ဂျွန် - ရည်ရွယ်ချက်ထားရှိအောင်မြင်နိုင်စွမ်း
ဘဝမှာ သင် ဘာတွေ အလိုရှိပါသလဲ။
ကျွန်တော်တို့ဘဝနဲ့ ပတ်သက်သော ဇာတ်လမ်းတွေကို ရည်ရွယ် ချက်တွေ ထူးခြားစွာ ပါရှိစေပြီး ရေးသားလိုစိတ် ရှိကြပါတယ်။
ကျွန်တော်တို့ ထားရှိပြီးသော ရည်ရွယ်ချက်တွေအတိုင်း အမှန် တကယ်လိုချင်တာတွေရရှိဖို့ ကြိုးစားလိုစိတ် ရှိကြပါတယ်။
ကမ္ဘာလောကအား ပိုမိုကောင်းမွန်စွာ နေထိုင်နိုင်သော နေရာ တစ်ခုအဖြစ် ပြုလုပ်လိုကြတာကလည်း ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက် တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ကျွန်တော်တို့ဘဝမှာ အရာရာ ကို အပြည့်အဝဆုံးဖြစ်အောင် အကောင်အထည်ဖော်လိုကြပါတယ်။
သင့်ဘဝမှာ အကောင်းဆုံးသော ဇာတ်လမ်းတွေကို ကိုယ်တိုင် ဖန်တီးရေးသားနိုင်စေဖို့ သင့်မှာ ထက်မြက်သော စွမ်းအင်တွေ ရှိထား ဖို့ လိုအပ်ပါလိမ့်မယ်။
သင့်ဘဝဇာတ်လမ်းတွေ အကောင်းဆုံးဖြစ်စေဖို့ ကြိုးစားရာမှာ သင်ဟာ ရည်ရွယ်ချက်ကောင်းတွေ ရှိထားဖို့ အထူးလိုအပ်ပါလိမ့်မယ်။
သင့်မှာ ရှိနေသော ထူးခြားတဲ့ ရည်မှန်းချက်တွေက သင့်ဘဝကိုအကောင်းဆုံး လမ်းညွှန်ပေးနိုင်မှာဖြစ်ပြီး အရာရာ အမှားအယွင်းမရှိရအောင်လည်း သင့်ကို တောက်လျှောက် ထိန်းကျောင်းပေးသွားမှာ ဖြစ် ပါတယ်။
သင်က ဘယ်နိုင်ငံသားဖြစ်တယ်၊ ဘယ်လိုအခွင့်အရေးကောင်း တွေ ရရှိနိုင်မယ်၊ ဘယ်လိုကျင့်ဝတ်တွေကို စောင့်ထိန်းမယ်၊ ဘယ်လိုစွမ်းဆောင်ရည်တွေကို အသုံးချမယ်.. ဆိုတဲ့ အချက်တွေအပေါ် သင့်ဘက် က ထည့်သွင်းစဉ်းစားပေးစရာမလိုအပ်ဘဲ သင့်ရည်ရွယ်ချက် ပြည့်ဝအောင် ဘယ်လိုလုပ်ဆောင်မယ်ဆိုတာကိုသာ အဓိကထည့်သွင်းစဉ်းစား ရမှာဖြစ်ပါတယ်။
သင် ရည်ရွယ်ချက်ထားရှိတဲ့အတိုင်း လတ်တလောမှာ လက်တွေ့ လုပ်ဆောင်နိုင်ခြင်းမရှိသေးရင် ဤစာအုပ်ဖတ်ပြီးတဲ့နောက်ပိုင်း သင့်ရည် ရွယ်ချက်တွေကို အကောင်းဆုံး အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။
အရေးကြီးတဲ့အချက်ကတော့ သင့်ရည်ရွယ်ချက်က သင့်အား ခြိမ်းခြောက်ခြင်းသဘော မသက်ရောက်စေဖို့ သင်က အကောင်းဆုံး နိုင်နင်းစွာ အကောင်အထည်ဖော်ဖို့ လိုပါတယ်။ ။
ကျွန်တော်တို့ ရည်ရွယ်ချက်အကြောင်းကို ပြောဆိုတဲ့အချိန်မှာ ကျွန်တော်တို့ရဲ့ ထင်ပေါ်ကျော်ကြားတဲ့အကြောင်းတွေကို ပြောဆိုနေစရာ မလိုအပ်ပါဘူး။
