ဂျူး - ကြယ်စင်တံတား ကမ်းပါးနှင်းဖြူ
ပင်လယ်ရေပြင်အထက် ပေ ၃၈၇၇
အမှန်အတိုင်း ဝန်ခံရလျှင် ကျွန်တော်ကြောက်နေပါသည်။
ကျွန်တော့်ခြေထောက်အောက်မှ ကြိမ် ကြိုးတံတားသည် ပုခက်ကြီး တစ်ခု ပြင်းပြင်းလွှဲယမ်းနေသလို ဟိုဘက်သည်ဘက်ယိမ်းခါနေ၏။ ကြမ်း ခင်းအဖြစ်တစ်ခုနှင့်တစ်ခု တွဲကပ်ချည်ထားသော ဝါးလုံးသုံးချောင်းသည် တစ်နေ့လုံး ရွာသွန်းနေသောမိုးရေဖြင့် စိုစွတ်ကာ ချော်နေသည်။ အောက် တည့်တည့်မှာတော့ တရွန်ချောင်းသည် ကြီးမားသော ကျောက်တုံးကြီးများ ကို အရှိန်ပြင်းစွာ တိုက်ခတ်စီးဆင်-နေသောကြောင့် ရေမြှုပ် ရေပန်းများ ဖွေးဖွေးထန်နေသည်။
ကျွန်တော်သည်နေရာမှာ ဘာလာလုပ်နေတာလဲ။
မြင့်မားနက်စောက်သော ချောင်းကမ်းပါး တစ်ဖက်တစ်ချက် သစ်ပင် ကြီးများသို့ ဆက်သွယ်တန်းပစ်ထားသော ကြိမ်ကြိုးတံတားသည် ကျွန်တော် ရောက်နေရာမြစ်လယ်တည့်တည့်၌ အောက်သို့ အိကာညွက်ကွေးကျနေ၏။ ဘေးနှစ်ဖက်ရှိ လက်ကိုင် ကြိမ်ကြိုးတန်းများသည် ဤနေရာတွင် အလယ် သို့ စုကပ်နေခဲ့သည်။ ထို့ကြောင့် ကျွန်တော့်ကျောမှာ ပိုးထားသော အိတ်ကြီး ၏ အစွန်းနှစ်ဖက်သည်လက်ကိုင်ကြိမ်တန်းနှင့် ငြိနေ၏။ ထိုအခါ ရှေ့ ) သို့ ခြေလှမ်းတွေ မရွေ့ နိုင်တော့သလို ထင်ရသည်။
နာကျင်မှုကြောင့်ပဲလား၊ တစ်ကိုယ်လုံး တောင့်တင်းနေအောင် ပင်ပန်းကြီးစွာအားစိုက်ထိန်းချုပ်နေရသောကြောင့်ပဲလား၊ သို့မဟုတ် ကြောက်ရွံ့ မူကြောင့်ပဲလား မသိပါ။ ကျွန်တော့်ခြေထောက်တွေ တဆတ်ဆတ်တုန်နေ ခဲ့သည်။
ရှေ့သို့ မျှော်ကြည့်လိုက်တော့လည်း ကောင်းကင်ထိ မြင့်တက်သွား သော ကြိမ်ကြိုးကြီးများ...။ အဲသည်ကို ရောက်အောင် ကျွန်တော် တက် သွားရဦးမည်။
ကျွန်တော် သည်နေရာသို့ လာမိတာ မှားသွားပြီလား။
“လက်တွေကို ဘေးဆန့်တွန်းလေ၊ကြိမ်တန်းတွေကို ဘေးကိုတွန်းပြီး လျှောက်လေ”
တံတား၏ တစ်ဖက်စွန်းထိပ်မှ ဖုန်ဒီရမ်၏ အော်ဟစ်သံကို ကြားရ သည်။ လေတဝုန်းဝုန်းတိုက်ခတ်နေပြီး ဝေးလည်း ဝေးသဖြင့် သဲ့သဲ့သာ ကြားရသည်။
ကြိုးတံတားပေါင်းများစွာကို ဖြတ်သန်းလာခဲ့ပြီးပြီဖြစ်သောကြောင့် ကြိမ်ကြိုးတံတား ကူးပုံကူးနည်းကို ကျွန်တော်သိပါသည်။
