ဂျူး - လရဲ့အောက်ဘက် မိုင်အဝေးမှာ
အေးစက် မှောင်ပိတ်သော ည။ မဆုံးနိုင်အောင် ရှည်လျားလှသော စင်္ကြ...။
တိတ်ဆိတ်ငြိမ်သက်သော စကြံအုတ်သမံတလင်းတွင် ခြေထောက်သုံးစုံ၏ ခြေသံများသည် လှိုဏ်သံ ဟိန်းနေခဲ့၏။ ရှေ့မှ ခပ်သွက်သွက်သွားနေသော ခြေထောက်မှာ ရေခဲတိုက် အလုပ်သမား၏ ခြေထောက်ဖြစ်သည်။ နောက်မှ လေးပင်တွန့်ဆုတ်စွာ တရွတ်ဆွဲလိုက်နေသော ခြေထောက်နှစ်စုံမှာ သူနှင့် သူ့မေမေ နှစ်ယောက် ဖြစ်သည်။ မေမေသည် ဒူးညွတ်ခွေကျလု ဆဲဆဲ ဖြစ်၏။ သူက ပခုံးကို ဖက်ပွေ့၍ ထိန်းထားသောကြောင့်သာ လမ်းလျှောက်နေနိုင်ခြင်း ဖြစ်သည်။
သူ့နားထဲတွင် စောစောက တယ်လီဖုန်းသံသည် ပဲ့တင်ထပ်နေဆဲ ဖြစ်၏။ တယ်လီဖုန်းသံတစ်ခု သည်မျှ ရက်စက်နိုင်လိမ့်မည်ဟု သူမထင်ခဲ့။ သူ့ မေမေသည် ထိုတယ်လီဖုန်း မြည်သံ နောက်ပိုင်းမှာ အဝတ်ရုပ်တစ်ရုပ်လို ပျော့ဖတ်သွားခဲ့သည် ။
ကျွန်တော် မကြည့်ချင်ဘူး မေမေ၊ ကျွန်တော် မကြည့်ရဲဘူး။
သူသည် စိတ်ထဲမှသာ တတွတ်တွတ် ရေရွတ်နေခဲ့သော်လည်း ကိုယ်ခန္ဓာက သူ့အမေ၏ ဘေးမှာ လိုက်ပါနေခဲ့ပြီ။ ဖြစ်နိုင်လျှင် ခါးသီးသော ဖြစ်နိုင်ခြေတစ်ခုကို တစ်သက်လုံး ရှောင်ဖယ်ထားချင်သည်။ ဘာနှင့် ရှောင်ဖယ်ရမည်လဲ။ ယခုအချိန်မှာတော့ သားအမိနှစ်ယောက် ထိုဖြစ်နိုင်ခြေဆီသို့ တုန်လှုပ်စွာ လေးလံတရွတ်ဆွဲနေသော ခြေလှမ်းများဖြင့် လှမ်းနေခဲ့ကြပြီ။
ရှေ့မှာ သူတို့ဘာမြင်ရမလဲ။ ဘယ်သူ့မျက်နှာကို မြင်ရမလဲ။
ယခုအချိန်တွင် သူ့ ဘေးမှာ ရှိနေသူသည် တုန်လှုပ်ပျော့ခွေနေသော မေမေမဟုတ်ဘဲ အရာရာကို တည်ငြိမ်စွာ ရင်ဆိုင်နိုင်စွမ်းရှိသူ တစ်ယောက် ဖြစ်စေချင်သည်။ မေမေကတော့ ယခုအချိန်မှာ အိပ်ရာပေါ်မှာ သက်သက်သာသာ ဆုတောင်းနေခဲ့ဖို့သာ ကောင်းပါသည်။
သူသည် ရှေ့မှာ မြင်နေရသော တံခါးကြီးတစ်ခု၏ နောက်မှာ ဘယ်အရာတွေ ရှိနေသလဲဟု ကြိုတင်သိနေသလိုလို တုန်လှုပ်စိုးရိမ်စွာ နောက်ဆုတ်ထွက်ပြေးချင်လာ၏။
သူ့အသက်သည် ၁၈နှစ် ပြည့်ပြီးပြီ။ မေမေ ဤအချိန်မှာ ကားမမောင်း သင့်ဘူးဟု သူ ဆုံးဖြတ်ကာ သူ ကားမောင်းခဲ့သည်။ သူ့အသက်သည် တုန်လှုပ် ချောက်ချားနေသော မိခင်ကိုယ်စား ကားမောင်းပေးဖို့လုံလောက်အောင် ရင့်ကျက်နေခဲ့ပြီ။
သို့သော် အဝတ်ဖြူအုပ်ထားသော အလောင်းတစ်လောင်းကို ကြည့်ရာတွင် မေမေ့ရှေ့မှ မားမားမတ်မတ် ရပ်ပေးနိုင်အောင်ထိတော့ သူ မရင့်ကျက်သေးပေ။ အထူးသဖြင့် ထိုမျက်နှာသည်..........
