Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

ငြိမ်းကျော် - အချစ်မျက်နှာကိုရှာဖွေတွေရှိခဲ့ပြီ

Regular price 3,500 MMK
Regular price Sale price 3,500 MMK
Sale Sold out

          ဖိုင်တွဲတွေကို သူ့ထံသို့ လှမ်းပေးရင်း သမီးငယ်မှာတဲ့ သကြားလုံး မောင်ဝယ်ခဲ့ ဖို့ မမေ့နဲ့ဦးဟု ချိုနှင်းရည် ပြောသည်။ သူ ခေါင်းညိတ်လိုက်သည်။ သူ့ လက်ထောက် အရာရှိ ကိုစံတင်က ရုံးရောက်ရောက်ချင်း ဒေါက်တာမြင့်သိန်းဇော်ဆီကို ကျွန်တော် ဖုန်းဆက်ပါ့မယ် မမနှင်း။ ဆရာ့ကိုလည်း သတိပေးပါမယ်ဟု ပြုံးရယ်၍ပြောသည်။ ချိုနှင်းရည် ပြုံးသည်။

          အဲသလို သတိပေးမှ ကိုစံတင်တို့ဆရာက ရုံးကိစ္စကလွဲရင် ဘာမှသတိမရပါဘူး ဟု သူ့ကိုကြည့်ကာ ပြော၏။ သူ ရယ်နေသည်။ သမီးငယ်အတွက် ဆေးသွားယူဖို့ မမေ့ပါဘူးကွာဟု ရယ်ကျဲကျဲ ပြော၏။ ကိုစံတင်က ကားတံခါးဖွင့်ပြီး ဝင်သည်။ စက်နှိုးလိုက်တော့မှ ကားပေါ်သို့ သူတက်၏။ ချိုနှင်းရည်၏မျက်နှာတွင် အပြုံးမရှိ။ မနေ့ညနေက ရုပ်ရှင်လိုက်ပြရန် ပျက်ကွက်ခဲ့၍ စိတ်ကောက်မပြေဖြစ်နေမှန်းသိ၏။

          ဌာနအစည်းအဝေးသည် ရှစ်နာရီထိုးခါနီးမှ ပြီးကြောင်း၊ ပြီးပြီးချင်း အိမ်သို့ ဖုန်းဆက်ပြီး ပြောခဲ့သည်။ ချိုနှင်းရည် စိတ်အနှောင့်အယှက်ဖြစ်မည်ကို သိသည်။ ချော့သော်လည်း စိတ်မပြေ။ စိတ်မထိုက်ဟုလည်း ကိုယ်ချင်းစာ၍ သိခဲ့သည်။

          ခြံဝသို့ ကားဦးအလွန်တွင်...ကလေးတွေပါခေါ်ပြီး လာနေတယ်။ အစည်းအဝေးနဲ့ အချိန်ပို အလုပ်ခွင်တွေကြောင့် တစ်အိမ်တည်းနေပြီး တစ်နယ်ခြား နေသလိုပဲတဲ့။ ခနဲ့တာလေ” | ကိုစံတင် ခေါင်းညိတ်သည်။ ။

          “ကျွန်တော်တို့က တစ်ခုကံကောင်းတယ် ဆရာ။ တချို့ဌာနတွေဆိုရင် ကျွန်တော်တို့လောက် အလုပ်မများလှဘူး။ အဲဒီအထဲမှာ အလုပ်သိပ်လုပ်တဲ့သူကို အလုပ်မလုပ်တဲ့သူက မျက်မုန်းကျိုးတာမျိုး ဒီမှာမရှိဘူး ဆရာ”

          “အားလုံးက ကျင့်သားရနေကြတာလည်း ပါပါတယ်။ စိတ်ဓာတ်ကလည်း မတူဘူးလေ။ လူနဲ့တာဝန်နဲ့ မမျှအောင်ပိနေလို့ ညည်းတာက ညည်းတာတခြား။ အလုပ်ပျက်မှမပျက်ကြတာ”

