Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

ဂျွန် - သင်စိတ်ကိုသင်ပိုင်နည်း

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out

အခန်း - ၁

ဖန်တီးနိုင်စွမ်းရှိသော အတွေးအမြင်

           လူသားတွေဟာ သူတို့ရဲ့ဘဝတိုးတက်မှုအခြေအနေအရပ်ရပ်နှင့်ဆိုင်သော ကိစ္စကြီးငယ်မှန်သမျှအား စိတ်ကူးအတွေးအာရုံထဲမှာ ပုံဖော် သုံးသပ်တတ်လေ့ရှိကြတယ်လို့ အတွေးအခေါ်ပညာရှင်တစ်ယောက်က ဆိုပါတယ်။

           နောက်ထပ် အတွေးအခေါ်ပညာရှင်တစ်ယောက်ကတော့ လူသား ရဲ့ စိတ်ဝိညာဉ်ထဲမှာ မျှော်လင့်ချက်တွေ၊ အလိုဆန္ဒတွေက ရုပ် ပိုင်းဆိုင်ရာ ပြီးပြည့်စုံမှုအတွက် အဓိကပုံဖော်နေတယ်လို့ ဆိုပါတယ်။

           ဤအခန်းဟာ ၁၉ဝ၈ ခုနှစ်အတွင်းက အင်ဒရူးကာနေဂျီ” ရဲ့ ကိုယ်ပိုင်လေ့လာချက်တွေကို ဖော်ပြထားတဲ့အခန်းဖြစ်ပါတယ်။

           ထိုကာလအတွင်း စာရေးသူ ကျွန်ုပ် နပိုလီယန်ဟေး” ဟာ ကျောင်းသားတစ်ပိုင်း သတင်းထောက်တစ်ပိုင်းဖြစ်ခဲ့ပြီး အင်ဒရူး ကာနေဂျီ နှင့် အပြန်အလှန်ဆွေးနွေးမှုတွေ အောက်ပါအတိုင်း ပြုလုပ် ဖြစ်ခဲ့ပုံကို ဖော်ပြပေးလိုပါတယ်။

ဟေး။ ။            “မစ္စတာကာနေဂျီ၊ ဖန်တီးနိုင်စွမ်းရှိတဲ့ အတွေးအမြင်ဆိုတာ ဟာ လူတစ်ဦးချင်းအလိုက် တိုးတက်အောင်မြင်စေဖို့အတွက် အရေး ပါတဲ့ စည်းမျဉ်းစည်းကမ်းတွေဖြစ်တယ်လို့ ခင်ဗျားပြောခဲ့တယ်နော်၊ ဒီတော့ အဲဒီစည်းမျဉ်းစည်းကမ်းကို ခွဲခြမ်းစိတ်ဖြာပြီး အဲဒီထဲက ဘယ်တစ်ခုကို လက်တွေ့ အသုံးချရမယ်ဆိုတာကို ရှင်းပြပေးစေချင် တယ်”

ကာနေဂျီ။            ။ ပထမဆုံးအနေနဲ့ ဖန်တီးနိုင်စွမ်းရှိသော အတွေးအမြင် ဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်အမှန်ကိုသိအောင် ကြိုးစားဖို့ လိုအပ်ပါတယ်”

           “တကယ်တော့ ဖန်တီးနိုင်စွမ်းရှိတဲ့ အတွေးအမြင်ဆိုတာဟာ စိတ်ကူးပုံဖော်ခြင်း အဓိပ္ပာယ်သက်သက်သာမဟုတ်ဘဲ အခွင့်အရေးကောင်းများကို အသိအမှတ်ပြုခြင်း၊ အခြားသူတွေဆီကနေ အကျိုး အမြတ်ရရှိမယ့်ကိစ္စများကို ဆောင်ရွက်လိုခြင်းဆိုတဲ့အဓိပ္ပာယ်ကိုပါ ရည်ညွှန်းနေတာ တွေ့ရပါတယ်။

