Skip to product information
1 of 3

Other Websites

ဂျူး - ကောင်းကင်မပါသောည

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

ကျီစားပြက်ရယ်

          စာအိတ်ပေါ်မှလက်ရေးကို မြင်ရုံနှင့် ဘယ်သူ့ဆီက စာမှန်း ကျွန်မ သိဖို့ကောင်းပါလျက် မသိခဲ့ပါ။ အနည်းငယ်သော့ပြီး ယိုင်သော၊ မညီညာသော လက်ရေးများကို မြင်ဖူးသည်ဟုပင် သတိမထားမိ လောက်အောင် ကျွန်မစိတ် ထွေပြားယိုင်နဲ့နေသောအချိန် ဖြစ် လေသည်။

          သို့သော် စာအိတ်ပေါ်မှလက်ရေးသည် သာမန်ထက်ပို၍ သော နေသည့်အပြင် သိပ်မင်မလိုက်သောအနီရောင်ဘောလ်ပင်နှင့် ရေး ထားသောကြောင့်သာ ကျွန်မမသိခြင်း ဖြစ်မှာပါ။

          စာအိတ်ဖွင့်ပြီးသောအခါ အထဲမှ စာရွက်ကို ဖတ်ရလျှင်တော့ ကျွန်မသိလိုက်ပြီ။

          “ ဂျူးရေ...

          ငါ့လက်ရေးကို နင်မှတ်မိရဲ့လား၊

          ငါ့အကြောင်းတွေ နင်ကြားမှာပေါ့။

          ငါလက်ထပ်လိုက်တာရယ်..

          သမီးတစ်ယောက် ရတာရယ်...

          ငါ့သမီးကို နှင်မမြင်ဖူးသေးဘူးနော်။

          ငါကတော့ နှင့်ကို ခဏခဏသတိရပါတယ်။

          ငါ့မြို့ ကိုလည်း မရောက်ဖြစ်ဘူး။”

*           *           *

          ကောလိပ်ကျောင်းမှာတုန်းက ကျွန်မတွင် သိပ်ခင် သော သူငယ်ချင်းတစ်ယောက် ရှိခဲ့သည်။ သူသည် အမြဲလိုလို ရယ်မော စရာ ပြောလေ့ရှိပြီး လောကကို အမြဲတမ်း အကောင်းအတိုင်း မြင် တတ်သော ပေါ်လီယာနာလို မိန်းကလေးတစ်ဦးဖြစ်၏။ ကျွန်မ ၏ ကောလိပ်ဘဝတွင် သူ့ကို အချစ်ဆုံးဖြစ်လျက် သူ၏ ကော လိပ်ကျောင်းသူဘဝတွင်လည်း ကျွန်မသည် သူ၏အချစ်ဆုံးသူ ငယ်ချင်း ဖြစ်ဟန်တူပါသည်။

           ကျွန်မတို့နှစ်ယောက်ကို အတန်းဖော်များ၊ အခန်းဖော်များကအမြဲတွဲ၍မြင်ကြသည်။ ကျွန်မအကြောင်း ပြောလျှင် သူ့အကြောင်း ပါလာလေ့ရှိပြီး သူ့အကြောင်းပြောလျှင် ကျွန်မအကြောင်း ပါ လာလေ့ ရှိသည်။

          `သူက အေးဆေး၏။ သဘောကောင်း၏။ သဘောကောင်း လွန်းသောကြောင့် အနည်းငယ်အ,သည်ဟု အထင်ခံရလေ့ ရှိ၏။ သူနှင့် ပတ်သက်သမျှ ကျွန်မကချည်း ဒိုင်ခံနာကြည်းရန်တွေ့နေ တတ်သဖြင့် ကောလိပ်ကျောင်းတွင် ကျွန်မက “ဖိုက်တာ” ဖြစ်မှန်း မသိ ဖြစ်ခဲ့ရလေသည်။ ။

