Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

ဂျွန် - ကိုယ်တိုင်ကြိုးစားခြင်းမှကိုယ်ပိုင်ရယူခြင်းသို့

Regular price 3,000 MMK
Regular price Sale price 3,000 MMK
Sale Sold out
Type

စကားဦး

          ကျွန်ုပ်တို့လို့ စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ နေ့စဉ်ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေက များစွာရှိနေခဲ့ပါတယ်။ စိန်ခေါ်မှုတွေထဲမှာ လုပ်ငန်းစု အလိုက် ခန့်အပ်ထားတဲ့ မန်နေဂျာတွေထဲက တစ်ယောက်ယောက်က မကျေ နပ်တာ (သို့) မန်နေဂျာသစ်တစ်ယောက်၊ ဖောက်သည် တစ်ယောက်ယောက် က မကျေနပ်တာတွေပါ ရှိနေတတ်ပါတယ်။

          တစ်ခါတလေ ကျွန်ုပ်တို့ရဲ့ ပူးပေါင်းဆောင်ရွက်နိုင်မှုတွေ အကောင်းဆုံး ကြိုးစားအားထုတ်မှုတွေကို အနှောင့်အယှက်ပေးနိုင်တယ်လို့ ထင်ရတဲ့ လုပ် ဖော်ကိုင်ဖက် တစ်ယောက်ယောက်ကို အကောင်းဆုံး ထိန်းချုပ်ဖေးမနိုင်ရေး တွေကလည်း ကျွန်ုပ်တို့ရင်ဆိုင်ဖြေရှင်းရတဲ့ ပြဿနာတွေထဲမှာ ပါဝင်နေ တတ်ပါတယ်။

          သင်က ဘော့စ်တစ်ယောက်ဖြစ်တယ်ဆိုရင် သင်ကိုင်တွယ်အုပ်ချုပ်တဲ့ လုပ်ငန်းစု အသင်းအဖွဲ့ တစ်ခုစီကို ပိုမိုကောင်းမွန်တိုးတက်အောင် လုပ်ငန်း များ လျင်လျင်မြန်မြန်နဲ့ စမတ်ကျကျ ပြီးစီးအောင်မြင်အောင် အတတ်နိုင်ဆုံး နဲ့ အကောင်းဆုံး အကူအညီပေးမှာ ဖြစ်ပါတယ်။

          အကယ်၍ သင်က ဝန်ထမ်း အလုပ်သမားတစ်ယောက်ဖြစ်တယ်ဆိုရင် သင်တာဝန်ယူရတဲ့ လုပ်ငန်းကဏ္ဍကို အကောင်းဆုံးဖြစ်အောင် အားထုတ် ကြိုးစားမှာ ဖြစ်သလို အလုပ်ကဏ္ဍတစ်ခုချင်းစီအလိုက် တိုးတက်မှုနှင့် ပတ်သက်၍လည်း ကျေနပ်စွာ ဂုဏ်ယူခြင်း၊ အစစအရာရာ သတိထားခြင်းတွေ ရှိနေပါလိမ့်မယ်။

          ကျွန်ုပ်တို့အနေနဲ့ အလုပ်ရှင် (ဘော့စ်) နေရာကဖြစ်စေ၊ အလုပ်သမား ဝန်ထမ်းနေရာကဖြစ်စေ ကျွန်ုပ်တို့ တာဝန်ယူ၊ တာဝန်ခံလုပ်ကိုင်သော အလုပ်တွေကို အကောင်းဆုံးလုပ်ကိုင်ဖို့ တာဝန်ရှိသူတွေ ဖြစ်ပါတယ်။ စာရေးသူ (စီးပွားရေးလုပ်ငန်းရှင်) “ရွန်ကလော့ခ်”က သူဦးဆောင်တဲ့ စီးပွားရေးလုပ်ငန်းကြီး တစ်ခုလုံးကို အထက်ပါအတိုင်း တာဝန်ယူမှု တာဝန်ခံမှုတွေနဲ့ အကောင်းဆုံး လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။ ။

