ဂျူး - သူ မင်းကို ဘယ်တော့မှ
နိဒါန်း
ရုတ်တရက် ကျွန်မ ရပ်တည်နေရာ လောကကြီးတစ်ခုလုံး စက်ဝန်းကဲ့သို့ တစ်ပတ်လည်သွားသည်။ ကျွန်မ ကိုယ်ခန္ဓာကပါ ယိမ်းယိုင်လည်ပတ်ပြီး နံရံတစ်ခုနှင့် အရှိန်ပြင်းစွာ ပြေးဆောင့်မိ သွားသည်။
အမေရေ
လွှတ်ခနဲအော်လိုက်မိသည့် ကျွန်မအသံသည် အခြား အော်သံဟစ်သံတွေနှင့် ရောပေါင်းလျက် ဆူညံသွားတော့သည်။ ကလေးတွေငိုသံကြားရသည်။ ကျွန်မဘေးက လူတွေအားလုံး ကျွန်မ လိုပဲ မာကျောသောနံရံတို့အား ပြေးဆောင့်မိနေကြသည်ကို မျက်စိအောက်မှာ မြင်နေရ၏။ လက်က တစ်ခုခုကို ဆုပ်ကိုင်မိသွားပြီး ဟန်ချက်ထိန်းလိုက်နိုင်စဉ်မှာပင် နောက်ထပ် တစ်ပတ်လည်ပြန်၏။ ကျွန်မကိုင်ထားသောအရာသည် လက်ထဲမှ လွတ်ထွက်သွား၏။ ထို့နောက်တွင်တော့ ကျွန်မသည် အရှိန်ပြင်းပြင်း လည်ပတ်နေသော ဧရာမရေဝဲကြီးတစ်ခုထဲ ဆွဲစုပ်ယူပတ် ခံနေရသလို ချာချာလည် ) ရမ်းခါနေသည်။ တစ်ပတ်၊ နှစ်ပတ်၊ ဘုရားရေ သုံးပတ်။ ကျွန်မခေါင်း ရော ကိုယ်ခန္ဓာကပါ တစ်ကြိမ်ပြီးတစ်ကြိမ် ပြေးဆောင့်တိုက်နေသောမာကျောသည့်အရာတို့သည် နံရံမဟုတ်ဘဲ ထိုင်ခုံသံတန်းတွေ နှင့် သစ်သားတွေပါလား ကျွန်မ လေထဲတွင် လွင့်စင်ကာ မှောက် လျက်သား ကျသွားသည်။ ကျွန်မပါးအပ်မိသော ကြမ်းပြင်သည် ရမ်းခါနေသဖြင့် ကျွန်မပါ ခယဉ့်တိုက်ဆွဲယူခံရပြီး ကြမ်းပြင်ပေါ်တွင် ဟိုဘက်သည်ဘက် လျှင်မြန်စွာ ရွေ့လျား ပွတ်တိုက်နေသည်။ ကျွန်မကိုယ်ပေါ်သို့ လေးလံပျော့အိသော ကိုယ်ခန္ဓာတစ်ခု ပိကျလာ သည်။ နားကွဲလုမတတ်အော်ဟစ်ငိုကြွေးသံတို့တွင် ကျွန်မကိုယ် တွင်းမှ အော်သံတစ်ခုလည်း ပါနေသည်။ ရွေ့လျားလည်ပတ်မှုတွေ ရပ်တန့်ပြီး ကမ္ဘာကြီး ငြိမ်သက်သွားသည့်အခါ ကျွန်မ ခံစားလိုက်ရ တာကတော့ နာကျင်မှုပဲ ဖြစ်သည်။
ထိတ်လန့်တကြား အော်သံတွေသည် ကျွန်မကိုယ်ပေါ်မှ ကျော်ပြီး တစ်ခုပြီးတစ်ခု ဝေးကွာသွား၏။
“ ဓာတ်ငွေ့အိုးတွေ ပေါက်လိမ့်မယ် ”
ကျွန်မ ဘယ်ရောက်နေတာလဲ။
“ မီးမီး ကားမီးလောင်တော့မယ် "