           ဖန်တီးနိုင်စွမ်းရှိတဲ့ အတွေးအမြင်ကို သင်က ရှင်းရှင်းလင်းလင်း နားလည်ပြီဆိုရင် ဖန်တီးနိုင်စွမ်းရှိတဲ့ အတွေးအမြင်ရဲ့ အရေးပါသော အစိတ်အပိုင်းဆိုတာဟာ “စိတ်ကူးစိတ်သန်းတွေကို လက်တွေ့ အသုံးချ ခြင်း” ဆိုတဲ့ သဘောကို သေချာနားလည်သွားပါလိမ့်မယ်”

           “စိတ်ကူးစိတ်သန်း”ကို အခြေခံအားဖြင့် နှစ်မျိုးခွဲခြား လေ့လာနိုင် တယ်။

           တစ်ခုကတော့ တုပဖန်တီးလုပ်ယူမှုပါတဲ့ စိတ်ကူးစိတ်သန်း နဲ့ နောက်တစ်ခုကတော့ ဖန်တီးနိုင်စွမ်း (ကိုယ်ပိုင်ဉာဏ်စွမ်း ဖြင့် အကောင်အထည်ဖော်လုပ်ကိုင်နိုင်စွမ်း ရှိတဲ့ စိတ်ကူးစိတ် သန်းပါပဲ။ တုပဖန်တီးလုပ်ယူမှုပါတဲ့ စိတ်ကူးစိတ်သန်း ထဲမှာ စိတ်ကူးအတွေးအခေါ်တွေကို အသိအမှတ်ပြုခြင်း၊ အယူအဆ၊ အမြင်သဘောထားများကို လက်ခံအသိအမှတ်ပြုခြင်း၊ အစီအစဉ်ကောင်းများ ရေးဆွဲခြင်း၊ အချက်အလက်များကို တန်ဖိုးထား အရေးယူဆောင်ရွက် ခြင်း၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်း အစီအစဉ်သစ်များကို လက်ခံကြိုဆိုခြင်းသဘောတွေ ပါဝင်လေ့ရှိပါတယ်။

           ဖန်တီးနိုင်စွမ်းရှိသော စိတ်ကူးစိတ်သန်း (ကိုယ်ပိုင်ဉာဏ်စွမ်းဖြင့် အကောင်အထည်ဖော် လုပ်ကိုင်နိုင်စွမ်းရှိသော စိတ်ကူးစိတ်သန်း) မှာတော့ ကိုယ်ပိုင်ပြီးပြည့်စုံမှုဖြစ်စေတဲ့ အရင်းအမြစ်ကောင်းတွေ တစ်ပါ တည်း ပါရှိနေပြီးဖြစ်ပါတယ်။

           ဖန်တီးနိုင်စွမ်းရှိသော စိတ်ကူးစိတ်သန်းတွေ ထုတ်လုပ်လေ့ရှိတဲ့ သူတွေဟာ အရာရာလက်တွေ့ကျမှု၊ သဘာဝကျပြီး ယုတ္တိရှိမှု၊ သိပ္ပံ နည်းကျစဉ်းစားတွေးခေါ်ပြီးမှ လက်ခံယုံကြည်အတည်ပြုမှုဆိုတဲ့ အရည် အသွေးကောင်းတွေကို ပိုင်ဆိုင်ထားတတ်ကြပါတယ်။

           နောက်ပြီး သူတို့လက်တွေ့ အကောင်အထည်ဖော် လုပ်ကိုင်လိုတဲ့ ကိစ္စတွေကိုလည်း သူတို့ရဲ့ မသိစိတ်အတွင်း အမြဲကိန်းဝပ် ရှင်သန်စေ တတ်သူတွေလည်း ဖြစ်ပါတယ်။

