ဂျွန် - အချိန်စီမံခန့်ခွဲခြင်းဖြင့်အောင်မြင်မှုရယူခြင်း
ကျွန်ုပ်တို့မကြာခဏကြားနေရတဲ့ လူတွေပြောနေတဲ့ စကားတွေ ကတော့ ......
- “ငါဘယ်တော့မှ အချိန်မလောက်ဘူး”
- “ငါအားကစားခန်းမသွားဖို့ ဘယ်တော့မှ အချိန်မရှိဘူး”
- “ငါအိမ်ကိုရောက်တာနဲ့ ညနေစာစားတယ်။ ပြီးတော့ ငါလုပ်နိုင်တာကတော့ တီဗွီရှေ့မှာ ခွေအိပ်လို
က်တာပါပဲ”
-“ငါဘယ်တော့မှ ကိုယ်တစ်ယောက်တည်းအတွက်တောင် အချိန်မလောက်ဘူး၊ ပြုစုစောင့်ရှောက်ပေးရဖို့ မိသားစု ဘယ်လို လုပ်ရှိမလဲ”
- “ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အချိန်ကုန်ခံဖို့ ကျွန်တော် ဘယ်တော့မှ အချိန်မလောက်ဘူး၊ ကျွန်တော်တို့အားလုံးဟာ အမြဲတမ်း အလုပ်များနေကြတယ်လေ”
- “ကျွန်တော် စာအုပ်တစ်အုပ်ဖတ်ဖို့တောင် ဘယ်တော့မှ အချိန် မရှိဘူး၊ အခြားဦးစားပေးလုပ်ရမယ့်ဟာတွေက အများကြီးရှိတယ်လေ”
- “ကျွန်မ ထမင်း၊ ဟင်းချက်ဖို့ ဘယ်တော့မှအချိန်မရှိဘူး၊ ဒီတော့အရန်သင့်ချက်ပြီးသားကိုပဲ ဝယ်လိုက်တယ်”
- “ကျွန်မရဲ့ ဝန်ထမ်းတွေကို လေ့ကျင့်ပေးဖို့ ဘယ်တော့မှ အချိန်မရှိဘူး၊ အခြားကိစ္စတွေက အမြဲတမ်းရှိနေတယ်လေ”
အထက်မှာဖော်ပြထားတဲ့ နောင်တရစရာတွေနဲ့ နစ်နာစရာတွေ အားလုံးကို အောင်မြင်သော အချိန်စီမံခန့်ခွဲမှုနဲ့ ဖြေရှင်းပေးနိုင်ပါတယ်။
အချိန်စီမံခန့်ခွဲမှုမှာ လက်တွေ့ကျပြီး ထိရောက်စေဖို့ ကျွမ်းကျင်မှုနဲ့ နည်းပညာတွေ လိုအပ်ပါတယ်။
အချိန်ကိုစီမံခန့်ခွဲခြင်းဟာ သင်က အချိန်ကိုဖန်တီးခြင်းမဟုတ်ဘဲ အချိန်ရဲ့ အဓိကအကျိုးကျေးဇူးတွေကိုရရှိအောင် ကြိုးစားခြင်းသာ ဖြစ်ပါ တယ်။
အချိန်ကိုစီမံခန့်ခွဲနိုင်ခြင်းကြောင့် သင့်အတွက်အကျိုးရှိမှုတွေ ပိုလာ ပြီဆိုတာနဲ့ သင့်အတွက် ရွေးချယ်စရာတွေလည်း ပိုမိုများပြားလာမှာ ဖြစ်ပါ တယ်။
သင့်အားလပ်ချိန်တွေမှာ သင့်ရွေးချယ်မှုအနေနဲ့ သင်ဟာ ရုပ်သံ ဇာတ်လမ်းကြည့်တာ (သို့မဟုတ်) အွန်လိုင်းသုံးဖို့ အပြင်ထွက်တာတွေ ရှိနိုင် ပါတယ်။