ထို့အတူ ကျွန်တော်တို့ ရည်ရွယ်ချက်အကြောင်းတွေ ပြောဆိုနေ ချိန်မှာ ကျွန်တော်တို့ရဲ့ ချမ်းသာကြွယ်ဝတဲ့အကြောင်းတွေ၊ ထင်ပေါ်ကျော်ကြား လူသိများတဲ့အကြောင်းတွေ၊ နိုဘယ်ဆု ချီးမြှင့်ခံရတဲ့ အကြောင်းတွေ၊ အမေရိကန်သမ္မတဖြစ်လာဖို့ မျှော်လင့်ချက်ကောင်းတွေ ရှိနေတဲ့ အကြောင်းတွေကို ပြောဆိုစရာ လုံးဝမလိုအပ်ပါဘူး။ | သင်က ဘဝကို တိုးတက်ပြောင်းလဲစေဖို့ ရည်ရွယ်ချက်တွေကိုအကောင်းဆုံး ချမှတ်နိုင်ခဲ့ရင် အခြားလူတွေနဲ့ နှိုင်းယှဉ်တိုင်း ထူးခြား ထင်ရှားမှုတွေနဲ့ သိသာစွာ ကွဲပြားအောင် လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
သင့်ရဲ့ တိုးတက်ပြောင်းလဲမှုတွေက တစ်နေ့တခြား ထူးခြားမှု တွေ ရှိလာပြီဆိုရင် သင် ဘယ်နေရာကိုသွားသွား၊ ဘယ်အလုပ်ကိုပဲ လုပ်လုပ် သင့်အတွက် ကောင်းကျိုးတွေသာ ဆက်တိုက် သက်ရောက် နေမှာဖြစ်ပါတယ်။
မကြာသေးမီကာလက ကျွန်တော်ဟာ စာရေးဆရာ “ဒွန်မီလာ” ရဲ့ နှစ်တစ်ထောင်အတွင်း မိုင်ပေါင်းတစ်သန်း” ဆိုတဲ့စာအုပ်ကို ဖတ်ခဲ့ ဖူးပါတယ်။
သူက ကျွန်တော်တို့ရဲ့ ဘဝအမျိုးမျိုးကို ပုံပြင်ဇာတ်လမ်းတစ်ခု သဖွယ် ရှုမြင်နိုင်အောင် အရေးအသား၊ အဖွဲ့ အနွဲ့ တွေ ကောင်းစွာနဲ့ ရေးဖွဲ့ ထားခဲ့ပါတယ်။ သူက စာအုပ်ထဲမှာ အခုလို ပြောဆိုထားပါသေးတယ်။
“ရုပ်ရှင်ဇာတ်လမ်းအားလုံးက အဓိပ္ပာယ်မရှိဘူး ယုတ္တိမရှိဘူးလို့ စဉ်းစားတွေးခေါ်ထားပြီးဖြစ်လို့ ကျွန်တော်ဟာ အဓိပ္ပာယ်မရှိတဲ့ ရုပ်ရှင် ကို ကြည့်နေရာကနေ မကျေမနပ်ဖြစ်ပြီး ထထွက်လာတာမျိုး ဘယ်တော့ မှ မရှိခဲ့ပါဘူး။ ကျွန်တော် သေချာ အလေးအနက်တွေးမိလိုက်တဲ့ အချက် ကတော့ အဓိပ္ပာယ်မရှိတဲ့ရုပ်ရှင်ကို ကြည့်နေရာကနေ ထထွက်လာတာမျိုး ကသာ အဓိပ္ပာယ်မရှိဘူး... ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။ နောက်တော့ ကျွန်တော် ထပ်ပြီး စဉ်းစားလိုက်ပါသေးတယ်။ ကောင်းပြီ.. လူတွေက ပြောမယ်... ဘဝဆိုတာ အဓိပ္ပာယ်မရှိပါဘူးလို့။ လူတွေ ဆိုလိုချင်တဲ့ အဓိပ္ပာယ်က သူတို့ရထားတဲ့ဘဝတွေ အဓိပ္ပာယ်မရှိတာကို ဆိုလိုတာလား၊ ဒါမှမဟုတ် အခြားလူတွေရထားတဲ့ ဘဝတွေကပါ အဓိပ္ပာယ်မရှိ ဘူးလို့ ဝေဖန်ချင်တာလား ဆိုတာ သေချာခွဲခြားသိဖို့လိုမှာပေါ့ ။
ကျွန်တော် နားမလည်တဲ့အချက်ကတော့ လူတွေဟာ သူတို့ရှင်သန်နေရ တဲ့ ဘဝဖြစ်တည်ခြင်းတစ်လျှောက်လုံးဟာ ဘာမှထူးခြားမှုမရှိဘူးလို့ ယူဆလက်ခံပြီး အခြားလူတွေရဲ့ ဘဝတွေကိုပါ သူတို့ဘဝတွေလိုမျိုး မျှော်လင့်ချက်မဲ့ပြီး စိတ်ဓာတ်ကျ ဝမ်းနည်းစရာတွေ ပြည့်နေမှာပဲလို့ ခန့်မှန်းနေတာ မဖြစ်နိုင်ဘူးလားဆိုတာပါပဲ”
