ဂျူး - ကျွန်မချစ်သောနိုင်ငံ
ရေ... ရေ... ရေ
သမီးရေ...
ဒီတစ်ခါ သမီးကို ပြောပြမယ့် အကြောင်းအရာက ရေနဲ့ပတ်သက်တယ် ရေအကြောင်း ပြောမယ်ဆိုတော့ သမီးလေးက ရယ်ချင်ရယ်ပစ်လိုက်မိမှာပေါ့နော် “ရေများ အထူးအဆန်းလုပ်လို့ ရေအကြောင်း သမီးသိပြီးသားပဲ”လို့ နှာခေါင်းရှုံးခင် ငါ့မိမှာပဲပေါ့။ အဲဒီ သမီးသိပြီးသား “ရေ”ကိုပဲ အင်မတန်စိတ်ဝင်စားစရာကောင်း တဲ့ ရှုထောင့်တွေကနေ စောင့်ကြည့် လေ့လာစစ်ဆေးရာက တွေ့လာရတဲ့ကောက်နုတ်ချက်တွေကို အန်တီက ဗဟုသုတအဖြစ် ပြောပြချင်လို့၊
အန်တီငယ်ငယ်တုန်းက ရေဆိုတာ အလကားရနိုင်တဲ့အရာလို့ သိခဲ့တာ။ ဘာဖြစ်လို့လဲဆိုတော့ အိမ်ထဲကို ရေရောက်လာအောင် ခပ်ယူတဲ့အခါ ဘယ်တုန်းကမှ ဘယ်သူ့ကိုမှ ပိုက်ဆံမပေးခဲ့ရဖူးလို့ပဲပေါ့။
အန်တီတို့ငယ်ငယ်က နေခဲ့တဲ့အိမ်ကို သမီးက မမီလိုက်လို့ သိမှာမဟုတ်ဘူး။ သမီးကိုကိုကတော့ အဲဒီအိမ်ကို မွေးစပေါက် ကလေးငယ်ဘဝမှာ နေခဲ့ရဖူးတယ်။ အန်တို့ဖေဖေ သမီးရဲ့ဘဘက အင်မတန်ခေတ်မီတဲ့လူမို့ အန်တီတို့အိမ်ဟာ တိုက်မဟုတ်ပေမယ့် တိုက်ခံအိမ်ဖြစ်ခဲ့တယ်။ ဝိုင်းအပြည့် ဘိလပ်မြေသမံတလင်၊ ခင်း ထားတာ။ ဟိုးရှေးခေတ်ကပဲ ဘိလပ်မြေ ကောင်းလို့လား၊ ဖေဖေကပဲ ဘိလပ်မြေ မနှမြောဘဲ ကိုယ်တိုင် ကောင်းကောင်းစီမံခဲ့လို့လား မသိဘူး။ အိမ်က သမံတလင်းဟာ အိမ်ရှေ့ရော အိမ်နောက်ဖေးပါ
ပြောင်ချောပြီး စိမ်းနေတာမှ အရောင်တောင်လက်နေတယ် သမီးရေး။ အဲဒီအိမ်မှာ ဖေဖေက အုတ်ရေကန် အကြီးကြီး သုံးခု ဆောက်ခဲ့တာ အိမ်ရှေ့မှာတစ်ခု၊ မီးဖိုခန်းမှာတစ်ခု၊ မိန်းကလေးတွေရေချိုးဖို့ ရေချိုး ခန်းမှာ တစ်ခု။ အန်တီ ငယ်ငယ်တုန်းက အိမ်မှာ ကိုယ်ပိုင်ရေစက် ရှိခဲ့တယ်။ အန်တီ အသက်နည်းနည်းကြီးလာလို့ သိတတ်ခါစ အရွယ် ရောက်တော့ ဖေဖေက ရေစက်ကို ဖြုတ်လိုက်တယ်။ ဖြုတ် ရောင်း လိုက်တယ်လို့ ထင်တာပဲ။