ဤကြိမ်တံတားမျိုးသည် တစ်ကြိမ်လျှင် လူတစ်ယောက်သာ ဖြတ်သန်း ကူးနိုင်၏။ လူတစ်ယောက်တည်း၏ အလေးချိန်သည်ပင်လျှင် ကြိမ်ကြိုး ) ရည်များကို ဟိုဘက်သည်ဘက် မြင့်မားစွာ လွှဲယမ်းယိမ်းခါစေခဲ့ပြီ ဖြစ် သည်။ တံတားအစတွင် ကြိမ်လက်တန်းများသည် ကျွန်တော့်ဦးခေါင်း အမြင့်လောက်တွင် လက်တစ်ဆန့်အကွာ ခြားလျက် ကျဲနေခဲ့သော်လည်း တံတားအလယ်တွင်တော့ ကြိမ်တန်းများက ကျွန်တော့်ဆီ ပူးကပ်လာခဲ့ သည်။ ထို့ကြောင့် ဘေးနှစ်ဖက်က ကြိမ်တန်းများကို လက်တစ်ဖက်စီဖြင့် ဆုပ်ကိုင်တွန်း၊ ကြိမ်တန်းများ ဘေးသို့ ချဲ့သွားသောအခါ ခြေတစ်လှမ်းလှမ်း၊ ထို့နောက် ခြေစုံရပ်ပြီး လက်ပြန်စု။ နောက်တစ်ကြိမ် ဘေးသို့ လက်ဆန့် တန်း ခဲ့၊ ခြေတစ်လှမ်း ထပ်လှမ်း ထိုနည်းတွေကိုကျွန်တော်သိပြီး အကျင့် လည်း ရခဲ့ပြီးပါပြီ။ သို့သော် ယခုအခါ ကျွန်တော်ရှေ့ဆက်ခြေလှမ်းလှမ်း ဖို့ ခွန်အားအနည်းငယ်မျှပင် မကျန်တော့သလို ခံစားနေရသည်။တဆတ် ဆတ် တုန်နေသော ခြေထောက်တွေမှာ ဘာခွန်အားမှမရှိတော့ဘူး၊ လက် ဖျားတွေက ကြိမ်ကြိုးကို တင်းတင်းဆုပ်ထားမိသည်ဟုထင်သော်လည်းကယ်တော့ ထုံကျင်အေးခဲကာ ထိလို့ ထိမှန်းပင် မသိတော့ပေ။ ထိုလက် သည် အချိန်မရွေး လွတ်ထွက်သွားနိုင်၏။ လက်တန်းကြိမ်ကြိုးနှင့် အောက်ဝါးလုံးတန်းရှိ ကြိမ်ကြိုးအကြား ဒေါင်လိုက်ဆက်ထားသော ကြိမ်ကြိုး တန်းများသည်တစ်ခုနှင့်တစ်ခု တော်တော်ကျဲနေ၏။ ကျွန်တော့်တစ်ကိုယ် စာတော့ အသာလေး ထွက်ကျသွားမှာပဲ။ ကျွန်တော်သိနေပါသည်။
“ကောင်လေး... အောက်ကို ငုံ့မကြည့်နဲ့ ၊ချောင်းရေကိုငုံ့မကြည့်နဲ့၊ရှေ့ တည့်တည့်ကို ကြည့်”
ကျွန်တော့်နောက်မှာ တံတားကူးဖို့ တစ်ဖက်ကမ်းမှာ စောင့်နေခဲ့သော ဦးဖီရမ်၏ အသံကို ကြားရသည်။ ' ကျွန်တော့်မကြည့်ပါ။ သို့သော့််ကြည့်စရာမလိုဘဲနှင့်ပင် အောက် က ချောင်း၏ဆွဲငင်မှုကို ခံနေရပါသည်။ ရေမြှုပ်ရေပန်းများသည် ပေပေါင်း များစွာအမြင့်ထိ လွင့်စဉ်နေသည်ဖြစ်ရာ ကျွန်တော့်ခြေထောက်ကို အေး စက်စွာ လာ၍ ထိပါသည်။ ရေလှိုင်းလုံးများ၏ ဆွဲငင်အားသည် ကျွန်တော့် ခြေထောက်အား လေစုပ်ယူသလို ဆွဲငင်စုပ်ယူနေခဲ့သဖြင့် ခြေမြဲအောင် ပင်ပန်းကြီးစွာ အားစိုက်ထိန်းထားနေရသည်။ တစ်ချက်လွတ်သွားလျှင် လှိုင်းလုံးများ၏ စုပ်ယူဆွဲငင်ရာသို့ ကျွန်တော်ပါသွားတော့မည်။ , ကျွန်တော် ရိပ်ခနဲ မူးဝေကာ မျက်လုံးတွေ ပြာသွား၏။ ကျွန်တော်တစ်ဖက်ကမ်းသို့ မရောက်နိုင်တော့ဘူးလား။ “မင်း ဒီနေရာကနေ လှည့်ပြန်ချင်ရင်လဲ ပြန်လို့ ရတယ်နော်”
