Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

ဂျွန် - ဆင်ခြေမပေးနဲ့

Regular price 6,000 MMK
Regular price Sale price 6,000 MMK
Sale Sold out
မိမိကိုယ်ကို စည်းကမ်းသတ်မှတ်ခြင်းကြောင့်
အံ့သြဖွယ် အောင်မြင်ခြင်း

           အချို့သော သူတွေဟာ အခြားသူတွေထက် ဘာကြောင့်ပိုပြီး အောင် မြင်ရပါသလဲ? ဘာကြောင့် အချို့သူတွေ ပိုက်ဆံပိုရှာနိုင်ပါသလဲ? ဘာကြောင့် ပျော်ရွှင်သော ဘဝကို ရယူပိုင်ဆိုင် ခံစားနိုင်ပါသလဲ? အောင်မြင် မှုတို့ရဲ့ လျှို့ဝှက်ချက်အစစ်အမှန်က ဘာလဲ?

          ဒီမေးခွန်းတွေနဲ့ ပတ်သက်ပြီး ကျွန်တော် မကြာခဏ ဆွေးနွေးပွဲလုပ် ခဲ့ပါတယ်။ ကျွန်တော်က ပရိသတ်ကို မေးတယ်။ “ဒီမှာရှိတဲ့ လူဘယ်နှစ် ယောက်ကများ ဝင်ငွေ နှစ်ဆတိုးလိုတဲ့ ဆန္ဒရှိကြပါသလဲ? ဒီလိုမေးလိုက် တော့ လူတိုင်းလိုလို ပြုံးရယ်ပြီး လက်တွေထောင်ပြကြတယ်... ဒီတော့ ကျွန်တော် ဆက်မေးတယ်။ ဒီမှာရှိတဲ့လူဘယ်လောက်များများက ကိုယ် အလေးချိန် လျော့ချင်ပါသလဲ? ဒါမှမဟုတ် ကြွေးမြီလွတ်ချင်ပါသလဲ?” “ငွေကြေးလွတ်လပ်မှု တိုးတက်လိုပါသလား?” ဒီတစ်ခါမှာလည်း အားလုံး က ရယ်ကြပြန်တယ်။ အချို့ဆို တော်တော်လေး နှစ်ထောင်းအားရဖြစ်ပြီး သူတို့ရဲ့ လက်တွေကို ထောင်ပြပြန်တယ်။ တကယ်တော့ လူတိုင်းကိုယ်စီ မှာ ငွေကြေးနဲ့ ပတ်သက်လို့ရယ်... အောင်မြင်မှုနဲ့ ပတ်သက်လို့ရယ် ရည် မှန်းချက်တွေ အသီးသီး ရှိကြပါတယ်... တကယ်တော့ ကျွန်တော်အပါ အဝင် လူတိုင်းလိုလို ငွေကိုပိုမို ရှာနိုင်ချင်ကြတာချည်းပါပဲ... ငွေကိုရှာပြီးရင်လည်း မိသားစုနဲ့အတူ အချိန်ပေးပြီး သုံးစွဲချင်ကြတာပါ။

           ကျွန်တော်တို့အနေနဲ့ ငွေကို ပိုရှာနိုင်ရုံနဲ့ မပြီးသေးဘဲ ငွေကြေးဆိုင်ရာ လုပ်ငန်းစဉ်တွေကိုလည်း စနစ်တကျ တိုးတက်အောင် လုပ်ဆောင်နိုင်ဖို့ လိုပါတယ်။ ဒီတော့ ငွေကြေးဆိုင်ရာ လုပ်ငန်းစဉ်တွေကို အစပြုပြီဆိုတာနဲ့ မိမိရဲ့ ကိုယ်ပိုင်အရည်အသွေးနဲ့ ကျွမ်းကျင်မှုတွေကို မူလထက် ပိုမို တောက်ပြောင်လာအောင် လေ့ကျင့်ရပါမယ်။ ဒီအခါ မိမိရရှိလာတဲ့ ငွေကြေးတွေ အပေါ် ထိန်းချုပ်လာနိုင်ပြီး ကြွေးမြီရှိပါကလည်း ကင်းလွတ်သွားပါလိမ့် မယ်။

           နေ့စဉ်လူနေမှုဘဝမှာ အများဆုံး ကြားနေရတဲ့ ကိစ္စတွေက ငွေကြေး အပေါ် အများကြီး အခြေခံနေပါတယ်... အဲဒါတွေကတော့ ခုလိုစကား တွေပါပဲ။

           “ကျွန်တော်ကလေးဘဝမှာ မပျော်ရွှင်ရဘူး။ ကျွန်တော်/ ကျွန်မ ပညာကောင်းကောင်း မသင်ခဲ့ရဘူး”“ကျွန်တော်/ ကျွန်မမှာ ပိုက်ဆံတစ်ပြား မှ မရှိဘူး” “ကျွန်မသူဌေးက ကပ်စေးနဲတယ်...”

