ဂျွန် - ဘာကြောင့်သင်မအောင်မြင်သလဲ
လောကမှာ အောင်မြင်မှုရသူတွေနဲ့ အောင်မြင်မှု မရရှိတဲ့သူတွေ အကြား ကြီးမားတဲ့ကွာခြားချက်ကတော့ အောင်မြင်မှုမရတဲ့သူတွေဟာ စွမ်းဆောင်ရည် လျော့နည်းလို့လည်းမဟုတ် ... ကိုယ်ပိုင်အရည်အသွေး အရည်အချင်းတွေ မရှိလို့လည်းမဟုတ် .. ပညာဉာဏ်နဲ့ ဗဟုသုတ နည်းပါးလို့လည်း မဟုတ်ဘဲ အောင်မြင်မှုရချင်တဲ့စိတ် နည်းပါးနေလို့ သာဖြစ်တယ်ဆိုတာကို တွေ့ရှိရပါတယ် ....။
သင့်ဘဝ တိုးတက်အောင်မြင်မှုတွေ အရမ်းကို နောက်ကျနေ တယ်လို့ ခံစားမိပြီး စိတ်ဓာတ်ကျနေပါသလား။
သင့်ရဲ့ ကြိုးစားအားထုတ်မှုတွေက အောင်မြင်မှုရရှိနိုင်တဲ့ အခြေ အနေနဲ့ နီးစပ်မှု ရှိနိုင်ရဲ့ လား။ ။
သင့်အောင်မြင်မှုအတွက် ကြိုးစားအားထုတ်မှုအရှိန်အဟုန် မြှင့် တင်နိုင်ဖို့ သင့်ကိုယ်သင် နိုးကြားတက်ကြွအောင် လှုံ့ဆော်တိုက်တွန်းမှု တွေ လုပ်နိုင်ပါသလား။
အထက်ပါ မေးခွန်းအားလုံးဟာ သင့်ဘဝ တိုးတက်အောင်မြင်မှုကို ထင်ဟပ်စေမယ့် မေးခွန်းတွေဖြစ်တာကြောင့် သင်ဟာ အမှန်တကယ်အောင်မြင်မှုရယူလိုတယ်ဆိုရင် အောင်မြင်မှုမရရှိစေတဲ့ အခြေခံအကြောင်း ရင်းတွေကို ပထမဦးစွာ သိရှိထားဖို့လိုပါတယ်။ သင်က ဘဝတစ်သက် တာအတွင်း အောင်မြင်မှု မရစေသော အခြေခံ အကြောင်းရင်းတွေကို သေချာစွာ နားလည်သိရှိထားမှသာ လိုအပ်သလို တွေးခေါ်ဆင်ခြင်မှု တွေ လုပ်နိုင်မှာဖြစ်ပြီး အောင်မြင်မှုဆီ သွားရောက်နိုင်တဲ့ လမ်းကြောင်း ပေါ်ကို ပြန်လည်ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။ ။
သင့်အနေနဲ့ အောက်တွင်ဖော်ပြထားသည့် အောင်မြင်မှု မရရှိစေ တဲ့ အခြေခံအကြောင်းရင်းတွေကို အမှတ်စဉ် တစ်ခုချင်းအလိုက် သေချာ စွာ လေ့လာပြီးလျှင် နောင်တစ်ချိန် အောင်မြင်မှုရရှိရေးအတွက် ဘယ်လို အကြောင်းအကျိုးညီစွာ တွေးတောဆင်ခြင် ပြုမူဆောင်ရွက်ရမယ်ဆိုတာ ကို နားလည်သဘောပေါက်သွားမှာ ဖြစ်ပါတယ် ..။
ကျွန်ုပ်တို့အနေနဲ့ မကြာခဏဆိုသလို လက်တွေ့ကျကျ အကောင် အထည်ဖော် လုပ်ကိုင်ဆောင်ရွက်ခြင်းတွေ လုံးဝပဲ စဉ်းစားတွေးတော နေခြင်းတွေနဲ့သာ အချိန်ကုန်သွားတတ်တာကို သတိပြုမိပါလိမ့်မယ်... လက်တွေ့ကျကျ လုပ်ကိုင်ဆောင်ရွက်ခြင်း မပါဘဲ စဉ်းစားတွေးတော ခြင်းတွေသာ များနေတဲ့ အခြေအနေဟာ ကျွန်ုပ်တို့က ကိုယ်ပိုင်စိတ်ကူး ဉာဏ်တွေနဲ့ ဘယ်အလုပ်ကိုမှ အောင်မြင်အောင် လုပ်နိုင်စွမ်းမရှိတဲ့သဘော ကို ဖော်ပြနေခြင်းသာဖြစ်ပါတယ်။ တကယ်တော့ ဘဝတိုးတက် အောင် မြင်မှု ရရှိလာဖို့ သင်၊ ကျွန်ုပ်တို့ကိုယ်တိုင်က လိုအပ်သော ပြောင်းလဲမှုတွေ လုပ်ပေးရမှာဖြစ်ပြီး ပြောင်းလဲမှုတစ်ခုစီအတွက်လည်း အစအဆုံး တာဝန် ယူဆောင်ရွက်နိုင်စွမ်းတွေရှိနေဖို့ လိုအပ်ပါတယ် ... သင့်အတွက် အောင် မြင်မှု မရရှိစေတဲ့ ယုံမှားသံသယတွေနဲ့ အိပ်မက်စိတ်ကူးတွေကို အမှန် တကယ် အကောင်အထည်ဖော်နိုင်ဖို့အတွက် သင့်ရဲ့ လက်တွေ့ကျတဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေကသာ အခရာကျန်နေမှာ ဖြစ်ပါတယ်။
အင်က စဉ်းစားတွေးတောခြင်းတွေနဲ့သာ အချိန်ကုန်နေခဲ့ရင်တော့ ဘယ်အရာကိုမှ လက်တွေ့လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး.. အကယ်၍ သင်က ဘဝမှာ ရင်ဆိုင်ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေကို ရှောင်ဖယ်ခဲ့ရင် လည်း အောင်မြင်မှုရရှိမယ့် အခွင့်အရေးတွေ တစ်သက်လုံး ဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။ ။
သင့်ဘဝတစ်သက်တာအတွင်း အောင်မြင်မှုမရရှိနိုင်တဲ့ အခြေ အနေတွေက များစွာရှိနေတာကြောင့် သင့်ဘက်က အဲဒီမကောင်းတဲ့ အခြေအနေတွေကနေ ရုန်းထွက်နိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။
သင်က အခြေအနေ အကြောင်းတရားအားလုံး အဘက်ဘက်က စင်းလုံးချော ပြည့်စုံကောင်းမွန်တဲ့အထိ စောင့်ဆိုင်းနေမယ်၊ သင့်အတွက် အခွင့်အရေးကောင်း ရလာတဲ့အထိ စဉ်းစားတွေးတောရင်း စောင့်ဆိုင်းနေ မယ်ဆိုရင်တော့ ကျန်ရှိတဲ့ သင့်ဘဝသက်တမ်းတစ်ခုလုံး အပြီးသတ် ကုန်ဆုံးတဲ့အထိ ဆက်လက် စောင့်ဆိုင်းခြင်းတွေနဲ့သာ အချိန်ကုန်သွား မှာ ဖြစ်ပါတယ်။
ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတွေကို သင့်လက်ရှိရောက်နေ တဲ့ဘဝ အခြေအနေကနေသာ အတိအကျ စတင် အကောင်အထည်ဖော် နိုင်အောင် ကြိုးစားရမှာဖြစ်ပါတယ်။ ဒါကြောင့် သေချာရေရာမှု လုံးဝ မရှိတဲ့ သင့်ဘဝတိုးတက် အောင်မြင်မှုအတွက် တစ်စုံတစ်ရာ အထောက် အပံ့မပေးနိုင်တဲ့ စဉ်းစားတွေးတောမှုတွေကို ရပ်တန်းကရပ်ပြီး လက်တွေ့ လုပ်ဆောင်မှုတွေနဲ့ စတင် အကောင်အထည်ဖော်ပေးပါ။ သင်က လက် တွေ့တိုးတက်အောင်မြင်အောင် စတင်နိုင်ပြီဆိုတာနဲ့ သင် ကြိုးစား သလောက် နည်းနည်းဆိုလျှင် နည်းနည်း၊ များများဆိုလျှင် များများ၊ သိသာစွာ တိုးတက်လာတာကို တွေ့ရပါလိမ့်မယ်။
သင့်ဘက်က ကြိုးစားအားထုတ်သလောက် အရာထင်တယ် ဆိုရင် .... သင့်ရဲ့ စဉ်းစားတွေးတောခြင်း သက်သက်ကြောင့် ဖြစ်ပေါ်လာ တဲ့ ယုံမှားသံသယတွေကိုလည်း လက်တွေ့ကျကျ ချေဖျက်သွားနိုင်မှာ ဖြစ်ပါတယ်။