ငြိမ်းမင်း - အနုပညာနှင့်မာယာ
အမေဆိုတာ တစ်ခါတုန်းက သမီးတစ်ယောက်ပါပဲ။
အနုပညာရှင်ဆိုတာ တစ်ခါတုန်းက ပရိသတ်တစ်ယောက်ပါပဲ။
“အနုပညာခံစားသူ” ဘဝကနေ “အနုပညာဖန်တီးသူ” ဘဝကို ကူးပြောင်းပြီ ဆိုတာနဲ့ အမြင်တွေ၊ ခံယူချက်တွေ၊ ကိုယ်ကျင့်တရားတွေ၊ တာဝန်ဝတ္တရားတွေဟာ နက်နက်ရှိုင်းရှိုင်း ပြောင်းလဲသွားရပါပြီ။
ရုပ်ရှင်ကျမ်းစာအုပ်တွေ စဖတ်စအချိန်တုန်းကတော့ ရုပ်ရှင်ဆိုတာ သတ္တမ မြောက် အနုပညာလို့ ဖော်ပြပြောဆိုတာ တွေ့ရပါတယ်။
(၁) ဇာတ်သဘင် DRAMA
(၂) ဂီတ MUSIC
(၃) ဝတ္ထု NOVEL (STORY)
(၄) ပန်းချီ PAINTING
(၅) ကဗျာ POETRY
(၆) ပန်းပု SCULPTURE
ဆိုတဲ့ အနုပညာ(၆)မျိုးနောက်မှာ ပေါ်ပေါက်လာလို့ပါတဲ့။ တချို့ကတော့ အထက်ကအနုပညာ(၆)မျိုးကို ဓာတ်ပုံပညာနဲ့ ပေါင်းစပ်ပြီး သတ္တမမြောက်အနုပညာ တစ်ခု ဖြစ်ပေါ်လာတယ်လို့ ဆိုတယ်။
အခုအချိန်မှာ ပရိသတ်တစ်ယောက်က ကျွန်တော့်ကို ရုပ်ရှင်ဆိုတာဘာလဲလို့ တရားဝင် မေးလာရင် ကျွန်တော်ကတော့ ...
ရုပ်ရှင်ဆိုတာ ရုပ်ပုံများနဲ့ ဇာတ်လမ်းပြောပြတဲ့ အနုပညာတစ်ရပ် Film (movie) is an Art of Story telling in pictures. လို့ဖြေပေးရမှာပါ။
အဖြေမှာ အပိုင်း ၃ ပိုင်း ပါပါတယ်။
(၁) Art ဆိုတဲ့ အနုပညာ
(၂) Story Telling ဆိုတဲ့ ဇာတ်လမ်းပြောခြင်း
(၃) Picture ဆိုတဲ့ ရုပ်ပုံတွေ
အပိုင်းတစ်ပိုင်းဆီမှာ ကျယ်ပြောလေးနက်တဲ့ ပညာတွေနဲ့ ဖွဲ့စည်းထားတယ်။
Picture ဆိုတဲ့ ရုပ်ပုံဆိုပါစို့။ ရုပ်ပုံမှာ အရွယ်ရှိတယ်။ အရွယ်ဆိုတာက ရုပ်ရှင်အခြေခံ အားဖြင့်တော့ (၃)မျိုးပေါ့။ Close Up ဆိုတဲ့ အနီးကပ်မျက်နှာပြည့် ရိုက်ချက် Medium Shot dood ဆိုတဲ့ အလယ်အလတ် ခါးတစ်ပိုင်း ရိုက်ချက် Long Shot Full shot ခေါ်တဲ့ တစ်ကိုယ်လုံးပေါ်တဲ့ ရိုက်ချက်ဆိုတာ အများသိပါ။ ရိုက်ချက်(ရုပ်ပုံ) အရွယ်အစားတွေဟာ ကင်မရာဆရာက လက်ဆော့နေတာ မဟုတ်ဘူး။ ပရိသတ် မပျင်းမရိရအောင် ဖျတ်ခနဲ ဖျတ်ခနဲ လျှောက်ပြောင်းနေတာမဟုတ်ဘူး။ အရွယ်တွေမှာ လေးနက်တဲ့ အဓိပ္ပာယ်တွေ ရှိနေတယ်။
အတိုင်းအဆမဲ့၊ အကန့်အသတ်မဲ့ မြင်နေရတဲ့ သဘာဝလောကကြီးကို ကင်မရာနဲ့ ကြည့်လိုက်တဲ့အခါမှာ Croping လို့ခေါ်တဲ့ အဖြတ်အတောက်နဲ့ မြင်ရတယ်။ ကင်မရာဘောင်ထဲကနေ ပန်းချီကားတစ်ချပ်လို မြင်ရတဲ့မြင်ကွင်း၊ အဲ့ဒီမြင်ကွင်းကို ကင်မရာဆရာရဲ့ အနုပညာနဲ့ ရွှေ့၊ ပြောင်း၊ နှိမ့်၊ မြင့်၊ နီး၊ ဝေး လုပ်ရာကနေ အမြင်တွေ ပြောင်းလာတယ်။