သို့မဟုတ် သင်ဟာ သူငယ်ချင်းတွေနဲ့အတူ စားသောက်ဆိုင်သွားပြီး သောက်စားမယ်ဆိုရင်လည်း သင့်ရွေးချယ်မှုပါပဲ။
အဲဒီလိုရွေးချယ်ခဲ့မှုတွေနဲ့ ပတ်သက်ပြီး ဖြစ်လာတတ်တဲ့ ပြဿနာ ကတော့ မိမိလုပ်ခဲ့သမျှအမှုအပေါ် နောက်ကြောင်းပြန်ကြည့်ပြီး စိတ်အလိုမကျ တ (သို့မဟုတ်) မိမိရဲ့ ဖြစ်သင့်ခဲ့တဲ့စိတ်အပေါ် “ဖြစ်ခဲ့ပါတော့လား” “အဲဒီလို လုပ်ခဲ့ပါတော့လား”လို့ နောင်တရတတ်ခြင်းပဲ ဖြစ်ပါတယ်။
ဥပမာအနေနဲ့ အောက်ပါဆန္ဒတွေ အမှန်တကယ်ဖြစ်မလာလို့ အား မလိုအားမရတွေ ဖြစ်နေတတ်ပါတယ် ၊
- “ငါ ကလေးတွေနဲ့အတူ အချိန်ကြာကြာ ပိုနေခဲ့ရမှာ”
- “ငါ ညပိုင်းကလပ်စ်ကိုတက်ပြီး စပိန်ဘာသာ သင်ခဲ့ရမှာ”
- “ကျွန်တော် မန်နေဂျာကောင်းတစ်ယောက် ဖြစ်ချင်ခဲ့တယ်”
- “ကျွန်တော်တို့မိသားစုတွေ ထမင်းလက်ဆုံစားဖို့ အချိန်ပိုပေးချင်ခဲ့တယ်”
- “ကျွန်မရဲ့ ဆွေမျိုးသားချင်းတွေကို ပြုစုစောင့်ရှောက်ရင်း ကျွန်မအချိန်ကုန်ချင်ခဲ့တယ်”
အခန်း ၁
အချိန်အားစီမံခန့်ခွဲခြင်းနှင့် သင့်ဘဝ အချိန်ကိုစီမံခန့်ခွဲခြင်းဟာ ဟန်ချက်ညီတဲ့ အောင်မြင်မှုကိုရရှိဖို့ ကြိုး စားခြင်း ဖြစ်ပါတယ်။ ကျွန်ုပ်တို့အများစုဟာ အသက်ရှင်ရပ်တည်နိုင်ဖို့ အတွက် အလုပ်လုပ်ပြီး ဝင်ငွေရရှိကြပါတယ်။ အလုပ်လုပ်လို့ရရှိတဲ့၊ ကျွန်ုပ်တို့ ပိုင်ဆိုင် ရတဲ့ ဝင်ငွေတွေဟာ အလုပ်လုပ်ရတဲ့ နေ့ရက်တွေကနေ အများဆုံးရရှိတာ ဖြစ်ပါတယ်။
ကျွန်ုပ်တို့တိုးတက်အောင် လုပ်နိုင်ခဲ့တဲ့ တစ်စုံတစ်ရာအတွက် ကျွန်ုပ် တို့မှာ ကောင်းတဲ့စိတ်ခံစားမှုတွေ ဖြစ်ပေါ်သလို ကျွန်ုပ်တို့နဲ့ ထိုက်တန်တဲ့ တစ်စုံတစ်ရာ အသိအမှတ်ပြုခြင်းကိုလည်း ရရှိမှာဖြစ်ပါတယ်။
ကျွန်ုပ်တို့ တစ်ဦးချင်းစီရဲ့ ကိုယ်ပိုင်ရည်မှန်းချက်နဲ့ ပျော်ရွှင်မှုရရှိဖို့ အတွက် အချိန်ကို အကောင်းဆုံးစီမံခန့်ခွဲနိုင်ဖို့ လိုအပ်ပါတယ်။
အချိန်ကို စီမံခန့်ခွဲနိုင်ခြင်းဟာ သင့်ဘဝတစ်သက်တာကို စီမံခန့်ခွဲ ခြင်း ဖြစ်ပါတယ်။
သင့်ဘဝတစ်သက်တာအား အရေးပါသောအပိုင်းကဏ္ဍ ၃ ရပ်ခွဲပြီး စီမံခန့်ခွဲမှု လုပ်ပေးနိုင်ပါတယ် ...