တံခါးကြီးကျယ်လောင်စွာ ပွင့်သွားပြီး အလုပ်သမားက ရှေ့မှ ဝင်သွား၏။
သူသည် မိခင်၏ အေးစက်ပျော့ခွေနေသော လက်ကို တင်းတင်းဆုပ်ကိုင်လျက် အခန်းကျယ်ကြီးထဲသို့လိုက်ပါဝင်ရောက်သွားလိုက်သည်။ မှိန်ပျပျ အလင်းရောင်မှ လင်းထိန်သော အလင်းရောင်ထဲသို့ ရုတ်တရက် ရောက်သွားတော့ မျက်စိကျိန်းသွား၏။ အခန်းသည် အေးခဲကာ အငွေ့ပျံနေသည်။ သူ့ကျောထဲတွင် စိမ့်ခနဲ အေးစက်သွားပြီး တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ တွန်းလှည်းမြင့်မြင့်ပေါ်က ခပ်ဖြူဖြူအရာ တစ်ခုကို ရုတ်တရက် မြင်လိုက်ရသောအခါ အားတင်းထားသော သူ့ အခြေလှမ်းတွေ တုန့်ခနဲ ရပ်သွား၏ ။ မေမေ၏ အာမေဍတ်သံ မသဲမကွဲ ကြားလိုက်ရသည်။
သမံတလင်း ကြမ်းပြင်သည် သူတို့နှစ်ယောက်လုံး၏ ခြေထောက်များကို သစ်မြစ်များသဖွယ် တွယ်ကပ်နေအောင် ဆွဲယူထားလိုက်သည်။
မိခင်က သူ့လက်ကို ကြောက်လန့်တကြား ဖျစ်ညှစ်ဆုပ်လိုက်၏။
“ မေမေ ”
အားပေးလိုက်သည့် သူ့အသံသည် တိုးတိမ်ကာ အက်ကွဲခြောက်သွေ့ နေ၏။
သူသည် အံတင်းတင်းကြိတ်ကာ မိခင်၏ လက်ကို ဆွဲခေါ်လျက် ရှေ့ဆက် ခြေလှမ်းလှမ်းသည်။

သူသည် အဝတ်ဖြူစကို အသာထကိုင်လျက် မျက်စိမှိတ်ကာ ဆွဲလုပ်လိုက်၏။ သူ့မေမေ၏ သက်ပြင်းရှိုက်သံသဲ့သဲ့ကို ကြားရသည်။ ထို့နောက် အခန်းသည် ကြောက်မက်ဖွယ် တိတ်ဆိတ်သွားသည်။
သူသည် မျက်စိမှိတ်ထားလျက်က စက္ကန့်တို့ကို ရေတွက်နေမိ၏။ တစ်...နှစ်...သုံး။ ထို့နောက် ဗြုန်းခနဲ မျက်စိကို ဖွင့်လိုက်သည်။ မကြည့်ဝံ့သော အရာကို သူ ငုံ့ကြည့်လိုက်ရသည်။ သူ နှလုံးခုန်ရပ်သွားသည်။
မျက်နှာတစ်ခုသာ ဖြစ်နေ၏။ ၁၅နှစ် ၁၆နှစ်အရွယ် ကောင်လေးတစ်ယောက်၏ ညိုမှောင်သော မျက်နှာတစ်ခု။ ပါးလျားသော မျက်ခုံးအောက်မှာ မှိတ်ထားသော မျက်လုံးတို့သည် ချိုင့်ဝင်လျက် ရှိသည်။
အလေးပင်ကြီး
သူ့ကိုယ်ခန္ဓာသည် လေထဲတွင် လွင့်သွားသည်။ လေးပင်ခဲ့ပြီးနောက် ယခုလို လွင့်စဉ်နိုင်လိမ့်မည်ဟု မထင်ခဲ့ပေ။
မေမေသည် သူ့အား ဖက်တွယ်ကာ ရှိက်ကြီးတငင် ငိုကြွေးတော့သည်။ “တော်ပါသေးရဲ့ ၊ အမယ်လေး.. တော်ပါသေးရဲ့ သားရယ်..”
