Skip to product information
1 of 10

စိတ်ကူးချိုချိုစာပေ

ဂျွန် - ဒေါ်နယ်ထရမ့်ဘယ်လိုချမ်းသာလာသလဲ

Regular price 2,200 MMK
Regular price Sale price 2,200 MMK
Sale Sold out

စစ်သူကြီး ပီသပါစေ

          ဘက်ပေါင်းစုံ၌ တာဝန်ယူဖြေရှင်းပေးနိုင်သူတစ်ယောက်ဖြစ်အောင် ကြိုးစားပါ။ ကျွန်တော်ဟာ ထရမ့်စီးပွားရေးအဖွဲ့ အစည်းရဲ့ ဥက္ကဋ္ဌတစ် ဦးဖြစ်ပြီး ဥက္ကဋ္ဌတစ်ဦးနဲ့ထိုက်တန်တဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေအတွက် အဘက်ဘက်က တာဝန်ယူရသူတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ။

          ကျွန်တော့်အနေနဲ့ စီးပွားရေးလုပ်ငန်းတစ်ခုကို ဦးဆောင်ရာမှာ ဘက် ပေါင်းစုံကနေ အစစအရာရာ တာဝန်ယူရမယ်ဆိုတာကို နားလည်ခဲ့ပါတယ်။

          အစစအရာရာ တာဝန်ယူရမယ်ဆိုတာဟာ ကျွန်ုပ်တို့ရဲ့ ဝန်ထမ်းတွေနဲ့ ပတ်သက်တဲ့ဘဝလုံခြုံမှုတွေ၊ လုပ်ငန်းဆိုင်ရာပြဿနာအခက်အခဲတွေနဲ့ ပတ်သက်ပြီး ကျွန်ုပ်တို့က အကောင်းဆုံးစီမံဆောင်ရွက်မှု၊ ဆုံးဖြတ်မှုတွေ နဲ့ ဖြေရှင်းပေးရမှာဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းတစ်ခု အောင်မြင်ရေးဟာ ဦးဆောင်ဦးရွက်လုပ်သူရဲ့ စီမံခန့်ခွဲဆုံးဖြတ်မှုအပေါ် အဓိကမူတည်ပြီး ရည်မှန်းချက်ပန်းတိုင်သို့ မရောက်သေးခင်ကာလတစ်လျှောက် လိုအပ်တဲ့ မဟာဗျူဟာတွေရေးဆွဲဆောင်ရွက်ဖို့လိုပါတယ်။ ။

          သင်က စီးပွားရေးလုပ်ငန်းအဖွဲ့ အစည်းတစ်ခုကို ဦးဆောင်နေတယ်ဆို ရင် သင့်အတွက် အလုပ်လုပ်ပေးနေတဲ့(သို့) သင့်အပေါ် မှီခိုအားထားနေ တဲ့ ဝန်ထမ်းပေါင်း နှစ်သောင်းကျော်၊ သုံးသောင်းက သင့်ဆုံးဖြတ်ချက်တွေ အပေါ်မူတည်ပြီး ဘဝတိုးတက်မှုအခြေအနေ အပြောင်းအလဲတွေ အမျိုးမျိုးဘက်ပေါင်းစုံ၌ တာဝန်ယူဖြေရှင်းပေးနိုင်သူတစ်ယောက်ဖြစ်အောင် ကြိုးစားပါ။ ကျွန်တော်ဟာ ထရမ့်စီးပွားရေးအဖွဲ့ အစည်းရဲ့ ဥက္ကဋ္ဌတစ် ဦးဖြစ်ပြီး ဥက္ကဋ္ဌတစ်ဦးနဲ့ထိုက်တန်တဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေအတွက် အဘက်ဘက်က တာဝန်ယူရသူတစ်ယောက်ဖြစ်ခဲ့ပါတယ်။

          ကျွန်တော့်အနေနဲ့ စီးပွားရေးလုပ်ငန်းတစ်ခုကို ဦးဆောင်ရာမှာ ဘက် ပေါင်းစုံကနေ အစစအရာရာ တာဝန်ယူရမယ်ဆိုတာကို နားလည်ခဲ့ပါတယ်။