          လေးနှစ်လုံးလုံး အမြဲမခွဲဘဲ တွဲခဲ့ကြသော သူငယ်ချင်းနှစ်ဦး ဖြစ်ပါလျက် အကြိုက်ချင်း ဆန္ဒချင်းက ကွဲလွဲမြဲဖြစ်ပါသည်။ သူက လူတစ်ယောက်ကို ကောင်းကွက်ရှာ၍ အကောင်းမြင်တတ်သူ ကျွန်မက မကောင်းကွက်ရှာ၍ အပြစ်မြင်တတ်သူ။ ။ ရုပ်ရှင်ကြည့်လျှင်လည်း သူက ဟာသဇာတ်မြူးများ၊ ထူးဆန်း သော သိပ္ပံဇာတ်ကားများကို ကြိုက်တတ်၍ ကျွန်မက ဒရာမာ ဇာတ်ကားများကိုကြိုက်တတ်သူ။ အကောင်းဆုံးဖြေရှင်းနည်းကို လွယ်ကူစွာ ကျွန်မတို့ အသုံးပြုခဲ့ကြသည်။

          သူကြိုက်တတ်သော ဟာသဇာတ်မြူးကို ကျွန်မလိုက်ကြည့် ၍ ကျွန်မကြိုက်တတ်သော လေးနက်ငြိမ်သက်သည့် ဇာတ်ကား များကို သူမညည်းမညူ လိုက်ကြည့်ခြင်းပင်ဖြစ်လေသည်။ အ တကာ မိန်းကလေးမိတ်ဆွေများလို ရုပ်ရှင်အတူသွား မုန့်အတူ စားလျက် အခန်းပြန်ရောက်မှ ဘတ်စ်ကားခ ၃၅ ပြား၊ နေကြာ ပြား ၅ဝ၊ ရေခဲရေ ၂၅ ပြား စသည်ဖြင့် စာရင်းရှင်းတမ်း တိကျစွာ အကြွေးဆပ် အကြွေးတောင်းတတ်သူများလည်း မဟုတ်ပါ။

          “မဝါရေ.. ရုပ်ရှင်သွားကြည့်ရအောင်” ဟုဆိုလျှင်သူပိုက်ဆံ တစ်ပြားမှ ကုန်ဖို့မလိုး ကျွန်မတွင် နှစ်ယောက်စာ မုန့်ဖိုး၊ အအေးဖိုး၊ ရုပ်ရှင်ဖိုးကအစ ပါပြီးသား ဖြစ်ရမည်။

          “ဂျူးရေ...ရုပ်ရှင်သွားကြည့်ရအောင်”ဟု သူကခေါ်လျှင် လည်း ကျွန်မလွယ်အိတ်ထဲ ပိုက်ဆံဘယ်လောက်ပါသလဲ ပြန် ကြည့်ရန် မလို။ ပြန်ရောက်ကြလျှင်လည်း စာရင်းရှင်းစရာမလို

          ကျွန်မရုပ်ရှင်ကြည့်ချင်လျက် ကျွန်မမှာ ပိုက်ဆံပြတ်နေလျှင် သူ့ကို ရုပ်ရှင်ပြခိုင်းလိုက်တာပါပဲ။ သူကလည်း ပိုက်ဆံပြတ်နေ လျက် ရုပ်ရှင်ကြည့်ချင်လျှင် ကျွန်မအား လိုက်ပြခိုင်လိုက် ပါပဲ။

