Skip to product information
1 of 9

စိတ်ကူးချိုချိုစာပေ

ဂျွန် - စိတ်နောက်ကိုယ်ပါပျော်ရွှင်ရာအောင်မြင်မှုကဖ၀ါးမကွာ

Regular price 2,300 MMK
Regular price Sale price 2,300 MMK
Sale Sold out
သင်ခန်းစာတွေကို
သင်ယူဖို့ ကျွန်ုပ်တို့
ဒီကို ရောက်လာရခြင်း
ဖြစ်ပါတယ်

          ကမ္ဘာလောကဟာ ကျွန်ုပ်တို့ကို ပညာသင်ပေးနေတဲ့ ဆရာ တစ်ဆူ ဖြစ်ပါတယ်။ သင်ခန်းစာတစ်ခုကို သင်ယူဖို့ ပျက်ကွက်ခဲ့ရင် အဲဒီလွတ်သွားတဲ့ သင်ခန်းစာတွေကို ကျွန်ုပ်တို့ အကြိမ်ကြိမ် ထပ် တလဲလဲပြန်လည်သင်ယူရပါလိမ့်မယ်။ ကျွန်ုပ်တို့ သင်ခန်းစာတွေကို တစ်ကြိမ်လေ့လာသင်ယူပြီးတိုင်း နောက်ထပ်သင်ခန်းစာသစ်တစ်ခု ကို ဆက်လက်သင်ကြားရမှာဖြစ်ပါတယ်။

(ကျွန်ုပ်တို့ဆီမှာ လေ့လာသင်ကြားရမယ့် သင်ခန်းစာတွေ ပြီးပြတ် ကုန်ဆုံးသွားတယ်ရယ်လို့ ဘယ်တော့မှ မရှိပါဘူး)

ကျွန်ုပ်တို့ ဘာကြောင့် ဘေးဒုက္ခအန္တရာယ်တွေ လိုအပ်ပါသလဲ

          တစ်စုံတစ်ရာက သင့်ရှေ့တည့်တည့်မှာ ဘွားဘွားကြီး ထင်းခနဲ ရှိနေနိုင်ပါတယ်။ (သို့) တစ်စုံတစ်ရာက သင့်ကို ပြူးပြဲပြီး စိုက်ကြည့်နေ ပေမဲ့ သင်က မမြင်နိုင်ဘူးဖြစ်နေတတ်တယ်။

          ကျွန်တော် ၁ဝ နှစ်သားအရွယ်တုန်းက ကြီးမားတဲ့ ဆုလာဘ်တစ်ခုလို ပိုင်ဆိုင်ခဲ့တဲ့အရာကတော့ ဘောလုံးပါပဲ။ ကျွန်တော် ကစားရင်လည်း ဘောလုံးနဲ့ ၊ အိပ်ရင်လည်း ဘောလုံးနဲ့အတူ ရှိနေတတ်ပြီး ကျွန်တော်က ဘောလုံးကို အပတ်စဉ်တိုင်း ပြောင်လက်နေအောင် ပွတ်တိုက်သန့်စင်ထား တတ်ပါတယ်။ ကျွန်တော်က စီးတဲ့ ရှူးဖိနပ်ကိုသာ တိုက်ဖို့မေ့နေတတ်ပြီး ဘောလုံးကိစ္စနဲ့ပတ်သက်ရင်တော့ ဦးစားပေးတတ်လေ့ရှိပါတယ်။ ကျွန် တော်က ဘောလုံးနဲ့ ထိတွေ့ရင်းနှီးနေကျဆိုတော့ ဘောလုံးအကြောင်း ကို လူတကာတွေထက် ပိုပြီးသိလာခဲ့ပါတယ်။

