ဂျူး - ကျွန်မချစ်သော ကမ္ဘာမြေ
ကမ္ဘာကြီးပူနွေးလာခြင်း
သမီးရေ
ရေနံချောင်းမှာ ဆောင်းဝင်နေပြီလား
ဒီရန်ကုန်မှာတော့ ဆောင်းနဲ့တူတာဆိုလို့ ညနေ နေဝင်စောတာ တစ်ခုပဲပြောစရာရသေးတယ်။ ပူအိုက်မြဲ ပူအိုက်လျက်ပါပဲ။
ဒီနှစ် မိုးနှောင်းကောင်းလို့ ဆောင်းရာသီမှာ အအေးပိုမယ်လို့ ခန့်မှန်း တဲ့စကားတွေ ကြားရတယ်။ အအေးကို အန်တီကဝမ်းမြောက်ဝမ်းသာကြိုဆိုဖို့ ပြင်နေတုန်း အပူကိုပဲ တစ်နေ့ပြီးတစ်နေ့လက်ခံနေရတယ်။ ဒီနှစ် ဆောင်း အဝင်တ အခုထိတော့ အရင်နှစ်တွေထက်ပိုပူနေတုန်းပဲ။ ရုပ်မြင်သံကြားက ပြောပြတဲ့ မိုးလေဝသအခြေအနေမှာ အမြဲမြင်တွေ့နေရတဲ့ မြို့တွေရဲ့ အပူဒီဂရီ တွေကတော့ ဆောင်းနဲ့တော်တော်ကို ဝေးသေးတယ်ဆိုတာ ပြနေလေရဲ့ကွယ်။ သူတို့ ပြောပြောနေတဲ့ Global Warming (ကမ္ဘာကြီး ပူနွေးလာခြင်း) ဆိုတာ..
ဒါပဲထင်ပါရဲ့။
အန်တီတို့ငယ်ငယ်တုန်းကတော့ ဆောင်းရာသီဆိုရင် တကယ် နှင်းမြူတွေဆိုင်းလို့ ချမ်းလိုက်တာကလည်း မပြောပါနဲ့တော့။ ရေနံချောင်းအိမ်ရဲ့ ဧည့်ခန်းမှာ မီးလင်းဖိုထားခဲ့ရတယ်လေ။ မီးလင်းဖိုရဲ့ဘေးမှာ မိသားစုပိုင်း ထိုင်ပြီး ညတွေမနက်တွေမှာ မီးလှုံကြရတယ်။ အန်တီတို့ ကလေး တစ်သိုက်ကစာကျက်၊ မေမေကထပင်မြစ်လို့အန်တီတို့ခေါ်တဲ့ ထန်းမြစ်တွေကို မီးဖုတ်ပေးလို့စာကျက်လိုက်၊ မီးလှုံလိုက်၊ ထန်းပင် မြစ်တွေစားလိုက်နဲ့ အေးချမ်းရတဲ့အရသာကို အခုပြန်စဉ်းစားရင် - အခုထိလွမ်းနေတုန်းပဲ။ အခုသမီးတို့ဆီမှာ ဆောင်းဟာဆောင်းနဲ့တူ အောင်အေးသေးရဲ့လား။
Global Warming ဆိုတဲ့ ကမ္ဘာကြီးပူနွေးလာမှုဟာ တော်တော် ကြောက်စရာကောင်းတဲ့ ခြိမ်းခြောက်မှုအန္တရာယ်ကြီး တစ်ခုပဲလို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေက ထောက်ပြ ကြတယ်။
Global Warming ဆိုတာကို သမီးနားလည်အောင် အကြမ်းဖျဉ်းပြောရရင်တော့ နေ့စဉ်စက္ကန့်နဲ့အမျှထွက်နေတဲ့ ကာဗွန် ဒိုင်အောက်ဆိုက် CO, ဓာတ်ငွေ့တွေကြောင့် လေထုအပူချိန်တက် လာပြီး ကမ္ဘာကြီးပူနွေးလာတာကိုခေါ်တာပါ။ ။