- သင့်အလုပ်၊
- သင့်မိတ်ဆွေများနှင့် မိသားစု၊
- သင်။
ကျွန်ုပ်တို့ မေးခွန်းတစ်ခုနဲ့ အစပြုရအောင် ...
တကယ်လို့ သင်က အချိန်ကိုစီမံခန့်ခွဲမှု တိုးတက်အောင် လုပ်နိုင် တယ်ဆိုရင် နေ့စဉ်အပိုအချိန်တွေရရှိလာမှာဖြစ်ပါတယ်။ ဒါဆိုရင် အဲဒီအချိန် တွေကို သင်ဘယ်လိုသုံးမလဲ။
သင်စာများများ ပိုဖတ်ပါသလား၊ ဘာသာစကားတစ်ခုခုကို သင်ယူ မှာလား၊ တန်ဖိုးရှိလှတဲ့ အပိုအချိန်တွေကို သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ သို့မဟုတ် မိသားစုနဲ့အသုံးချမှာလား၊ သင်ဝတ္ထုတစ်အုပ်လောက် ရေးမှာလား၊ အိပ်ရာထဲမှာပဲ အချိန်ကုန်မလား။
တစ်ရက်ချင်းအလိုက် ပိုလျှံတဲ့အချိန်ရနေရင် အထက်ပါပြဿနာ တွေကို အလွယ်တကူရှာတွေ့မှာ ဖြစ်ပါတယ်။
အကောင်းဆုံးလုပ်သင့်တာက သင့်အိပ်ရာကထမယ့် အချိန်ထက် တစ်နာရီပိုစောပြီး နာရီကိုနှိုးစက်ပေးထားပါ။ ထိုအခါ အပိုရရှိလာတဲ့ အချိန် တစ်နာရီအတွင်းမှာတောင် တန်ဖိုးရှိတဲ့ကိစ္စတွေအတွက် အချိန်ကို အကျိုးရှိရှိ အသုံးချနိုင်မှာ ဖြစ်ပါတယ်။
ကျွန်ုပ်တို့ရဲ့ဘဝမှာ ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့ ပြဿနာကတော့ အရေးကြီးလှတဲ့ကိစ္စတွေအတွက် အချိန်ကိုနည်းနည်းပဲသုံးတတ်တဲ့ အကျင့် စရိုက်ပဲ ဖြစ်ပါတယ်။ အများအားဖြင့် ကျွန်ုပ်တို့ရဲ့ တစ်နေ့တာတိုင်းကို အရေးမပါလှတဲ့ ကိစ္စအသေးအဖွဲတွေက နေရာယူထားတတ်ပါတယ်။ ဒီလို တိုးတက်မှုမရှိနိုင်တဲ့ နေ့ရက်တွေများလာခဲ့ရင် ဘဝတစ်သက်တာလုံး ဆုတ် ယုတ်မှုတွေနဲ့ပဲ အဆုံးသတ်ရပါလိမ့်မယ်။ ဒါကြောင့် ကျွန်ုပ်တို့ဘဝတစ်သက် တာအတွင်း တစ်ရက်ချင်းအလိုက် တိုးတက်ချင်တဲ့စိတ်နဲ့ အချိန်ကို အကျိုးရှိရှိ သုံးစွဲရပါမယ်။