“ ထွက်ထွက် ရအောင်ထွက် ”
သုတို့ ဘာတွေပြောနေကြတာလဲ။ ကျွန်မ လက်ပေါ်သို့ ခြေထောက်တစ်ခု တက်နင်းခံလိုက်ရသည်။ ကလေးတွေငိုသံ မိန်းမ တွေ ငိုသံပါကြီးနှင့်အော်ဟစ်သံ။ ဘတ်စ်ကား၊ ကျွန်မလိုက်ပါလာသော ဘတ်စ်ကား၊ ကျွန်မ ကျန်ရှိသမျှ အင်အားဖြင့် ခေါင်းထောင် လျက် ကြည့်မိသည့်အခါ အခြေအနေမှန်ကို မြင်လိုက်ရသည်။ ကား မှန်များမှတစ်ဆင့် ကျွန်မ မြင်တွေ့ရသော ပြင်ပလောကသည် စောင်းစောင်းကြီး အဆောက်အဦတွေကလည်း စောင်း၊ သစ်ပင် တွေကအစ စောင်းကွဲနေသည်။ ကျွန်မတို့ ကားကြီး တိမ်းမှောက်သွား ခဲ့ပြီ။ ကျွန်မကိုယ်ခန္ဓာသည် ကြမ်းပြင်ပေါ်မှာ မှောက်လျက်လဲနေတာမဟုတ်။ ဓာတ်ငွေ့ အိုးထည့်သည့် သစ်သားသေတ္တာကိုယ်ထည် ပေါ်မှာ လဲနေခြင်းဖြစ်သည်။ ကျွန်မ ဘာဒဏ်ရာတွေရသွားပြီလား ကားထဲမှ ကျွန်မပြန်ထွက်နိုင်ပါ့မလား။ နာကျင်မှုကို အံတု တွန်းလှန် လျက် လက်ရှိအနေအထားမှ ကုန်ကြိုးထလိုက်၏တော်ပါသေးရဲ့။ ကျွန်မ ဒယိမ်းဒယိုင်ဖြင့် ခပ်မတ်မတ်ရပ်နိုင်သွားသည်။ ထိုင်ခုံ အောက်ခြေသံတိုင်များနှင့် ထောင်မတ်နေသော ကြမ်းခင်းအကြား ဟိုတိုး သည်တိုက်ဖြင့် နင်းကျော်လျက် ကားထဲမှ ထွက်ဖို့ ကြိုးစား သည်။ ဒါပေမဲ့ ထွက်ပေါက်က ဘယ်မှာလဲ။ ထွက်ပေါက်ကို ရှာမ တွေ့။ တစ်ကိုယ်လုံး ပူထူသွားသည်။ ကားကြီးသည် ထွက်ပေါက် ကံခါးတွေရှိရာဘက်သို့ တိမ်းမှောက် စောင်းလဲနေခြင်းဟု သဘော ပေါက်သွားသောကြောင့် ဖြစ်ပါသည်။ ဓာတ်ငွေ့နဲ့ ထောင်းထောင်း ထနေသော ကားအတွင်းမှာ ကျွန်မ ပိတ်မိနေပြီ ဟု သိလိုက်ရသည်း ကျန်တဲ့ခရီးသည်တွေရော၊ ညည်းသံတစ်ခု ကျွန်မ နောက်ဘက်မှာ ကြားရသည်။ ထိုအချိန်တွင် ရှေ့ဘက် ကားမှန်ကွဲပေါက် အကြားမှ လက်တစ်ဘက် ပေါ်လာသည်။
“ ကလေးမ ဒီဘက်ကို ထွက်ခဲ့ "