           အိမ်ထောင်ရေး အဆင်မပြေဘူး” “ဘယ်သူကမှ အရေး မလုပ်ကြ ဘူး” စီးပွားရေး အဆင်မပြေဘူး။

           တကယ်တော့ ဒီလူတွေဆီမှာ ရည်မှန်းချက်ကောင်းတွေ ရှိနေပေမဲ့ လက်တွေ့မှာ အကောင်အထည် မဖော်နိုင်လို့ ခုလို အဆင်မပြေမှုတွေ ဆင့် ကဲ ခံစားနေရတာပါ။

           ဘယ်သူမဆို ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ချင်ပြီဆိုရင် မဖြစ်နိုင်။ လက်တွေ့ မလုပ်နိုင်သေးတဲ့ဟာကို စိတ်ကူးမယဉ်ဘဲ မိမိလက် လှမ်းမီတဲ့နေရာကနေ ကြိုးစားအားထုတ်ပေးဖို့လိုပါတယ်။ ဒီနေရာမှာ အကြောင်းပြချက်ပေးတာတွေ ဆင်ခြေဆင်လက်ပေးတာတွေ ရှိမနေသင့်ပါဘူး။ ဒါကြောင့် မိမိလုပ်နိုင်တာကို အကောင်းဆုံးလုပ်ဆောင်နိုင်ဖို့ ပထမ ကြိုးစား ရမှာပါ။

           ဆုံးရှုံးသွားတဲ့သူတွေ အများစုက ဆင်ခြေပေးတတ်ပြီး အောင်မြင်တဲ့ သူတွေကတော့ တိုးတက်မှု အဆင့်ဆင့်အတွက် ရှေ့ကို တက်လှမ်း နေကြမှာ မလွဲပါဘူး။

အောက်ခြေမှ ကျိုးနွံစွာဖြင့် စတင်ခြင်း

           များစွာသော အားသာချက်တွေနဲ့ အောင်မြင်မှုရအောင် အစပြုတဲ့သူ တွေ အရမ်းကို နည်းပါးလှပါတယ်။ ။

           ကျွန်တော့်ရဲ့ ပုဂ္ဂိုလ်ရေးအရ ဖွင့်ဟချက်တွေကို တင်ပြရရင် ကျွန်တော် ဟာ အထက်တန်းကျောင်းပြီးဆုံးအောင် ပညာမသင်ခဲ့ရပါဘူး။

           ကျွန်တော် နှစ်ပေါင်းများစွာ ကြာတဲ့အထိ ခက်ခဲပင်ပန်းတဲ့အလုပ် တွေပဲ လုပ်ခဲ့ရတယ်။

ကျွန်တော့်ဘဝမှာ ပညာရေးက အကန့်အသတ်၊ ကျွမ်းကျင်မှုတွေက လည်း အကန့်အသတ်၊ အနာဂတ်ကာလတွေ ဆိုတာလည်း အကန့်အသတ် နဲ့ နေခဲ့ရတဲ့သူပါ။ ဒီတော့ ကျွန်တော်ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်မိတယ်။ “ဘာကြောင့် အခြားသူတွေက အခြားသူတွေထက် အောင်မြင်မှုတွေ ပိုရနေရ တာလဲ? ... လို့”

           ဒီမေးခွန်းကြောင့်ပဲ ကျွန်တော့်ဘဝ အပြောင်းအလဲတွေ ဖြစ်ခဲ့ရတယ်။ နှစ်တွေအတော်ကြာတော့ ဘဝအောင်မြင်မှုနဲ့ တိုးတက်မှုတွေ အကြောင်း ရေးထားတဲ့ စာအုပ်ပေါင်း တစ်ထောင်ကျော်လောက်ကို ကျွန်တော် ဖတ် ပြီးသား ဖြစ်နေပါပြီ။ ။

