Skip to product information
1 of 5

Other Websites

ဂျူး - ကျွန်မချစ်သော မြို့တစ်မြို့

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

          သမီးရေ၊

          ဒီဇင်ဘာလထဲမှာ အန်တီ မန္တလေးကို ခဏသွား ဖြစ်ခဲ့တယ်။ သိပ်မကြာတဲ့ခရီးပေါ့။ သုံးလေးရက်ပါပဲ။ ရထား အထက်တန်းတွဲမှာ ကြုံရတဲ့ စိတ်ရှုပ်စရာ အတွေ့အကြုံနဲ့ ဟာသလေးတွေကိုတော့ လူချင်းတွေ့မှပဲ ပြောတော့မယ်။ ခရီးနဲ့ ပတ်သက်လို့ အန်တို့စိတ်ထဲမှာ စွဲမြဲနေတာကတော့ ရထားသံလမ်း လမ်းဘေးဝဲယာကမြင်ကွင်းရှုခင်းတွေပဲ သမီး ရေ။ အထူးအဆန်းတော့ မဟုတ်ပါဘူး။ ရန်ကုန်-မန္တလေး ရထားကို ခဏခဏ စီးနေခဲ့ရတဲ့ အတွေ့အကြုံအရ ထပ်ခါ ထပ်ခါ တွေ့နေရတဲ့ မြင်ကွင်းအဟောင်းလေးတွေပါပဲ။

          ရထားလမ်းဘေး ရှုခင်းနဲ့ ကားလမ်းဘေး ရှုခင်း ( ဆင်တူသယောင်ယောင် ရှိပေမယ့် အဓိကကွဲလွဲဆန့် ကျင်နေတာ တစ်ခု ရှိပါတယ်။ ဘာလဲဆိုတော့ လမ်းဘေးအိမ်တွေရဲ့ မြင်ကွင်းတွေပဲ။ ကားလမ်းဘေးက အိမ်တွေဟာ ကားလမ်း ဆီကို မျက်နှာမူနေတဲ့အတွက် ကားပေါ်ကခရီးသည် မြင်ရသ မှုမြင်ကွင်းတွေက အိမ်ရှေ့မျက်နှာစာ မြင်ကွင်းတွေ ဖြစ်နေ တတ်တယ်။ ရထားလမ်းကတော့ ကားလမ်းနဲ့ပြောင်းပြန်လေ။ ရထားလမ်းဘေးက အိမ်တွေဟာ ရထားလမ်းကိုနောက်ကျော ပေးပြီး ဟိုဘက်လှည့် ဆောက်ထားကြတာများတယ် သမီးရဲ့။ ရထားလမ်းဆိုတာ အိမ်တွေရဲ့နောက်ဘက်ကနေ ဖောက်ထားတာမဟုတ်လား။ ဒီတော့ ရထားခရီးသည်ဟာ ပြတင်း ပေါက် ကနေ လှမ်းကြည့်ရင် အိမ်တွေရဲ့ နောက်ဖေးမြင်ကွင်းကိုပဲ မြင်ရတတ်တယ်။ အိမ်တစ်အိမ်ရဲ့ ဟန်ဆောင်မှုမပါ ဖုံးကွယ် မှုမပါတဲ့ ပကတိအရင်းခံ မြင်ကွင်းကို မြင်ချင်ရင် ရထား ပြတင်းပေါက်ကနေ ကြည့်မှ ဖြစ်မယ်။ အဲဒီမြင်ကွင်းမှာက အိမ်ရှေ့မြင်ကွင်းလို ပန်းစိုက်အိုး၊ ပန်းပင်လေးတွေ မရိုး မြက်ခင်းပြင်နဲ့ အလှစိုက် ချုံနွယ်ပန်းပင်လေးတွေ မရှိဘူး။