          ကျွန်ုပ်တို့ကုမ္ပဏီဟာ “ရွန်ကလော့ခ်” နဲ့ နှစ်အတော်ကြာကြာ လက်တွဲ လုပ်ကိုင်ခဲ့ဖူးပါတယ်။ သူဟာ ၂၀၀၀ ပြည့်နှစ်အတွင်း အမေရိကန် ပြည်ထောင်စုတစ်လွှားမှာ ကျောင်းဆရာတစ်ယောက်အဖြစ် ရပ်တည်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ ကျောင်းဆရာတစ်ယောက်အဖြစ် ရပ်တည်နေစဉ် အတွင်း အစစအရာရာ အစားထိုး ပြုပြင်ပြောင်းလဲခြင်းတွေကို တစ်နိုင်ငံလုံး မှာရှိတဲ့ ကျောင်းစာသင်ခန်းစာတွေကတစ်ဆင့် အကောင်းဆုံး ပြုလုပ်ပေး နိုင်ခဲ့ပါတယ်။

          “ရွန်” ဟာ ထူးခြားအံ့သြဖွယ်ကောင်းတဲ့ စီးပွားရေးလုပ်ငန်းရှင် တစ် ယောက်ဖြစ်ပါတယ်။ သူဟာဒေါ်လာငွေသန်းပေါင်းများစွာ အကုန်ခံပြီး “ရွန် ကလာ့ခ်အကယ်ဒမီ”ကျောင်းကို တည်ထောင်ခဲ့သူဖြစ်ပါတယ်။ ရွန်ကလော့ခ် အကယ်ဒမီ” ဟာ ကမ္ဘာပေါ်မှာရှိတဲ့ ကျောင်းတွေအနက် အကောင်းဆုံးနဲ့ ထိပ်တန်းအကျဆုံးသော ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။

          ရွန် ́ရဲ့ ကျောင်းမှာ စီးပွားရေးနဲ့ စီမံခန့်ခွဲရေးဆိုင်ရာ ဘာသာရပ်တွေကို အကောင်းဆုံးသင်ကြားပြီး ထူးချွန်စွာ မွေးထုတ်ပေးလိုက်နိုင်တဲ့ ကျောင်းသားတွေကလည်း သူတို့နဲ့ထိုက်တန်တဲ့ အလုပ်နေရာအသီးသီးမှာ ကျွမ်းကျင် အဆင့်နဲ့ တာဝန်ထမ်းဆောင်ခွင့်တွေ ရရှိခဲ့ကြပါတယ်။ ရွန်” က “ရွန် ကလော့ခ် အကယ်ဒမီ” ကို စတင်တည်ထောင်သူ အမှုဆောင်အရာရှိချုပ် (စီအီးအို) အဖြစ် တာဝန်ယူပြီး သူ့ဘဝတစ်သက်တာ အတွေ့အကြုံတွေကို သင်ခန်းစာ ဘာသာရပ်တွေအဖြစ် အသွင်ပြောင်း ပို့ချပေးခဲ့ပါတယ်။

          “ရွန်” က အတ္တလန်တာမှာရှိတဲ့ သူ့ရဲ့ စီးပွားရေးနဲ့ စီမံခန့်ခွဲရေး” ပညာသင်ကျောင်းသားတွေအတွက် ရှာဖွေကောက်ခံရရှိထားတဲ့ ရန်ပုံငွေနဲ့ များစွာ ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။ ရွန်”ဖွင့်လှစ်သင်ကြား လေ့ကျင့်ပေးတဲ့ကျောင်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ သူ့ရဲ့ လုပ်ငန်းဆောင်တာတွေကို ဖြစ်စေ၊ အခြားသော စီးပွားရေးလုပ်ငန်းကုမ္ပဏီများမှာ တာဝန်ထမ်းဆောင် တဲ့အခါဖြစ်စေ ပိုမို ထိရောက်သွက်လက်မှုရှိစေဖို့ ရည်ရွယ်ချက်ထားခြင်း ဖြစ်ပါတယ်။

