Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

ဂျွန် - စေ့စပ်ညှိနှိုင်းဆွေနွေးရေးကလေးထံမှနည်းယူပါ

Regular price 1,300 MMK
Regular price Sale price 1,300 MMK
Sale Sold out

မိတ်ဆက်စကား

          “အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းလိုက်တဲ့ကလေး”၊ “အတွယ်အတာကလေး” “အချစ်တုံးလေး”ဆိုတဲ့ အခေါ် အဝေါ်၊ အသုံးအနှုန်း စကားလုံးတွေဟာ ကျွန်ုပ်တို့ မိဘ များက သားသမီးတွေနဲ့ပတ်သက်ပြီး စဉ်းစားပြောဆိုတဲ့အခါ တိုင်း စိတ်ထဲကနေ အလိုလိုပေါ်လာတဲ့ ချစ်စနိုးနာမည်လေး တွေသာ ဖြစ်ပါတယ်။

           သားသမီးတွေအပေါ် စိတ်ထဲကနေ ပေါ်လာတဲ့အတိုင်း ကြည်နူးစွာ ချစ်စနိုးခေါ်ဝေါ်သုံးနှုန်းတဲ့ နာမည်တွေသတ်မှတ် သလို မိမိတို့သားသမီးတွေရဲ့ မွေးရာပါအမူအကျင့်၊ အထုံ ပါရမီ၊ စိတ်နေစိတ်ထား၊ အရည်အသွေးတွေနဲ့ ပတ်သက်ပြီးတော့လည်း သူတို့နဲ့ထိုက်တန်တဲ့ဂုဏ်ပုဒ်တွေကို မိဘတွေက သတ်မှတ်ပေးကြပြန်ပါတယ်။ ဥပမာအားဖြင့် မိမိရဲ့ သား သမီးကို “ခေါင်းမာသူ”၊ “အလွယ်တကူ အလျှော့မပေးတတ် သူ”(ခေတ်စကားဖြင့်ပြောပါက “အကြောတင်းသူ၊ “ကြိုး ကိုင်ခြယ်လှယ်တတ်သူ”၊ “အောင်မြင်အောင် ကြိုးစားတတ် သူ” (ဇွဲကြီးသူ) ... လို့ သတ်မှတ်ပေးတတ်ကြပါတယ်။ မိဘနှင့် သားသမီးတို့အကြား ငြင်းခုံစရာတွေ ဖြစ်ပေါ်လာတဲ့အခါ တစ်ခါတစ်ရံ သားသမီးဘက်က မှန်ကန်စွာ အနိုင်ရထိုက်ပေမဲ့ အချို့သောမိဘတွေက သားသမီးရဲ့ မှန်ကန်မှုအပေါ် အသိအမှတ်ပြု၊ ချီးမွမ်းလိုခြင်း မရှိတတ်ပါ ဘူး။ ဒါဟာ သားသမီးကို လမ်းမှားရောက်သွားစေတတ် ပါတယ်။

           မိဘတွေအနေနဲ့ သားသမီးတွေအပေါ် ဘာမှမသိတဲ့ ကလေးဘဝသက်သက်မှာပဲ ရှိနေသေးတဲ့သူတွေအဖြစ် သဘောမထားသင့်သလို အရေးမပါသေးတဲ့ ကလေးအရွယ် ပဲ ရှိသေးတယ်လို့လည်း မှားယွင်းစွာ ရှုမြင်လို့မဖြစ်ပါဘူး။ တကယ်တော့ ကျွန်ုပ်တို့ရဲ့ သားသမီး၊ ကလေးငယ်တွေ အားလုံးဟာ ကမ္ဘာပေါ်က အကောင်းဆုံး စေ့စပ်ညှိနှိုင်းနိုင် သူတွေ ဖြစ်ပါတယ်။ ကလေးတွေဘက်က မှန်ကန်တဲ့နည်း လမ်းတွေနဲ့ သူတို့လိုချင်တာကို ရအောင်ယူတဲ့အခါ မိဘ တွေဘက်က စိတ်မပါသော်လည်း အလျှော့ပေးလိုက်ရတာ တွေ ရှိတတ်ပါတယ်။ ကလေးတွေဟာ အတွေ့အကြုံတွေ မရှိသလောက် နည်းပါးနေပေမဲ့ သူတို့မှာ အံ့သြစရာကောင်း လှတဲ့ စွမ်းရည်တွေရှိနေတာကို မိဘတွေက မျက်ကွယ်ပြု လို့ မရပါဘူး။ အထူးသဖြင့် ကလေးတွေမှာ စေ့စပ်ညှိနှိုင်း နိုင်တဲ့ စွမ်းရည်တွေပါ ရှိနေတယ်ဆိုတာကို သတိမူဖို့ လိုပါ တယ်။