သည်နေ့မနက်ထိ ဖုန်ဒီရမ်က ကျွန်တော့်ကို ပြန်လှည့်ဖို့ စကားစ,ခဲ့ သေးသည်။ | သူ ကျွန်တော့်ကို မယုံခဲ့၊ ဤခရီးကို ကျွန်တော်ရောက်အောင်သွားနိုင် လိမ့်မည်ဟု သူမယုံခဲ့။သူ့မျက်လုံးတွေမှာကျွန်တော့်အပေါ် အထင်သေး သည့် အရိပ်အငွေ့ တွေ မြင်နေခဲ့ရသည်။ | မဖြစ်ဘူး၊ ကျွန်တော် ဆက်လျှောက်မှ ဖြစ်မည်။
ကျွန်တော်နှင့် မျက်နှာချင်းဆိုင် တံတားထိပ်စွန်းက ဝါးရုံတောအခြေ မှာ ဖုန်ဒီရမ် ရပ်စောင့်နေသည်။ ကျွန်တော့်မျက်လုံးတွေထဲသို့ မိုးရေ စဉ်ကာ စိုရွဲနေခဲ့သည်မို့ သူ့ကို ခပ်ဝါးဝါးသာ မြင်ရပါသည်။
ထိုနေ့သည်... ညနေ ၅:၀၀ နာရီအထိ ဘာမှမထူးခြားသော သာမန်နေ့တစ်နေ့ ဖြစ် သည်။
အပြင်မှာ ရာသီဥတု ပူအိုက်နေလိမ့်မည်။ သစ်ပင်တို့တွင်သစ်ရွက်ဝါ များ ကြွေကျနေလိမ့်မည်။ လေတစ်ခါတစ်ရံမှသာ တိုက်လိမ့်မည်။ သို့ သော်ကောင်ဘက်က တိုက်မလား မြောက်ဘက်က တိုက်မလား ဘယ်သူမှ သတိမထားမိနိုင်။ ရန်ကုန်မြို့မှာက လေသည်လည်း ဖြစ်သင့်ဖြစ်ထိုက် သောသဘာဝကို မလိုက်နာပေး၊ မြင့်မားသော တိုက်တာအဆောက်အအုံ များ အရပ်လေးမျက်နှာမှာ ဝိုင်းရံပိတ်ဆို့လျက် လေသည် နေရာလွတ် ရှိ သမျှမှာ ဖြစ်သလိုသာတိုက်ခတ်ဝှေ့ယမ်းလေသည်။
ကျွန်တော့်အခန်းထဲမှာတော့ ရာသီဥတု ကောင်းမွန်သည်။ နေ့လယ် ၂:ဝဝ နာရီမှာ လျှပ်စစ်မီး ပြန်လာသည့်ရက် ဖြစ်သဖြင့် ကျွန်တော့်အခန်း မှာ လေအေးစက်ဖွင့်ထားသည်။ လေအေ.စက်သာမကကက်ဆက်ပါ ဖွင့် ထားခဲ့သေးသည်။ Westlife အဖွဲ့သည် သူ့ အသည်းနှလုံး၏ ဘုရင်မ အကြောင်း သီဆိုနေသည်။
