Skip to product information
1 of 2

စိတ်ကူးချိုချိုစာပေ

ဂျာနယ်ကျော်မမလေး - ရင်မှတစ်ရှိုက်

Regular price 2,500 MMK
Regular price Sale price 2,500 MMK
Sale Sold out

လမ်းမတော်နှင့် ကျုံးကြီးလမ်းမီးပွိုင့်မှ ဆလွန်းကားတစ်စီး) သည် မီးနီပြထား၍ ရပ်နေရသည်။ ။ . ကားပေါ်မှ ကိုကျော်သူသည် မီးနီကိုအစဉ်တစိုက်ကြည့် လျက် သွားလိုစိတ်စောနေသည်။ အိမ်ရောက်လျှင် အပြင်သို့ ပြန်ထွက်ရမည့်ကိစ္စကြောင့် နွဲ့နွဲ့ယဉ်ကို ကြည့်ကောင်းအောင် လှိမ့်ရန် စိတ်ကူးရင်း စိတ်လှုပ်ရှားနေသည်။ ။

အလုပ်မှအပြန် အိမ်ရောက်၍ ပြန်ထွက်ရတိုင်း နွဲ့နွဲ့ယဉ် ကို အကြောင်းအမျိုးမျိုးပြရသည်း ကိစ္စမထပ်အောင် အကြံ ထုတ်၍ စဉ်းစားနေဆဲ မီးနီသည်မီးစိမ်းသို့ ကူးသွားသည်။

ကိုကျော်သူသည် ကားကိုအရှိန်ပြင်းစွာ မောင်းထွက်သွားသည်။ ရှေ့မှကားများကို အပြင်းကျော်တက်သည်။ ယနေ့ညနေ ချိန်းထားသောအချိန်မီရန် စိုးရိမ်စိတ်က မောင်းထားသော ကားအရှိန်ထက်ပြင်းသည်။

သူ့အိမ်ရှိရာ သူ့လမ်းထဲသို့ ချိုးတော့မှ အရှိန်လျှော့ကာ ရုံးကပြန်နေကျ ပုံမှန်အတိုင်း ခြံထဲသို့ ခပ်ဖြည်းဖြည်းမောင်းဝင် သွားသည်။

ကိုကျော်သူ၏ဇနီး နွဲ့နွဲ့ယဉ်သည် အခန်းတံခါးပိတ်ကာ ခုတင်ပေါ်၌ထိုင်လျက် သုန်မှုန်သောမျက်နှာထားဖြင့် သူ့နှုတ် ခမ်းကို ကိုက်ထားသည်။ နွဲ့နွဲ့ယဉ်၏မောင်လေး မင်းယဉ်သည် ပိတ်ထားသော အခန်းတံခါးဝ၌ရပ်လျက် အထဲမှတံခါးဖွင့်ပေး ရန် ပြင်းပြင်းထန်ထန်ခေါက်နေသည်။

မျက်ရည်များ ရစ်ဝဲနေသော နွဲ့နွဲ့ယဉ်က ဒေါသသံဖြင့် အခန်းထဲမှ အော်ပြောသည်။

“တစ်ဆိတ်ရှိပိုက်ဆံပဲ၊ ပေးပြီးတာလည်း ဘာမှမကြာသေး | ဘူး၊ ဒီလိုချည်းတောင်းနေတိုင်းပေးရမှာလား၊ တော်ပြီ၊မပေးဘူး'' | ဆို... ပေးကိုမပေးဘူး”

မင်းယဉ်သည် သူ့အစ်မ၏ ဒေါသသံ၊ ဝမ်းနည်းသံတို့ ရောထွေးလျက်ရှိသော စကားတို့ကို ဂရုမစိုက်၊ ပမာမခန့်ပုံဖြင့် ) | တံခါးထုရင်းပြန်ပြောသည်။

“ပိုက်ဆံတောင်းတာ လိုလို့တောင်းတာပါ၊ မပေးလို့ဘယ်ရ

မတုံး၊ ကိုယ်ရထိုက်လို့ ကိုယ်တောင်းတာ ပေးရမယ်.... ပေး”

'ရခွင့်ရထိုက်ရှိလို့တောင်းတာ” ဆိုသော မင်းယဉ်၏ စကား ဖြင့် နွဲ့နွဲ့ယဉ်၏မျက်လုံးမှ ဝဲနေသောမျက်ရည်တို့သည် ပါးပေါ် သို့တစ်ပေါက်ပြီးတစ်ပေါက်ကျလာလေသည်။ အတွင်းရေး ဘာမျှမသိသော မောင်တစ်ယောက်အတွက် ပိုမို၍ ဝမ်းနည်း စိတ်ဖြင့် ယူကျုံးမရဖြစ်လာသည်။ သူ့ရင်၌ ဖွင့်မပြောနိုင်သော ဆို့ခြင်းဖြင့် တင်းဆို့လျက်ရှိသည်။

“ဘာပြောတယ်၊ငွေတွင်းကြီးအောက်မေ့နေသလား... မင်းမင်း၊ နင် ငါ့ကိုဘယ်လောက် ဒုက္ခပေးနေသလဲ၊ ဒီဒုက္ခကို ၊ ငါမခံနိုင်ဘူး၊နင်တောင်းတာလည်း ငါမပေးနိုင်ဘူး၊ တောင်းတာ မပေးလို့ ဒီအိမ်မှာမနေချင်ရင်လည်း နေချင်ရာမှာ နင်သွားနေ'

မင်းယဉ်သည် ထောင်းခနဲ ဖြစ်သွားကာ နာကြည်းစွာ

“ဘာ.... တခြားမှာသွားနေ ... ဟုတ်လား၊ နေစမ်း ) ပါဦး၊ ဒီအိမ်က တစ်ယောက်တည်း ပိုင်တဲ့အိမ်များ အောက်မေ့ နေသလား၊ မင်းမင်းနဲ့မနေချင်ကြရင်သာ ခင်ဗျားတို့လင်မ ယား ဒီအိမ်ပေါ်ကဆင်းသွားကြ. ..