           တစ်ခါတစ်ရံ သိပ္ပံလောကနယ်ပယ်ရဲ့ စံသတ်မှတ်ချက်တွေထက် ကျော်လွန်တဲ့စွမ်းဆောင်ရည် မြင့်မားမှုတွေကိုပါ ပိုင်ဆိုင်ထားတတ်ကြ ပါတယ်။ ဒါကြောင့် သူများတွေနဲ့မတူသော စဉ်းစားတွေးခေါ်ယူဆပုံတွေ ရှိခြင်း၊ စိတ်ကူးသစ်တွေကို မှန်ကန်စွာ အဓိပ္ပာယ်ဆိုပြီး လက်တွေ့ အကောင်အထည်ဖော်နိုင်ခြင်းဆိုတဲ့ စွမ်းရည်တွေကိုပါ ပိုင်ဆိုင်ထား တတ်ကြပါတယ်။ ကျွန်တော့်အနေနဲ့တော့ ဖန်တီးနိုင်စွမ်းရှိတဲ့ အတွေး အမြင်ဆိုတာဟာ ဖန်တီးနိုင်စွမ်းရှိတဲ့ စိတ်ကူးစိတ်သန်းရှိထားမှသာ ဖြစ်နိုင်မယ်လို့ ယူဆပါတယ်။

ဟေး။ ။            “ဒါဆိုရင် စိတ်ကူးစိတ်သန်းပုံစံနှစ်မျိုးထဲက ဘယ်တစ်မျိုး ကို သာမန်လူတန်းစားတွေ အသုံးပြုသင့်ပြီး၊ ဘယ်တစ်မျိုးကိုတော့ စီးပွားရေး စွမ်းဆောင်ရှင်တွေက အသုံးပြုသင့်ပါသလဲ”

ကာနေဂျီ။            ။“တုပ ဖန်တီး လုပ်ယူမှုပါတဲ့ စိတ်ကူးစိတ်သန်းကိုတော့ ဘယ်လိုလူတန်းစားထဲကပဲဖြစ်ဖြစ် အများဆုံး အသုံးပြုလေ့ရှိတတ် တယ်။ ကိုယ်ပိုင်ဖန်တီးနိုင်စွမ်းရှိတဲ့ စိတ်ကူးစိတ်သန်းကိုတော့ မိမိရရှိ ထားတဲ့ သာမန်မဟုတ်သောကျွမ်းကျင်မှုတွေကို လက်တွေ့ အသုံးချချင် တဲ့သူလောက်သာ အနည်းစုအဖြစ် အသုံးချလေ့ရှိပါတယ်”

ဟေး။ ။            “သင်ပေးတဲ့ဥပမာအရဆို စိတ်ကူးစိတ်သန်းအမျိုးအစား နှစ်ခုလုံးကို တစ်မျိုးစီ အားသာချက်ရရှိအောင် အသုံးချသင့်တယ်လို့ ဆိုလိုချင်တာလား။ စိတ်ကူးစိတ်သန်းတစ်မျိုးစီအတွက် လိုက်နာရမယ့် စည်းကမ်းချက်တွေရှိရင်လည်း လူတိုင်းအတွက် နားလည်လက်ခံနိုင်မှု တွေ ရရှိနိုင်ပါသလား” ကာနေဂျီ။            ။“ကောင်းပြီ၊ သောမတ်စ်အယ်ဒီဆင်ရဲ့ စွမ်းဆောင်ချက် တွေကို ကျွန်တော်တို့ တစေ့တစောင်း လေ့လာကြရအောင်.. သောမတ်စ် အယ်ဒီဆင်ရဲ့ တိုးတက်အောင်မြင်မှုတွေကို လေ့လာရင် သူဟာစိတ်ကူး စိတ်သန်း အမျိုးအစားနှစ်ရပ်စလုံးကို ဘယ်လိုအသုံးချခဲ့တယ်ဆိုတဲ့ အချက်ကို အထင်အရှားတွေ့ရမှာဖြစ်ပါတယ်။

           သို့သော်လည်း သောမတ်စ်အယ်ဒီဆင် မကြာခဏအသုံးပြုသော စိတ်ကူးစိတ်သန်းကတော့ တုပဖန်တီးလုပ်ယူမှုပါတဲ့ စိတ်ကူးသန်းပုံစံပဲ ဖြစ်ပါတယ်” ။