          အစစအရာရာ တာဝန်ယူရမယ်ဆိုတာဟာ ကျွန်ုပ်တို့ရဲ့ ဝန်ထမ်းတွေနဲ့ ပတ်သက်တဲ့ဘဝလုံခြုံမှုတွေ၊ လုပ်ငန်းဆိုင်ရာပြဿနာအခက်အခဲတွေနဲ့ ပတ်သက်ပြီး ကျွန်ုပ်တို့က အကောင်းဆုံးစီမံဆောင်ရွက်မှု၊ ဆုံးဖြတ်မှုတွေ နဲ့ ဖြေရှင်းပေးရမှာဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းတစ်ခု အောင်မြင်ရေးဟာ ဦးဆောင်ဦးရွက်လုပ်သူရဲ့ စီမံခန့်ခွဲဆုံးဖြတ်မှုအပေါ် အဓိကမူတည်ပြီး ရည်မှန်းချက်ပန်းတိုင်သို့ မရောက်သေးခင်ကာလတစ်လျှောက် လိုအပ်တဲ့ မဟာဗျူဟာတွေရေးဆွဲဆောင်ရွက်ဖို့လိုပါတယ်။

          သင်က စီးပွားရေးလုပ်ငန်းအဖွဲ့ အစည်းတစ်ခုကို ဦးဆောင်နေတယ်ဆို ၊ ရင် သင့်အတွက် အလုပ်လုပ်ပေးနေတဲ့(သို့) သင့်အပေါ် မှီခိုအားထားနေ တဲ့ ဝန်ထမ်းပေါင်း နှစ်သောင်းကျော်၊ သုံးသောင်းက သင့်ဆုံးဖြတ်ချက်တွေ အပေါ်မူတည်ပြီး ဘဝတိုးတက်မှုအခြေအနေ အပြောင်းအလဲတွေ အမျိုးမျိုးဖြစ်သွားနိုင်တာကို သတိပြုရမှာ ဖြစ်ပါတယ်။

          ဝန်ထမ်းတွေကို သတိပြုရွေးချယ်ရှာဖွေရာမှာ သင်က အထူးသတိထား တတ်တယ်ဆိုရင် လိုအပ်တဲ့ အရည်အချင်းနဲ့ ကိုက်ညီတဲ့ ဝန်ထမ်းတွေကို ခန့်အပ်တာဝန်ပေးနိုင်မှာဖြစ်ပြီး သင့်ရဲ့ စီမံခန့်ခွဲမှုတွေမှာလည်း အဆင်ပြေ ချောမွေ့မှုရှိလာမှာ ဖြစ်ပါတယ်။ ကျွန်တော့် အတွေ့ အကြုံအရ ဝန်ထမ်း တွေထဲက အရေးပါတဲ့ ရာထူးနဲ့လိုအပ်တဲ့ အရည်အချင်းပြည့်စုံသူတွေကို ကျွန်တော့်အတွက် အရေးကြီးတဲ့လုပ်ငန်းဆောင်တာတွေမှာ ထပ်ဆင့် တာဝန်ယူပေးသူတွေအဖြစ် လေ့ကျင့်ပေးနိုင်ခဲ့ပါတယ်။

          ကျွန်တော်ဟာ ကိုယ်ပိုင်ကက်စီနိုလောင်းကစားရုံတွေ၊ ဟိုတယ်တွေကို အတ္တလန်တိတ်စီးတီးမှာ ပိုင်ဆိုင်ထားတာကြောင့် အဲဒီလုပ်ငန်းတွေနဲ့ ပတ် သက်ပြီး လိုအပ်မယ့်အရာတွေကို အကောင်းဆုံးပြင်ဆင်ထားနိုင်ခဲ့ပါတယ်။

          ကျွန်တော်က ကျွန်တော့်ရဲ့ စီအီးအို “မာ့ခ်ဘရောင်း”ကို မကြာခဏ ခေါ်တွေ့ပြီး အရေးကြီးတဲ့ သတင်းအချက်အလက်တွေကို မေးမြန်းတတ် သလို အရောင်းတာဝန်ခံတွေနဲ့လည်း တွေ့ဆုံပြီး အရောင်းအဝယ်အခြေ အနေ၊ ဖောက်သည်တွေဘက်က တုံ့ပြန်တဲ့အခြေအနေတွေကိုသိအောင် မေးမြန်းလေ့ရှိခဲ့ပါတယ်။

