Skip to product information
1 of 9

စိတ်ကူးချိုချိုစာပေ

ဂျွန် - ခေါင်းဆောင်ကောင်းများမေးမြန်းလေ့ရှိသည့်အဓိပ္ပါယ်နက်ရှိုင်းသောမေးခွန်းများ

Regular price 2,500 MMK
Regular price Sale price 2,500 MMK
Sale Sold out
အပိုင်း - ၁
ကျွန်ုပ်မေးမြန်းသောမေးခွန်းများ
[ ၁ ]

 

မေးခွန်းတွေက ဘာကြောင့်ခုလိုအရေးကြီးရတာလဲ

          စာရေးသူအနေနဲ့ ခေါင်းဆောင်မှုဆိုတဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီး မေးခွန်းပေါင်းများစွာကို နှစ်ပေါင်း ၄ဝ ကြာ မေးမြန်းခဲ့ဖူးပါတယ်။ မေးခွန်း များစွာ မေးမြန်းခဲ့တဲ့အကျိုးကြောင့် ထောင်နဲ့ချီတဲ့ အဖြေတွေကို ရရှိတယ်။ အဲဒီများစွာသောအဖြေတွေက မေးမြန်းသူကို အချိန်နဲ့အမျှ တိုးတက်မှု အမျိုးမျိုးဖြစ်စေတယ်။

          ဒီအခါ များများမေးလေ ရလာတဲ့အဖြေတွေကြောင့် တိုးတက်မှုအမျိုးမျိုး ကို တည်ဆောက်နိုင်လာလေ ဖြစ်လာပါတယ်။

           ခေါင်းဆောင်မှုနဲ့ပတ်သက်တဲ့ မေးခွန်းတွေကို ကျွန်တော်က လူများစွာ ကိုမေးမြန်းသလို လူအများကလည်း အဲဒီခေါင်းစဉ်နဲ့ပတ်သက်ပြီး ကျွန်တော် ကို မေးခွန်းများစွာ မေးမြန်းခဲ့ပါတယ်။ | ဘယ်လုပ်ငန်းနယ်ပယ်မှာမဆို တိုးတက်မှု ရယူလိုချင်ရင် မိမိက လူအများကို မေးခွန်းမေးတတ်အောင် ကြိုးစားလေ့ကျင့်ရပါမယ်။

          စာရေးသူ ကျွန်တော့်အနေနဲ့ လေ့လာသင်ယူတတ်မြောက်ထားသမျှကိုရင်ထဲက ဆန္ဒမှန်အတိုင်း မေးမြန်းသူတွေသိရှိအောင် မျှဝေပေးနိုင်ခဲ့ပါတယ်။

          ခေါင်းဆောင်ကောင်းဖြစ်ချင်သူတွေအနေနဲ့ ကွဲပြားခြားနားမှုအမျိုးမျိုး ကို သိထားဖို့လိုပါတယ်။

မေးခွန်းများ၏တန်ဖိုး

          အကယ်၍ သင်ဟာခေါင်းဆောင်ကောင်းတစ်ဦးအဖြစ် အောင်မြင်ချင်ရင် မေးခွန်းများမေးခြင်းကို ဘဝနေထိုင်မှုပုံစံတစ်ခုအဖြစ် လက်ခံပေးပါ။

၁။ သင်မေးမြန်းသောမေးခွန်းအတိုင်းသာ အဖြေရရှိခြင်း

            တစ်ဖက်လူအပေါ် မေးခွန်းမေးမြန်းရာမှာ ကြောက်ရွံ့တွန့်ဆုတ်ခြင်း လုံးဝမရှိသင့်ပါဘူး။ များများပေးနိုင်မှသာ မိမိအတွက် အကျိုးထူးရနိုင် မှာပါ။ တစ်ခါတလေ မိမိကမေးရမယ့်အလှည့်မှာမရှိဘဲ ဖြေရမယ့်ဘက်မှာ ရှိနေတတ်ပါတယ်။ ဒီအခါမှာလည်း မေးသမျှကို ကောင်းမွန်စွာဖြေဆိုဖို့ လိုပါတယ်။

          စာရေးသူဟာ “မာရီလင် ဘော့စ်ဆာဘန့်” ရဲ့ “ဆန်းဒေးပရိဒ်မဂ္ဂဇင်း” မှာ ရေးသားဖော်ပြတဲ့ “ပင်တိုင်ဆောင်းပါးရှင်ကဏ္ဍ” ကို ဖတ်လိုက်ရာမှာ စာရေးဆရာမ မာရီလင်တစ်ယောက် စာဖတ်သူတို့ဆီက မေးမြန်းတဲ့မေး ခွန်းတွေကို ဖြေရခက်ခဲ့တဲ့အကြောင်း၊ အချို့ မေးခွန်းတွေဟာ သူမအတွက် တွေဝေယောင်မှားမှုတွေကို ဖြစ်စေခဲ့တဲ့အကြောင်း ဖတ်လိုက်ရပါတယ်။

          စာဖတ်သူတို့ဘက်က မေးမြန်းတဲ့မေးခွန်းတွေကတော့ အောက်ပါ အတိုင်းဖြစ်ပါတယ်။

*           ဆရာမရဲ့ first name(နာမည်ရင်း) နဲ့ မာရီလင်မွန်ရိုးရဲ့ first name ချင်းတူနေတာကို ကျွန်တော်တို့ သတိထားမိတယ်၊ မာရီလင်မွန်ရိုးနဲ့ အမျိုးတော်ပါသလား။

*            စံတော်ချိန်ထက် တစ်နာရီစောထားတဲ့အချိန် (daylight saving time) ဟာ ကမ္ဘာပူနွေးမှုကိုဖြစ်စေတယ်လို့ ထင်ပါသလား? “နေ ရောင်ကို အချိန်ကြာကြာရရှိလေ လေထုကို ပိုမိုပူနွေးလေဖြစ်မှာပေါ့ ။