ကျွန်မကို လှမ်းကြိုဆွဲခေါ်မည့် လက်တစ်ဘက်ပါလား။ ကျွန်မ မျက်ဝန်းတွင် မျက်ရည်တွေစိမ့်ဝဲလာခဲ့ပါသည်။ ကျွန်မ အား တက်သွားကာ ထိုနေရာဆီသို့ လျင်မြင်စွာရောက်ဖို့ သွေးရူးသွေးတမ်း တစ်လှမ်းချင်း လျှောက်သွားလိုက်သည်း ဘုရားသိကြားမလို့ ကျွန်မ ခြေထောက်တွေ ကျိုးပဲ့ညပ် မသွားခဲ့ဘူး။ ကားမောင်းသူ ထိုင်ခုံ တွင်တော့ အသက်မရှိတော့ပြီဟု ခန့်မှန်းနိုင်သော ကိုယ်ခန္ဓာသည် ။ ခေါင်းငိုက်စိုက်ကျလျက် ဇက်ကျိုးနေသလိုရှိသည်းကျွန်မ ခြေဖဝါး အောက်တွင် ကားမှန်အကွဲအစများ သွားသည်။ ကျွန်မ ဖိနပ် ကျွန်မမှာ ဖိနပ်မပါတော့ဘူး ဘယ်အချိန်က ဖိနပ်ချွတ်ပြီး လွင့်စင်သွားလိုက်သလဲမသိ။ ကျွန်မမှန်ကွဲပေါက်ဆီသို့ သတိဖြင့် ခြေဖော့ နှင်းပြီး လျှောက်ရသည်။
ကားရှေ့မှန်ဆီသို့ အရောက်၊ ကမ်းလာသော အမျိုးသား ကြီးတစ်ယောက်၏လက်ကို ကျွန်မလက်ဖြင့် ထိမိတော့မည့်ဆဲဆဲ ကျွန်မနောက်ဘက်မှ ညည်းသံသည် ခပ်တိမ်တိမ်အက်အက် ငိုရှိုက် သံ ဖြစ်သွားသည်။ ကျွန်မ အထိတ်တလန့်လှမ်းကြည့်လိုက်တော့ ကားထိုင်ခုံတွေကြားတွင် ပညပ်နေသော ကိုယ်ခန္ဓာတစ်ခု၏အောက် ပိုင်းကို ပါတိတ်လုံချည် အပွင့်ခပ်ကျဲကျဲ ဝတ်ဆင်ထားမှန်း မြင်နေရ သည်။ ကျွန်မသည် ဓာတ်ငွေ့တွေနံစော်နေသော ကားထဲသို့ ပြန် ကြည့်လိုက် အပြင်လောက၏ သန့်စင်ကျန်းမာသည့်လေကို ရှူရှိုက် လိုက်ဖြင့် ဝေခွဲမရဖြစ်နေသည်။ လက်ကမ်းသူနောက်ကို လိုက်သွား ရမလား၊ လဲကျပ်ညပ်နေသူထံပြန်သွားလိုက်ရမလား။
“ဦး ဟိုနောက်မှာ ဒေါ်ကြီးတစ်ယောက် ညပ်နေတယ်ထင် တယ်။ သူ့ကို အရင် ဆွဲထုတ်ပေးလိုက်မယ်နော်”
“ ကားမီးလောင်လိမ့်မယ် မင်း အရင် မြန်မြန်ထွက် ”
သူ ကျွန်မလက်ကို ဆုပ်ကိုင်မိသွားပြီး ရှေ့သို့ ဆွဲယူလိုက်ပါ သည်။ မှန်ပေါက်အပြင်သို့ ကျွန်မ ဦးခေါင်း ရောက်သွားသည့်အခါ အဖြစ်အပျက်ကို ချက်ချင်းသဘောပေါက်သွားသည်။ ကားကြီးသည် လမ်းဘေးတစ်နေရာတွင် တိမ်းစောင်းပြီး လဲနေခြင်းဖြစ်သည် လမ်းပေါ်တွင် အခြား ကားငယ်နှစ်စီး ကိုးယိုးကားယားပုံသဏ္ဌာန်ဖြင့် ရပ်တန့်နေပြီး လူတွေ ဝိုင်းအုံနေကြသည်။ လမ်းဘေးစက် ́တွင် လည်း တုံးလုံးပက်လက် လဲနေသူတွေ သစ်ပင်မှီပြီးထိုင်နေသူတွေ လူအုပ်စုသည် ကားကြီးကို ပေါက်ကွဲတော့မည့် ဗုံးတစ်ခုလို သတိကြီး စွာကြည့်လျက် ရှိသည်။