          စီးပွားရေးလုပ်ငန်းတွေများစွာ လုပ်ကိုင်နေတဲ့သူတွေအနေနဲ့ မိမိတို့ လုပ်ကိုင်နေတဲ့ လုပ်ငန်းနဲ့ပတ်သက်ပြီး သင့်တင့်လိုက်ဖက်မှုရှိတဲ့ ဝန်ထမ်း တွေကို ရွေးချယ်ခန့်ထားရမှာဖြစ်သလို ဖြစ်ပေါ်ကြုံတွေ့ရတတ်တဲ့ ပြဿနာ တွေကိုလည်း ဦးဆောင်လုပ်ကိုင်နေသူ ဝါစဉ်ကြီးငယ်အဆင့်ဆင့်က တာဝန် ယူ ဖြေရှင်းပေးဖို့လိုပါတယ်။

          စီးပွားရေးလုပ်ငန်းတွေအတွက် သင့်တင့်ကောင်းမွန်တဲ့သူတွေဟာ စီမံ ခန့်ခွဲရေးအပိုင်းမှာ ကျွမ်းကျင်နိုင်သူတွေဖြစ်နေတတ်ပြီး လုပ်ငန်းသဘာဝ အခြေအနေအမျိုးမျိုးအရ လိုအပ်သလို ပူးပေါင်းဆောင်ရွက်နိုင်သူတွေ ဖြစ် ကြပါတယ်။ လုပ်ငန်းအဖွဲ့ အစည်းတစ်ခုမှာ ဦးစီး-ခေါင်းဆောင် လုပ်သူ ကောင်းလျှင်ကောင်းသလို နောက်လိုက်ကောင်း၊ လက်အောက် ဝန်ထမ်း ကောင်းတွေများစွာ ရရှိမှာဖြစ်ပြီး အသင်းအဖွဲ့တစ်ခုစီအလိုက်လည်း စွမ်းဆောင် ရည်မြင့်မားတဲ့ တာဝန်ခံခေါင်းဆောင်ငယ်တွေများစွာ ပေါ်ထွက်လာမှာဖြစ်ပါတယ်။

          အကယ်၍ သင့်လုပ်ငန်းခွင်အတွင်း စွမ်းဆောင်ရည်မြင့်မားတဲ့သူတွေ အပြင် ကိုယ်ပိုင်ဖန်တီးနိုင်စွမ်းရှိသူတွေပါ များပြားနေခဲ့ပါက လုပ်ငန်း တိုးတက် အောင်မြင်မှု အမျိုးမျိုးနဲ့ ကြုံတွေ့ရမှာဖြစ်ပါတယ်။

ထူးခြားချက်အနေနဲ့ ဖန်တီးနိုင်စွမ်းရှိသူတွေဟာ ပေးအပ်တဲ့တာဝန်ကို မငြီးမငြူ လက်ခံတတ်ကြပြီး အစဉ်အမြဲစွမ်းဆောင်မှုကောင်းတွေ မြင့်မားအောင်ကြိုးစားတာမျိုး၊ ဖန်တီးနိုင်စွမ်းမြင့်မားအောင် ကြိုးစားတာမျိုးတွေနဲ့ အချိန်ကုန်နေတတ်ပါတယ်။

          ဖန်တီးနိုင်စွမ်းအားကောင်းတဲ့ သူတွေကို အထူးတလည်တိုက်တွန်း လှုံ့ဆော်စရာမလိုအပ်ပါဘူး။ သူတို့ရဲ့ ပင်ကိုစရိုက်အရ အတွင်းစိတ်မှာ လုပ်ငန်းအတွက်လိုအပ်တဲ့ အရာမှန်သမျှကို ဖြည့်ဆည်းဖို့ အစဉ်အမြဲ ဆန္ဒရှိ နေပြီး ဖြစ်ပါတယ်။ ဖန်တီးနိုင်စွမ်းမြင့်မားသူတွေဟာ လုပ်ငန်းအောင်မြင်မှု အတွက် လိုအပ်တဲ့အပိုင်းကဏ္ဍတွေနဲ့ပတ်သက်ပြီး အတိအကျ ခွဲခြား နားလည်သိမြင်နိုင်သူတွေလည်း ဖြစ်ပါတယ်။

          ကျွန်တော်အရင်က လက်တွဲခဲ့ဖူးတဲ့ ဝန်ထမ်းအတော်များများဟာ ပရောဂျက်သစ်တစ်ခုကို တာဝန်ယူဆောင်ရွက်နိုင်ခဲ့တဲ့ သူတွေဖြစ်ကြပြီး လုပ်ငန်းအစအဆုံးအား အသေးစိတ်ကောင်းမွန်အောင် လုပ်နိုင်သူတွေ လည်း ဖြစ်ကြပါတယ်။