ကျွန်တော့်အသည်းနှလုံးထဲမှာ ဘုရင်မလည်း မရှိ၊ မင်းသမီးလည်း မရှိ၊ ထို့ကြောင့် ကျွန်တော်သီချင်းနားထောင်ရင်း ဆာလာပါသည်။ လျှပ်စစ်မီး လာသည့်အချိန်မှာကျွန်တော်ဘာမဆိုစားလို့ရသည်။ ကျွန်တော့်အိမ်မှာ ရှိနေသမျှ အရာတွေထဲကပေါ့။ ပေါင်မုန့်မီးကင်လို့ ရသည်။ ထောပတ်သီးဖျော်ရည် သောက်လို့ရသည်။ ငှက်ပျောသီးဖျော်ရည် သောက်လို့ရသည်။ တစ်ခုခု စားလျှင်ကောင်းမည်ဟူသောအတွေးဖြင့် ဓာတ်ပြားစက်ကို ပိတ် ပြီး အခန်းပြင်ထွက်လိုက်ချိန်တွင် လူခေါ်ခေါင်လောင်းသံ ကြားလိုက်ရ ပါသည်။ မေမေပြန်ရောက်ရမည့်အချိန် ဖြစ်သည်။ သို့သော် မေမေ့မှာသော့တစ်စုံ ပါသွားတာပဲ။
ကျွန်တော် အိမ်ရှေ့ဆီသို့ ခပ်လောလောသွားမိသည်။ မေမေ့လက် ထဲမှာ အထုပ်အပိုးတွေ စက္ကူအိတ်တွေနှင့် မနိုင်မနင်းဖြစ်နေလျှင် လက် ဝတ် ပွေ့အိတ်ထဲမှ သော့ကို နှိုက်ချွတ်ရှာဖွေနေနိုင်မည် မဟုတ်ပါ။ ကျွန်တော် တံခါးဖွင့်ရန် စကြံတစ်ဆစ်ချိုးဆီသို့ ပြေးထွက်လိုက်သည်။ သံတံခါး၏တစ်ဖက်တွင် ရှိနေသူက မေမေမဟုတ်ပါ။ ကျွန်တော်တစ်ခါမျှ မမြင်ဖူး သော လူစိမ်းတစ်ယောက် ဖြစ်နေသည်။ '
“ဒေါ်ငွေရည်လင်း ရှိလား”
ထိုသူ၏လက်ထဲမှာ အနက်ရောင် လက်ဆွဲ အိတ်ပြားပြားလေးတစ်ခု ကိုင်ထားသည်။ အသက် ၄၀ နှင့် ၅ဝ အကြားဟု ခန့်မှန်းရသည်။ မေမေ့ မိတ်ဆွေတွေထဲတွင် စတစ်ကော်လာ အဖြူလက်ရှည်နှင့် အနက်ရောင် ယောပုဆိုးကို ဝတ်ဆင်တတ်သည့် ယောက်ျား တစ်ယောက်မျှ မရှိပါ။
“မရှိဘူးဗျ”
ကျွန်တော် သော့ကိုကိုင်ထားရင်း ဖွင့်ပေးသင့်သလား၊ မပေးသင့်ဘူး လား စဉ်းစားနေမိ၏။
“မေမေနဲ့ ချိန်းထားသလား”
သူက တံခါးသံတန်းတစ်ခုကိုလက်ဖြင့်ကိုင်ထားရင်း ကျွန်တော့်အား - စူးစူးစိုက်စိုက်ကြည့်လာပါသည်။
“ချိန်းတော့မထားဘူး၊ ဒါပေမဲ့ လွန်ခဲ့တဲ့ တစ်လလောက်က မင်းမေမေ နဲ့လမ်းမှာတွေ့ကြတော့ တနင်္ဂနွေတွေဆို ရှိတတ်တယ်လို့ ပြောလို့”
ကျွန်တော် အနည်းငယ်စိတ်တိုသွားပါသည်။ မင်းမေမေ... ဟူသော စကားလုံးကြောင့်လား၊ တနင်္ဂနွေတွေဆို ရှိတတ်တယ်ဟု မေမေပြောခဲ့ သည် ဆိုသောစကားကြောင့်လား ကျွန်တော် အတိအကျမသိပါး “ဒါပေမဲ့ အခုတော့ မေမေ မရှိဘူး”
ကျွန်တော့်စကားသံက နည်းနည်းပြတ်တောက်သွားမည် ထင်သည်။ ကျွန်တော်၏ မလိုလားသောဟန်ကို သူအကဲခတ်မိသွား၏။ သူ အနည်း ငယ် ပြုံးလိုက်သည်။ ခင်မင်ရင်းနှီးသော အပြုံးမျိုးတော့ မဟုတ်ပါ။ ကျွန်တော်နှင့်ဆက်ဆံရေးပြေလည်မှဖြစ်မည်ဟုသဘောပေါက်သွားသောအပြုံး မျိုးသာဖြစ်သည်။