          သစ်ပင်ထူထပ်သော တောင်ကုန်းဘေးသို့ ရောက်လာသည်။ အတက်လမ်း ဖြစ်သောကြောင့် စက်ရှိန်မြင့်သံ ပို၍မြည်လာ၏။ ဘယ်ဘက်ရှိ ချောက်သည် နှစ်ရပ်စာ မျှ နက်စပြုလာ၏။ ကားပြတင်းမှ ဝင်လာသော နွေဦးလေသည် တောတောင်အငွေ့ ကြောင့် အေးအေးမြမြ ရှိလေ၏။

           ဝါးတစ်ရိုက်မကသောအမြင့်သို့ ရောက်သောအခါ ယူကလစ်ရွက်ရနံ့ကို သဲ့သဲ့ရလေသည်။ မြင့်မားသော သစ်ပင်ကြီးတွေမင်းမူရာ တောင်တန်းတွေ၊ လျှိုတွေကို လှမ်း၍မြင်ရသည်။ အစိမ်းရင့်ရောင် သစ်တောဝန်းကျင်တွင် မြူတွေဆိုင်းနေသည်။ မြင်ဖန်များသော ရှုခင်းတွေဖြစ်နေသော်လည်း အသစ်ဟု ခံစားရသည်။

          ထိုစဉ် ရေညှိရောင် တိုက်ပုံရင်ဖုံးနေရာတွင် နှင်းဆွတ်ပေးခဲ့သော ရေမွှေးနံ့သည် ပြတင်းလေကြောင့် နှာဝတွင် ဝေ့နေ၏။

          “အစည်းအဝေးက ဘယ်နှနာရီလောက် ပြီးမယ်ထင်လဲ ဆရာ”

          အဖြူရောင်စက်ဖုံးပေါ်တွင် ပြေးဝင်ထင်လာသော သစ်ပင်ရိပ်များကို ကြည့် နေရာမှ

          “ဆယ့်နှစ်နာရီလောက် ပြီးမယ်ထင်တယ်။ ဘာဖြစ်လို့လဲ ကိုစံတင်” အဆင်းသို့ ရောက်၍ ဂီယာဖြင့် ထိန်းကာ မောင်းရင်း... “ဒေါက်တာမြင့်သိန်းဇော်ဆီက ဆေးပုလင်းသွားယူဖို့ပါ”

          “အပြန်မှဖြစ်ဖြစ် ဝင်ယူလည်း ရပါတယ်။ သမီးငယ် ဝမ်းပျက်တာ နေတော် တော်ကောင်းနေပါပြီ။ လိုရမည်ရ ဆောင်ထားဖို့အတွက်ပဲ”

          ဪ.. ဟု ကိုစံတင် အသံပြု၏။

          “ဆရာ့သူငယ်ချင်း ဒေါက်တာမြင့်သိန်းဇော်က ဒီနယ်မှာတော့ တစ်အားပဲ။ အားလုံးက သူ့ကိုပဲ အားကိုးနေရတာ။ ခွဲတဲ့စိတ်တဲ့ နေရာမှာတော့ လက်ဖျားခါလောက် တယ်။ စေတနာရော၊ ဆက်ဆံရေးရော၊ ကျွမ်းကျင်တာရော အကုန်ကောင်းနေတော့ မသိသူမရှိ၊ မခင်သူမရှိ။ သူအိုလို့ အငြိမ်းစားယူရင် ဒီတစ်နယ်လုံးက ကျွေးမွေးထားပြီး သားပဲ။ အဲသလောက် ချစ်ကြ ခင်ကြတာ..”