          နောက်ဖေးဆိုတော့ အပတ်ကြိုးတန်းတွေ မြင်ရနိုင်တယ်။ အဝတ်ကြိုးတန်းတောင်မှ ယောပုဆိုးနဲ့ အကို တွေဟာ အိမ်ရှေ့မှာ နေရာယူတတ်တာမို့ များသောအားဖြင့် အန်တီတို့ မြင်ရတာက မိန်းမထမီနဲ့ အင်္ကျီ တွေ။ အဓိကကတော့ ထမီတန်းတွေပေါ့ကွယ်။ ကလေးရှိတဲ့အိမ်တွေမှာ ကလေးအနှီးနဲ့ ချီစောင်အဟောင်းတွေ၊ အိပ်ရာခင်းစောင်အဟောင်းတွေ၊ တချို့ဆို စုတ်ပြရာလေးတွေ ဖာထေရာလေး တွေနဲ့ပေါ့။ ကြည့်ရတာတော့ ကလေးသေ။စိုအဝတ်တွေ ဖြစ်မှာပေါ့။ ပြီး ရေချိုးတဲ့ ရေတိုင်ကီပိုင်းပြတ်တွေ၊ အဝတ်လျှော်တဲ့ အုတ်ခုံ ဒါမှမဟုတ် အုတ်ခဲအစုအဝေး ဒါမှမဟုတ် ဖျဉ်ရုပ်တွေနဲ့ ရေချိုးအဝတ်လျှော်နေတဲ့ မိန်းမတွေကို တွေ့နိုင်တယ်။ ရေချိုးခန်းမရှိတဲ့အိမ်တွေမှာ မိန်းမတွေအတွက် ရေချိုးစရာ နေရာဟာ နောက်ဖေးနေရာကိုးကွယ်။ ဝက်တွေ၊ ကြက်တွေ၊ စားတွေ မွေးထားတဲ့ အိမ်မှာတော့ စားကခွက်၊ ဝက်တခွက်တွေနဲ့ တုံးလုံးပက်လက် လဲလျောင်းနေတဲ့အကောင်တွေကို မြင်ရနိုင်တယ်။

          အန်တီစိတ်ကို မကြည်မလင် ဖြစ်စေတာက အိမ်ခြံ စည်းရိုးအောက်ခြေနဲ့ ခြံစည်းရိုးရဲ့ အပြင်ဘက်မှာ မြင်နေရတဲ့ အမှိုက်သရိုက်တွေ၊ အိမ်ထောကအမှိုက်ပုံတွေ၊ အမှိုက် နဲ့မြေကြီးနဲ့ ရောပြီး စုပုံနေတဲ့ အညစ် အကြေးတွေ၊ အဲဒီအထဲမှာမှ ဖွေးခနဲ မြင်နေရတဲ့ ကြွပ်ကြွပ်အိတ်အမှိုက်တွေ ပါပဲ။

          အိမ်တစ်အိမ်ရဲ့ စွန့်ပစ်ပစ္စည်းတွေကို အဖိုး အစားနဲ့ အချိုးအဆ ခွဲခြားကြည့်လိုက်ရင် ဘယ်နှစ်မျိုး ရနိုင်မလဲလို့ အတိအကျ တစ်သမတ်တည်း အဖြေမထွက် - နိုင်ပေမယ့် အများဆုံး စွန့်ပစ်ပစ္စည်းဟာ ကြွပ်ကြွပ်အိတ် ပဲဆိုတာတော့ မငြင်းနိုင်ဘူးထင်တယ်နော်။ အအ အန်တို့အိမ်က အမှိုက်ပုံကိုပဲကြည့်။

          အဲဒီအမှိုက်ပုံးထဲမှာ ထမင်းကျန်၊ ဟင်းကျန်တွေစုထုပ်တဲ့ ကြွပ်ကြွပ်အိတ်၊ အသီးအရွက် အပိုပစ္စည်း တွေ - စုထုပ်ထားတဲ့ ကြွပ်ကြွပ်အိတ်၊ အိမ်ပေါ်ကို အလုံးအရင်းနဲ့ဟက်လာတဲ့ ဖုံတွေကိုလှည်းရာက ရလာတဲ့ အမှိုက်သရိုက် တွေ စုထုပ်ထားတဲ့ ကြွပ်ကြွပ်အိတ်၊ ဆုတ်ဖြဲပစ်လိုက်တဲ့ စက္ကူ အပိုင်းအစတွေနဲ့ ဘူးခွံတွေကို စုထုပ်ထားတဲ့ ကြွပ်ကြွပ်အိတ်အမျိုးမျိုးသော ကြွပ်ကြွပ်အိတ်တွေနဲ့ ပြည့်နေတာပဲ။