နောက်တော့ အလင်းရောင်ပေးမှု
ပြီးတော့ မှန်ဘီလူး အသုံးချမှု
တကယ်တော့ ဒါတွေအားလုံးဟာရုပ်ပုံ(Picture)တစ်ခုကို နိမိတ်ပုံ(Image) ဖြစ်လာအောင် ဖန်တီးဖွဲ့စည်းနေတာ ဖြစ်ပါတယ်။ ရုပ်ပုံ (Picture) ဆိုတာ ကြီးကျယ် ခမ်းနားတဲ့ ပညာတစ်ရပ်ပါ။ ရုပ်ပုံတွေကို အနုပညာမြောက်စွာ တင်ပြနိုင်ဖို့အတွက်
Croping အဖြတ်အတောက်
Composition အထားအသို
Lighting အလင်းအမှောင်
Colour Tone scopësəşgəqe Size
အကြီးအသေး၊ အနီးအဝေး
Focus အပြတ်အသား၊ အကြည်အဝါး
နည်းတဲ့ နည်းပညာတွေ မဟုတ်ပါဘူး၊ အမေရိကန်ဓာတ်ပုံပညာရှင် Alfred/Wagg က ဓာတ်ပုံပညာရဲ့ မာယာကို အခြေခံအချက် (၇)ချက်နဲ့ ဖော်ပြထားခဲ့ဖူးတယ်။ ၁၉၅၇ ကတည်းကဆိုတော့ ကြာတော့ကြာခဲ့ပါပြီ။ ဒါပေမဲ့ ခိုင်တုန်း မှန်တုန်းဖြစ်နေ တဲ့“စံ”တွေပါ။
"Every Face to Every Mood"
၁။ မျက်နှာတိုင်းမှာ ဘေးဘက်(၂)ခုနဲ့ အထက်အောက် အဆင့်(၃)ခုရှိတယ်။
၂။ ရှုထောင့်တိုင်းမှာ အာရုံညွှတ်နူးစေတဲ့ အခြေခံအကျိုးသက်ရောက်ပုံချင်းမတူနိုင်ကြဘူး။
၃။ အနီးအဝေး ပြောင်းလဲလိုက်တာနဲ့ (ကြည့်သူရဲ့ စိတ်အပေါ် ဩဇာသက်ရောက်ပုံလည်း ပြောင်းလဲသွားတတ်တယ်။
၄။ ရိုက်ကူးတဲ့ ဝတ္ထုပစ္စည်းရဲ့ ပြုပြင်စီရင်မှု (ထားသိုဖွဲ့စည်းတဲ့ ရှုထောင့်) ကြောင့်စိတ်ခံစားမှုတွေ ပြောင်းလဲဖြစ်ပေါ် စေနိုင်တယ်။
၅။ စိတ်ခံစားမှုကို လွတ်လပ်စွာ ထုတ်ဖော်ပြဖို့ ကွက်လပ်(ဟင်းလင်းပြင်) တွေလိုအပ်တယ်။
၆။ စိတ်နေစိတ်ထားကို သိသာထင်ရှားစေတဲ့ အနုစိတ် ပုံဖော်မှုတိုင်းဟာ ကွက်လပ်(ဟင်းလင်းပြင်)နဲ့ ဆက်စပ်နေတယ်လို့ သိမှတ်ထားရမယ်။
၇။ စိတ်ခံစားမှုတိုင်းအတွက် တိကျတဲ့၊ သေချာတဲ့၊ ကွက်တိ လိုအပ်တဲ့ အလင်းရောင် အချိုးအဆရှိတယ်။ (ပိုလို့၊ လျော့လို့မရဘူး) ။
အဲ့ဒီအချက်(၇)ချက်လောက်ကို စိတ်ထဲရောက်အောင် ထည့်ကြည့်ရင် ဓာတ်ပုံပညာရဲ့ လေးနက်မှုကို ချိန်ဆသိနိုင်ပါပြီ။ သေသေချာချာ စူးစိုက်ပြီး မှတ်ကြည့် မယ်ဆိုရင် “ခံစားမှုကို ပုံဖော်နိုင်ဖို့ တိကျသေချာတဲ့ နည်းပညာလိုအပ်တယ်ဆိုတာ တွေ့ရပါလိမ့်မယ်။ ။
အဲဒါတွေဟာ ကင်မရာရဲ့ မာယာတွေဖြစ်ပါတယ်။ ဒီနေရာမှာ အနုပညာနဲ့ မာယာ အကြောင်းကို အထူးပြုပြောကြားမှာ ဖြစ်တဲ့အတွက် ကင်မရာရဲ့မာယာတွေကို ချန်လှပ်ထားခဲ့ပါရစေ။ အရေးမပါ အရာမရောက်လို့ ချန်လှပ်ထားတာမဟုတ်ပါဘူး။ ပြောရမည့်ခေါင်းစဉ်က လမ်းလွဲထွက်သွားမှာ စိုးရိမ်လို့ပါ။