           “အယ်ဒီဆင်ဟာ တုပဖန်တီးလုပ်ယူမှုပါသော စိတ်ကူးစိတ်သန်းနှင့် ဖန်တီးနိုင်စွမ်းပါသော စိတ်ကူးစိတ်သန်းနှစ်ခုစလုံးအား ပေါင်းစပ်အသုံး ပြုခဲ့တဲ့ ထူးခြားသော စွမ်းဆောင်ရည်ရှိတဲ့သူတစ်ယောက်ဖြစ်ပါတယ်။

           အယ်ဒီဆင်ဟာ စိတ်ကူးစိတ်သန်းနှစ်ရပ်စလုံးကို လက်တွေ့ အသုံးချခဲ့သူဖြစ်တာကြောင့် သူ့ရဲ့ ပထမဦးဆုံး လျှပ်စစ်မီးသီးတီထွင် ထုတ်လုပ်မှုဟာ ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ လူတွေအားလုံးကို စိတ်အာရုံ ဝင်စားအောင် ဆွဲဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ တကယ်တော့ မစ္စတာ အယ်ဒီဆင်ဟာ သူကိုယ်တိုင်စိတ်တိုင်းမကျတဲ့ စိတ်ကူးစိတ်သန်းပေါင်း တစ်သောင်းကျော်လောက်ကို အမျိုးမျိုးပေါင်းစပ်ပြီး သူ့ရဲ့ တီထွင်မှုကို အောင်မြင်အောင်လုပ်ဆောင်နိုင်ခဲ့ပါတယ်”

 ဟေး။            ။ “ဒါနဲ့ တစ်ခုလောက်မေးပါရစေ မစ္စတာကာနေဂျီ...၊ မစ္စတာ အယ်ဒီဆင်က သူ့ရဲ့ စိတ်ကူးပေါင်း တစ်သောင်းကျော်လောက်ကို စိတ်တိုင်းမကျဘူးဆိုတော့ သူက အကြိမ်တစ်သောင်းလောက်အထိ ကျရှုံးမှုနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုချင်တာလား”

ကာနေဂျီ။            ။ “ဟုတ်တယ်၊ ကျုပ်ပြောချင်တာ အဲဒီအချက်ပါပဲ။

           အောင်မြင်လိုတဲ့သူတွေဟာ သူတို့ရဲ့ စိတ်ကူးစိတ်သန်းတွေ တစ်ခုပြီး တစ်ခု ထုတ်ပြီး ရင်ဆိုင်ကြုံတွေ့ရတဲ့ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားတတ် ကြတယ်။

           အယ်ဒီဆင်က သူကိုယ်တိုင် ယုံကြည်တဲ့မူအရ... အကောင်းဆုံး ဖြစ်အောင် စွမ်းဆောင်ပြခဲ့တယ်။ သူ့ကိုယ်ပိုင်မူက နှစ်မျိုးရှိတယ်။ စိတ်ကူးစိတ်သန်းတွေကတစ်ဆင့် ဖြစ်တည်လာတဲ့မူတွေပေါ့။

           ပထမမူကတော့ လျှပ်စစ်စွမ်းအင်ရရှိဖို့အတွက် ဝါယာကြိုးအစ နှစ်ဘက်ကို အသုံးပြုပြီး အပူရှိန်ရလာတဲ့အခါ အဲဒီကတစ်ဆင့် မီး အလင်းရောင်ထုတ်လွှတ်မှုရရှိအောင် ကြိုးစားတဲ့မူဖြစ်တယ်။

           ဒုတိယမူကတော့ မီးအလင်းရောင်ရစေတဲ့ အပူဓာတ်ကို ဘယ်လို ထိန်းချုပ်မလဲဆိုတဲ့အပေါ် အဖြေရှာနိုင်ဖို့ပဲ ဖြစ်ပါတယ်။