          ငွေကြေးနှင့်ပတ်သက်၍ ကျွန်မအိမ်ကပို့သမျှ သူပိုင်ဆိုင်ခွင့် ရှိပြီး သူ့အိမ်က ပို့သမျှလည်း ကျွန်မပိုင်ဆိုင်ခွင့် ရှိခဲ့သည်သာ ဖြစ် သည်။ ယခုအချိန်အထိ သူက ကျွန်မထက်ပို၍ ငွေကြေးကုန်ခဲ့ လေသလား၊ ကျွန်မက သူ့ထက်ပို၍ ပိုက်ဆံကုန်ခဲ့လေသလား၊ အမြတ်အရှုံး လုံးဝမတွက်ခဲ့ကြသည်မှာ နှစ်ဦးလုံးအသိ။ တစ်ခါ တစ်ရံ နှစ်ယောက်လုံး အိမ်မှ ငွေမပို့ခိုက်နှင့်ကြုံ၍ သုံးစရာ မရှိ .အောင် ပြတ်လပ်နေကြလျှင် ကျွန်မတို့တွင်ရှိသမျှ မှတ်စုစာအုပ် အဟောင်းများကို အဖုံးဆွဲဖြုတ် စုဆောင်းပြီး အဆောင်ရှေ့ လမ်းကြားထဲမှ စက္ကူဟောင်းအဝယ်ဆိုင်သို့သွားရောင်းကြမြဲဖြစ်သည်။ ရလာသမျှပိုက်ဆံကို နင့်စက္ကူက ဘယ်လောက်မို့ နင်က ဘယ်လောက် ယူ ဆိုတာမျိုး မရှိစကောင်း။ နှစ်ဦးပိုင်ဆိုင်သောပိုက်ဆံ အဖြစ် လက်ဖက်ရည်အတူသွားသောက်မည်၊ ခေါက်ဆွဲ အတူ သွားစားမည်။

          “မနက်ဖြန် ရုပ်ရှင်ကြည့်ဖို့ ရှစ်ကျပ်ချန်ထားဦး”ဟု သူ၏ ကွန်ပါဘူးထဲ ထည့်သိမ်းပေးမည်။

          ကျွန်မတို့ ကောလိပ်နေ့ရက်များသည် အဆမတန် များပြား ရှုပ်ထွေးလွန်းသည့် စာများ ကျက်မှတ်ရချိန်မှတစ်ပါး လွတ်လပ်ပျော်ရွှင်ဖွယ်ရာရက်များသာဖြစ်လေသည်။ ။ - လုံးဝ စက်ဘီးမစီးတက်သည့်အပြင် စက်ဘီးပေါ်သို့ ခုန်၍ပင် မတက်တတ်သော ကျွန်မကို စက်ဘီးနောက်ထိုင်ခုံမှာ တင်ပြီး စက်ဘီးနင်းလျက် မြို့စွန်မြို့ဖျားအထိ မညည်းမညူ လည်ပတ်ကြ စဉ် သူ့စိတ်တွင် ကျွန်မက သူ့အပေါ်တင်စီးလှချည်ရဲ့ ဟု ဘယ် တုန်းကမျှ မတွက်ဖူးချေ။

          ဒီဇင်ဘာနံနက်စောစော ချမ်းလွန်း၍အပျင်းထူနေသောကျွန်မ ကို ဆိတ်စွပ်ပြုတ်သွားသောက်ရအောင်ဟု မရမက နိုးချင်သူမှာ သူတစ်ယောက်တည်း ရှိသည်။ | ဘယ်တုန်းကမျှ ဆိတ်သားမစားခဲ့ဖူးသော ကျွန်မကလည်း သူ့အလိုကျ (အနည်းငယ်တော့ ငြူစူဆောင့်အောင့်စွာ) မျက်နှာ သစ်၊ သနပ်ခါးလိမ်းလျက် သူ့စက်ဘီးနောက်က ငြိမ်သက်စွာ၊ ချမ်းစိမ့်စွာ ထိုင်လိုက်ခဲ့မြဲ ဖြစ်ပေသည်။ နှင်းသည်းသည်းတွင် စွပ်ပြုတ်ဆိုင်ရောက်တော့ ကျွန်မမှာ နံပြားကို ရေနွေးနှင့်သာ မျိုးချ ရလျက် သူစွပ်ပြုတ်နှင့် နံပြား သောက်သည်ကို မပျင်းမရိ ထိုင် စောင့်ခဲ့လေသည်။