           စာအုပ်တွေက ပေးတဲ့ အသိဉာဏ်ဗဟုသုတဖြစ်ဖွယ် အဓိက အ ကြောင်းအရာကတော့ မိမိကိုယ်မိမိ စည်းကမ်းသတ်မှတ်” ဖို့ဆိုတဲ့ အဓိက အချက်ပါ။ မိမိကိုယ် မိမိစည်းကမ်းသတ်မှတ်ပြီး ကြိုးစားမယ်ဆိုရင်တော့ အရာရာ အောင်မြင်မှုရဖို့ရာ မလွဲနိုင်တော့ပါဘူး။ ကျွန်တော်လည်း ဒီနည်း လမ်းကောင်းအတိုင်း လိုက်နာဆောင်ရွက်ခဲ့လို့ ကျွန်တော့်ဘဝအပြောင်းအလဲ ဖြစ်ခဲ့ရတာပါ။

           မကြာခင်ကာလမှာ ကျွန်တော့်အရောင်းအဝယ်တွေ အောင်မြင်ခဲ့ တယ်။ စီမံခန့်ခွဲမှုတွေလည်း တိုးတက်ခဲ့တယ်။ နောက်တော့ ကျွန်တော် စီးပွားအသင့်အတင့် ပြေလည်တာနဲ့ ကျောင်းပြန်တက်ပြီး အမ်ဘီအေဘွဲ့ ရအောင် ကြိုးစားနိုင်ခဲ့တယ်။

           ကျွန်တော် အမ်ဘီအေဘွဲ့ ရတဲ့ အချိန်မှာ အသက် ၃ဝ ရှိပါပြီ.. ကျွန်တော် ဘွဲ့ရပြီးတာနဲ့ ကနေဒါမှာရှိတဲ့ ဆူဇူကီး ကုမ္ပဏီမှာ အလုပ်ဝင်ခဲ့တယ်။

           အစပိုင်းမှာ လုပ်ငန်းနဲ့ပတ်သက်ပြီး ဘာမှ မသိနားမလည်သေးပေမဲ့ နောက်ပိုင်းမှာ ကုမ္ပဏီရဲ့ အားကိုးယုံကြည်ရတဲ့သူ ဖြစ်တဲ့အထိ ကြိုးစားနိုင် ခဲ့တယ်။

           နောက်ပိုင်းမှာ ကျွန်တော် အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းကို ဘာ ဗဟုသုတ ကျွမ်းကျင်မှု မရှိဘဲနဲ့ လုပ်ခဲ့ပြန်တယ်။ တကယ်တော့ မိမိ ကိုယ်ကို စည်းကမ်းသတ်မှတ်ပြီး လုပ်ခဲ့လို့ အတွေ့အကြုံ မရှိပေမဲ့ အောင် မြင်ခဲ့တယ်။

           ကျွန်တော် နေ့စဉ်နေ့တိုင်း လုပ်ငန်းအမျိုးမျိုးနဲ့ ပတ်သက်ပြီး လေ့ လာမှုတွေ လုပ်တယ်။ နောက်တော့ ရှော့ပင်းစင်တာ ထောင်တယ်။ ရုံး အဆောက်အအုံ ဆောက်လုပ်ပြီး လုပ်ငန်းအမျိုးမျိုးကို လုပ်ကိုင်တယ်။ နောက်တော့ ကျွန်တော် အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင်တစ်ဦး ဖြစ်လာအောင် သင်တန်းတက်ပြီး လေ့ကျင့်တယ်။ အတိုင်ပင်ခံတွေဆီက နည်းနာ အကြံပေးချက်တွေကို နားထောင်တယ်။ ပြောဆိုတယ်၊ ရေးသားတယ်။ မှတ်တမ်းတင်တယ်၊ ဖြန့်ဝေတယ် ဒီလိုနဲ့ ကျွန်တော် လေ့လာသင်ယူ တတ်မြောက်သမျှကို အတွေ့အကြုံနဲ့ ပေါင်းစပ်ပြီး စာအုပ်တွေထုတ်တယ်။ ဆွေးနွေးပွဲတွေ လုပ်တယ်။ ကျွန်တော်ထုတ်ဝေလိုက်တဲ့ လေ့ကျင့်ရေး အစီ အစဉ်ကို ဘာသာစကား ၃၆ မျိုးနဲ့ ထုတ်ဝေပြီး နိုင်ငံပေါင်း ၅၄ နိုင်ငံကို ဖြန်ဝေနိုင်ခဲ့တယ်။ လေ့ကျင့်ရေးအစီစဉ်အတွက် ဒေါ်လာ သန်း ၅ဝဝ ကျော်ဖိုးလောက် ရောင်းချနိုင်ခဲ့ပါတယ်။ ။