ရန်ကုန်မြို့ရဲ့ လေထုထဲမှာ ကာဗွန်ဒိုင်အောက်ဆိုက်ဓါတ်ငွေ့ ဘယ်အချိုးအဆအထိတက်နေပြီလဲလို့ တို့အတိအကျမသိနိုင်ပေမဲ့ ကိုယ်ရှူသွင်းရတဲ့လေဟာ အရင်လိုအရသာမရှိတော့တာ၊ အဆုတ် အပြည့် အားပါးတရမရှူဝံ့လို့ အသက်ကိုမျှဉ်းပြီးလှူနေကြရတာ၊ ခံစား သိနဲ့သိနိုင်တဲ့အဆင့်အထိ အပူရှိန်တွေ တစ်နှစ်ပြီးတစ်နှစ် မြင့် တက်လာတာ၊ ဒါတွေဟာ ကောင်းတဲ့လက္ခဏာတော့ 'မဟုတ်ဘူး သမီးရေ။
ကာဗွန်ဒိုင်အောက်ဆိုက် အချိုးအဆက ဘယ်လိုကြောင့် မြင့်တက်လာရသလဲလို့ သမီးမေးရင်တော့ အချက် (၃)ချက်ကို အကြမ်းအားဖြင့် ပြောပြရမယ်။
(၁) သစ်ပင်တွေ သစ်တောတွေ ပြုန်းတီးကုန်မှု၊ အဲဒါကို သူတို့က Deforestation လို့ စကားလုံး သုံးတယ်။
(၂) မြို့ကြီးတွေမှာ လူဦးရေ ထူထပ်ကျပ်သိပ်လာမှု Population Growth sulmusu Go.com 08:cqua မတန် များပြားလာတဲ့အခါ မြို့ ရဲ့ ဧရိယာစတုရန်းမိုင်နဲ့ မမျှတအောင် ကျပ်သိပ်လာလေ့ရှိတယ်။
(၃) စက်မှုနည်းပညာတွေ အသုံးများလာမှု Technological Growth ဟာလည်း လေထဲမှာကာဗွန်ဒိုင်အောက်ဆိုက် မြင့်လာ စေတဲ့ အကြောင်းရင်းတစ်ခုပဲပေါ့။
လေထုညစ်ညမ်းမှု
ကာဗွန်ဒိုင်အောက်ဆိုက် အချိုးအဆများလာတဲ့ လေထု ကြောင့် တိုက်ရိုက်ဖြစ်တာက အပူချိန်တက်လာတာ။ အပူချိန်တက် တော့ ရာသီဥတုတွေ ပြောင်းလဲဆိုးဝါးကုန်တာပေါ့။ ဒါ့အပြင် လေထု ထဲမှာ ဓာတ်ငွေ့တွေ အချိုးအဆမညီမညာ ပြောင်းလဲကုန်တဲ့အခါ အိုဇုန်းအလွှာ ပေါက်ကွဲမှုတွေဆိုတဲ့ကြောက်စရာအန္တရာယ်တွေ ကြုံ လာရတာပေါ့။ အန်တီတို့ ရန်ကုန် အထက်က ကောင်းကင်မှာ အိုဇုန်းလွှာမပေါက်ပါစေနဲ့လို့ ဆုတောင်း နေကြရမှာပဲ။ အိုဇုန်းလွှာဆိုတာကိုသမီးသိတယ်မဟုတ်လား။ နေဆီကနေလာတဲ့Ultra Violet ခရမ်းလွန်ရောင်ခြည်တွေကို ကမ္ဘာကြီးဆီ မရောက်အောင် တားပေးတဲ့ ကြား အလွှာတစ်ခုလေ။ ။