          ကျွန်မ၏မွေးနေ့၊ သူ၏မွေးနေ့များအပြင် ကျွန်မချစ်သူ၏ မွေးနေ့များတို့၌ ကျွန်မတို့နှစ်ယောက် ဘုရားသွား၊ ပုတီးစိပ်သော အလေ့အထ ရှိခဲ့သည်။ (ကျွန်မချစ်သူကတော့ ရပ်ဝေးမှာ အမြဲရှိ + နေခဲ့သည်။)

          ထိုသို့ ဘုရားသွားတိုင်း မြို့တစ်ဖက်စွန်း နှင်းဆီခြံမှ နှင်းဆီ ပန်းများဝယ်ဖို့ သူမညည်းမညူ စက်ဘီးနင်းပို့သည်။ ထို့နောက် မြို့ အခြားတစ်ဖက်စွန်းရှိ ဘုရားသို့ ကျွန်မကို တင်နင်းရင်း လေ တချွန်ချွန်နှင့် ပါရမီဖြည့်ခဲ့ဖူးပါသည်။

          “မိဂျုး... နင် တော်တော်စိတ်ကူးယဉ်ပါလား” ဟု ချစ်သူ မွေးနေ့ကို ချစ်သူမရှိဘဲ ကျင်းပသောအခါတိုင်း ကပြက်ကချော် ) ရယ်မောသည်မှလွဲ၍ သူသည် ကျွန်မအတွက် တန်ဖိုးမဖြတ်နိုင်သော သူငယ်ချင်းတစ်ဦး ဖြစ်ပါသည်။

          “မဝါ... ကောက်ညှင်းပေါင်း သွားစားရအောင်”

          ဟု ကျွန်မ ကလည်း ကျောင်းအနီးက ကောက်ညှင်းပေါင်းကို မမက်မောဘဲ နှစ်မိုင်လောက်ဝေးသောအရပ်မှ ကောက်ညှင်းပေါင်းကိုသာ မက် မောတတ်သူ ဖြစ်၏။

          သူကလည်း ဝေးလွန်းသည်ဟုမညည်းတတ် ဘဲ

           “လာလေ”

           စက်ဘီးအသင့်ထုတ်ပြီး လိုက်ပို့တတ်သူ ဖြစ်၏။

          ကျောင်းအနီးမှ လက်ဖက်ရည်ကို ခါးသည် သည် ကြေးများ ၍ မြို့စွန်နားကလက်ဖက်ရည်ဆိုင်မှ သောက်ချင်သည်ဟုသူဆန္ဒ ရှိလျှင် ကျွန်မက လုပ်လက်စအလုပ်ကို ပစ်ထားပြီး သူ့နောက်မှ လိုက်ခဲ့ရသည်။ တစ်ခါတစ်ရံ “မိုးရွာထဲ စက်ဘီးလျှောက်စီးရအောင်”ဟု သူကအဖော်စပ်လျှင် အအေးမိမှာကြောက်တတ်သူ ကျွန်မက ရူးကြောင်ကြောင်နှင့် သူ့အလိုကို လိုက်ရတတ်သည်။

          “မဝါရေ..ကျွန်တော် ကျောင်းမတက်တော့ဘူးဗျာ”

          ဟုကျွန်မ အခန်းအောင်း၍ ရည်းစားစာ ရေးနေလျှင် သူက တဖျစ်တောက် ' တောက် မြည်တွန်မဆုံးတော့ချေ။ ထို့နောက် ကျွန်မအနီးတွင် သူပါ ပစ်လှဲလျက် ပျင်းရိတတ်လေသည်။