အချိန်ဟာ ပြောင်းလွယ်ပြင်လွယ်လုပ်လို့ မရနိုင်သလို အချိန်ကို မိမိတို့စိတ်တိုင်းကျ ဆွဲဆန့်တာ၊ ကျုံ့ပေးတာလည်း မလုပ်နိုင်ပါဘူး။ ထို့အတူ အချိန်ကို စုဆောင်းသိမ်းဆည်းထားခြင်းလည်း မလုပ်နိုင်တာကြောင့် တစ်ရက် ချင်းအလိုက် အပိုရရှိတဲ့အချိန်တွေကို စီမံခန့်ခွဲသုံးစွဲခြင်းက ဘဝအတွက် အကျိုးများစေမှာဖြစ်ပါတယ်။
အရေးယူဆောင်ရွက်ချက် ( Action Point )
သင်အမှန်တကယ်တိုးတက်ချင်တဲ့ စိတ်ရှိသည့်အတိုင်း သင့်အတွက် အရေးကြီးတဲ့ကိစ္စများကို စဉ်းစားပေးပါ။ ထို့နောက် သင့်ရည်မှန်းချက် ၃ ခု ကို ချရေးပါ။
(၁) သင့်အလုပ်ခွင်/လုပ်ငန်းနယ်ပယ်မှာ တိုးတက်ချင်တယ်ဆိုတဲ့ရည်မှန်းချက်၊
(၂) သင့်မိသားစုအတွင်း (သို့မဟုတ်) သင့်စိတ်ကြိုက်ပုံစံ တိုးတက်ချင်တဲ့ရည်မှန်းချက်၊
(၃) သင်နှင့်ပတ်သက်နေသော ကိစ္စများ၌ တိုးတက်ချင်တယ်ဆိုတဲ့ ရည်မှန်းချက် (သို့မဟုတ်) မိမိကိုယ်ပိုင်ဘဝ တိုးတက် ချင်တယ်ဆိုတဲ့ ရည်မှန်းချက်။ ။
- ဥပမာအနေနဲ့ သင့်အလုပ်မှာ တိုးတက်ချင်တယ်ဆိုရင် ရာထူး တိုးနိုင်ဖို့ ရည်မှန်းချက်ထားရမှာဖြစ်ပါတယ်။
-သင့်မိသားစုအတွင်း တိုးတက်မှုရှိချင်တယ်ဆိုရင် “ဒစ္စနေး လန်း”ကို အလည်ခေါ်သွားနိုင်ဖို့ ရည်မှန်းချက်ထားရမှာ ဖြစ် ပါတယ်။ ။
-သင့်ကိုယ်ပိုင်ဘဝ တိုးတက်ချင်တယ်ဆိုရင် သင့်အနေနဲ့ စပိန်ဘာသာကို သင်ယူနိုင်ဖို့ ရည်မှန်းချက်ထားရမှာ ဖြစ်ပါတယ်။
ဖော်ပြပါ ရည်မှန်းချက် ၃ ရပ်အား ချရေးပါ။
ဥပမာနည်းလမ်းအတိုင်း သင့်ရည်မှန်းချက်”၃ ရပ်အကြောင်းကို ကျွန်ုပ်ပြောပြပေးမှာ ဖြစ်ပါတယ်။
ကျွန်တော် ပထမဆုံးဒီလေ့ကျင့်ခန်းကို လုပ်တဲ့အချိန်မှာ ကျွန်တော် က မာရသွန်တစ်ဝက်ကို ပြေးရမှာဖြစ်ပါတယ်။
ကျွန်တော် လုံးဝဥသုံပြေးချင်တဲ့ ပွဲကတော့ နယူးကာဆယ်မှာ ကျင်းပတဲ့ Great North Run ပြိုင်ပွဲကြီးပဲ ဖြစ်ပါတယ်။
Great North Run ပထမဆုံးပြိုင်ပွဲကို 28th June 1981 မှာ ကျင်းပခဲ့ ပါတယ်။ ဒီပြိုင်ပွဲကို ယခင်အိုလံပစ်၊ မီတာ ၁၀,ဝ၀ဝ ပြေးပွဲရဲ့ ကြေးတံဆိပ်ဆုရှင်လည်းဖြစ်၊ BBC ရဲ့ အားကစားသတင်းဝေဖန်သူ ဘရန်ဒန်ဖော်စတာ” က ခေတ်သစ်အားကစားနည်းပညာသစ်ပုံစံနဲ့ ကြီးမှူးကျင်းပပေးခဲ့ပါတယ်။