           ကျွန်တော်ဟာ နှစ်ပေါင်းအတော်ကြာအထိ ကုမ္ပဏီ ၁၀၀၀ ကျော် အတွက် အတိုင်ပင်ခံ လုပ်ပေးခဲ့ရတယ်။ နောက်ပြီး လူပေါင်း ၅ သန်း အတွက် ဆွေးနွေးပွဲတွေ လုပ်ပေးခဲ့ရတယ်။

           တကယ်တော့ ကျွန်တော် အောင်မြင်နေတာဟာ မိမိကိုယ်မိမိ စည်း ကမ်းသတ်မှတ် နိုင်လို့ပါ။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ကျွန်တော်ဟာ ဝါရှင်တန်ဒီစီမှာ ကျင်းပပြုလုပ်တဲ့ ကွန်ဖရင့်တစ်ခုကို တက်ရောက်ခဲ့ပါတယ်။ နေ့လယ်စာ စားချိန်အတွက် အနားပေးနေချိန်အတွင်းမှာ ကျွန်တော်က အနီးနားမှာရှိတဲ့စားသောက်ဆိုင်မှာပဲ နေ့လယ်စာ စားခဲ့တယ်။ အဲဒီနေရာက လူကျပ်လှပါ တယ်။ ဒီတော့ ၄ ယောက်ထိုင် စားပွဲတွေက ကျပ်လို့ ကျွန်တော့်ဘာသာ နေရာလွတ်တစ်ခုမှာ သွားထိုင်စားလိုက်တယ်။

           ခဏကြာတော့ အသက်နည်းနည်းကြီးတဲ့ လူကြီးတစ်ယောက်နဲ့ အမျိုးသမီးငယ်တစ်ယောက် ကျွန်တော် စားနေတဲ့ ဆိုင်ထဲဝင်လာတယ်။ အမျိုးသမီးငယ်က အဲဒီလူကြီးရဲ့ အတွင်းရေးမှူး ထင်ပါရဲ့ ။ ဒီအမျိုးသမီး က လက်ထဲမှာ စားစရာတွေကိုင်ပြီး ထိုင်ဖို့နေရာ ရှာနေတာပေါ့။ ကျွန်တော် ထိုင်တဲ့နေရာမှာ နေရာလွတ်ရှိနေလို့ ကျွန်တော်က ထိုင်ခုံရှာနေတဲ့ လူကြီး နဲ့ အမျိုးသမီးငယ်ကို ကျွန်တော့်နားမှာ ပေါင်းထိုင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

           ပထမတော့ လူကြီးက တုံ့ဆိုင်းနေတယ်။ နောက်ဆုံးတော့ ကျွန်တော့် နားမှာပဲ ထိုင်ချလိုက်တော့တယ်။ နောက်တော့ သူက ကျွန်တော့်ကို ကျေးဇူး တင်ပါတယ်ပေါ့။

           ဒီလိုနဲ့ ကျွန်တော်တို့ နေ့လယ်စာ အတူစားရင်း စကားပြောဖြစ်ခဲ့ ကြတယ်။ ကျွန်တော်နဲ့ စကားပြောတဲ့လူကြီး နာမည်က “ကော့ပ်ကော့ပ် မီယာ” တဲ့။ ဒီနာမည်ကြားတော့ သူဘယ်သူဆိုတာ ကျွန်တော်ချက်ချင်း သိလိုက်ပါတယ်။ ဒီလူကြီးက စီးပွားရေးလောကမှာ အောင်မြင်တိုးတက် နေတဲ့ ပုဂ္ဂိုလ်ကြီးပါ။ “ကော့ပ်ကော့ပ်မီယာဆိုတဲ့ လူကြီးမင်းက နာမည်ကျော်ပြီး ရောင်းအားကောင်းတဲ့ စာအုပ် ၄ အုပ်ကို ရေးခဲ့သူ ဖြစ်တယ်။ သူရေးတဲ့ စာအုပ်တစ်အုပ်စီမှာ အောင်မြင်မှုရရေးအတွက် လိုက်နာရမဲ့ စည်း ကမ်း၊ စည်းမျဉ်းပေါင်း ၂၅ဝ အထိ ထည့်သွင်းရေးသားထားတယ်။ ဒီ စည်းကမ်းချက်တွေက တကယ်တော့ သူကိုယ်တိုင် နှစ်ပေါင်း ၅၀ ကျော် လေ့လာပြီး သုတေသနပြုထားတဲ့ အရေးပါတဲ့ စည်းမျဉ်းတွေပါ။