အဲဒီ အုတ်ကန်သုံးခုလုံး ပြည့်နေအောင် အန်တီမေမေနဲ့ အန်တီတို့ မောင်နှမတွေ ရေခပ်ခဲ့ကြတာဟာ အလကားရတဲ့ ရေတွေ သမီးရဲ့။ အန်တီတို့အိမ်ထောင့်မှာ ပြည်သူပိုင်ရေစက်တစ်ခု၊ ဘေးချင်း ကပ်လျက်အိမ်ရဲ့ ရှေ့မှာ ပြည်သူပိုင်ရေစက်တစ်ခုဆိုတော့ အန်တီတို့မှာ တော်တော်နီးတဲ့ရေစက် နှစ်ခု ရှိတာပေါ့။ မနက် တစ်ကြိမ်၊ ညနေ တစ်ကြိမ် ရေခပ်ကြတာ။ သံဖြူလုံးအဝိုင်းတွေမှာ ကန့်လန့်ဖြတ် သစ်သားလက်ကိုင်တွေ တပ်ထားတဲ့ ရေပုံးတွေနဲ့ပေါ့။ အန်တီတို့ လက်ဖဝါးလေးတွေဟာ အသားမာတက်နေခဲ့တယ်။ အန်တီတို့ထက် အများကြီး အပင်ပန်းခံခဲ့ရတဲ့ မေမေ့လက်ဆိုရင် အန်တီ စမ်းကိုင်ကြည့်တိုင်း လက်ချောင်းအရင်း လက်ဖဝါးနေရာမှာ ခပ်ရှရှလေးတောင် ဖြစ်နေခဲ့တယ်။
ဒါပေမဲ့ ဒါဟာ အစိုးရက ဝေတဲ့ရေကို အလကားရခဲ့တာလေ။ သောက်ရေ၊ သုံးရေ ကိုယ်ခပ်နိုင်ရင် လုံလောက်တာပဲ။နွေရာသီမှာ သူတကာတွေက ရေစက်(ရေဘုံဘိုင်)မှာ တန်းစီ တိုးပြီး ရန်ဖြစ်ရလောက်အောင် ရေရှားပေမယ့် အန်တီတို့က အုတ်ကန်ကြီးကြီးတွေ သုံးခုရှိနေလို့ ဣန္ဒြေမပျက်ခဲ့ဘူး ဆိုရမှာပေါ့။
သမီး သိတတ်စအရွယ်ရောက်တော့ သမီးကိုမွေးတဲ့ သမီးရဲ့ ဖေဖေရဲ့ အိမ်မှာ ရေစက်ဖြုတ်လိုက်ပြီ။ ရေစက်မရှိတော့ဘူး။ သမီး ဖေဖေ ရေစက်ဖြုတ်ပစ်ရတဲ့ အကြောင်းရင်းက အန်တို့ဖေဖေ ရေစက် ဖြုတ်ရတဲ့ အကြောင်းရင်းနဲ့ မတူဘူးသမီးရဲ့။ သမီးတို့အိမ်က နည်းနည်းမြင့်တဲ့ ကုန်းအမြင့်ပိုင်းမှာ ရောက်နေလို့ ရေစက်ကနေ * ရေမလာတော့ဘူး။ ရေမတက်ဘူးလို့ ပြောတယ်။ အရင်တုန်းက ဒီအိမ်ထိရောက်အောင် တက်ခဲ့တဲ့ရေက အခု ဘာလို့ မတက်လဲလို့ သမီး မေးချင်စိတ်မပေါ်လာဘူးလား။
အရင်တုန်းက ဒီကုန်းမြင့်ကို တက်တဲ့ရေ အခု ဘာလို့ မတက်တော့သလဲဆိုတဲ့ အဖြေဟာ အခု သမီးကို အန်တီပြောပြမယ့် ရေအကြောင်းရဲ့ အစိတ်အပိုင်းတစ်ခုပဲပေါ့ သမီးရယ်။
ဒါနဲ့ ရေနံချောင်းတစ်မြို့လုံး သုံးစွဲနေတဲ့ အစိုးရပေးတဲ့ ဘုံဘိုင်စက်ရေဟာ ဘယ်ကလာလဲဆိုတာတော့ သမီး သိတယ်မဟုတ်လား။ ပင်းချောင်းကနေ ရတဲ့ရေပေါ့။ ပင်းချောင်းကရေကို မော်တာနဲ့၊ ရေပိုက်ကြီးတွေနဲ့ စုပ်ပြီး သံကန်အကြီးကြီးတစ်ခုဆီ ရောက်အောင် တင်ယူတာလေ။ အဲဒီသံကန်ကြီးရှိတဲ့ ရပ်ကွက်ဟာ သံကန်ကုန်းလို့ နာမည်ရတယ်မဟုတ်လား။ အန်တီ ဆေးခန်းဖွင့်ခဲ့ဖူး တဲ့ လက်မှတ်ကုန်းရပ်ကွက်နဲ့ ကပ်လျက်ဟာ သံကန်ကုန်းပဲပေါ့။