          တကယ်လို့ သင်ဟာ ကလေးတစ်ယောက်လို စေ့စပ် ညှိနှိုင်းနိုင်စွမ်း ရှိမယ်ဆိုရင် သင့်ဘဝအတွက် လက်တွေ့ အသုံးဝင်ပြီး စိတ်ကျေနပ်မှု ရစေတဲ့အထိ စေ့စပ်ညှိနှိုင်းမှုတွေ မှာ တဖြည်းဖြည်း ကျွမ်းကျင်မှုမြင့်တက်လာမှာ ဖြစ်ပါတယ်။

           အကယ်၍ သင်က ကလေးတစ်ယောက်လိုမျိုး စေ့စပ် ညှိနှိုင်းနိုင်စွမ်းရှိလာအောင် လေ့လာသင်ယူမယ်ဆိုရင် သင် လိုချင်တဲ့ အရာရာတိုင်းကို လက်တွေ့ ကျကျ ရယူနိုင်တဲ့ စွမ်းရည်တွေ ရရှိလာမှာဖြစ်ပါတယ်။

ကလေးတစ်ယောက်လို စေ့စပ်ညှိနှိုင်းနိုင်စွမ်းအတွက် အဓိကအရေးပါသော နည်းလမ်းများ

          သင် ကလေးဘဝက ကြုံတွေ့ခဲ့ရသော အရာများအား ပြန် လည်မှတ်မိစေရန်နှင့် စေ့စပ်ညှိနှိုင်းရေးအတွက် ဦးနှောက် အသိဉာဏ် အတွေးအခေါ်များ ပြန်လည်လတ်ဆတ်လာစေ ရန် ကလေးများရှိနေတတ်သည့် ကစားကွင်းများဆီသွားပြီး ကလေးများ ပြုမူတတ်သည့် အောက်ပါအမူအကျင့် (နည်း လမ်း)များအား အတုခိုးနိုင်အောင် စောင့်ကြည့်ပါ။ ထိုအခါ စေ့စပ်ညှိနှိုင်းနိုင်စွမ်း ရရှိရေးအတွက် အရေးပါတဲ့ နည်းလမ်း တွေကို ရရှိမှာဖြစ်ပါတယ်။

- ဒေါသထွက်ပြီး ဝုန်းဒိုင်းကြဲပါ။

- အလွယ်တကူ ခေါင်းညိတ် အဖြေပေးတတ်သူအား မေး မြန်းပြောဆိုပေးပါ။

- ဆန့်ကျင်ဘက် နှစ်ဖွဲ့ ရှိသည့်အနက် တစ်ဖွဲ့ ဘက်မှ ပါဝင်ယှဉ်ပြိုင်ပါ။

- စာနာထောက်ထားခံရအောင် ကြိုးစားပါ။

- သင့်အတွက် ပွဲရပ်ပေးပါ။

- ဥပဒေစည်းမျဉ်းများကို ပြောင်းလဲပါ။

- တံစိုးလက်ဆောင် တောင်းခံပါ။

- ဖြည်းညင်းစွာ လှုပ်ရှားခြင်းဖြင့် အချိန်ဆွဲနိုင်အောင် ပြုလုပ်ပါ။ ထိုအခါ တစ်ဖက်လူ၊ တစ်ဖက်အသင်း အတွက် အချိန်များကို အလဟဿ ဖြစ်စေပါလိမ့်မယ်။

- သနားကြင်နာစိတ် ထားရှိခြင်းဖြင့် အနိုင်ယူပါ။

- ဆင်ခြင်တုံတရားမဲ့စွာ ပြုမူပါ။ ။

- သင် အထိနာနိုင်သော ဘက်အတွက် စိုးရိမ်ပေးပါ။

- အားပျော့သော ကတိကဝတ်စကား ပြောပါ။

- လိမ္မာပါးနပ်ပြီး ချစ်စရာကောင်းသော ပုံစံဖြင့် အနိုင်ယူ ပါ။

- သင့်အရုပ်များကို ယူပြီး အိမ်ပြန်ပါ။

- စာထဲ၌ပါရှိသော စည်းမျဉ်းများကို လိုက်နာပါ။

- နှစ်သက်ဖွယ်ကောင်းအောင် ဖော်ရွေပါ။

- ရိုးသားပါ။

- တစ်နည်းနည်းဖြင့် တစ်ဖက်လူတို့ ကျေနပ်စေအောင်ကြိုးစားပေးပါ။

- သင် နိုင်သွားပြီဟု တစ်ဖက်လူတို့ ထင်နေအောင်ပြုလုပ်ပါ။

- သင့်သူငယ်ချင်း ဂိုဏ်းသားများနှင့် လက်တွဲထားပါ။

- “ငါ့အဖေက မင်းတို့အဖေကို ရိုက်လိမ့်မယ်”

လို့ တခြားလူတွေကို သတိပေးထားပါ။

         စေ့စပ်ညှိနှိုင်းခြင်းသဘောဟာ ရည်မှန်းချက်တစ်ခု (သို့) ဦးတည်ချက်တစ်ခုအတွက် ပြုလုပ်တဲ့ အားထုတ်ကြိုးစားမှု တစ်ခု ဖြစ်တယ်ဆိုတာကို ကလေးတိုင်းက အခြေခံကျကျ နားလည်ထားကြပါတယ်။

