Skip to product information
1 of 2

Other Websites

ဂျာနယ်ကျော် မမလေး - စိတ်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

[ ၁ ]

သည်းထန်စွာ ငိုကြွေးခြင်းလည်း မပြု၊ ရှိုက်လည်းမရှိုက်၊ မျက်စိ အောက်တွင် ကျွမ်း၍ကျွမ်း၍ လောင်သွားသောအဖြစ်ကိုသာ စိုက်၍ကြည့်နေ မိသည်။

ဘေးနားကပ်၍ လက်ကိုင်ပဝါကို နှာခေါင်းတွင်ပိတ်ကာ နီရဲသောက် လုံးများဖြင့် တောင်းပန်လျက်...

“ပြန်ပါတော့ မစောလင်းရယ်၊ ချိုချိုတောင်းပန်ပါရစေ ပြန်ပါတော့ 'ဘာဖြစ်လို့ ဒါကိုကြည့်နေရတာလဲကွယ်"

ဟု တတွတ်တွတ် တောင်းပန်ကာ လက်ကိုဆွဲခေါ်နေသည်ကို ပြန်၍ပင်မပြော မတုန်မလှုပ် ။ • . ယောက်ျားပျိုတစ်ဦးကား အပါးမှရပ်လျက် လောင်ကျွမ်းလျက်ရှိသောမီးပုံကြီးကိုငေး၍ လက်တစ်ဖက်မှ ပဝါဖြူနှင့် နှာခေါင်းကိုပိတ်လျက်က...

'ချိုချို ရအောင်ခေါ်ပါ၊ လူတွေတောင်စဲကုန်ပြီ"

ဟု ဆိုနေသည်ကို လှည့်၍ပင် မကြည့်

နွေနှောင်းလေသည် ပြင်းထန်စွာပင် တိုက်လျက်ရှိသည်။

“မစောလင်းရယ်...ပြောလို့မရဘူးလားကွယ်ပြန်ရအောင် လာပါ”

လေကကောင်းလေ၊ မီးတောက်မီးလျှံတို့က တဟုန်းဟုန်းတက်ကာ လောင်နေလေ `တဖျက်ဖျစ်မြည်သံသည် မီးလျှံတက်သောတဟုန်းဟုန်းအသံ ကြားထဲမှ ထွက်ပေါ်လာသည်။

မျက်စိရှေ့တွင်ပင် ခြေထောက်တစ်ပိုင်းမှာ လောင်ကျွမ်းလျက်ရှိလေပြီ အင်္ကျီမပါသော အသားမည်းမည်းနှင့် စဏ္ဍာလတစ်ဦးက သူ့ရှေ့တွင်လောင် - သွားသော ခိုင်လုံချည်ကိုကြည့်ကာသနပ်ခါးတုံးများကို ပစ်ထည့်နေသော | အခြား လုံချည်တိုတိုနှင့် စဏ္ဍာလအား...

“ရခိုင်လုံချည်ကကွာ အဆင်သိပ် ကောင်းတာပဲ၊ အဝါရောင်ခံမှာ အနက်နဲ့ကွပ်ထားတာ မရလိုက်တာ နာတာပဲ”

 ဟု နှမြောတသနေသည်။

အင်္ကျီမပါသော အသားမည်းမည်း စဏ္ဍာလက.. .

 “အံမာကွာ အင်္ကျီနဲ့ လုံချည်ကို အလောင်းနဲ့အတူ ထည့်ရှို့ဖို့ တို့ကို တစ်ရာတောင်ပေးထားတာပဲကွ တော်ရောပေါ့၊မင်းကလောဘမကြီးချင်ပါနဲ့၊ မသာရှင်က အတော်မြတ်နိုးတယ်နဲ့တူတယ် အဝတ်အစားပါ တစ်ပါတည်း ထည့်ရှို့တာကြည့်ချင်တယ်၊ အလောင်းကြီး အဝတ်မရှိဘဲနဲ့ ကိုးရိုးကားရာဖြစ်နေတာ မကြည့်ရက်ဘူး ထင်ပါရဲ့ကွာ” . .