ပင်းချောင်းဟာ အရင်တုန်းက ရေအများကြီး စီးဆင်းကျခဲ့ တဲ့ချောင်း သမီးရဲ့။ အန်တီတို့ငယ်ငယ်တုန်းက ပင်းစက္ကလံပလို့ ခေါ် တဲ့ ပင်းဘုရားပွဲကို သွားတဲ့အခါ ဘုရားရဲ့အခြေမှာ ဝေ့ဝိုက်ပြီး စီးဆင်း နေတဲ့ ပင်းချောင်းပြင်အကျယ်ကြီးကို နွားလှည်းနဲ့ ဖြတ်သန်းပြီး ဟိုတစ်ဘက်က ပင်းဝရွာက ဆွေမျိုးတွေဆီကို သွားခဲ့ကြတယ်။ အန်တီမှတ်မိသလောက်ပြောရရင် သီတင်းကျွတ်လပြည့်ပို့ ရေကုန်တဲ့ အချိန်မှာတောင် ပင်းချောင်းသဲပြင်ကျယ်ကြီးမှာ နေရာကွက်ကြား ချောင်းသေးသေးကလေးတွေ ဖြစ်ပြီး ရေတဝေါဝေါစီးနေခဲ့တာ။
နွားရဲ့ အမြီးဖျားပိုင်းမှာချောင်းရေနဲ့ စိုစွတ်လို့အမြီးခတ်လိုက်တိုင်း နွားလှည်းပေါ်မှာ ထိုင် လိုက် လာတဲ့ အန်တီတို့ ကလေး တစ်သိုက်ကို ရေတွေစို ခံရသေးတာ။
အဲဒီပင်းချောင်းဟာ အခုဆို နွေရာသီမှာ ချောင်း တော်တော်ကောနေပြီဆိုတော့ သံကန်ကုန်းက သံကန်ကြီးဆီကို ရေအပြည့်မရောက်တာ ကြာပြီပဲ ဆိုပါတော့။ အဲဒီ သံကန်ကြီးအောက်ခြေမှာနေတဲ့ သံကန် အစောင့်နဲ့ လုံခြုံရေးတာဝန်ခံ (ဦးသန်းမောင်လို့ထင်ပါရဲ့) ဦးလေးကြီးဟာ အန်တီ ဖေဖေနဲ့ ရင်းနှီးတယ်။ “ကိုသန်းမောင် မနက်ဖြန် ရေလာမှာလား”လို့ ဖေဖေ မေးတာ တွေ့ဖူးတယ်။ ဦးလေးကြီးက “မလာနိုင်သေးဘူးဗျ။
ရေမှတ်မမီသေးဘူး” လို့ ပြောတာလည်း သတိထားမိဖူးတယ်။ အဲဒီအချိန်မှာ သမီးတို့အိမ်က ရေစက်ဖြုတ်ပြီးပြီ။ လက်မှတ်ကုန်းက ဒီ အန်တီအိမ်(ဆေးခန်း)မှာ ရေစက်သွယ်ယူပြီးပြီ။ ပင်းချောင်းဟာ အရင်ကလို ရေထုထည် မများတော့ဘဲ ရေအားနည်းခဲ့တာ ကြာပြီ။ သံကန်ကြီးမှာ မြို့ကို ရေပေးဝေဖို့ လိုအပ်တဲ့ အမှတ်အသားထိအောင် ရေမပြည့်လို့ နေ့စဉ် ရေမပေးနိုင်ဘဲ သုံးရက်မှတစ်ခါ၊ လေးရက်မှ တစ်ခါဆိုသလို ရေစုဆောင်းပြီးမှ ရေဝေနိုင်တဲ့အဖြစ်ကို ရောက်နေ ခဲ့တာ ကြာပြီပေါ့။