ထိုအချိန်မှာပင် ကျွန်မ သွားစရာရှိသည့် အရေးတကြီး ချိန်းဆိုမှုတစ်ခုကို ပြန်သတိရသွားသည်။ မဖြစ်ဘူး။ ကျွန်မ နောက် ကျနေတော့မယ်။ ကားထဲက မြန်မြန်ထွက်နိုင်မှ သို့သော် နောက် ဘက်မှ တုန်လှုပ်ခြောက်ခြားစွာ ညည်းညငိုရှိုက်နေသောအသံ။ တွန့်ကွေးနေသောခုံတန်းတွေကိုကျော်လွှားပြီး နောက်ဘက်သို့ ကျွန်မ အပြေးအလွှားရောက်သွားသည်။
အဒေါ်ကြီးတစ်ကိုယ်လုံး ကားထိုင်ခုံအောက် သံဘောင် တွေကြားမှာ ပညပ်နေခဲ့သည်။ သူလှုပ်နိုင်တာက ညာလက် တစ် ဘက်တည်းဖြစ်သည် ။
“ဒေါ်ကြီး ထွက်ရအောင်။ ကျွန်မ ဆွဲထုတ်ပေးမယ်” ဒေါ်ကြီးက အကြောက်အခံငြင်းဆန်သည်။
' အဒေါ် ကားကြီးက မှောက်နေတာ။ ဓာတ်ငွေ့ကားဖြစ်လို့ ချက်ချင်း မီးထတောက်နိုင်တယ် ပြောတယ်။ ကားအပြင်ရောက်နေ တဲ့သူတွေက ကျွန်မတို့ကို ဟိုးမှာ လှမ်းဆွဲထုတ်ပေးဖို့ စောင့်နေကြ တယ်။ အဒေါ်ထ”သို့သော် ကျွန်မထင်သလောက်မလွယ်ပါ။ သူ့ကိုယ်ခန္ဓာက ဝဝဖိုင့်ဖိုင့်။ သူညပ်နေသည်က ခြေထောက်တစ်ဘက်။ ကျွန်မ ထို ခြေထောက်ကို ဆွဲထုတ်ပေးဖို့ ထိကိုင်လိုက်ချိန်တွင် အဒေါ်ကြီးက လေသံဖျော့ဖျော့ဖြင့် ညည်းလိုက်သည်။
" အမလေး နာတယ်။ နာတယ် "
ကျွန်မ အလန့်တကြား ပြန်လွှတ်ချလိုက်မိသည်။ အခုမှ သတိထားမိတာက အဒေါ်ကြီး၏လုံချည်တွင် သွေးစွန်းလျက်ရှိ သည်။ သည်။ ဘုရားရေ ဘာများခိုက်မိသွားပါလိမ့်။ ကျွန်မ သူညပ်နေသော ထိုင်ခုံကို မပြီးရွှေ့ဖယ်ဖို့ ကြိုးစားမိ၏၊ အိုး ညံ့လိုက်တဲ့ တောမ ပါလား။ ထိုင်ခုံတွေက ကြမ်းခင်းနှင့် ဝက်အူစုပ်ပြီး အသေကပ်ထားပြီးသားလေ။ ကျွန်မ ငိုချပစ်လိုက်ချင်လာသည်။ ထိုင်ခုံကို ရွှေ့လို့ မရနိုင်၊ အဒေါ်ကြီးကို မရရအောင် ဆွဲထုတ်ယူမှ ရမည်။
` ဒေါ်ကြီး ဒေါ်ကြီးကို နည်းနည်းချင်း မပြီး ရွှေ့ပေးမယ်။ ဒေါ်ကြီးကလည်း ကြိုးစားပြီးထ နော်။ ကျွန်မ မမယ်"
သို့သော် နေရာက ကျဉ်းကြပ်လွန်းသည်ကတစ်ကြောင်း၊ ဒေါ်ကြီးကိုယ်ခန္ဓာက ဝဖိုင့်လေးလံသည်ကတစ်ကြောင်း၊ သူကိုယ် တိုင်က မခံမရပ်နိုင်အောင် နာကျင်နေသည်က တစ်ကြောင်းမို့ ကြိုး စား၍မရပါ၊
