလုံးမစွန့်လွှတ်သော်လည်း လျှို့ဝှက်နိုင်သမျှ လျှို့ဝှက်ကာ ကျင့် ကြံနေပုံရှိပေသည်။

          တစ်နေ့သော် သူဌေးမကလေးမိရွှေသည် အိမ်တွင် ပေကြည့်နေရာ အရည်းတစ်ပါးသည် အခွင့်တောင်းပြီးလျှင် ရောက်လာ၏။ ထိုအရည်းကို မိရွှေသည် လျော်သောနေရာထိုင်ခင်းကို ပေးသော်လည်း ရဟန်းအမှတ်နှင့် ဝတ်ချခြင်း ရိုသေခြင်းကား ရှိဟန်မတူပေ။

          ထိုအရည်းဆရာ သောမသည် ဤသို့ စကားစလေ၏။  "

          ဒကာမကလေး မြို့ဝန်မင်းထံက အမိန့်ကို သိတယ် မဟုတ်လား...”

           “ဘာအမိန့်လဲ...”

          " အိမ်ရှေ့ဥပစာ အိမ်ဝိုင်းအတွင်း၌ သန့်ရှင်းစင်ကြယ်စွာ ထားရမယ်ဆို တာကို...”

          “သိပါတယ်...”

          “ဘာကြောင့် မရှင်းလင်းသလဲ။ အိမ်ရှေ့မှာလည်း ဝက်ချေး ဘန်ပင်၊ ပေါင်းပင်တွေနှင့် အိမ်ဝိုင်းထဲမှာလည်း ပေါင်းပင်တွေနှင့်...”

          “လက်လုပ်လက်စားလူကို မှာထားပါတယ်” ။ အလို.. အိမ်မှာ အလုပ်သမားတွေ အရှိသားကပဲ...” “ဟုတ်တယ်၊ သူတို့ဟာ သူတို့အလုပ်နှင့် သူတို့ပါ” “ခိုင်းပါလား...”

          “ခိုင်းရင် မတရားရာ၊ နိုင့်ထက်စီးနင်းပြုရာ ရောက်မှာပေါ့။ သူတို့ ကို မြက်ရှင်းပေါင်းရှင်းဖို့ ထားတာမဟုတ်သူတို့နှင့် ဆိုင်တဲ့အလုပ်ကို လုပ်ဖို့ ထားတာ။ လူတစ်ယောက်ကို စည်းကမ်းမရှိ၊ ငွေအားနှင့် အာဏာနှင့် နိုင်တိုင်းခိုင်းတဲ့လူထက် မိုက်မဲ ရိုင်းစိုင်းတဲ့လူမရှိပါ...”

          ဒကာမကလေးကိုယ်တိုင် ရှင်းပါလား..။ ခြေညောင်းလက်ဆန့်။

          “ဟုတ်တယ်၊ ညောင်းရင် ကြိုးခုန်မယ်၊ ဖန်ခုန်မယ်၊ ကျတ်ပစ် မယ်...ထုတ်ဆီးမယ်...သည်အလုပ်ကို မိရွှေလုပ်နိုင်တယ်၊ လုပ်တတ်တယ်။ ဒါပေမဲ့ မလုပ်ဘူး။ မိရွှေလုပ်ရင် လက်လုပ်လက်စားဟာ ဘာလုပ်မလဲ။ မိရွှေဟာ လက်လုပ်လက်စားရဲ့ အလုပ်ကို လုယက်ရာ မရောက်ဘူးလား။ လူဆိုး ဓားပြမ၊ သူခိုးမ မဖြစ်ပေဘူးလား။ မိရွှေလုပ်လို့ ရှင်းသွားရင် လက်လုပ်လက်စားဟာ အလုပ်မရတော့ဘူး။ အလုပ်မရရင် အသပြာမရတော့ ဘူး။ အသပြာမရရင် သူ့ဝမ်းစာအတွက် မခက်ဘူးလား...”

          ဒကာမလေးဟာ အတော် ကတ်သီးကတ်သတ် ပြောတယ်။ “

          ဒါဟာ သဘောတရားကိုပြောတာ ကတ်သီးကတ်သတ်ပြောတာ မဟုတ်ဘူး...”

          ဟောဟိုမှာ ဒကာမလေးရဲ့ အလုပ်သမားများ ထိုင်ပြီး ဟားတိုက် နေကြ တယ်။ တချို့က ဆေးလိပ်သောက်ပြီး စကားများနေတယ်။ တချို့ မိန်းမတွေက သန်းရှာနေတယ်”

          “ဒါ ဘာဖြစ်သလဲ..”

          “သူတို့ အားနေတာပဲ၊ ခိုင်းမှပေါ့..”