အန်တီအသက် ၁၀ နှစ် ၁၅ နှစ်မှာတုန်းက ရေထုထည် အားကောင်းခဲ့တဲ့ ပင်းချောင်း၊ မိုးရာသီ အထက်ဘက်မှာ မိုးကောင်း တဲ့အချိန်များဆို ပင်းချောင်းပြင်အကျယ်ကြီးရေတွေလွှမ်းပြီး ရေစီး ကြမ်းလွန်းလို့ ဟိုဘက်သည်ဘက် ဘယ်နွား၊ ဘယ်လူမှ မကူးရဲ လောက်အောင် ရေစီးအား ပြင်းထန်လှတဲ့ ပင်းချောင်း၊ အဲဒီပင်းချောင်း ဟာ အန်တီအသက် ၃၀ ကျော် ရောက်တဲ့အခါ အရင်ရဲ့ တစ်ဝက်တောင် ရေထုထည်မရှိတော့ဘူးတဲ့ကွယ်။ ၁၅ နှစ်၊ အနှစ် ၂၀ အတွင်း ချောင်းရေဟာ အားနည်းခဲ့ပြီဆိုတာ သိသာတာပေါ့။
အနှစ် ၂၀၊ အနှစ် ၃၀ အတွင်း ချောင်းတစ်ခုဟာ ရေတွေ နည်းသွားခဲ့ပြီ။ တခြားမြစ်တွေ ချောင်းတွေ၊ ရေကန်တွေရော တယ်လိုရှိမလဲ။ သမီး စိတ်မဝင်စားဘူးလား။
အခုတလော သမီးလည်းကြားမှာပေါ့။ လျှပ်စစ်မီးတွေ မှန်မှန် မပေးနိုင်တော့တာ။ လောပိတရေအားလျှပ်စစ်ဌာနမှာ ရေအား ကနေ လျှပ်စစ်ထုတ်ယူပို့ ရေစီးအားနည်းနေတာ၊ အင်းလေးကန်ကြီး ရေတွေနည်းလာနေတာ။ ဒီသတင်းတွေဟာ ကမ္ဘာကြီးရဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အချက်အလက်တွေနဲ့ ဆက်နွယ်နေတယ်ဆိုရင် သမီး အံ့ဩသွားမလား။ ပင်းချောင်းမှာ ရေနည်းသွားလို့ ရေနံချောင်း မြို့မှာ အဝီစိစက်တွင်းတွေ မှိုလိုပေါက်အောင် တူးနေပြီး၊ အလကား ခဲ့ဖူးတဲ့ ရေဟာ တန်ဖိုးကြီးပေးရတဲ့အရာအဖြစ် ချက်ချင်းပြောင်း လဲသွားခဲ့တာ။ အဲဒါလည်း အခု အန်တီပြောပြချင်တဲ့ Global Environmental issues ( ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင် ထိန်းသိမ်း ရေးအမြင်)တွေရဲ့ အကြောင်းရင်းတစ်ခုပါပဲ။
ဟောဒီကမ္ဘာကြီးမှာ သဘာဝသယံဇာတတွေ အများကြီး ရှိတဲ့အထဲက ရေသယံဇာတဟာ သဘာဝရဲ့ ရေသံသရာ သဘော တရားအရ အမြဲအသစ်ဖြစ်နေမယ့်အရာလို့ လူတွေ သတ်မှတ် ဆင်ခြင်ခဲ့ကြတယ်။ တခြား အသစ်မဖြစ်နိုင်တဲ့ ကုန်ခန်းသွားတဲ့ သစ်တောတို့၊ ငါးသတ္တဝါတို့နဲ့စာရင် ရေသယံဇာတဟာ ပြန်လည် ဖြစ်ပေါ်စီးဆင်းခြင်းသံသရာအရ အမြဲတည်ရှိနေမှာလို့ အကြမ်း