ကားရှေ့မှန်ပေါက်ကြီးဆီသို့ လှမ်းကြည့်မိသည့်အခါ ကျွန်မတို့ကားအတွင်းသို့ စိတ်ပူစွာ စောင့်ကြည့်နေသော စောစောက အမျိုးသားကြီးကိုမြင်ရသည်။ ကား၏ပတ်ဝန်းကျင်တွင် အသံများ ဆူညံပွက်နေသဖြင့် ရှိသမျှအသံကိုထုတ်ကာအော်ခေါ်လိုက်မိ၏။
“ ဦး လာကူပါဦး ဒီမှာ ကျွန်မ ဆွဲထုတ်လို့မရဘူး။ ဒေါ်ကြီး ခြေထောက်ကျိုးသွားတယ်ထင်တယ်”
ထို့နောက် ကျွန်မ အောင့်ထားရသော ဝင်လေကို မျှဉ်းပြီး ခပ်ဆဆလိုက်မိ၏။ စူးစူးရှရှ ဓာတ်ငွေ့နှံ့က ကျွန်မ နှာခေါင်းထဲ အဆုပ်ထဲသို့ ဝင်သွားသည့်အခါမွှန်ထူပြီး မပြီးနိုင်မစီးနိုင်ချောင်းဆိုး နေတော့သည်။ ကုကယ်ရာမရသလိုပင် ဒေါ်ကြီးကို လက်နှစ်ဘက် မှ ဆွဲယူမ လိုက်မိပြန်သည်။ အမလေးဟု တမ်းတညည်းညူသံကို ကြားရသည့်အချိန်တွင် အဒေါ်ကြီး၏လက်တစ်ဘက် သွင်သွင်ကျိုး လျက်ရှိသည်ကို အထိတ်တလန့် မြင်ရ၏။ အို ဖြစ်မှဖြစ်ရလေး အကိုကို ဖောက်ထွက်ပြီး ကျိုးသွားသောအရိုးက သွေးတစ်စက်စက်ထွက်နေသည်။ သွေးတို့ အကြားမှ ဖြူဖွေးသောအရိုးသည် မန်ကျည်းသားချောင်းတစ်ခုလိုပဲ ပဲ့ရွဲ့လျက် ငေါထွက်နေခြင်းဖြစ်၏။ ကျွန်မ ထိုဒဏ်ရာကို ကြည့်ဖို့ မရဲသဖြင့် ဒေါ်ကြီးမျက်နှာကိုပဲကြည့်ရသည် ပါးပြင်ပေါ်တွင် စပ်ဖျဉ်းဖျဉ်းနာကျင်မှုကို ခံစားလိုက် ရသည့်အခါကျမှ ကျွန်မ မျက်ရည်တွေတွေ ကျနေမိကြောင်း သတိပြု မိသွားပါသည်။
ထိုအချိန်တွင် ကျွန်မကို ပခုံးနှစ်ဘက်မှ ဆွဲယူလိုက်သည့် လက်အစုံကို ခံစားလိုက်ရ၏။
“ ထ မိန်းကလေး "
မော့ကြည့်လိုက်တော့ အရေးတကြီးမျက်နှာနှင့် စောစော က အမျိုးသားကြီးပါ။ ကျွန်မ ဝမ်းသာသွားမိသဖြင့် တစ်ချက်ရိုက်ပြီး သူ့လက်ကို ဆွဲဆုပ်ထားလိုက်မိသည်။
“ မင်း မနိုင်ဘူး။ ဂက်စ်အိုး ထမပေါက်ခင် ထွက်နိုင်မှ ဖြစ် မယ်။ ဖယ် မင်း အပြင်ကို ထွက်တော့'