          ဒါကြောင့် ကလေးတစ်ယောက်က မိခင်၊ ဖခင်၊ ဆရာ သမား၊ သူငယ်ချင်း တစ်ယောက်ယောက်ကို ပစ်မှတ်ထား ပြီး ကိစ္စတစ်ခုအတွက် စေ့စပ်ညှိနှိုင်းမှုပြုလုပ်ရာမှာ ဘယ်လို နည်းလမ်းတွေကို အသုံးပြုတယ်ဆိုတာကို သင်က လေ့လာ သင်ယူဖို့လိုပါတယ်။

         “ကလေး” လို့ဆိုရာမှာ အရမ်းငယ်လွန်းတဲ့ ကလေး အရွယ်ကနေ အရမ်းကြီးနေပြီဖြစ်တဲ့ ကလေးအရွယ်တို့ အကျုံးဝင်နေပါတယ်။ ။

          ကလေးတွေရဲ့ စေ့စပ်ညှိနှိုင်းနိုင်စွမ်းတွေကို လေ့လာရာ မှာ အချို့ကလေးတွေက အရွယ်ရောက်ပြီးသူတွေနဲ့ စေ့စပ် ညှိနှိုင်းတာတွေ လုပ်နိုင်တာကို တွေ့ရပါတယ်။ ကလေးတွေရဲ့ တစ်ဦးတစ်ယောက်ချင်းအလိုက် အသိဉာဏ်၊ စဉ်းစားတွေး ခေါ်နိုင်စွမ်းတွေအပေါ် မူတည်ပြီး သူတို့ ဉာဏ်မီသလောက်မဟာဗျူဟာတွေကို အသုံးချနိုင်တာ တွေ့ရပါတယ်။

          ကလေးတို့သဘာဝအရ သူတို့ရဲ့ ဗျူဟာတွေ အောင် မြင်သည်ဖြစ်စေ၊ ဆုံးရှုံးသည်ဖြစ်စေ ရှေ့ဆက်ပြီး သူတို့ လိုချင်၊ ရချင်တဲ့ အရာအတွက် တတ်နိုင်တဲ့နည်းလမ်းတွေနဲ့ ကြိုးစားတတ်ကြပါတယ်။

          ကလေးတွေဟာ သူတို့ကြိုးစားမှု အောင်မြင်တဲ့အခါ ကျေနပ်စွာ ပျော်ရွှင်နေတတ်သလို လိုချင်တာမရခဲ့တဲ့ အခြေ အနေမှာ မှိုင်တွေနေတတ်ကြပါတယ်။

          ဒါပေမဲ့ ဒီအနေအထားဟာ ကလေးတိုင်းအတွက် ရေ ရှည်ဖြစ်နေတတ်တာမဟုတ်ဘဲ အချိန်တစ်ခဏ အတွင်းမှာပဲ သူတို့ရဲ့ ပျော်ရွှင်မှုကိုရော၊ စိတ်အလိုမကျမှုကိုပါ မေ့ပျောက် သွားတတ်ကြပါတယ်။

           ကလေးတိုင်းရဲ့ စိတ်ထဲမှာ ရှိနေတတ်တဲ့ မနာလိုဝန်တို မှုတွေ၊ အားကျစိတ်တွေဟာ ဘယ်တော့မှ တာရှည်ခံခြင်း မရှိဘဲ ကွယ်ပျောက်သွားတတ်ပါတယ်။ ဖြစ်ခဲ့ပြီးတဲ့ ကိစ္စ အကောင်းအဆိုးအပေါ်မှာ မြန်မြန်ဆန်ဆန် စိတ်ထဲကနေ ဆွဲထုတ်နိုင်တဲ့ စွမ်းရည်က ကလေးတွေဆီမှာ ရှိနေပါတယ်။

          ကျွန်ုပ်တို့ လူကြီးတွေကတော့ ကလေးတွေလိုမျိုး မကောင်းတဲ့ခံစားမှုရော၊ ကောင်းတဲ့ခံစားမှုတွေကိုပါ မေ့ပျောက်ပစ်နိုင်တဲ့ စွမ်းရည်မရှိကြပါဘူး။ ကျွန်ုပ်တို့အများဆုံး မေ့ပျောက်ပစ်တတ်တာတွေကတော့ လက်ကိုင်ဖုန်းတွေ၊ ကားသော့တွေ၊ ပိုက်ဆံအိတ်တွေသာ ဖြစ်ပါတယ်။

          အရွယ်မရောက်သေးတဲ့ ကလေးတွေဟာ နေရာတကာ ဟိုဟိုဒီဒီ စပ်စု၊ အာရုံစိုက်တတ်ပြီး လေ့လာမှတ်သားနိုင် ကြတာကြောင့် ကိစ္စအတော်များများကို နည်းနည်းစီ သိရှိ ပြီး စေ့စပ်ဆွေးနွေးနိုင်စွမ်းတွေရှိလာကြတာကို လေ့လာတွေ့ ရှိရပါတယ်။