ဒီအပြေးပြိုင်ပွဲကို နှစ်စဉ်ဝင်ရောက်လာတဲ့ ပရိသတ်က ထောင်ပေါင်း များစွာရှိခဲ့ပါတယ်။ အဲဒီတုန်းကအပြေးပြိုင်ပွဲမှာ ကျွန်တော် တအားပါချင်ခဲ့ တယ်။ ဒါပေမဲ့ ပြဿနာက တိကျသေချာတဲ့ ရည်မှန်းချက်မရှိတာကြောင့် ကျွန်တော် ရည်မှန်းထားခဲ့သလို ဘာမှဖြစ်မလာခဲ့ပါဘူး။ ဒါ့ကြောင့်ရည်မှန်း ချက်ထားပြီးရင် အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ဖို့ လိုတဲ့အကြောင်း ပြောပြလိုပါတယ်။
ဦးစားပေးဆောင်ရွက်ရမည့်ကိစ္စများအား အချိန်ခွဲဝေသတ်မှတ်ပြီး လုပ်ကိုင်ပါ
ကျွန်ုပ်တို့တစ်ဦးချင်းစီမှာ ကြံစည်လုပ်ကိုင်သမျှသော ကိစ္စအားလုံး တိုးတက်အောင်မြင်ဖို့ အိပ်မက်တွေကိုယ်စီ ရှိနေကြပါတယ်။
သို့သော်လည်း ကျွန်ုပ်တို့ရဲ့ လက်တွေ့ဖြစ်တည်မှုဘဝမှာ အရေးမပါ လှတဲ့ အသေးအဖွဲကိစ္စတွေအတွက် အချိန်ပမာဏအများကြီးကို အကျိုးမဲ့ သုံးစွဲမိတတ်ကြပါတယ်။
တကယ်တော့ ရက်သတ္တတစ်ပတ်ကို အချိန်ပမာဏမှာ အကန့် အသတ် သတ်မှတ်ခွဲခြားပြီး အကျိုးရှိရှိ အသုံးချသင့်ပါတယ်။
အောက်မှာဖော်ပြမယ့် အချိန်ကာလနဲ့ ပတ်သက်တဲ့ ကိန်းဂဏန်း တွေကို လေ့လာပေးပါ ...
ရက်သတ္တတစ်ပတ်မှာ ၇ ရက် x တစ်ရက်တာနာရီ ၂၄ = ၁၆၈ နာရီဟူသည့် ရက်သတ္တတစ်ပတ်အတွက် ရှိနေသည့် နာရီပေါင်းကို ဦးစွာ ရရှိပါမယ်။
ရက်သတ္တတစ်ပတ်မှာ ကျွန်ုပ်တို့က နာရီပေါင်း ၄ဝ အလုပ်လုပ်ပြီး တစ်နေ့ကို ၁ နာရီနီးပါးခန့် ဟိုလျှောက်သွား၊ ဒီလျှောက်သွား လုပ်တာကြောင့် ရက်သတ္တတစ်ပတ်အတွက် စုစုပေါင်းကုန်ဆုံးချိန် ၄၅ နာရီကို ရရှိပါမယ်။
ကျွန်ုပ်တို့က တစ်ရက်မှာ ၉ နာရီ အိပ်တယ်ဆိုပါတော့။ ဒီအခါ ရက်သတ္တပတ်အတွင်း အိပ်ချိန်ပေါင်း ၆၃ နာရီရရှိပါမယ်။ (၉x ၇ = ၆၃)
ဒီအခါ ၄၅ နာရီ + ၆၃ နာရီ= ၁၀၈ နာရီ (အလုပ်လုပ်ချိန်+အိပ်ချိန်)