          သူ အင်းလိုက်လိုက်သည်။

          “သူ့စိတ်က ငယ်ငယ်တုန်းကတည်းက ဒီအတိုင်းပဲ။ ပျော်ပျော်နေတတ်တယ်။ သူ့ကြည့်ရင်ဘယ်တော့မှ စိတ်ညစ်တာ မတွေ့ရဘူး။ ဆေးကျောင်းတက်နေတုန်းက တော်တော် ရုန်းရကန်ရတာ။ အဲဒီတုန်းကလည်း ခုလို ပျော်ပျော်ပဲ”

          “စာ တော်တော်ဖတ်တယ်နော်”

          “သူက သူ့ပညာရပ်နဲ့ဆိုင်တဲ့ စာတင်မကဘူး။ မဂ္ဂဇင်းတွေ၊ ဝတ္ထုတွေ၊ ကဗျာ တွေရော၊ နိုင်ငံရေးစာအုပ်တွေရော ဖတ်တာ။ ကျွန်တော်က သူ့ အပုံတစ်ရာပုံ တစ်ပုံ တောင် မဖတ်ဖြစ်ဘူး”

          “စန္ဒရားအတီးလည်း တော်တယ်။ သူ့မိတ်ဆွေ စိုင်းသာဦးတို့ အိမ်မှာ စန္ဒရားတီး တာ တစ်ခါ နားထောင်ဖူးတယ်။ နားထောင်ကောင်းတယ် ဆရာ”

          သူ ခေါင်းညိတ်သည်။ “အနုပညာသမား ဆရာဝန်ပဲ” “သူ လူပျိုကြီးဖြစ်နေတာကို ကျွန်တော် ပိုပြီး စိတ်ဝင်စားတယ်..”

          ကိုစံတင်သည် ပြောရင်းပြုံးသည်။ ဒေါက်တာမြင့်သိန်းဇော်အကြောင်း တစ်စွန်း တစ်စ သူပြောပြခဲ့ဖူးသည်။ ကျောင်းသားဘဝက အချစ်ရေးကိစ္စ။ လမ်းမတော် ပွဲရုံတစ်ရုံမှ အမျိုးသမီး။ မယ်ဘွဲ့ ရသူ။ ရန်ကင်းကောလိပ်သူ။ ခင်ခင်ထားဟု အမည် တွင်သော ထိုအမျိုးသမီးကို မြင့်သိန်းဇော်သည် စွဲလမ်းခြင်းကြီးစွာဖြင့် ချစ်ခဲ့သည်။ ခင်ခင်ထားကို ပါတီမတက်ပါရန်၊ ပွဲသဘင်မှ ရှောင်ပါရန်၊ ဆိုရှယ်မကျပါရန် မြင့်သိန်း ဇော် တိုးလျှိုးတောင်းပန်ခဲ့သည်။

          လယ်သမား ချောင်းသမား၏ သား၊ ဆရာဝန်လောင်းမျှသော သူ၏ စကားတို့ သည် အရာမထင်ခဲ့။ အလုပ်သင် ဆရာဝန်ဖြစ်သည့်နှစ်တွင် မြင့်သိန်းဇော်ကို စွန့်ပစ်ခဲ့ သည်။ ရင်ကွဲနာကို အံကြိတ်ပြီး ခံစားခဲ့သည်။ အစိုးရတာဝန် ပထမဆုံး ထမ်းဆောင်ရ သော နောက်နှစ်တွင် ရခိုင်ပြည်နယ် ဆေးရုံသို့သွားကာ တာဝန်ထမ်းဆောင်သည်။

          ရန်ကုန်နှင့်အဝေးသို့ တမင်ရွေးခဲ့သည်။

          ထိုနောက် နေရာပေါင်းများစွာ ရွှေ့ပြောင်းလာခဲ့သည်။ အိမ်ထောင်မပြုတော့။ ယခုသော် သုံးဆယ့်သုံးလေးနှစ်ပင် အရွယ်ရှိပြီ။ အိမ်ထောင်ရေးစကား မဟတော့။