          တစ်ခုသော နေ့လယ်ခင်းမှာ ကျွန်တော်က လမ်းထဲမှာ ကစားနေ တုန်း ကျွန်တော့်ရဲ့ တန်ဖိုးရှိတဲ့ ဘောလုံးက ပျောက်သွားခဲ့ပါတယ်။ ကျွန်တော် နေရာအနှံ့ကို လိုက်ရှာကြည့်တယ်။ တစ်ယောက်ယောက်က ကျွန်တော့်ရဲ့ ဘောလုံးကို ခိုးယူသွားပြီလို့ စဉ်းစားမိလိုက်တယ်။ တကယ်တော့ ကျွန်တော့်ဘောလုံးကို အမျိုးသမီးကြီးတစ်ယောက်က သူမရဲ့ ဂျာကင် အကျီအောက်ထဲ ထည့်လိုက်တာဖြစ်မယ်လို့ ကျွန်တော် သတိထားမိလိုက် တယ်။ ဘာကြောင့်ဆိုတော့ အဲဒီအမျိုးသမီးကြီးရဲ့ အကျီရှေ့ပိုင်း ဗိုက်နေရာ က စူထွက်နေတာကို ကျွန်တော် တွေ့လိုက်ရလို့ပါ။ ဒီတော့ ကျွန်တော်က အဲဒီအမျိုးသမီးကြီးဆီကို သွားပြီး အခုလိုမေးလိုက်တယ်။ “ကျွန်တော့် ဘောလုံးက အန်တီအကျီမှာ သွားကပ်နေတာများလား”

          အန်တီကြီးက သူမရဲ့ အင်္ကျီကို လှန်ပြတော့ ကျွန်တော့်ဘောလုံးရှိမနေဘဲ မကြာခင်မွေးဖွားတော့မယ့် ကလေးရှိနေတာကြောင့် စူထွက်နေ တဲ့ ဗိုက်ကိုသာ တွေ့ လိုက်ရပါတယ်။ တကယ်တော့ အန်တီကြီးက ကိုယ် ဝန်ဆောင်နေလို့ ဗိုက်ပူနေတာလေ။ အဲဒီနေ့မွန်းလွဲပိုင်းမှာ မွေးကင်းစ ကလေးငယ်တွေအဖြစ် မမွေးဖွားခင် ဗိုက်ထဲမှာ နေရတာပါလား၊ ကလေး အားလုံးက ဗိုက်ထဲကနေလာတာပါလားလို့ ကျွန်တော် နားလည်ခဲ့ရပါ တယ်။ ကျွန်တော်က ကိုယ်ဝန် ၉ လ ရှိနေတဲ့ အန်တီကြီးကို ကျွန်တော့်ဘောလုံးယူထားတယ်လို့ ထင်ခဲ့တာဟာ တွေးကြည့်ရင် တော်တော်လေး ရယ်စရာကောင်းလှပါတယ်။ အဲဒီနေ့ တစ်နေကုန်ခါနီးရောက်မှပဲ ကျွန်တော့် ဘောလုံးကို ပြန်တွေ့ပါတော့တယ်။ ကျွန်တော့်အနေနဲ့ ၉ လ လွယ် ၁ဝ လဖွားရတဲ့ ကိုယ်ဝန်ဆောင်တွေကို အသက် ၁၀ နှစ်သား ရောက် မှသာ အသေအချာမြင်ဖူး၊ နားလည်ခွင့်ရခဲ့ပါတယ်။

လိုရင်းတိုရှင်းအဓိပ္ပာယ်

          ကျွန်ုပ်တို့ သတင်းအချက်အလက်အသစ်တွေကို ရယူဖို့ အဆင် သင့်ဖြစ်ပြီဆိုရင် ကျွန်ုပ်တို့ရဲ့ ဝန်းကျင်မှာရှိနေ၊ တွေ့နေရတဲ့ အရာရာကို သတိထားလေ့လာဖို့လိုပါတယ်။ ကျွန်ုပ်တို့ သေချာစွာ ဂရုမစိုက်နိုင်ခဲ့ ရင် တစ်စုံတစ်ရာက ကျွန်ုပ်တို့ ရှေ့တည့်တည့်မှာ ထင်းထင်းဘွားဘွား ကြီး ပေါ်နေတာကိုတောင် မတွေ့မမြင်နိုင်ဘဲ ရှိတတ်ပါတယ်။