“ဪ... ဆရာ့နံမည်က ကျော်ခေါင်ပါ၊ ဆရာနဲ့ မင်းအဖေ ကိုပြည် သိမ်းက တက္ကသိုလ်မှာ ဌာနတစ်ခုတည်း လုပ်ခဲ့ကြတဲ့ ဆရာတွေပေါ့”
ဖေဖေ့မိတ်ဆွေ ဖြစ်ခဲ့သူတစ်ယောက်ကိုတော့ ကျွန်တော်တံခါးဖွင့်ပေး သင့်သည်။
“ဆရာ အထဲဝင်ထိုင် စောင့်လို့ ရမလား” “ဟုတ်ကဲ့”
ကျွန်တော် တံခါးဖွင့်ပေးလိုက်ပါသည်။ စကြံတစ်ဆစ်ချိုးထောင့်တွင် မေမေ စိုက်ထားသော ပန်းအိုးကြီးများ ရှိသဖြင့် နှစ်ယောက်ယှဉ်ပြီး လမ်း လျှောက်လို့ မရပါ။ ကျွန်တော်ကရှေ့မှ ဦးကျော်ခေါင်က နောက်မှလျှောက် လာပါသည်။ ။
“ကြည့်စမ်း... ဒီဂမုန်းပင်တောင် အကြီးကြီးဖြစ်နေပြီပဲ”
ဦးကျော်ခေါင်သည် ဤအိမ်သို့ အရင်က ရောက်ခဲ့ဖူးဟန် ရှိသည်။ မေမေ့ ရွှေလာဂမုန်းပင်ကြီးကို တအံ့တသြကြည့်ပြီး ရေရွတ်လေသည်။
“ဪ... ခြောက်နှစ်တောင် ပြည့်ပြီးသွားပြီပဲလေ”
ထိုစကားကြောင့် ကျွန်တော့်ရင်ထဲတွင် စစ်ခနဲနာကျင်သွားပါသည်။ ခြောက်နှစ် ဟူသော စကားလုံးသည် ဖေဖေ သေဆုံးခဲ့သည့် နှစ်ကာလကို ရည်စူးခြင်းဖြစ်ကြောင်း အလိုအလျောက် အဓိပ္ပာယ်ရပြီးသား ဖြစ်သည်။
“ထိုင်ပါ ဆရာ၊ မေမေ ခါတိုင်းတော့ ၅:၀၀ နာရီဆို ပြန်ရောက်တတ် တာပါပဲ”
သူကြိမ်ထိုင်ခုံအဝိုင်းကြီးတစ်ခုတွင် ဝင်ထိုင်လိုက်ပါသည်။ ကျွန်တော် ဧည့်သည်နှင့် မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်ပြီး ဧည့်ခံစကားပြောဖို့သင့်သည် ဟု သိ၏။ သို့သော်ကျွန်တော်က ဧည့်ခံကောင်းသူတစ်ယောက် မဟုတ်ပါ။ ".. ထို့ကြောင့် ဧည့်သည်ကို မဂ္ဂဇင်းစာအုပ်များနှင့် ထားခဲ့ပြီး မီးဖိုထဲမှာ တစ် ခုခုသွားစားရန် စိတ်ကူးမိပါသည်။ နံရံကပ်စာအုပ်စင်မှာ တင်ထားသော မဂ္ဂဇင်းအချို့ကို ကျွန်တော်ကောက်ယူပြီး ပြင်သစ်မဂ္ဂဇင်းများကို ဘေးဖယ် ထုတ်လိုက်သည်။ ခက်တော့ခက်ပါသည်။ ကျွန်တော်တို့အိမ်မှာ ပြင်သစ် ဘာသာ မဟုတ်သော စာစောင်တွေက တော်တော်ရှားပါသည်။ Today မဂ္ဂဇင်းအချို့၊ Air Mandalay လေကြောင်းလိုင်း မဂ္ဂဇင်းအချို့နှင့်အတူ Threမဂ္ဂဇင်း နှစ်အုပ်သုံးအုပ် တွေ့သည်။ ကျွန်တော် စာအုပ်များကို ဧည့် သည်ရှေ့က ကြိမ်စားပွဲ မှန်ပြားပေါ်မှာတင်ပေးလိုက်၏။
“ကိုပြည်သိမ်းမှာ သားတစ်ယောက်တည်း ရှိတာနော်”
“ဟုတ်ပါတယ်”