ဂျွန် - အောင်မြင်သောအသေးစားစီးပွါးရေးလုပ်ငန်းဆီသို့
စီးပွားရေးလုပ်ငန်းရှင် လူကြီးမင်းခင်ဗျာ .......
လူကြီးမင်းရဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကို ပထမဆုံး ခြေလှမ်းနဲ့ စတင်နေပြီဆိုတာသိရလို့ ဝမ်းသာဂုဏ်ယူမိပါ တယ်။ သင့်ရဲ့ အမေရိကန်အိပ်မက်နဲ့ ပိုင်ဆိုင်မှုတွေကို ပိုမို ထိရောက် ကောင်းမွန်စွာနဲ့ ကာကွယ်နိုင်ဖို့ ကျွန်ုပ်တို့ သင့်ကို ကူညီနိုင်မယ်လို့လည်း မျှော်လင့်မိပါတယ်။
အမေရိကန်တစ်ဝန်းမှာရှိတဲ့ ထောင်နဲ့ချီတဲ့ အသေးစား စီးပွားရေးလုပ်ငန်းတွေမှာ အစုစပ်ပါဝင်တဲ့သူတစ်ဦးအနေနဲ့ သင့်ကို အောင်မြင်စေချင်တာပါ။ ကုမ္ပဏီကော်ပိုရေးရှင်း အနေနဲ့ စီးပွားရေးလုပ်ငန်း စတင်နိုင်ဖို့ အောက်မှာ ဖော်ပြ ထားတဲ့ သတင်းအချက်တွေနဲ့ သင့်ကို ဖိတ်ခေါ်ကမ်းလှမ်း ထားပါတယ်။ ကျွန်ုပ်တို့နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုအတွက် အသေးစားစီးပွားရေး လုပ်ငန်းတွေက အုတ်မြစ်တစ်ခုလိုထောက်ပံ့ပေးနိုင်ပါတယ်။ ကျွန်ုပ်တို့ဘက်က သင်အောင် မြင်ဖို့လိုအပ်မယ့် ထုတ်ကုန်ထောက်ပံ့ခြင်းတွေ၊ ဝန်ဆောင်မှု ပေးခြင်းတွေနဲ့ သင့်ကို ကူညီပေးချင်ပါတယ်။ | ကုမ္ပဏီကော်ပိုရေးရှင်းနဲ့ SCORE က သင့်ကို လုပ် . ငန်းဆိုင်ရာ လိုအပ်ချက်တွေပေးနိုင်ဖို့ အကျိုးတူပူးပေါင်းပြီးကြပါပြီ..၊ Inc မဂ္ဂဇင်းရဲ့ အယ်ဒီတာတွေကလည်း လုပ်ငန်း စဉ်ဆိုင်ရာ စာအုပ်ကို ရေးသားထုတ်ဝေပြီး အများ သိအောင် ကြေညာထားပြီးပါပြီ။ လုပ်ငန်းစဉ်ဆိုင်ရာ work-book ထဲမှာ အကြောင်းအရာ ခေါင်းစဉ်တစ်ခုချင်းနဲ့ဆိုင်တဲ့ သတင်းအချက်အလက်တွေ ပါဝင်ပြီး စီးပွားရေးလုပ်ငန်း စတင်ဖို့ အစီအစဉ်တစ်ခု ဖန်တီးရေးဆွဲရမယ်လို့လည်း တိုက်တွန်းနှိုးဆော်ထားပါတယ်။ ဥပမာအနေနဲ့ လုပ်ငန်း သဘာဝအတိုင်း အသင်းအဖွဲ့ တစ်ခု တည်ဆောက်ခြင်း၊ လုပ်ငန်းစတင်အကောင်အထည်ဖော်ခြင်းတို့ကို ဆိုလိုပါ တယ်။ နောက်ပြီး လုပ်ငန်းဆိုင်ရာ ငွေကြေးစီးဆင်းမှု၊ ငွေကြေး ထိန်းချုပ်နိုင်မှု၊ ဘဏ်အပ်ငွေ၊ ငွေစာရင်းကော်လံ ဆိုင်ရာကိစ္စ တွေနဲ့ လုပ်ငန်းရိုးဖြောင့်မှုအတွက် ရရှိမယ့် ဂုဏ်သတင်းကို ပါ ထိန်းသိမ်းနိုင်မယ့်စွမ်းရည်တွေ၊ အရည်အသွေးတွေ များစွာ လိုအပ်ပါတယ်။