          “အရည်းဆရာဟာ ပြောတာကို နားမလည်ဘူး။ ပေါင်းရှင်း အမှိုက်ရှင်းတာဟာ သူတို့ရဲ့ အလုပ်မဟုတ်ဘူး။ ကိုယ့်အလုပ်ကိုယ်သာ ကိုယ်လုပ် သင့်တယ်။ ကိုယ်လုပ်ရမယ်၊ သူတစ်ပါး ထမင်းစားနေတဲ့အလုပ်ကို မလုရ ဘူး။ သူတို့အလုပ်အားရင် နေချင်သလို နေမှာပေါ့..”

          ဆရာတော်တို့ကျောင်းဝိုင်းထဲမှာ တစ်ခါလောက် လာကြည့်စမ်းပါ။ အမှိုက်တစ်ပင် မရှိရဘူး။ ပေါင်းတစ်ပင် မြက်တစ်ပင် မရှိရဘူး..” “မရောက်ဖူးပေ့ သိပါတယ်.....” ဘာသိသလဲ...”

          ဘုံပါတကာ မပေါင်းစုံသားတွေကို စာသင်ပေးမယ်ဆိုပြီး ကျောင်းသို့ ခေါ်သင်ပါရဲ့ လူမြင်ကောင်းအောင်၊ လူကြားကောင်းအောင် စာသင်ပေး တယ်ဆိုတဲ့ ဟိတ်နှင့် ဆွမ်းခံခိုင်း၊ ရေခပ်ခိုင်း၊ အရည်တွေစားပြီးတဲ့ ခွက်ယောက်တို့ကို အဆေးခိုင်း၊ တံမြက်အလှည်းခိုင်း၊ ပေါင်းထိုးခိုင်း၊ အရည်း များရဲ့ ကျောင်းဝိုင်းဟာ ပြောင်တလင်းခါနေမှာပေါ့...”

          ဒကာမကလေးနှင့် စကားဦးမတည့်ပါဘူး။ ကိုင်း... ဆရာတော် လာရင်းကိစ္စကတော့ တပည့်တွေက များတာနှင့် သင်ပုန်းလုပ်ပေးစရာ...”

          “အရည်းဆရာ စကားရှည်တယ်။ အသပြာလိုလို့ လာပြီး အလှူခံ တယ်ဆိုပါ...”

          “ဟုတ်ပါတယ်...”

          “တိုတိုပြောရင် ပြီးတာပဲ၊ လောကွတ်စကားပျိုးတာနှင့် အချိန်ကုန် သွားတယ် မစောရေ...”

          “ရှင်...” “လာစမ်းပါဦး”

          “အရည်းဆရာအား အသပြာအစိတ် လှူလိုက်ပါ”

          “ ဒကာမလေး...”

          “အရည်းဆရာ၊ ဘာကို အမိန့်ရှိဦးမလို့လဲ”

          " အရပ်ထဲက လူဆရာအားတော့ အသပြာတစ်ရာမနေ့က ထောက်ပံ့ တယ်မဟုတ်လား...”

          “အော်..ခက်တယ်၊ အင်မတန်ဒုံးဝေးတာကိုး”          

          “ဘာလဲ ဒကာမကလေး...”

          “လူဆရာမှာတော့ စားဖို့ဝတ်ဖို့နှင့် လူမှုရေးရာလိုတယ်။ ဒါကြောင့် ထောက်ပံ့ရတယ်။ ခဏခဏထောက်ရမယ်။ ဒါဟာ ငွေရှိတဲ့ငွေရှင်များရဲ့ အလုပ်၊ သည်လိုမှ မလုပ်ရင် အသိတရားမဲ့ပြီး ကိုယ့်အတွက် စဉ်းလဲနေတဲ့ အမြတ်ကြီးစားဖြစ်နိုင်တယ်။ ဘာကြောင့် ငွေရှိရသလဲ။ သည်လိုလုပ်ဖို့..”

        " တို့ အရည်းများမှာလဲ...”

          “အော် ခက်တယ် အရည်းဆိုတာဘာလဲ။ အလှူခံပုဂ္ဂိုလ်၊ လူတွေက စားဖို့ဝတ်ဖို့ လှူနေပါပကော၊ ဘာလိုသေးသလဲ၊ မပြောချင်ပါဘူး.....”

          “ပြောစမ်းပါဦး..”

          အရပ်ထဲမှာ စာတတ်၊ ကျမ်းတတ် ပညာရှိပုဂ္ဂိုလ်များက စာသင်ပေး၊ အတတ်ပညာသင်ပေးတော့၊ အသိတရားရှိတဲ့လူများက ကိုယ့်အင်အားနှင့် အညီ တိုင်းပြည်အတွက် အလုပ်လုပ်ပါကလားလို့ ဝိုင်းပြီးထောက်ပံ့၊ လူတွေ ကလည်း မိမိတို့ရဲ့ သား၊ သမီးတွေ၊ စာတတ်၊ အတတ်ပညာတတ်ကြတော့၊ စာသင်ကျောင်းမှာထားကြ၊ ဒါကို အရည်းတွေက လုလာကြတယ်...”