အဲဒီ ၁၀၈ နာရီကို ရက်သတ္တတစ်ပတ်အတွင်းရှိနေတဲ့ နာရီပေါင်း ၁၆၈ နာရီထဲက နုတ်လိုက်ရင် (၁၆၈-၁၀၈ = ၆ဝ နာရီ)ကို ရရှိပါမယ်။
အဲဒီ နာရီ ၆ဝ ဟာ ရက်သတ္တတစ်ပတ်အတွင်း ကျွန်ုပ်တို့ရဲ့ အခြား လုပ်ငန်းများကို ဆောင်ရွက်နိုင်တဲ့ အပိုနာရီ ဖြစ်ပါတယ်။
အပိုနာရီ ၆ဝ ထဲကနေ ကျွန်ုပ်တို့နေ့စဉ်လုပ်နေကျ အဝတ်လျှော်၊ ရေချိုးတာ၊ အဝတ်အစားလဲတာ၊ စားသောက်တာ၊ ဈေးဝယ်ထွက်တာ၊ ရုပ်သံ ဇာတ်လမ်းကြည့်တာ၊ အွန်လိုင်းပေါ်မှာ သတင်းစာဖတ်တာတွေကို အချိန်နုတ် လိုက်ရင် မူလနာရီ ၆ဝ ထဲက အချိန်များစွာကို လျှော့ချပစ်ရမှာ ဖြစ်ပါတယ်။
ခန့်မှန်းတွက်ချက်မှုတွေအရ ဥရောပသားတွေဟာ ရက်သတ္တတစ်ပတ် လျှင် ပျမ်းမျှ ၁၄ နာရီခန့် အွန်လိုင်းပေါ်မှာ အချိန်ကုန်နေတတ်ပြီး ရက်သတ္တ တစ်ပတ်အတွင်း ရုပ်သံကြည့်ချိန်ကတော့ ၁၁ နာရီခန့်နဲ့ သတင်းစာ၊ မဂ္ဂဇင်း ဖတ်တဲ့အချိန်ကတော့ ၄၄ နာရီ ကြာမြင့်တတ်တယ်လို့ ခန့်မှန်းသိရှိရပါတယ်။
အခုဖော်ပြတဲ့ ပျမ်းမျှနာရီတွေကိုပေါင်းရင် ၂၉-၄ နာရီ (ရက်သတ္တ တစ်ပတ်အတွက် အထွေထွေဆောင်ရွက်တဲ့ နာရီပေါင်း) ရရှိပါမယ်။
တစ်ပတ်အတွက် အပိုနာရီ ၆၀ ထဲက အထွေထွေဆောင်ရွက်သုံးစွဲ တဲ့ နာရီပေါင်း ၂၉-၄ နာရီကို နုတ်လိုက်ရင် ရက်သတ္တတစ်ပတ်အတွက် မိမိစိတ်ကူးအိပ်မက်ထဲက အရာတွေကို အကောင်အထည်ဖော်နိုင်ဖို့ နောက်ဆုံး ကျန်ရှိတဲ့ နာရီပေါင်းကတော့ ၃၀.၆ နာရီပဲ ဖြစ်ပါတယ်။
အခုဖော်ပြချက်အားလုံးဟာ ဘာကိုဆိုလိုပါသလဲ .... .
ကျန်ရှိတဲ့နာရီပေါင်းဟာ ကျွန်ုပ်တို့ဘဝတစ်သက်တာအတွင်း ရည် မှန်းချက်ကို အကောင်အထည်ဖော်နိုင်ဖို့ အကျိုးရှိရှိသုံးစွဲရမယ့် ရက်သတ္တ တစ်ပတ်တိုင်းအတွက် အပိုနာရီပဲ ဖြစ်ပါတယ်။
တကယ်လို့ အကျိုးရှိရှိသုံးစွဲမယ့်အချိန် ပိုမိုရရှိစေချင်ရင် အချိန်စီမံ ခန့်ခွဲမှုကို အကောင်းဆုံးလုပ်ပေးရမှာ ဖြစ်ပါတယ်။