ကျွန်ုပ်တို့အတွက် ဘေးအန္တရာယ်တွေ ဘာကြောင့်လိုအပ်ပါသလဲ

          ကျွန်ုပ်တို့ လူသားတွေရဲ့ သဘာဝအရ ကျွန်ုပ်တို့ လုပ်ချင်တဲ့ အလုပ် ဘယ်အရာကိုမဆို ဆက်လက်လုပ်နေတတ်ကြပြီး ထိခိုက်အန္တရာယ်ရှိလာ၊ တွေ့ကြုံလာမှသာ ရပ်တန်းက ရပ်တတ်ကြပါတယ်။ ကျွန်ုပ်တို့ ကျန်းမာ ရေးကောင်းနေစဉ်အတွင်း ကျန်းမာရေးနှင့်ပတ်သက်ပြီး သတိပြုလေ့လာ လိုက်စားခြင်းတွေ မရှိတတ်ပေမဲ့ ကျန်းမာရေး ဖောက်လာတဲ့အချိန်မှာတော့ အနေအထိုင် အစားအသောက်ကစ အစစအရာရာကို သတိထားတတ်လာ ပါလိမ့်မယ်။ အချို့သော လူတွေက ကျန်းမာရေးချို့တဲ့ခြင်းကနေ ကင်းဝေးစေဖို့အတွက် ဓာတ်စာစားခြင်း၊ လမ်းလျှောက်ခြင်း၊ ကျန်းမာရေး လေ့ကျင့် ခန်း ပုံမှန်လုပ်ခြင်းတွေနဲ့ ကျန်းမာအောင် နေတတ်ကြပါတယ်။

          ကျွန်ုပ်တို့ ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးဖောက်ပြန်တာနဲ့ သက်ဆိုင်ရာ ဆရာဝန်တွေက ကျွန်ုပ်တို့ရဲ့ ဘဝနေထိုင်မှုပုံစံတွေကို ပြောင်းလဲပေးဖို့ အကြံပြုပါလိမ့်မယ်။ တကယ်လို့ သင်က ဘဝနေထိုင်မှုပုံစံကို ပြောင်းလဲ နိုင်စွမ်းမရှိခဲ့ရင်တော့ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့အထိ အခြေအနေတွေပြောင်းလဲသွားတတ်ပါတယ်။ ဆက်ဆံရေးနယ်ပယ်ကို လေ့လာတဲ့အခါမှာ လည်း မိတ်ဆွေအပေါင်းအသင်း ဆက်ဆံရေးဖြစ်ဖြစ်၊ ဇနီးခင်ပွန်း ဆက်ဆံ ရေးဖြစ်ဖြစ် အဆင်ပြေချောမွေ့ပြီး အဖုအထစ်မရှိရအောင် (သို့) တာရှည် ခိုင်မြဲတဲ့ အိမ်ထောင်စုတစ်ခုတည်ဆောက်နိုင်အောင် ထောက်ပံ့မှုကောင်းတွေရှိထားရမှာ ဖြစ်ပါတယ်။ အများအားဖြင့် အိမ်ထောင်ရေးပြိုကွဲချိန်၊ မိသားစုအတွင်း တစ်ဦးနှင့်တစ်ဦး တကွဲတပြားဖြစ်သွားချိန်တွေမှာ မိသားစု အသိုက်အဝန်းရဲ့ တန်ဖိုးကို ပိုမိုနားလည်တတ်ပါလိမ့်မယ်။