          အဲဒီ ကြွပ်ကြွပ်အိတ်တွေကို ဘယ်ကရလာသတဲ့လဲ။

          အခုခေတ်မှာ ဘာပစ္စည်ဝယ်ဝယ် ကြွပ်ကြွပ်အိတ် ကလေးတွေနဲ့ ထည့်ပေးလိုက်ကြတာကိုး၊ အာလူး ငါးဆယ် သား ဝယ်ရင်လည်း ငါးဆယ်သားဆန့်တဲ့ ကြွပ်ကြွပ်အိတ်၊ကုလားပဲခွဲခြမ်း တစ်ဆယ်ကျပ်သား ဝယ်ရင်လည်း ကြွပ်ကြွပ် အိတ်၊ ခရမ်းချဉ်သီး နှစ်ဆယ်သား ဝယ်ရင်လည်း ကြွပ်ကြွပ်ဒီခေတ်ကို ပလတ်စတစ်ခေတ်၊ ဒါမှမဟုတ် ကြွပ်ကြွပ် အိတ်ခေတ်လို့ ပြောရမယ်ထင်တယ်နော်။ အန်တီတို့ ငယ်ငယ်တုန်းက အန်တီမေမေ၊ သမီးတို့ ဘွားဘွား ဈေးဝယ်သွားရင် လက်ဆွဲခြင်းကို အမြဲယူသွား တာသမီးရဲ့၊ ကြိမ်နဲ့ ရက်ထားတဲ့ လက်ဆွဲခြင်းပေါ့။ လက်ဆွဲခြင်းကတော့ အမျိုးမျိုးကိုင်တာ မြင်ဖူးပါရဲ့။ ဟိုး ခေတ် ငယ်ငယ်တုန်းက လက်ဆွဲခြင်းအဝိုင်း၊ လက်ကိုင်ရိုး တစ်ခုတည်း တပ်ထားပြီး ခြင်း၏တ်ခမ်းသား ကြိမ်အခွေရဲ့ အောက် ဖက်မှာ ပန်းနွယ် ပန်းလိပ်ကလေးတွေဖော်ပြီး ရက်ထားတဲ့ ဈေးခြင်းတောင်း လက်နဲ့ဆွဲလာရတာ ညောင်းရင် လက် ဖဝါးနဲ့ လက်ချောင်းတွေ နာရင် တံတောင်ဆစ်မှာ လက်ကိုင် ကို ချိတ်ယူပြီး နဲ့ တင်ပါးနဲ့ ထိန်းပြီး သယ်မယ်ဆိုရင် - သယ်လို့ရတဲ့လက်ဆွဲခြင်း နည်းနည်းခေတ်ပြောင်းလာအော့ လက်ကိုင်ကွင်းနှစ်ခုနဲ့ ထိန်းတဲ့ကြိမ်ခြင်း၊ လေးထေ အရှည်။ နောက်ပိုင်းခေတ်မှာ ပလတ်စတစ်ဆွဲခြင်းရောင်စုံတွေ ပေါ်လာတော့ အိမ်က ကြိမ်ခြင်းတွေဟာ မီးဖိုထဲက သံချိတ်တွေမှာ ကြပ်ခိုးစွဲ၊ မှိုင်းတက်လို့။ ပလတ်စတစ်ခြင်း ကသာ နေ့စဉ် ဈေးဝယ်ရာမှာ အသုံးခံရတဲ့ ပစ္စည်းဖြစ်လာရော။ ပလတ် စတစ်ဟာ တော်တော်အရေးကြီးပြီး အသုံးဝင်တဲ့ အစားထိုး ပစ္စည်းတစ်ခု ဖြစ်လာတာပဲ သမီးရေ။

          ကြွပ်ကြွပ်အိတ် ခေတ်မစားခင်က အန်တီတို့ ဘာ ပစ္စည်းတွေနဲ့ ထုပ်ပိုးခဲ့ကြသလဲ။

          အန်တီတို့ ငယ်ငယ်တုန်းက အသားငါးဝယ်ရင် အင်ဖက်ကြီးတွေနဲ့ ထုပ်ပေးလေ့ရှိတယ်။ ဒီအင်ဖက် ကြီး တွေဟာ သစ်တောပြုန်းတီးရေးကို ဦးတည်နေလေသလား လို့ အန်တီတို့ သိပ်သတိမထားခဲ့မိကြဘူး ထင်ပါရဲ့ကွယ်။ သုံးလို့ဖြင့် ကောင်းမှကောင်း၊ ပန်းဝယ်ရင်လည်း ပန်းစည်းကို အင်ဖက်နဲ့ပတ်ရစ်ပြီး ထုပ်ပိုးပေးလိုက်တာ။ “မောင်မ” ပဲစိမ်းရေစိမ်တို့၊ ပဲကြီးရေစိမ် အညှောင့်ပေါက်တို့ကို ဝယ် ရင်လည်း အင်ဖက်ကြီးတစ်ရွက် ဒါမှမဟုတ် ပစ္စည်းများရင် နှစ်ရွက်။ အနားချင်းထပ်မိအောင်ပေါင်း၊ ကန်တော့ပုံစံချိုး သွားကြားထိုးတံထက် နည်းနည်းကြီးတဲ့ ဝါးတုတ်တံသေး သေး ကလေးတွေနဲ့ အောက်ခြေပိုင်းမှာ တွဲလိုက်တာပဲ။ ၂ ကန်တော့ထဲကိုမှ အခွံညှစ်ပြီးသား ပဲတွေထည့်ပြီး အ ( ပေါ်က အဝကိုလည်း အပေါ်ပိုင်း အင်ဖက်ကိုပြန်ခေါက် ချိုးပြီး တုတ်တီတစ်ခု နဲ့ ထပ်ထိုးပြီး တွဲပေးလိုက်တဲ့အခါ သေသေသပ်သပ် 7 ထုပ်ပိုးပြီးသား ဖြစ်သွားရော။