ထိုခဏမှာပင် ခရာသံ တရွှီရွှီကို ကြားလိုက်ရသည်။ ယာဉ် ထိန်းရဲတွေ ရောက်လာပြီ။ သူတို့နှစ်ယောက် အဒေါ်ကြီးကို ဝိုင်းပေါ့ ယူကြသည်။ ထင်သလောက်မလွယ်ပါး နေသောခြေထောက်ကို ဆွဲထုတ်ဖို့က ဒဏ်ရာရသူလူနာ၏ နာကျင်စွာညည်းညု အော်ဟစ်သံ ကို အာရုံထဲက ဇွတ်အတင်းဖျောက်ထားမှ ဖြစ်မည်ထင်၏။ ကျွန်မ မှာ အဲသည်လောက် သတ္တိမရှိပါ။ အင်အား တောင့်တင်းသော ယောက်ျားကြီးနှစ်ယောက်၏ ကြိုးစားမှုကို ကျွန်မ စိတ်ချလက်ချ ထားနိုင်ပြီမို့ နှာခေါင်းမှ ဓာတ်ငွေ့တွေ အလျှံပယ်မဝင်လာနိုင်စေရန် အသက်အောင့်လျက် မှန်ကွဲစများရှိရာသို့ ခပ်ဆဆ ခြေလှမ်းဖြင့်လျှောက်သွားလိုက်သည်။ မှန်အပေါက် အပြင်ဘက်တွင် လူ လေး ယောက် ဝိုင်းပြုလျက် ကျွန်မတို့ကို လက်ယပ်လှမ်းခေါ် အားပေး နေ၏၊ ထိုအချိန်မှာပင် နောက်ဘက်မှ လှမ်းခေါ်သံ ကြားရသည် ။
“ကလေးမ ခဏ ခဏ မင်း သူ့ကို ဆွဲထုတ်၊ ငါတို့ ဒီသံခိုင် ကို ဆွဲမပေးထားမယ်”
များဖြင့် တစ်နေရာရာသို့ ဖုန်းဆက်စကားပြောနေကြသည်။ ငိုကြွေး နေသော ကလေးတို့ကို လူကြီးမိဘတွေက ချော့မော့နေကြသည်။ ဒဏ်ရာရသူတွေကိုဆေးရုံပို့ဖို့ ရောက်လာသမျှကားတွေကို တား သည်။ တစ်ယောက်ပြီးတစ်ယောက်လူနာတွေထဲတွင် သူက ကျွန်မ ကိုထည့်ဖို့ ကြိုးစား၏။ ထိုအခါကျမှ ကျွန်မအတွက်အရေးကြီး သော အရာတစ်ခုကို ပြန်သတိရသွားသည်။ ။
“ဟင့်အင်း ကျွန်မ ဆေးရုံသွားလို့ မဖြစ်ဘူး "
ကျွန်မလက်ပတ်နာရီကို ကြည့်လိုက်တော့ နာရီကို လက် မှာ မတွေ့ရ။ ကားထဲမှာ ကျွန်မ ပတ်ချာလည် တိုးတိုက်ထိခိုက်နေ တုန်းက တစ်ခုခုနှင့်ဆောင့်ပြီး ပြုတ်ထွက်သွားခဲ့ပြီထင်သည်။ ဘုရား ဘုရား အဲသည်နာရီလေးကို ကျွန်မ အဆုံးမခံနိုင်။ ကျွန်မသည် ဓာတ်ငွေ့နံ့တထောင်းထောင်းထနေသော ကားဆီသို့ ပြန်သွားမိ သည်။ သို့သော် ကားနားမရောက်မီမှာ ကျွန်မ ကိုယ်ခန္ဓာက တစ်ခုခု ဖြင့် ဆောင့်တွန်းခံလိုက်ရသလို လွင့်စင်သွားပြီး တစ်ပြိုင်တည်းမှာ ကျယ်လောင်သော ပေါက်ကွဲသံကြီးဖြင့် မီးတောက်ကြီးကို မြင်လိုက် ရသည်။ ထို့နောက် တစ်လောကလုံး ကျွန်မရှေ့မှ ပျောက်ကွယ် သွားပါတော့သည်။