တကယ်တော့ ရုပ်ရှင်ဇာတ်လမ်းအများစုဟာ ဖျော်ဖြေရေး သက်သက်အတွက် ရိုက်ကူးတင်ဆက်ထားခြင်း ဖြစ်တာကြောင့် အဓိပ္ပာယ်မရှိတဲ့ဇာတ်လမ်းအဖြစ် ဝေဖန်နိုင်သော်လည်း ဖြစ်ရပ်မှန် ရုပ်ရှင် ဇာတ်လမ်း (True Story) ကို ရိုက်ကူးရာမှာတော့ အဓိပ္ပာယ်မဲ့ခြင်း လုံးဝမရှိစေဘဲ ဖြစ်ရပ်မှန်အတိုင်းသာ ကြည့်ရှုခွင့်ရပါလိမ့်မယ်။ ကျွန်တော်တို့ ရရှိထားတဲ့ ဘဝတွေဟာ ဖြစ်ရပ်မှန်ဇာတ်လမ်းအသီးသီး ဖြစ်နေ တာကြောင့် ဘဝ ရရှိ ရှင်သန်ခွင့်ရနေချိန်အတွင်း အဓိပ္ပာယ်မဲ့အောင် မရှင်သန်ဘဲ ဘဝအဓိပ္ပာယ် အနှစ်သာရပြည့်ဝစွာနဲ့ ရှင်သန်နိုင်အောင် ကိုယ်စီ ရည်မှန်းချက်တွေထားရှိပြီး ဘဝအပြောင်းအလဲတွေ အကောင်း ဆုံးလုပ်ပေးဖို့ လိုအပ်ပါတယ်။
သင်က ဘဝကို ရှုမြင်ရာမှာ “ငါ့ဘဝက ဘာမှအဓိပ္ပာယ်မရှိဘူး၊ ငါ့အတွက် ဘဝတိုးတက်အောင် ဘာရည်မှန်းချက်မှ မထားတော့ဘူး။ ငါ့ရဲ့ ရှင်သန်ဖြစ်တည်ခြင်းက ဘာမှလည်း ထူးခြားတာမဟုတ်ဘူး” လို့ မှားယွင်းစွာ ရှုမြင်မိတယ်ဆိုရင်တော့ ထိုအခါမှသာ သင်ဟာ ဘဝ ဖြစ်တည်ရှင်သန်ခြင်းမှာ အမှန်တကယ် အဓိပ္ပာယ်မဲ့သွားမှာဖြစ်ပါတယ်။
သင်ကိုယ်တိုင် ရေးသားရမယ့် သင့်ဘဝဇာတ်လမ်းကို အဓိပ္ပာယ် ရှိစေဖို့အတွက် သင်ဟာ ဘဝတစ်သက်တာအတွင်း အချိန်အပိုင်းအခြား အလိုက် တိုးတက်ပြောင်းလဲမှုတွေရှိအောင် ရည်မှန်းချက်ထားရှိပြီး ကြိုးစားလိုစိတ်တွေ ရှိနေဖို့ လိုအပ်ပါတယ်။
သင်က အခြေအနေ အကြောင်းတရားတစ်ခုကြောင့် မကောင်း သောဘဝကို ရရှိခဲ့တဲ့အခါ စိတ်ဓာတ်ကျ ဝမ်းနည်းစရာမလိုအပ်ဘဲ သင့် ဘဝကို သင့်စိတ်ကြိုက် အကောင်းဆုံးပုံစံဖြစ်အောင် ပြောင်းလဲနိုင်အောင် လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ထားရှိပေးပါ။ ဒါဆိုရင် သင့်ဘဝဇာတ် လမ်း (ဖြစ်ရပ်မှန်) တွေကို အကောင်းဆုံး စတင်ရေးသားနိုင်ပြီ ဖြစ်ပါ တယ်။
သင့်ဘဝကို အပြောင်းအလဲဖြစ်စေသည့် ရည်မှန်းချက်အကြောင်း စတင်ရေးသားမယ်ဆိုပါက သင့်ဘဝတစ်သက်တာအတွင်း သူတကာ ထက်ပိုပြီး ထူးခြားသောအရည်အသွေးတွေရှိအောင် ဘယ်လိုလုပ်ရမယ် ဆိုတဲ့အချက်ကို အကျယ်တဝင့် ဖော်ပြပေးဖို့ လိုအပ်ပါတယ်။
သင့်ဘဝကို အပြောင်းအလဲဖြစ်စေတဲ့ ရည်မှန်းချက်တွေထဲမှာ သူတကာထက် ပိုမိုထူးခြားသူဖြစ်စေချင်တယ်ဆိုရင် သင့်ရဲ့ ပင်ကို အသားကျနေတဲ့ စိတ်ထားကို အကောင်းဆုံးပြောင်းလဲပေးဖို့လိုပါတယ်။
ထို့နောက် သင် တာဝန်ယူဆောင်ရွက်ရမယ့် လုပ်ငန်းတွေအတွက် မညည်းမညူစတမ်း လက်ခံပြီး သင့်ရဲ့ ရည်မှန်းချက်တွေ ပြည့်ဝအောင် ကြိုးစားရမှာဖြစ်ပါတယ်။
သင့်ရည်မှန်းချက်နှင့်ပတ်သက်သော ဇာတ်လမ်းအား စတင်ရေး သားနိုင်စေဖို့ အောက်ပါအချက်တွေကို လိုက်နာဆောင်ရွက်ရမှာ ဖြစ်ပါတယ်။