          “ဟာ...မရဘူး၊ မရဘူး၊ ခင်ဗျား သွားရမယ်၊ နှစ်ယောက်လုံးကျောင်းပျက်ရင် ကျောင်းခေါ်ချိန် လက်မှတ် ဘယ်သူကထိုးပေး မှာလဲ၊ သွားဗျာ... ကျောင်းသွားတက်”ကျွန်မ၏လက်မှတ်ကို တူအောင် ဂရုတစိုက်ထိုးပေးသူမှာ သူတစ်ယောက်သာ ရှိ၏။

          ကျွန်မနှင့် မပေါင်းဖက်မိခင် သူက “ကျောင်းမှန်မှန်တက် စာမခက်”ဟု ကျောင်းတက်ပျော်သူ ဖြစ်လေသည်။ ကျွန်မနှင့် ပေါင်းဖက်မိတော့မှ သူပါ ကျောင်း ခဏ ခဏ ပျက်တော့သည်။

          သူငယ်ချင်းများကတော့... “ဝါကို ဖျက်ဆီးတာ ဂျူးပဲ” ဟု စိတ်ရင်းအမှန်အတိုင်း ဖွင့်ဟ အပြစ်ဆိုကြသည်။ ထိုစကားကို ကျွန်မ ဆတ်ဆတ်ခါအောင် နာတတ်လေသည်။ ' | မဝါကို ကျောင်းပျက်ရအောင်ဟု အဖော်မစပ်ရပါဘဲနှင့်၊ ဒီစာ တွေတော့ မကျက်နဲ့ဗျာဟု မတားဆီး မပိတ်ပင်ခဲ့ပါဘဲနှင့်ကျွန်မ တရားခံဖြစ်ရသောအခါ စိတ်ထဲ တော်တော်ခံပြင်းခဲ့သေးသည်။

          သည်စာပဲ အတူကျက်၊ သည်ရုပ်ရှင် အတူကြည့်၊ သူက ရည်း စားမရှိဘဲ ကိုယ်က ရည်းစားတစ်ဖက်နှင့်မို့ ကိုယ်အောင်လျှင် သူအောင်မည်၊ သူကျလျှင် ကိုယ်ကျလိမ့်မည်ဟု ရဲဝံ့စွာ ကြွေးကြော် ခဲ့ဖူးသည်။ ကံကြမ္မာက မျက်နှာလိုက်၍ သူစာမေးပွဲကျပါလျက် ကျွန်မ အောင်သွားသောအခါ အများအမြင်တွင် ကျွန်မသည် အလိုလို တစ်ကိုယ်ကောင်းဆန်သူ ဖြစ်သွားရလေသည်။

          မည်သို့ဆိုစေ ကျွန်မနှင့်သူ့ကြားရှိ ယုံကြည်ရင်းနှီးမှုကို မည် သူမျှ ဖျက်ဆီး၍ မရခဲ့ချေ။

          ကျွန်မတို့ ကောလိပ် ကျောင်း သူဘဝတစ်လျှောက်လုံး ယောက်ျားလေးသူငယ်ချင်းဟူ၍ ဖြည်းဖြည်းရေတွက်လျှင်လည်း တစ်ယောက်တည်း၊ အပြေးအလွှားရေတွက်လျှင်လည်း တစ်ယောက်တည်းသာ ရှိခဲ့၏။ ထိုသူငယ်ချင်းမှာ ငွေ အရေးတကြီး |လိုနေသဖြင့် ကျွန်မရော ထိုသူငယ်ချင်းရော ကိုယ့်မြို့သို့ ကိုယ် ပြန်ကာ အိမ်မှ အသီးသီးငွေတောင်းခဲ့ကြရဖူးသည်။ ကျွန်မအိမ် က ပေးလိုက်သမျှ ပိုက်ဆံအားလုံး ထိုသူငယ်ချင်း ဝင်းမြင့်ထွန်း ကို ပေးလိုက်သောအခါ...

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)