အားဖြင့် ယူဆနိုင်ပါတယ်။ ဒါပေမဲ့ ဒါဟာ ဝမ်းသာစရာ အကြောင်း တစ်ခုတော့ မဟုတ်တော့ဘူး။ ဒီ အမြဲတည်ရှိနေမယ့် ရေ ဆိုတာ ဟာလည်း အားနည်းကုန်ခန်းသွားမယ်။ ဒါမှမဟုတ် ကမ္ဘာကြီးရဲ့ ညစ်ညမ်းမှုတွေကြောင့် သုံးလို့မရလောက်အောင် ရေထုညစ်ညမ်း တဲ့ဒေသတွေ ပေါ်ပေါက်လာမယ်။ ဒါတွေဟာ နောက်အနှစ် ၂၀၀မှ ဖြစ်မှာမဟုတ်။နောက်အနှစ်၂ဝဝဝမှ ဖြစ်မှာမဟုတ်။ အခု လောလော ဆယ်ကိုပဲ ဖြစ်နေပြီ သမီးရေး..။
ကမ္ဘာကြီးမှာရှိတဲ့ စုစုပေါင်းရေဟာ သမုဒ္ဒရာတွေဆီမှာ၊ ရေခဲတောင်တွေရဲ့ ထိပ်ပိုင်းဆီမှာ မြေပြင်ပေါ် စမ်းချောင်းတွေမှာ ( မြစ်တွေကန်တွေမှာ၊ နောက်ပြီး မြေထုထဲကရေကြောတွေမှာ ပျံ့နှံ့ပြီး ရှိနေတယ်။
ကမ္ဘာကြီးရဲ့ ရေ ၉၅ ရာခိုင်နှုန်းဟာ }၌ သမုဒ္ဒရာတွေထဲမှာရှိသတဲ့။ ၃
ရာခိုင်နှုန်းသာ မြေပေါ်မြေအောက်မှာ " ရှိသတဲ့။ အဲဒီမြေပေါ်မြေအောက်ဆိုတဲ့၃ရာခိုင်နှုန်းထဲမှာ ရရ ရာခိုင်နှုန်းဟာ ရေခဲတောင်ထိပ်ပိုင်းတွေနဲ့ ရေခဲပြင် ဒေသတွေမှာ ရှိနေသတဲ့။ ၂၂ ရာ ခိုင်နှုန်းက မြေအောက်(အဝီစိ)ရေ ဖြစ်တယ်တဲ့။ အဲဒီကနေ ကျန်တဲ့၁ ရာခိုင်နှုန်းကသာ မြစ်ချောင်းအင်းအိုင်တွေမှာ ရှိတယ်ဆိုပဲ။ ကဲ.. အန်တီတို့ရဲ့ ဧရာဝတီမြစ်ကြီးဟာ မြေပေါ်မြေအောက် (သမုဒ္ဒရာမပါ) ရေတွေရဲ့ ၁ ရာခိုင်နှုန်းရေထဲက သေးငယ်သော အစိတ်အပိုင်းလေး တစ်ခုပေါ့နော်။
မြစ်ရေတွေကရော နှစ်ပေါင်း ရာထောင်နဲ့ချီပြီး အမြဲတည်တံ့ နေနိုင်ပါဦးမလားလို့ အန်တီ တွေးမိတဲ့အခါ နည်းနည်းတော့ စိတ် ဝင်စားလာတာ အမှန်ပဲသမီးရဲ့။
တလောတုန်းက အန်တီ မဂ္ဂဇင်းတစ်အုပ် ဖတ်လိုက်ရတယ်။ သူတို့ဆီမှာ နှစ်လမှာတစ်ခါ ထုတ်တဲ့ မဂ္ဂဇင်းမျိုးပေါ့။ E Magazine လို့ ခေါ်တယ်။ အဲဒီထဲမှာ စိတ်ဝင်စားစရာကောင်းတာလေးတွေ တွေ့တယ်။
သူတို့ဆီက ကော်လိုရာဒိုမြစ် (Colorado River) ဟာ သူ စီးဝင်ရမယ့် ခရီးဆုံးပင်လယ်ထဲကို အများအားဖြင့် စီးမဝင်နိုင် တော့ဘူးတဲ့။