          “အချစ်ရေး၊ အိမ်ထောင်ရေးကို စိတ်ကုန်သွားပုံပဲ ကိုစံတင်” ။ “သူ့ကို လိုချင်တဲ့သူတွေ ဒီနယ်မှာ အများကြီးပဲ ဆရာ”

          “လူက အသားညိုပေမဲ့ မျက်နှာကျ မသွယ့်တသွယ်၊ မျက်ခုံး ကောင်းကောင်း၊ ပြီးတော့... စကားပြောတိုင်း တစ်ချက်တစ်ချက် ပင့်တဲ့ မျက်ခုံး၊ မထူမပါးတဲ့ နှုတ်ခမ်းနဲ့။ ဇာတ်လိုက်ပဲ။ ဝတ်ရင် အရောင်နုနု။ ကျွန်တော့်ထက် နှစ်နှစ်ကျော် သုံးနှစ်လောက် ကြီးပေမဲ့ သူကနုနေတယ်။ ကိုစံတင်ထက်တောင် ငယ်မယ်ထင်ရတယ်။ ကိုစံတင် အသက်ဘယ်လောက်” ။

          “နှစ်ဆယ့်ခွန်ပြည့်ဖို့ လပိုင်းပဲ လိုတော့တယ် ဆရာ” “အဲသလောက်လို့တောင် မြင့်သိန်းဇော်ကို မထင်ရဘူး”

          ကိုစံတင်က ဟုတ်တယ်ဆရာဟု ပြောကာ ဟွန်းတစ်ချက် တီးသည်။ တောင် ပတ်။ အတက်။ ကွေ့။ တစ်ဖက်မှ ကားလာလျှင် သိရအောင် အချက်ပေးသည်။ ဟွန်းသံသည် ပဲတင်သံပြန်လာ၏။

          “ကိုစံတင်က သားသမီး နှစ်ယောက်နော်”

          “ဟုတ်တယ် ဆရာ။ အကြီးက သား၊ ငါးနှစ်။ သမီးက သုံးနှစ်။ ကျွန်တော် လက်ထပ်တော့ အသက် နှစ်ဆယ့်နှစ်နှစ်။ အမျိုးသမီးက လေးနှစ် ငယ်တယ်”

          လေတိုးသဖြင့် ဖိုင်တွဲထဲမှ စာရွက်တွေ မလွင့်အောင် လက်ဖြင့်ဖိရင်း သူ ပြောသည်။

          “ကျွန်တော် အိမ်ထောင်ပြုတုန်းကလည်း အသက်နှစ်ဆယ့်နှစ်နှစ်မှာပဲ။ အိမ်စောင့်အစိုးရတက်တဲ့နှစ်မှာ သမီးအကြီးမကို မွေးတာပဲ”

          “သမီးငယ်နဲ့ တော်တော်ခြားတယ်နော်...” “ငါးနှစ်ကျော်ခြားတယ် ကိုစံတင်”

          “သမီးငယ်က မူကြို။ အစ်မကြီးက ငါးတန်းဆိုတော့ သမီးငယ်မှာ ကစားဖော် ပြဿနာ တက်လာတာပေါ့”

          သူပြုံးကာ... “သမီးကြီးက သူ့ညီမလေးနဲ့ ကစားပေးဖော်ရတယ်။ ငါးတန်းဆိုတာကျောင်းစာက တာဝန်မသေးတဲ့ကြားက ကစားပေးတယ်ဗျ”

          ကိုစံတင်က ရယ်မောရင်း ဘယ်ဆိုးလို့တုံး။ သူ့ညီမလေးကို ချစ်တာပဲဟု ပြော၏။ ကားအကွေ့တွင် လက်ကိုင်ကို သူလှမ်းကိုင်သည်။

          တောင်ခေါင်းတုံးပေါ်ရှိ ဟော်ပျက်အဆောက်အအုံကို လွန်လာသည်။