- မင်းယဉ်တို့အဒေါ် ဒေါ်သိန်းမေသည် မောင်နှမချင်း ရန်ဖြစ်ကြသံကြား၍ မီးဖိုထဲမှ ကဗျာကယာပြေးထွက်လာသည်။ မင်းယဉ်၏ပခုံးကိုဖက်လျက် ဖျန်ဖြေတောင်းပန်စကားပြောသည်။“တော်ပါတော့.... မင်းမင်းရယ်၊ လူကြားသူကြားလို့ မကောင်းပါဘူးကွယ်။ကိုယ့်အစ်မဆီ .ပိုက်ဆံတောင်းတာ ကောင်း ကောင်းမွန်မွန် တောင်းရောပေါ့”

မင်းယဉ်သည် ဒေါ်သိန်းမေလာဖက်သော လက်ကို ပုတ်ချ လိုက်ကာ ဒေါနှင့်မောနှင့် ပြန်ပြောသည်။

“မင်းမင်းကို ဒီမှာမနေနဲ့တဲ့၊ မင်းမင်းနဲ့မနေချင်ရင် သူတို့ သာဒီအိမ်ပေါ်ကဆင်းသွား၊ ဒေါ်ကြီးလည်း သူတို့နဲ့လိုက်သွား ချင်လိုက်သွား”

ဒေါ်သိန်းမေသည် မင်းယဉ်နားသို့တိုးကပ်ကာ လေသံဖြင့် ထပ်၍ချော့သည်။

'စိတ်ဆိုးလို့ပြောတာပါသားရယ်၊ ဒီစကားတွေမပြောကြပါ I)၊ ဒေါ်ကြီးတော့စိတ်ညစ်လှပြီ'

ဒေါ်သိန်းမေမှာ ကွန်လွန်သွားသော မင်းယဉ်တို့ဖခင် ဦးလွန်းဘော်၏နှမငယ်အပျိုကြီးဖြစ်သည်။တူမနှင့်တူကို သံယော | ဇဉ်ကြီးစွာဖြင့် ဤအိမ်မှမခွာဘဲ စောင့်ရှောက်ကြည့်ရှုနေသူဖြစ် သည်။

အိမ်ရှေ့၌ ကားထိုးဆိုက်လိုက်သော ကိုကျော်သူသည် အိမ် ထဲမှ ဆူဆူညံညံအသံများကို အိမ်ပြင်မှကြားရသည်။ ကားရပ် ၅ သံကိုတော့ မင်းယဉ်ကြားလိုက်သည်။ မင်းယဉ်သည် အပြင် ဘက်သို့ တစ်ချက်လှမ်းကြည့်လိုက်သည်။ ။

 “ဟိုမှာလာနေပြီ တော်ကြတော့ကွယ်.... မကောင်းဘူး။

ဒေါ်သိန်းမေသည် မျက်ကလဲဆန်ပျားနှင့်ပြောပြီး၊ သူ့ကို မြင်အောင် မီးဖိုထဲသို့လျင်မြန်စွာဝင်သွားသည်။

အိမ်ပေါ်သို့ရောက်လာသော ကိုကျော်သူက အိမ်ခန်းဝ၌ မျက်နှာမည်းပျက်နေသော မင်းယဉ်ကို စူးစူးစိုက်စိုက် ကြည့် လိုက်သည်။ . မင်းယဉ်က သူ့ယောက်ဖကို ရင်ဆိုင်မကြည့်ဘဲ မှုန်သုန် , သုန်မျက်နှာထားဖြင့် သူ့ခါးကို လက်တစ်ဖက်ထောက်လိုက်သည်။ သူ့မျက်နှာကို တတ်နိုင်သမျှ မာအောင်တင်းထားသည်။

အိမ်သို့ရောက်လျှင် အပြင်သို့အမြန် ပြန်ထွက်ရန် အရေး တကြီးဖြစ်လာခါမှ အတားအဆီးလာဖြစ်နေသောမောင်နှမရန် ပွဲကြောင့် ကိုကျော်သူဒေါပွသွားသည်။ ဒေါပွသွားသော်လည်းဒေါ သကိုမပြဘဲ မျိုး သိပ်ပစ်ကာ စိတ်ကိုပြန်ချုပ်လျက်၊ ကိစ္စအေး)

အောင် အမြန်လုပ်ရန်အတွက် မင်းယဉ်နားသို့ လျှောက်လာ သည်။ | အိတ်ထဲမှနှစ်ဆယ်တန် စက္ကူတစ်ရွက် နှိုက်ယူကာမင်းယဉ် ကို ကမ်းပေးလျက် ချိုချိုသာသာပြောဆိုသည်။ “မင်းမင်း.... ရော့ကွာ”

မင်းယဉ်သည် ကိုကျော်သူ့လက်ထဲမှ ငွေနှစ်ဆယ်ကိုလှမ်းမ ယူဘဲ ခပ်မာမာပြန်ပြောသည်။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)