          “တန်ပြီ၊ တန်ပြီ ဒကာမကလေးနှင့် စကားပြောလို့ မဖြစ်ပါဘူး”

          ထိုသို့ပြောဆိုနေစဉ် လက်လုပ်လက်စားတစ်ယောက်သည် ဝင်ရောက် လာရာ သူဌေးမကလေးရွှေရွှေသည် ထိုသူအား ထိုင်ကိုမိုးဟု မြင့်မြတ်သော နေရာကိုပေး၏။ မောင်မိုးလည်း အရည်းဆရာကို ဝတ်ချ၍ ကြမ်းပေါ်မှာ ပင် အရည်းဆရာကို အရိုအသေပေးကာ ထိုင်နေ၏။

          " ဆို ကိုမိုး...”

          နက်ဖြန်ကစပြီး အလုပ်စဝင်ကာ ရှင်းလင်းလုပ်ပါ့မယ်။ ခု အသပြာ ကလေး မစနှင့်ပါ...”

          “ဘယ်လောက်လိုသလဲ”

          အရည်းဆရာများ ကျောင်းပွဲလုပ်မလို့တဲ့၊ အိမ်က သားကလည်း အသပြာတောင်းနေ၊ ကျောင်းပွဲမှာထည့်ရမတဲ့ အဝတ်အစားကလေးလည်း သူများနည်းတူ ဝယ်ပေးချင်လို့ပါ”

          “မစောရေ..”

          မစောနှစ်ရောက်လာ၍ အသပြာငါးကျပ် ယူခဲ့ပါကွယ်၊ တော်ပြီလား ကိုမိုးဟု ရွှေရွှေသည် ဆို၏။

           “တော်ပါပြီ...”

          စောနှစ်သည် အသပြာ ငါးကျပ်ယူခဲ့၍ မောင်မိုးအား ပေးလိုက်သဖြင့် မောင်မိုးလည်း သူဌေးမကလေး ရွှေရွှေကို နှုတ်ဆက်ပြီးလျှင် အရည်းဆရာ ကို ဝတ်ချ၍ ပြန်သွားလေ၏။ အရည်းဆရာလည်း ဒက္သားကို ကျောင်း မှန်ပါစေ၊ အတော်ဉာဏ်ကောင်းတယ်ဟု ပြောဆိုကာ လောကွတ်ပြုလိုက် သေး၏။

          သူဌေးမကလေးရွှေရွှေသည် သဘောထားတစ်မျိုးရှိသော အမျိုးသမီး တစ်ယောက်ဖြစ်ပုံရသည်။ ပုဂံပြည်ကို တည်ထောင်သော ပျဉ်ပြားမင်းလက် ထက်တော်၌ များစွာသော ပြည်သူပြည်သားတို့သည် အရည်များထံ တိမ်းညွတ်လာသော်လည်း ရွှေရွှေသည် အရည်းများကား လူလိမ်လူညာ ခေါင်းပုံဖြတ် သက်သက်လူလှီးအတန်းအစား သက်သက်ဟု အယူရှိပုံပေါ် လေသည်။

          အရည်သောမသည် ရွှေရွှေထံလာရောက်၍... ကျောင်းသားကလေး ၏ သင်ပုန်း၊ ပုရပိုက်၊ ကံ့ကူဆံတို့အတွက် အလှူခံရာ၌ အသပြာအစိတ် လှူလိုက်မိခြင်းကိုပင် များသွားသည်ဟု ထင်မှတ်လာလေပြီ။ ထိုအရည်း အလှူခံခြင်းသည် ကျောင်းသားများအတွက် အနည်းငယ်သာပါ တန်ရာ သည်။ ချင်းတို့ကျောင်းပွဲအတွက် အလှူခံခြင်းဖြစ်သည်ဟု ယူဆမိကာ အရည်သောမကိုကြည့်ကာ ပြုံးနေလေသည်။

          အရည်သောမသည် ရွှေရွှေ၏ ပြုံးခြင်းအဓိပ္ပာယ်ကို ရိပ်မိဟန် မတူပေ။ ထိုအရည်းသောမ ရှေ့တွင်ပင် သူကြွယ် ဦးလိမ်းထံမှ အိမ်စိုးမောင်တစ်ယောက်သည် လာ၍ ရွှေရွှေထံ၌ ဦးလိမ်းက အသပြာ တစ်သောင်း လှည့်ပါဟုလာဆိုသည်။

          ထိုအခါ ရွှေရွှေသည် စောနှစ်ကိုခေါ်၍ အရည်းသောမရှေ့တွင် ပုရပိုက်တွင်မှ မှတ်သားကာ မတင်ဘဲ အသပြာတစ်သောင်းကို တစ်ပဲ လေးရွေးကဲ့သို့ ပြုကာ ပေးလိုက်စေလေသည်။ ထိုအိမ်စိုးမောင်သည် အသပြာထုပ်ကို အထမ်းနှစ်ယောက်နှင့် ယူဆောင်သွားလေသည်။