          ကျောင်းပညာသင်ကြားနေစဉ် အချိန်အတွင်း အမှတ်ကောင်းကောင်း ဖြင့် အောင်မြင်နိုင်ဖို့ ကြိုးစားကျက်မှတ်လေ့လာရသလို စီးပွားရေးလောက ထဲမှာ ကျင်လည်နေရချိန်တွေမှာလည်း မှန်ကန်တဲ့စဉ်းစားဆုံးဖြတ်ချက်တွေ နဲ့ ခိုင်မာတဲ့ရည်မှန်းချက်တွေ ရှိနေဖို့ အရေးတကြီး လိုအပ်ပါတယ်။ စီးပွားရေးလောကမှာ အောင်မြင်မှုတွေရရှိဖို့ တင်နေတဲ့ ကြွေးမြီတွေကို ဘယ်လို ကျေလည်အောင် ဆပ်ရမယ်၊ လုပ်ငန်းအစီအစဉ်တွေကို ဘယ်လို ရေးဆွဲရမယ်ဆိုတာကို ကြိုတင်သိထားဖို့လိုပါတယ်။ ကျွန်ုပ်တို့ရဲ့ ဘဝကို စိတ်ကူးအိပ်မက်ရှိထားတဲ့အတိုင်း အမှန်တကယ် ရုပ်လုံးပေါ်အောင် ပုံဖော် ထုဆစ်နိုင်သော်လည်း မှန်ကန်တဲ့ လုပ်နည်းလုပ်ဟန်တွေကို ထိရောက်စွာ အသုံးချနိုင်ဖို့လိုပါတယ်။ ကျွန်ုပ်တို့ဘဝအတွက် အကောင်းဆုံးတွေကို လက်ခံရယူနိုင်မယ့် သီအိုရီတွေက များစွာရှိနေသော်လည်း သေချာတဲ့ လက်တွေ့ အသုံးချနိုင်စွမ်းတွေ မရှိခဲ့ရင် (သို့) သီအိုရီတွေကို တန်ဖိုးမထား တတ်ရင် သင်ခန်းစာအမှန်တကယ် ရရှိတယ်လို့ မဆိုနိုင်ပါဘူး။ ဘယ်သူ မဆို လက်တွေ့မှာ ဒုက္ခအကြီးအကျယ် ရောက်ဖူးတာနဲ့ သင်ခန်းစာ ကောင်းကောင်းရသွားတတ်ကြပါတယ်။ တွေ့ကြုံရတဲ့ဒုက္ခနဲ့ ကျရှုံးခြင်း ကြောင့် ရလာမယ့် ဆိုးကျိုးတွေအပေါ် သင်ခန်းစာကောင်းကောင်း ယူတတ်တဲ့ အခါ အဲဒီသင်ခန်းစာတွေက အောင်မြင်မှုရရှိအောင်အထိ ပြင်းထန်စွာ တွန်းအားပေးတတ်ပါတယ်။

သင့်ဘဝအတွက် အရေးပါတဲ့ ဆုံးဖြတ်ချက်တွေကို ဘယ်အချိန်မှာချမလဲ

          ဘေးအန္တရာယ်နဲ့ကြုံတွေ့တော့မှ ဒူးထောက်လက်မြှောက် အရှုံးပေး မှာလား၊ ငါအောင်မြင်ဖို့အတွက် တစ်ခုခုလုပ်ရလိမ့်မယ်” လို့ ဆုံးဖြတ် ချက်ချမှာလား။ အထက်ပါ မေးခွန်းတွေကို ဖြေဆိုနိုင်ဖို့အတွက် ကျွန်ုပ်တို့ ဘဝမှာ လေ့လာသင်ယူထားသမျှတွေကို ပိုပြီး ကျေညက်အောင်နဲ့ လက်တွေ့ အသုံးချနိုင်အောင် ကြိုးစားရပါလိမ့်မယ်။ ဘေးဒုက္ခနဲ့ ကြုံတွေ့ရတဲ့အခါမှ သင်ခန်းစာကောင်းကောင်းရတတ်တာ မှန်သော်လည်း မသေချာသေးတဲ့ ဘေးဒုက္ခနဲ့ ကျရှုံးမှုတွေကို မျှော်လင့်နေမှာလား။

          ဒါမှမဟုတ် အဲဒီအစား ကြိုတင်ပြင်ဆင်မှုတွေလုပ်ပြီး အကောင်းဆုံး