          တပ်မတော်ကြီးတစ်ခုကို ခွဲဝေအုပ်ချုပ် ဦးဆောင်တဲ့ ဗိုလ်ချုပ်ကြီးတွေ ဟာ သူတို့ရဲ့ လက်အောက်စစ်သည်/ တပ်သားတွေကို အစဉ်အမြဲတက်ကြွ ပြီး နိုးကြားနေစေဖို့ လိုအပ်သလို တိုက်တွန်းလှုံ့ဆော်နေတတ်ပါတယ်။

          စီးပွားရေးလုပ်ငန်းကြီးတစ်ခုကို စီမံအုပ်ချုပ်ရာမှာလည်း ထက်မြက်တဲ့ စီးပွားရေးစွမ်းဆောင်ရှင်တွေက မှန်ကန်တဲ့ ဦးဆောင်မှုတွေနဲ့အတူ စီမံ အုပ်ချုပ်နိုင်ဖို့ လိုပါတယ်။

အောင်မြင်မှုအတွက် ဆက်လက်အာရုံစိုက်ထားပါ

          ၁၉၈၀ ခုနှစ်များအတွင်း ကျွန်တော်ဟာ စီးပွားရေးလုပ်ငန်းများစွာကို တိုးတက်စေခဲ့ပါတယ်။ တကယ်တော့ ကျွန်တော်ဟာ “ကွင်းစ်အင်န်ဘရွတ် ကလင်း”ကို တည်ထောင်ခဲ့တဲ့ ဖခင် “ဖရက်ဒ်”ဆီကနေ အိမ်ခြံမြေရောင်းဝယ် ရေးစီးပွားရေးလုပ်ငန်းအကြောင်းသင်ယူလေ့လာမှုတွေများစွာ လုပ်ခဲ့ပြီး နောက်ပိုင်း “မန်ဟက်တန်”မှာ အဓိက အရေးပါတဲ့ စီးပွားရေးစွမ်းဆောင် ရှင်တစ်ဦး ဖြစ်လာခဲ့ပါတယ်။

          ဒီလိုနဲ့ ကျွန်တော်ဟာ ထရမ့်တာဝါ..၊ ဂရင်းမ်ဟီရက်ဟိုတယ်နဲ့ အခြားသော စီးပွားရေးလုပ်ငန်းကုမ္ပဏီတွေကို ပိုင်ဆိုင်ခွင့်ရရှိခဲ့ပါတယ်။

          ကျွန်တော်က အပျော်စီးရွက်လှေတစ်စီး၊ ကိုယ်ပိုင်လေယာဉ်တစ်စင်း၊ ရောင်းအားအကောင်းဆုံး စာအုပ်တစ်အုပ်ကို ပိုင်ဆိုင်ခဲ့ပါတယ်။

          ကျွန်တော်က အာရုံစူးစိုက်မှုတွေသာမရှိခဲ့ရင် ဒါဟာ ကျွန်တော့်ရဲ့ လုပ်ငန်းကို လုံးဝထိခိုက်ပျက်စီးအောင်လုပ်နေခြင်းသာ ဖြစ်တယ်လို့ ယူဆ ထားသူ ဖြစ်ပါတယ်။

          အိမ်ခြံမြေရောင်းဝယ်ရေးစီးပွားရေးလုပ်ငန်းက မမျှော်လင့်ဘဲ ပျက်စီး သွားချိန်မှာ ကျွန်တော် ပေးဆပ်ရမယ့်ကြွေးမြီတွေက အမေရိကန်ဒေါ်လာ ၉.၂ ဘီလီယံအထိ မြင့်တက်သွားခဲ့ပါတယ်။

          ကျွန်တော်က ဘဝရဲ့ အောင်မြင်မှု အထွတ်အထိပ်ကို မရောက်ခင် အဆိုးဆုံးသောအခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ဆိုးရွားတဲ့အခြေအနေတွေကို ဘယ်တော့မှမမေ့ပျောက်ဘဲ ရှိနေတတ်ပါတယ်။

          ကျွန်တော့်ဘဝမှာ ကြုံတွေ့ရတဲ့ ပြဿနာအခက်အခဲတွေကို အကောင်း ဆုံးစေ့စပ်ညှိနှိုင်းမှုတွေနဲ့ ပြေလည်အောင်လုပ်နိုင်ခဲ့ပါတယ်။