ဘာကြောင့်လဲဆိုတော့ အဲဒီကော်လိုရာဒိုမြစ်ကနေရေတွေစုပ်တင်ပြီး စိုက်ပျိုးရေးတို့၊ မြို့တော်သုံးရေတို့ ယူကုန်ကြလို့တဲ့၊ဘယ့်နှယ်လဲ။ စိတ်ငင်စားစရာ မကောင်းဘူး ား။ မြစ်ဆိုတာ ပင်လယ် ထဲ စီးဝင်တယ်ဆိုတဲ့ အမှန်တရားတစ်ခုဟာ နှစ်ပေါင်းထောင်ချီ ကြာလာတဲ့အခါ၊ လူဦးရေတွေ များလာတဲ့အခါ၊ စည်းကမ်းမရှိတဲ့ လူတွေ လောဘကြီးတဲ့လူတွေ များလာတဲ့အခါ အမှန်တရားအဖြစ် ကနေ ယိမ်းယိုင် သွေဖည်လာပြီပေါ့။ ။
၁၉၆၁ ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့တဲ့ ဂလင်း ကင်ညွန် ကာတာ (GLENCANYON DAM) ပြီးကတည်းကကော်လိုရာဒိုမြစ်ဟာ သူစီးဝင်ရမယ့် မြစ်ဝကျွန်းပေါ်နဲ့ ပင်လယ်ပြင်ဆီကို ကောင်းကောင်းမစီးဝင်နိုင်တော့တာဆိုပဲ။
သူတို့ဆီက ကော်လိုရာဒိုမြစ်ဟာ အင်မတန်ရေစီးအား ကောင်းပြီး အင်မတန်အသုံးဝင်တဲ့ မြစ်တစ်ခုပေါ့။ ရေစီးအား ပြင်းထန်လွန်းလို့ နီဗားဒါးပြည်နယ်နဲ့ အရီဇိုးနားပြည်နယ်နယ်စပ် မှာ ဟူးဗားရေကာတာကြီး တည်ဆောက် ယူခဲ့ကြရသတဲ့။ အန်တီ အမြင်အရတော့ ဟူးဗားရေကာတာနဲ့ ရေအားလျှပ်စစ်စီမံကိန်းဟာ Las Vegas မြို့မှာ ညစဉ် လျှပ်စစ်မီးတွေထိန်လင်းပြီး နတ်ဘုံ နတ်နန်းလို အလျှံတောက်အောင် လူတွေကို မြူဆွယ်ပြီး လောင်း ကစားဝိုင်းတွေ ငွေချူယူနိုင်အောင် တည်ဆောက်ခဲ့တာလို့ ထင်ခဲ့တာလေ။ ရေစီးအား ပြင်းထန်လွန်းလို့၊ ရေစီးအား ညင်သာသွားအောင် ချုပ်ကိုင်ထိန်းသိမ်းပေးနိုင်ဖို့ ဟူးဗားရေကာတာကို ဆောက်ခဲ့တာလို့ အဆိုရှိတာပဲကွယ်။ ဘာပဲဖြစ်ဖြစ် အန်တီပြောချင်တာကတော့ ဒီလောက် ရေစီးအား ကောင်းပြီး အမေရိကန် ပြည်ထောင်စုရဲ့ . ပြည်နယ်()ခုနဲ့ မက္ကဆီကိုနိုင်ငံကိုတောင် ရေ ရအောင် တတ်နိုင်ခဲ့တဲ့ကော်လိုရာဒိုမြစ်ကြီးဟာ အခု အား နည်းလွန်းလို့ မိုးရာသီမှာတောင် ပင်လယ်ထဲထိ မစီးနိုင်တော့တဲ့အဖြစ်။ အဲဒီ အဖြစ်ဟာ ကမ္ဘာမြေပေါ် က လူသားတွေအတွက် သတင်းဆိုးကြီး တစ်ခုပဲပေါ့။ ဒီနှစ်တော့က ခြွင်းချက်အဖြစ် အယ်လ်နီညို(EINino)ကြောင့် 2 ရေအားကောင်းပြီး ကယ်လီဖိုးနီးယား ပင်လယ်ကွေ့ထဲထိ စီးဝင်နိုင်ခဲ့သတဲ့။