Skip to product information
1 of 9

စိတ်ကူးချိုချိုစာပေ

ဂျွန် - ကိုယ့်အလားအလာကိုယ်တိုင်မြှင့်တင်ရာ

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out
အခန်း - ၁
ပိုမိုကောင်းမွန်သော နည်းလမ်းကို ရှာဖွေခြင်း

          သင့်ရဲ့ စဉ်းစားတွေးခေါ်မှုတွေ မှန်ကန်ဖို့၊ သင့်ဘဝ အောင်မြင် ရေးနဲ့ သင့်စိတ်ကူးအိပ်မက်တွေ အမှန်တကယ် အကောင်အထည်ဖော် နိုင်ဖို့ သင်ဟာ အရာရာတိုင်းကို ရွေးချယ်ခွင့်ရှိသူ ဖြစ်ပါတယ်။

           အကယ်၍ သင့်ရွေးချယ်မှုတွေက မှန်ကန်သလို သင့်စွမ်းဆောင် မှုတွေက တိကျတယ်ဆိုရင် သင်ဟာ အဆုံးမရှိတဲ့ စကြဝဠာထဲက အကန့် အသတ်မဲ့တဲ့ စွမ်းအားတွေကို ပိုင်ဆိုင်ထားတဲ့ မဟာလူသား တစ်ယောက် ဖြစ်လာပါလိမ့်မယ်။

           ကျွန်ုပ်တို့အနေနဲ့ နေ့စဉ် လူနေမှုဘဝအတွင်း တိုးတက်အောင်မြင် မှု အမျိုးမျိုးကိုရရှိဖို့ အခွင့်အလမ်းကောင်းတွေကို ရှာဖွေတတ်ကြပါတယ်။

           ဘယ်သူမဆို နေ့စဉ် တစ်ရက်ချင်းစီအလိုက် အစစအရာရာ လိုတရ ပြည့်စုံပြီး စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ နေထိုင်ရှင်သန်လိုကြ ပါတယ်။

           အလုပ်အကိုင် အသက်မွေးဝမ်းကျောင်းမှုတွေမှာ ဝင်ငွေကောင်း စွာ ရချင်ကြသလို ဘဝအောင်မြင်မှုတွေကိုလည်း ကြိုးစားရင်းနဲ့ မျှော်လင့်တတ်ကြပါတယ်။ သို့သော်လည်း ကြိုးစားသလောက် ဖြစ်မလာဘဲ ကျရှုံးခဲ့ရင်တော့ အများအားဖြင့် စိတ်ဓာတ်ကျသွားတတ်ကြပါတယ်။

           တကယ်တော့ ကျရှုံးသွားပြီးတဲ့ အခြေအနေမှာဖြစ်စေ၊ ကျရှုံးနိုင် တဲ့ အခြေအနေကို ရောက်နေလျှင်ဖြစ်စေ ပိုမိုသာလွန်ကောင်းမွန်တဲ့ နည်းလမ်းတွေ ရှာဖွေပြီး ဘဝအောင်မြင်မှု ရယူနိုင်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။

           ဘဝပေး အခြေအနေ အမျိုးမျိုးအလိုက် ဘဝမှာ ကျွန်ုပ်တို့ လိုချင် တာတွေ မရဘဲ မလိုချင်တာတွေပဲ ပေါများစွာ ရရှိတတ်ကြပါတယ်။ တကယ်လို့ လိုချင်တဲ့အတိုင်း ရလာတဲ့သူတွေ ဖြစ်ရင်တော့ ကံကောင်း သူလို့ ကင်ပွန်းတပ်ကြပါတယ်။ သို့သော်လည်း လူတိုင်း ကံမကောင်းနိုင် တာကြောင့် ဝီရိယအားစိုက်ထုတ်နိုင်သူတွေမှသာ အောင်မြင်မှုကို မျှော်တွေးနိုင်မယ့် အခွင့်အရေးရှိမှာ ဖြစ်ပါတယ်။ ။

           သင့်ကိုယ်သင် နေ့စဉ်နဲ့အမျှ ဘဝတိုးတက်ရာ တိုးတက်ကြောင်း စကားတွေ ပြောဆိုနိုင်မယ်ဆိုရင် တစ်နေ့တစ်ရက်ချင်းအလိုက် တိုးတက် နိုင်မယ့် အခွင့်အလမ်းတွေကို ကိုယ်တိုင် တွေ့ရှိလာပြီး လက်တွေ့ အကောင်အထည် ဖော်လာနိုင်ပါလိမ့်မယ်။

           လက်တွေ့ ဖြစ်လာနိုင်ခြေရှိသော အကန့်သတ်မဲ့ ဘဝအခြေအနေများ

           စာရေးသူ ကျွန်တော် ငယ်စဉ်က အတွေးစိတ်ကူးတွေအမျိုးမျိုး ဖြစ်ပေါ်ခဲ့ပါတယ်။ ငယ်ရွယ်စဉ် ကလေးဘဝတစ်လျှောက် ကျွန်တော် ဖြစ်ချင်ရာတွေကို လက်တွေ့ လုပ်ဆောင်နိုင်ဖို့ စိတ်ကူးရှိခဲ့ပေမဲ့ မကြာခင် မှာပဲ ကျွန်တော် လုပ်ချင်တာ အကုန်လုံး လုပ်ခွင့်မရတာ၊ လုပ်လို့ မရနိုင် တာကို သိရှိခဲ့ပါတယ်။