          စီးပွားရေးလုပ်ငန်းလောကရဲ့ ခေါင်းဆောင်တာဝန်ယူထားသူ အသီးသီး ဟာ ရွန်ကလော့ခ်အကယ်ဒမီ”ရဲ့ လေ့ကျင့်ပျိုးထောင်မှုကို ကောင်းစွာရရှိထား ပြီး သူတွေဖြစ်ပြီး ၎င်းတို့ကတစ်ဆင့် လက်အောက် ဝန်ထမ်းအသီးသီးကို ဆင့်ပွားလေ့ကျင့်ပျိုးထောင်မှုတွေ ဆက်လက်လုပ်ပေးနိုင်ခဲ့ပါတယ်။

          သင့်လုပ်ငန်းတွေ တစ်နေ့တစ်ရက်ချင်းစီအလိုက် ဆက်တိုက် လျင်မြန် စွာ တိုးတက်နေစေဖို့ သင့်အနီးဝန်းကျင်မှာရှိတဲ့လူတွေကို လှုံ့ဆော်တိုက်တွန်း ရာမှာ ရွန်ကလော့ခ်ရဲ့ နည်းလမ်းတွေက ထိရောက်စွာ အကူအညီပေးမှာ ဖြစ်ပါတယ်။ သင့်လုပ်ငန်းတွေကို ရည်မှန်းချက်ထားရှိထားတဲ့အတိုင်း ပြည့်ဝအောင်မြင်စေဖို့ ခြေတစ်လှမ်းရှေ့တိုးတိုင်း ရွန်ကလော့ခ်ရေးသားတဲ့ ဤစာအုပ် ပါ အချက်အလက်တွေကို အမှတ်ရပေးပါ။

မိတ်ဆက်စကား

          ကျွန်တော် ရွန်ကလော့ခ်”ဟာ ကမ္ဘာပေါ်မှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေ နဲ့ စီးပွားရေးဆိုင်ရာ ပညာသင်ကျောင်းများ၊ စီမံခန့်ခွဲမှုနဲ့ ခေါင်းဆောင်မှု ပညာရပ်ဆိုင်ရာ သင်တန်းကျောင်းတွေအတွက်များစွာ အထောက်အကူပြု မယ့် ကမ္ဘာကျော် ကျောင်းတစ်ကျောင်းကို ရည်မှန်းချက်ရှိရှိ တည်ထောင်နိုင်ခဲ့ ပါတယ်။

          ကျွန်တော်က ထောင်ချီသောအရေအတွက်ရှိတဲ့ သင်တန်းသားတွေ အတွက် အချိန်ပြည့်သင်ကြားရေး အစီအစဉ်ကို တာဝန်ယူဆောင်ရွက်နိုင်ခဲ့ ပါတယ်။ ကျွန်တော်တည်ထောင်တဲ့ကျောင်းနဲ့ ကျောင်းသားတွေအတွက် လိုအပ်တဲ့ရန်ပုံငွေကိုလည်း အတတ်နိုင်ဆုံး ရှာဖွေခဲ့ရပါတယ်။ နောက်ပြီး ကမ္ဘာ နိုင်ငံအသီးသီးမှာရှိတဲ့ ကျွန်တော့်ရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ တာဝန်ယူ ဆောင်ရွက်လုပ်ကိုင်ပေးနေတဲ့ ကျွမ်းကျင်ဝန်ထမ်းတွေဆီကို မကြာခဏ သွား ရောက်ပြီး အောင်မြင်မှုရရှိရေးအစီအစဉ်တွေ ချမှတ်လမ်းပြ ပေးခဲ့ရပါတယ်။