Antarctica ပေါ်က အိုဇုန်းလွှာ အပေါက် အကြီးကြီးကိုလေ။ သူတို့ အဲဒီအပေါက်ကိုဖာဖို့ ကြိုးစားနေကြလေရဲ့၊ အိုဇုန်းလွှာကသာ ဒီခရမ်းလွန်ရောင်ခြည်တွေကို ကာကွယ်မပေးနိုင်ခဲ့ရင် ဖြစ်လာမယ့် အန္တရာယ်ပေါင်းမြောက်မြားစွာထဲမှာ အသိသာဆုံးကတော့ အရေ ပြားကင်ဆာပါပဲတဲ့။
လေထုထဲမှာ ဓာတ်ငွေ့တွေအချိုးအဆပြောင်းလဲကုန်တဲ့ အခါ လေထုဟာညစ်ညမ်းလာတယ်။ လေထုကိုယ်တိုင်က သန့်စင်မှု မရှိတော့တဲ့အခါ ဒီလေထုဟာ မကောင်းတဲ့ဓာတ်ငွေ့တွေကို ဘယ်လို - လုပ်ပြီး စစ်ထုတ်ပေးနိုင်တော့မလဲ။ အန်တီတို့ မြို့ကြီးတွေမှာ စက်ရုံဆောက်လို့ရလာတဲ့ ဘေးထွက်ပစ္စည်းဓာတ်ငွေ့တွေ၊ ဓာတုဗေဒ ပစ္စည်းတွေ၊ အဓိကအားဖြင့် မီသိန်းဓာတ်ငွေ့တွေ၊ ဒါတွေကို လေထုက သန့်စင်မပေးနိုင်တော့ဘူးပေါ့။ အဲဒီတော့ ဘာဖြစ် လာမလဲ။ အန်တီတို့လူသားတွေ နေရတဲ့ လေထုဟာ အဆိပ်အတောက်ဖြစ်တဲ့ဓာတ်ငွေ့တွေကို ရောနှောထား on Toxic cocktail : Gedansoorsolda
ရေထုညစ်ညမ်းမှု
ကမ္ဘာကြီးပူနွေးလာလို့ ကမ္ဘာ့ရေပြင်ထုမြင့်တက်လာမယ် ဆိုရင် သမီးအဲဒါကို နားလည်နိုင်ပါ့မလား။
တို့ကမ္ဘာကြီးမှာ ရေခဲပြင်ဒေသတွေရှိတာ သမီးသိသားပဲ။ အဲဒီရေခဲတောင်ကြီးတွေ ရေခဲပြင်ကြီးတွေဟာ အရည်ပျော်လာမယ်။ ဒီတော့ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာတာပေါ့။ မြို့တွေကို ရေလွှမ်းမိုးမှုဖြစ်လာမယ်။ မြေပြင်ရောရေပြင်ရော ညစ်ညမ်းကုန်မယ်။
ရေနံချောင်းမှာ ဧရာဝတီမြစ်ရေတက်ချိန်ဆိုရင် အန်တီတို့ ငယ်ငယ်က မြစ်ရေလျှံတဲ့ ပတ်ဝန်းကျင်ကို သွားသွား ကြည့်ကြရတာ အလေ့အထတစ်ခုပဲ။ ရေကြည့်သွားမလို့လို့ အန်တီတို့ပြောကြတယ်။ အိမ်ထဲမှာရေတွေဝင်ပြီး ရေတွင်းတွေရော အိမ်သာတွေရော မြစ်ရေဖုံးလို့ တစ်အိမ်လုံးရေပြင်ဖြစ်နေ ရတဲ့အိမ်တွေကို အန်တီတို့က ခပ်လှမ်းလှမ်းဘုရားအမြင့်ဆီကလှမ်းကြည့်ပြီး အထူးအဆန်း မြင်ကွင်းမို့ ပျော်ခဲ့ကြတယ် ။စဉ်းစား ကြည့်စမ်းပါ။ အဲဒီအိမ်တွေမှာနေတဲ့ အိမ်သားတွေဘယ်လောက် စိတ်ပျက် စိတ် ညစ် နေမဲ့အချိန်လဲ။ အဲဒီ ပတ်ဝန်းကျင်မှာ လေထုတွေ၊ ရေထုတွေ ဘယ်လောက် ညစ်ပတ် လာမလဲလို့ အန်တီတို့ ဘယ်တွေးမိမလဲ။ ကာယကံရှင်တွေကတော့ ဒုက္ခတွေကို စိတ်ပျက် ရလောက်အောင်ကို ခံစားခဲ့ကြရမှာပဲနော်။ ' အဲဒါ ရေနံချောင်းမှာ ဧရာဝတီမြစ်ရေတက်တဲ့ဒုက္ခပဲ ရှိသေး တယ်။ ဧရာဝံတီမြစ်ရေဟာ တစ်နိုင်ငံလုံး နေရာအနှံ့အပြားမှာ တစ်ပြိုင်တည်း လျှံတာ။ ဒါ့အပြင် သံလွင်၊ စစ်တောင်း၊ ချင်းတွင်းမြစ် အားလုံး ရေတက်ရေလျှံဖြစ်တာ။ ဒါ့အပြင် ပင်လယ်တွေအကုန် ဒီရေတက်လိုက် ကျလိုက်ဖြစ်နေတာ ကမ္ဘာမြေကြီးမသန့်ရင် ရေထု လည်းညစ်မယ်။ ရေထုညစ်ရင် လေထုရော ကမ္ဘာမြေရောညစ်မယ်။ အပြန်အလှန်ပေါ့ကွယ်။ လူတွေသန်းနဲ့ချီပြီး သေကုန်ကြမယ့်အဖြစ် ဟာ ပေါ့ပေါ့အန္တရာယ်လေးတော့မဟုတ်ဘူးပေါ့။
အန်တီတို့ အဓိကသုံးနေတဲ့ ဧရာဝတီမြစ်ကြီးဟာရောဘယ်လောက် သန့်နေသေးလို့လဲ။
သမီးက မရောက်ဖူးလို့ ဧရာဝတီမြစ်ရဲ့ အစပိုင်းဟာ ဘယ်လောက်သန့်တယ်ဆိုတာ သိမှာမဟုတ်ဘူး။ သမီးသိမှာက ရေနံချောင်းမှာ မြစ်ရေတက်တဲ့အချိန်ရဲ့ ဧရာဝတီရှုခင်းပဲသိမယ်။ ရေနံချောင်းကနေ ကုန်းဇောင်းကို မော်တော်နဲ့ဖြတ်ရစဉ်က သမီး မြင်ရတဲ့ ဧရာဝတီမြစ်ရေအရောင် ရွှံ့ရောင်ဖြစ်နေတာပဲသိမယ်၊
တကယ့် ဧရာဝတီမြစ်ရဲ့ အစဟာလေ ဟိုးအောက်ခြေ ကျောက်စရစ်ခဲတွေကို အပေါ် ကနေ ထွင်းဖောက်မြင်နေရလောက် အောင် သောက်ရေလိုပဲကြည်လင်နေတဲ့ ဧရာဝတီသမီးရဲ့။ ဟိုး အောက်ကသဲပြင်ကို မော်တော်ပေါ်ကရွံ့ကြည့်ရင် အတိုင်းသား မြင်နေရတဲ့ ဧရာဝတီ။ အဲဒီဧရာဝတီဟာ မြစ်ဆုံကနေ ဗန်းမော် လောက်အထိ သန့်စင်ကြည်လင်နေတာ။ မြစ်ရေကို ဒီအတိုင်း သောက်လို့ ရလောက်တယ်။
အန်တီတို့ဆီရောက်လာတဲ့ ဧရာဝတီကတော့ အဲဒီလိုမကြည် လင်တော့ဘူးပေါ့။ မြို့အထပ်ထပ်၊ နယ်အရပ်ရပ်ကို ဖြတ်လာပြီး နုန်းမြေတွေ မြေဆီလွှာတွေ ကမ်းပါးမြေပြင်တွေကို တိုက်စားသယ် ဆောင်လာခဲ့တဲ့ဧရာဝတီဟာ မြို့တိုင်းမြို့ တိုင်းရဲ့ အညစ်အကြေး တွေကိုပါ သယ်ခဲ့ရတာလို့ အန်တီပြောရင်သမီး အံ့ဩမလား။