ဒါတင်မက SCORE ကောင်ဆယ်လာနဲ့ သူတို့ရဲ့ ဖောက်သည်တွေက သင့်ကို လိုအပ်တဲ့ ပညာပေးခြင်းအစီ အစဉ်တွေနဲ့ ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။ Score ကောင် ဆယ်လာတွေက အသေးစားစီးပွားရေးလုပ်ငန်း ဘယ်လုပ်ငန်း ကိုမဆို သူတို့ရဲ့ ကိုယ်ပိုင်နည်းပညာတွေနဲ့ ကူညီလေ့ရှိပါ တယ်။
SCORE အဖွဲ့ အစည်းဟာ အသေးစား စီးပွားရေး လုပ်ငန်း ရှစ်သန်းကျော်ကို ၁၉၆၄ ခုနှစ်ကစပြီး ကူညီခဲ့ပါ တယ်။ ကျွန်ုပ်တို့အဖွဲ့အစည်းကတော့ အသေးစား စီးပွားရေး လုပ်ငန်း သန်းဝက်ကျော်ကို ကူညီခဲ့ပြီးဖြစ်ပါတယ်။
ကျွန်ုပ်တို့ရဲ့ ထောက်ပံ့မှုအပိုင်းတွေကို လုပ်ငန်းစတင် ချိန်၊ ကြီးထွားတိုးတက်လာချိန်နဲ့ လုပ်ငန်းကို စီမံခန့်ခွဲတဲ့ အချိန်တွေမှာ အဓိကထား လုပ်ဆောင်ပေးပါတယ်။
ကျွန်ုပ်တို့အဖွဲ့ ရဲ့ အထူးတာဝန်ကတော့ စီးပွားရေးလုပ်ငန်းတွေ အစပြုနိုင်ပြီးချိန်ကနေ အောင်မြင်လာတဲ့ အချိန် အထိ ကူညီဖို့ပဲ ဖြစ်ပါတယ်။ ကုမ္ပဏီကော်ပိုရေးရှင်းက SCORE နဲ့အတူ အမေရိကန်ရဲ့ အသေးစားစီးပွားရေး လုပ်ငန်းတွေ ဆက်လက်ရှင်သန် တိုးတက်ပါစေလို့ ဆန္ဒပြု ဆုတောင်းလိုက်ပါတယ်။ ။
မေတ္တာဖြင့်
ဘရက်ဒေးဗစ်
အထွေထွေမန်နေဂျာ
ကုမ္ပဏီကော်ပိုရေးရှင်း
သင့်စိတ်ကူးများကို အနှစ်ချုပ်ပါ
စီးပွားရေးလုပ်ငန်းသစ်တစ်ခုအတွက် စိတ်ကူးတစ်ခုခုနှင့် ပတ်သက်ပြီး အောက်ပါတို့ကို အမှတ်ရနေဖို့လိုပါတယ်။
စိတ်ကူးဉာဏ်အသစ်များ အမြဲရရှိနေစေဖို့ သတိပြုပါ
စိတ်ကူးဉာဏ်အသစ်အားလုံး သင့်လုပ်ငန်းအတွေ့အကြုံ၊ သင့်ဝါသနာ၊ ပြင်ပဗဟုသုတတွေအပေါ် အခြေခံပြီး ရရှိလာတတ်ပါတယ်။ တစ်ခါတစ်ရံ သင်က အခြားလုပ်ငန်းကုမ္ပဏီရဲ့ စားသုံးသူတစ်ဦးအဖြစ် ကာလကြာရှည် စွာ ရှိနေခဲ့ရင်လည်း သင့်လုပ်ငန်းအတွက် အထောက်အကူပြုမယ့် အတွေ့ အကြုံကောင်းတွေကို ရရှိမှာဖြစ်ပါတယ်။ ။
- သင့်အတွက် ဈေးကွက်မှာ တစ်ထောင့်တစ်နေရာ အကျိုးအမြတ် ရရှိအောင်နဲ့ ရနိုင်မယ့် အခွင့်အလမ်းကောင်းတွေကို ရှာဖွေပေးပါ။
- သင့်စီးပွားရေးလုပ်ငန်းနှင့်ပတ်သက်ပြီး အပြုသဘောဆောင် ဝေဖန် ထောက်ပြသူတွေနဲ့ အကြံဉာဏ်ကောင်း ပေးနိုင်သူတွေကို ကျေနပ်စွာ လက်ခံပေးပါ။
- သင့်ရဲ့ လုပ်ငန်းအတွေ့အကြုံနဲ့ ရရှိတဲ့သတင်းအချက်တွေကို စုပေါင်း ပြီး လုပ်ငန်းတိုးချဲ့လုပ်ကိုင်နိုင်မည့် နည်းလမ်းများကို ရှာဖွေပေးပါ။