          ကျွန်တော့်အနေနဲ့ ကြုံကြိုက်တုန်း ထူးခြားတဲ့ လူငယ်လေးတစ်ယောက် ရဲ့ အကြောင်းကို ပြောပြလိုပါတယ်။ အဲ့ဒီလူငယ်လေးရဲ့ နာမည်ကတော့ “အန်ဒီ” ဖြစ်ပြီး သူ အလုပ်စလုပ်ဖို့အတွက် ကျောင်းကနေ ထွက်ခဲ့တာ ဖြစ် ပါတယ်။ အန်ဒီဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ အလုပ် စတင်ဝင်လုပ်ခဲ့သော်လည်း ( သူလုပ်ကိုင်တဲ့အလုပ်ကနေ ဘာတွေအကျိုးအမြတ်ရမယ်၊ ဘယ်လို အကျိုးအမြတ်တွေအတွက် ဘယ်ပုံဘယ်နည်းနဲ့ ကြိုးစားအားထုတ်ရမယ် ဆိုတာကို လုံးဝမသိခဲ့သူဖြစ်ပါတယ်။

          “အန်ဒီ”ဟာ စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ဘယ်အပိုင်းကဏ္ဍ ကိုမှ ဂဃနဏမသိခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ဒါပေမဲ့ အချိန်ကာလ အနည်းငယ်အတွင်း သူ့အနီးဝန်းကျင်ကလူတွေ ဘယ်လိုလုပ်ကိုင် ဆောင် ရွက်တယ်၊ လုပ်နည်းလုပ်ဟန်တွေက ဘယ်လိုရှိတယ်ဆိုတာတွေကို တဖြည်း ဖြည်း နားလည်သဘောပေါက်လာခဲ့ပါတယ်။ “အန်ဒီ” ဟာ ကျွန်တော် လေ့ကျင့်သင်ပြပေးတဲ့ နည်းလမ်းတွေအတိုင်း အကောင်အထည်ဖော် လုပ် ကိုင်ဆောင်ရွက်ရင်း တဖြည်းဖြည်း အရှိန်ရပြီး အောင်မြင်လာသူ ဖြစ်ပါတယ်။

          သင့်အနေနဲ့ လုပ်ငန်းအဖွဲ့ အစည်းကို အကောင်းဆုံး ပံ့ပိုးပေးနိုင်သူ ဖြစ်လာစေဖို့အတွက် သင့်စရိုက်လက္ခဏာ အမူအကျင့်တွေထဲက ဘယ်လို အရာတွေက သင့်လုပ်ငန်းအတွက် အံဝင်ခွင်ကျဖြစ်စေနိုင်တယ် ဆိုတာကို ဦးစွာ စဉ်းစားဖို့လိုပါတယ်။ ဒီတော့ သင်က အောက်ပါ အမူအကျင့်အမျိုးမျိုး တွေထဲမှာ တစ်ဦးတစ်ယောက်အဖြစ် ပါဝင်နေတာကို တွေ့ရပါလိမ့်မယ်။

* အောက်ဖော်ပြပါတို့အနက်မှ သင်ကဘယ်သူဖြစ်သနည်း

  • -သင်ဟာ တစ်ချိန်က ကုမ္ပဏီရဲ့ မှာကြားချက် စာရွက်စာတမ်းတွေကို တစ်နေရာကနေတစ်နေရာ သယ်ယူပို့ဆောင် ဆက်သွယ်ပေး ရတဲ့သူ ဖြစ်ခဲ့ပြီး လက်ရှိအချိန်မှာ အတိတ်တစ်ချိန်က ဘယ်လိုဆောင်ရွက်မှုတွေ လုပ်ခဲ့တယ်ဆိုတာကို ပြန်လည်အမှတ်ရသူ ဖြစ် နေနိုင်ပါတယ်။
  • -သင်ဟာ ကုမ္ပဏီအတွက် တတ်စွမ်းသမျှ ကြိုးစားလုပ်ကိုင်ပေးသော်လည်း သင့်အရည်အချင်းတွေက ဘော့စ်ဖြစ်သူ စိတ်ကျေနပ် စေတဲ့အထိ မပေါ်လွင်ဘဲ ရှိနေနိုင်ပါတယ်။
  • -သင်က လုပ်ငန်းအဖွဲ့ အစည်းအတွင်း သူများတွေထက် လစာလျော့နည်းစွာရရှိသူ အလုပ်တာဝန်များကို ပိုမိုဆောင်ရွက် ပေးရသူ တစ်ယောက် ဖြစ်နေနိုင်ပါတယ်။