လှေတွေ မော်တော်တွေပေါ်က အညစ်အကြေးပေါင်းစုံ၊ ဆိပ်ကမ်းမြို့ပေါင်းက အညစ်အကြေးပေါင်းစုံတွေထဲမှာ လူ့မစင်တွေ၊ စားကြွင်းစားကျန်တွေ၊ အမှိုက်တွေ၊ ခွေးသေကောင်ပုပ်တွေ၊ စက်ရုံ အညစ်အကြေးအဆိပ်အတောက်ပစ္စည်းတွေ အများကြီး အများကြီး။ သမီးစဉ်းစားလို့ရသမျှ ရွံစရာအညစ်အကြေးမှန်သမျှ ဧရာဝတီမြစ် ထဲကို ရောက်တယ်လို့ တွက်လိုက်စမ်း။ ဘယ်လောက်ဆိုးဝါးလိုက် သလဲနော်။
သန့်စင်ကြည်လင်နေတဲ့ ရေကန်တစ်ခုထဲကို အညစ်အကြေး တစ်စက်ကျသွားတာမသိသာပေမယ့် ညစ်နေတဲ့ရေပြင်ထဲကိုကျသွား တဲ့ နောက်ထပ်အညစ်အကြေးတစ်စက်ဟာ အဆိပ်အတောက် ဖြစ်လာစေတယ်လေ။
ရေထုညစ်ညမ်းမှုကို အမြဲတိုင်းထွာတွက်ချက် နေတဲ့ ဥရောပနဲ့ အမေရိကနိုင်ငံတွေမှာ ကမ်းစပ်မြစ်ရေး ပင်လယ်ရေ၊ သမုဒ္ဒရာရေတွေရဲ့ အညစ်အကြေးအချိုး အဆကိုသိနေကြတယ်။ တချို့ ကမ်းစပ်တွေဆို ညစ် ညမ်းကုန်ကြပြီကွဲ။ ရေကို သောက်ရေအဖြစ်သုံးဖို့မဆို ၊ ထားနဲ့ ရေဆင်းချိုးဖို့တောင် အာဏာပိုင်တွေနဲ့ တားမြစ်ယူကြတယ်။ ကျန်းမာရေးထိခိုက်မှာစိုးလို့ပေါ့ သမီးရယ်။
အန်တီတို့ရဲ့ ဧရာဝတီကမ်းစပ်မှာ ရေရဲ့ အညစ်အကြေးအမျိုး အဆကို စနစ်တကျ တိုင်းထွာပြီးသိမထားပေမယ့် အညစ်အကြေး အမှိုက်ပေါင်းများစွာကို သွန်ချခံနေရတာ မျက်မြင်ပဲမို့ ရေဟာ ညစ် နေပြီဆိုတာလောက်တော့ အားလုံးသိပါတယ်။ ဧရာဝတီမြစ်ရေကို သုံးတဲ့အခါ တချို့က ရေကိုကြည်အောင် အနည်ထိုင်အောင် စစ်ယူ ကြတယ်။ အပေါ်ယံစစ်ထားတဲ့ ရေခပ်ကြည်ကြည်ထဲမှာ အဆိပ် အတောက်အညစ်အကြေးဓာတ်တွေ နည်းကုန်ပါစေလို့ ဆုတောင်းရ မှာပဲပေါ့ သမီးရယ်။ မြေထုညစ်ညမ်းမှုသစ်တောပြုန်းတာကြောင့် သောက်သုံးရေနည်းလာသလို တစ်ဖက်မှာ ကာဗွန်ဒိုင်အောက်ဆိုက်စုပ်ယူသန့်စင်ပေးမယ့်သစ် တောတွေမရှိတဲ့အခါ လေထုနဲ့အတူ မြေထုပါညစ်ပတ်လာတော့ တယ်။ သူတို့တွက်ချက်ထားတာကဖြင့် ကြောက်စရာကြီးပါကွယ်။ ကမ္ဘာကြီးမှာ တစ်စက္ကန့်ကို သစ်တောတစ်ဧကခွဲနှုန်းနဲ့ ပြုန်းတီးနေ သတဲ့။ ဒီနှုန်းအတိုင်းသာဆိုရင်ဖြင့် နောက်ရာစုနှစ်တစ်ဝက်မှာ ရှိသမျှသစ်တောအကုန် ကုန်သွားမှာပဲတဲ့။