          မုန့်ဟင်းခါးဖတ်တို့၊ အသုပ်စုံတို့ အဆင်သင့်စားရမယ့် အစားအစာတွေ ဝယ်တဲ့အခါမှာ သုံးလေ့ရှိတဲ့ နောက် တစ်မျိုးကတော့ ငှက်ပျောဖက်ပဲ။ ငှက်ပျောဖက်တွေရဲ့ အတွင်းပိုင်း (အပေါ်ပိုင်း)အခြမ်းကို အဝတ်နဲ့ ပြောင်နေအောင် ် ပွတ်သုတ်ပြီးမှ စားစရာကို ထည့်ထုပ်ပေးလေ့ရှိတယ်။

          နောက်တစ်မျိုးက ညောင်ရွက်။ ညောင်ရွက်ကတော့ အန်တီတို့ အညာပိုင်းမြေလတ်ပိုင်းမှာ ခပ်သေးသေး စားစရာ တွေကို ထုပ်ပေးရာမှာသုံးတယ်။ တချို့ဒေသတွေမှာ ညောင် ရွက်အစား ပိန်းကြာရွက်ကို သုံးတယ်။ တုတ်တံလေးနဲ့ထိုးပြီး အထုပ်ကို ပိတ်ပေးရင်ပေ။ မပေးရင် နှီးကြိုးကို သုံးပြီး ချည်ပေးလေ့ရှိတယ်။ အန်တီတို့ ငယ်ငယ်တုန်းက မေမေ လက်ဖက်ဝယ်တဲ့အခါ ဇရန်းလက်ဖက်ကိုမှ အထုပ်လိုက် ဝယ်တာ တွေ့ဖူးတယ်။ ဇရန်းလက်ဖက်ဆိုတာ တကယ့်ကို လက်ဖက်အညွန့်ကလေးတွေချည်းရခဲ့တာ သမီးရဲ့၊ အဲဒီ လက်ဖက်တွေကို ငှက်ပျောဖက်နဲ့ လုံးလုံးရှည်ရှည်လေး တွေ ကျစ်လျစ်နေအောင်ထုပ်ထားတာ။ အထုပ်ကလေး တွေကို နှီးကြိုးနဲ့ အထက်အောက်၊ ဘေးတိုက်ပတ် ချည်ထား တဲ့အခါ ငှက်ပျောရွက်စိမ်းစိမ်းနဲ့ နှီးကြိုးဖြူဖြူနဲ့ သိပ်လှတာပဲ။ ဆလင်ဒါပုံစံ လက်ဖက်ထုပ်ကလေးတွေပေါ့။ ၁၀ သားထုပ်၊ အစိတ်သားထုပ်စသည်ဖြင့် ရောင်းလေ့ရှိတယ်။

          နောက်ပြီး အန်တီမှတ်မိတာတစ်ခု ရှိသေးတယ်။ အန်တီငယ်ငယ်က စားခဲ့ရတဲ့ ထန်းသီးမုန့်၊ ထန်းသီးမုန့်ကို အပိုင်းအပြားကြီးကနေ ဓားနဲ့လှီးဖြတ်ပြီး ရောင်းတာက တစ်မျိုးလေး အန်တီ မှတ်မိနေတဲ့ တခြားတစ်မျိုးက တစ် ခုချင်း ညောင်ရွက်နဲ့ထုပ်ပြီး ကန်တော့ချွန်ပုံစံ ထန်းသီးမုန့် လေးတွေ လုပ်ထားတာ။ ညောင်ရွက်က ဗောဓိညောင် မဟုတ် ဘူးလေး ပိန္နဲညောင်ခေါ်မလာ၊ ပင်ညောင်ခေါ်မလား၊ ဒါ အမျိုးအစား။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)