           ကျွန်တော် ကလေးဘဝမှာ အေးမြပြီး စိုစွတ်တဲ့ မြက်ခင်းပြင်ပေါ် ကျောခင်းပြီး ညဉ့်နက်သန်းခေါင်အထိ နေတတ်တာ၊ အဲဒီလို မြက်ခင်းပြင်ပေါ်လှဲပြီး ကောင်းကင်က ကြယ်တွေကို ကြည့်တတ်တာတွေကို ပြန်လည် သတိရမိခဲ့ပါတယ်။

           ကျွန်တော် အရွယ်ရောက်လာချိန်မှာ ဘာလုပ်သင့်တယ်၊ ဘာကို လုပ်ကိုလုပ်ရမယ်၊ ဘာတွေကို လုပ်နိုင်ပြီး ဘာတွေကိုတော့ မလုပ်နိုင် ဆိုတာကို ခွဲခြားနားလည်ခဲ့ပါတယ်။

           ဒီအချိန်မှာ ကျွန်တော် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ဖို့ ကိုယ်တိုင် အားထုတ်ကြိုးစားရမယ်၊ စိတ်လှုပ်ရှားမှုတွေနဲ့ စိတ်ခံစားမှုတွေ ရောထွေးပြည့်နှက်နေတဲ့ စိတ်ကူးယဉ် စကြဝဠာထဲကနေ ရုန်းထွက်ပြီး လက်တွေ့ဘဝကို တည်ငြိမ်စွာ ရင်ဆိုင်ဖြတ်သန်းရမယ် ဆိုတာကို ကောင်းစွာ နားလည်ခဲ့ပါတယ်။

           လက်တွေ့ဘဝမှာ ကြိုးစားသလောက် ထိုက်တန်တဲ့ အောင်မြင်မှု တွေရရှိရေးအတွက် ကျွန်တော် ပညာတတ်အောင် သင်ယူပြီး တတ်မြောက် တဲ့ ပညာရပ်တွေကို ကိုယ်စွမ်းဉာဏ်စွမ်းတွေနဲ့ ပေါင်းစပ်ပြီး လက်တွေ့ အသုံးချနိုင်ဖို့ ဦးစွာ ဆုံးဖြတ်လိုက်တယ်။ နောက်ထပ် ကျွန်တော် စဉ်းစား မိတာက အတွေ့ အကြုံ ရင့်ကျက်ပြီး အရာရာကို ဟုတ်တိုင်းမှန်စွာ သိတတ်နားလည်သူ၊ အကြံဉာဏ်ကောင်းတွေ ပေးနိုင်သူ၊ လမ်းညွှန် ပြသ ဦးဆောင်ပေးနိုင်သူတွေကို ဆည်းကပ်ရမယ် ဆိုတဲ့ အသိပဲ ဖြစ်ပါတယ်။

           ကျွန်တော့်အနေနဲ့ အောင်မြင်မှုဆိုတဲ့ ရလဒ်ကောင်းကို ရယူ ပိုင်ဆိုင်နိုင်ဖို့ ထိုက်တန်တဲ့ ပေးဆပ်မှုရှိရမယ်လို့ ယုံကြည်ထားခဲ့ပါတယ်။

           လောကမှာ ကြိုးစားအားထုတ်တဲ့သူတိုင်းအတွက် အောင်မြင်မှု ရရှိနိုင်တဲ့ အလားအလာကောင်းတွေ ရှိနေပြီး ဖြစ်ပါတယ်။

           အောင်မြင်မှုရယူဖို့ ကြိုးစားရာမှာ အပြောအဆို၊ အပြုအမူ၊ အနေအထိုင်၊ လုပ်ကိုင်ဆောင်ရွက်မှု၊ စဉ်းစားတွေးခေါ် ကြံစည်မှုတွေနဲ့စရိုက်လက္ခဏာကအစ လိုအပ်သလို ပြောင်းလဲနိုင်ဖို့ လိုပါတယ်။ လိုအပ်သလို ပြောင်းလဲပေးနိုင်ခြင်းဟာ သင့်ဘဝ အောင်မြင်မှုအတွက် ပိုမိုတိုးတက်စေသော နည်းလမ်းကောင်းကို ရှာဖွေခြင်းသာ ဖြစ်ပါတယ်။

           သင့်ကိုယ်သင် လိုအပ်သလို ပြောင်းလဲနိုင်စွမ်းရှိခြင်းဟာ သင့် ကိုယ်သင် စကားပြောဆိုရာမှာဖြစ်စေ၊ အခြားလူတွေအပေါ် ပြောဆို ဆက်ဆံရာမှာဖြစ်စေ အပြုသဘောဆောင် အကောင်းမြင်ခြင်းကို ဖြစ် လာစေနိုင်ပါတယ်။