           ကျွန်တော်က သူရေးတဲ့ စာအုပ် ၄ အုပ်စလုံးကို ဖတ်ပြီးပါပြီ။ တစ် အုပ်စီကို တစ်ကြိမ်မက ဖတ်ဖူးတာပါ။ ။

           ကျွန်တော်တို့ နေ့လယ်စာစားရင်း စကားပြောပြီးတဲ့နောက်မှာ ကျွန် တော်က အဲဒီဆရာကြီးကို မေးခွန်းနည်းနည်း မေးဖြစ်ပါတယ်။ ဒီအခါ သူပြန်ပြောတဲ့ မှတ်သားစရာ စကားတစ်ခွန်းကတော့.. “အောင်မြင်ရေး နည်း လမ်း ၁ဝဝဝ ရှိတဲ့အနက်မှာ မင်း စဉ်းစားတာအရေးပါဆုံး ဖြစ်သလား၊မဖြစ်သလားဆိုတာ အဓိကပဲ” တဲ့လေ။ ဆရာကြီးက ပြုံးပြီး ကျွန်တော့်ကို ကြည့်တယ်။ ကြည့်ရတာ သူ့ကို လူအတော်များများက မေးခွန်းတွေ မေးနေ ကြထင်ပါတယ်။ ဆရာကြီးဆက်ပြောတဲ့ စကားတွေထဲမှာ မိမိကိုယ်ကို စည်း ကမ်းမသတ်မှတ်နိုင်ရင် ဘယ်အလုပ်မှ မအောင်မြင်နိုင်တဲ့ အကြောင်းတွေ ပါပါတယ်။

           မိမိကိုယ်မိမိ စောဒက တစ်စုံတစ်ရာ မတက်ဘဲ စည်းကမ်း သတ်မှတ် နိုင်တာဟာ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကြီးမြတ်မှုနဲ့ အောင်မြင်ရေးဆိုင်ရာ အဓိက သော့ချက်ဆိုတာ ကျွန်တော် ကောင်းကောင်း နားလည်ထားပါတယ်။

အဆိုးဆုံးသော ရန်သူ ၂ ပါး

           မိမိကိုယ်မိမိ စည်းကမ်းသတ်မှတ်နိုင်ခြင်းဟာ အောင်မြင်မှု ရရှိရေး အတွက် အဓိကသော့ချက်ဖြစ်သလို ဆန့်ကျင်ဘက် အနေနဲ့ အဲဒီစည်းကမ်း သတ်မှတ်ချက် မရှိခဲ့ရင် ကျရှုံးတာ၊ စိတ်အနှောင့်အယှက်ဖြစ်စရာ၊ တိုးတက် မှု နှေးကွေးတာ၊ ဘဝရဲ့ ပျော်ရွှင်မှုတွေ ဆုံးရှုံးတာတွေကို ဖြစ်လာစေနိုင် ပါတယ်။

           အောင်မြင်မှု၊ ပျော်ရွှင်မှုနဲ့ မိမိလိုဘပြည့်ရေး ကိစ္စတွေကို အဓိက နှောင့်ယှက်နေတဲ့ အကြီးဆုံးရန်သူ ၂ ပါးကတော့ ခံနိုင်ရည်နည်းပါးတာ ရယ်၊ အသုံးတဲ့သလို အလွယ်လမ်းလိုက်တာတွေပဲ ဖြစ်ပါတယ်။

           ခံနိုင်ရည် နည်းပါးတဲ့သူတွေကတော့ ဘယ်အချိန်၊ အခြေအနေမျိုး ကိုမဆို လွယ်တဲ့လမ်းကို လိုက်တတ်ကြတယ်။ ဒီတော့ ဖြတ်လမ်းနည်းမျိုး စုံနဲ့ အောင်မြင်မှုကို ရယူတတ်ကြတယ်လေ။ ။

           ဒီလိုလူမျိုးတွေဟာ အလုပ်ကို နောက်ကျမှ ရောက်တတ်ကြပြီး ပထမ အခွင့်အရေးအနေနဲ့ အရင်စောစီးစွာ ပြန်တတ်ကြတယ်။ ဘယ်အရာမှာမဆို ငွေကြေးရှာဖွေတာကအစ အလျင်အမြန်ငွေပေါ်မဲ့ လုပ်ငန်းမျိုးကိုသာ စိတ် ဝင်စားတတ်ကြတယ်။

           ဒီတော့ အလွယ်ဆုံး၊ အမြန်ဆုံးနည်းကို သုံးတတ်သူတွေဖြစ်တော့ စစ်မှန်တဲ့ အောင်မြင်မှုကို လက်တွေ့ မရရှိကြပါဘူး။