သူ့တစ်ကိုယ်လုံး လေထဲမှာ လွင့်မျောနေဆဲ။ ဒူးတဆတ်ဆတ် တုန်နေဆဲ။ မချိမဆံ့ စိုးရိမ်တုန်လှုပ်စွာ ချောက်ချားခဲ့ရသော နှလုံးသားကတော့ တစ်စတစ်စ နာကျင်လာခဲ့၏။ မေမေ့ ကိုယ်ခန္ဓာက သူ့အပေါ် ပြိုလဲ ယိုင်ဆင်းသွားသည်။
“မေမေ...”
သူ ကမန်းကတန်း ထိန်း၍ ပွေ့ဖက်လိုက်ချိန်တွင် မေမေ ပျော့ခွေကာ သတိလစ်သွားသည်။
သူ့ရင်ထဲမှာ ခါးသက်သော ဝေဒနာတစ်ခု ခံစားလိုက်ရ၏။
ဒီပါ...။ မင်း... တော်တော် အသုံးမကျတဲ့ ကောင်။
ပထမဆုံးနေ့...။
ဝေဒနာဆိုတာ မွေးဖွားလာတဲ့အရာ၊ မသိနားမလည်မှုက ကျွန်တော့်ကို ကသီလင်တ ဖြစ်စေခဲ့ မျက်ရည် အပြည့်နဲ့ အမှန်တရားတွေပါ ကျွန်တော် မာန်မာနမကြီးနိုင်တော့ပါဘူး။
(Allen Ginsberg)
စာကြောင်းတိုတိုလေး နှစ်ကြောင်းသာ ပါဝင်သော စာတစ်စောင်ကို ရေးထားခဲ့ပြီးနောက် သူ့ညီ အိမ်မှ ထွက်သွားပါသည်။ ။
လကို ဘတ်စကက်ဘောလို ပုတ်ပြီး ခြင်းထဲ မြှောက်ထည့်တမ်း ကစားချင်သည်ဟု ခဏခဏ ပြောလေ့ရှိသော သူ့ညီသည် လကို ဖမ်းဖို့များ ထွက်သွား သလား မသိပါ။ စာထဲမှာတော့ လနှင့် ပတ်သတ်၍ တစ်လုံးမှ မရေးခဲ့။
မေမေနဲ့ကိုကို...
သား အိမ်မှာ မနေချင်တော့လို့ ထွက်သွားပါပြီ၊ သားကို လိုက်မရှာပါနဲ့တော့။ ဒီပါ”
၂
စာကြောင်းတိုတိုလေး နှစ်ကြောင်းသာ ပါဝင်သော စာတစ်စောင်ကို ရေးထားခဲ့ပြီးနောက် သူ့ညီ အိမ်မှ ထွက်သွားပါသည်။
လကို ဘတ်စကက်ဘောလို ပုတ်ပြီး ခြင်းထဲ မြှောက်ထည့်တမ်း ကစားချင်သည်ဟု ခဏခဏ ပြောလေ့ရှိသော သူ့ညီသည် လကို ဖမ်းဖို့များ ထွက်သွား သလား မသိပါ။ စာထဲမှာတော့ လနှင့် ပတ်သတ်၍ တစ်လုံးမှ မရေးခဲ့။
မေမေ နဲ့ ကိုကို...
သား အိမ်မှာ မနေချင်တော့လို့ ထွက်သွားပါပြီ၊
သားကို လိုက်မရှာပါနဲ့တော့။
ဒီ ပါ ”