 ဟု ပြန်၍ပြောနေသည်။

လေသည် ပင့်၍ပင့်၍ တိုက်နေလေသည်။ အလောင်းကြီးသည် မီးလျှံပြင်းလာသောအခါ ကုန်း၍ထလာသည်။ စဏ္ဍာလနှစ်ယောက်က တူရွင်းနှင့် ရိုက်ချရသည်။

မန်ကျည်းပင်အိုကြီးများကား ပျဥ်းတွဲရှုံ့တွနေသော အကိုင်းအခက်အ လက်များ ယိမ်းထိုးနေကြသည်။ရော်ဝါသောသစ်ရွက်များသည် လွင့်ကာ လွင့်ကာ ကြွေ၍နေကြသည်။ သင်္ချိုင်းတစ်ဖက်တွင် ကွင်းပြင်ကြီးရှိလေရာ လွတ်လပ်စွာပြေးလွှားဝင်ရောက်လာသော လေသည် မြင့်မားထူထပ်သော မန်ကျည်းပင်အုပ်ကြီးများနှင့် တိုးဝှေ့သောအခါ အရှိန်ပြင်းစွာဖြင့် တိုက်မိပြီး အကိုင်းအခက်များကြားသို့ ဖြတ်သန်းသွားကြလေသည်။ ထိုအခါ တဝေါဝေါ မြည်သော အသံကို ဖြစ်စေလေတော့သည်။

သစ်ပင်ထိပ်ဖျားတို့သည် ယိမ်းထိုး၍နေကြသည်။ ..

မြက်ပင်, ပေါင်းပင်များဖြင့် ဖုံးလွှမ်းလျက်ရှိသောဂူတို့မှာ ရှည်လျား၍ လာသော အရိပ်များအောက်ဝယ် ခပ်မှိုင်မှိုင်အမူအရာဖြင့် တိတ်ဆိတ်လျက် ရှိသည်။ ဂူတို့မှာ အစားစားရှိသည်။ တချို့မှာ မြင့်မောက်နေလျက်၊ တချို့ မှာ ခပ်ပြားပြား ခပ်ပုပု ပုံပန်းအမျိုးမျိုး။

ခပ်ချွန်ချွန် အတွန့်အတက် အနားကွပ်ထားသော အုတ်ဂူတစ်ခုမှာ သံဝင်းထရံကလေး ခတ်ထားကာ ဘေးပတ်လည်၌ သနပ်ခါးပင်စိုက်ထား သည်။ သနပ်ခါးရွက် စိပ်စိပ်ဝိုင်းဝိုင်းကလေးများမှာ ဖုန်ထလေသဖြင့် စိမ်း ခြောက်ခြောက်ဖြစ်နေသည်။ အဝါအသီးများဖြင့် ပြွတ်နေသော သနပ်ခါး အဖူးတို့မှာ အဖျားတွင်သာရှိပြီး သိပ်မဖွံ့ဖြိုးလှ၊ ဂူပေါ်တွင် သစ်ရွက်ခြောက် ပန်းခြောက်များဖြင့် ဖရိုဖရဲ ဖွာရရာကြဲလျက်

ထိုဂူနှင့်ယှဉ်လျက်ကား မြက်ပင်များဖုံးလွှမ်းလျက် တစ်ဝက်ပေါ်နေသော ဂူပြားပြားတစ်ခုပင်။ထိုဂူမှာ ဘယ်လောက်များကြာပြီလဲ မပြောတတ်၊ မြက်ပင်တို့မှာ ဂူတစ်ပိုင်းကို တွယ်တက်ကာ ဟိုဘက်မှ သည်ဘက်သို့ဖြတ် သန်းမိလေပြီ။ ရေညှိမှော်များ တစ်ပိုင်းတက်နေသဖြင့် အုတ်ရောင်ပင်မပေါ် တော့ဘဲ မည်းညိုညိုဖြစ်နေသည်။

ဂူများမှာ စီရရီတန်းနေကြသည်။ ဂူတွေ ခေါင်းရင်၌ အမည်စာတန်း တိုင်များ၊ အချို့လည်း စာတန်းတိုင်မရှိ၊ ဂူထိပ်ရှိ အုတ်ပြားပေါ်တွင် ထွင်း ထားကာ အမည်စာတန်း ထိုးထားကြသည်။

မန်ကျည်းရွက်တို့သည်ကား လက်လက် လက်လက်နှင့် အပင်ပေါ်မှာ အမြဲတန်း ကြွေကျနေကြသည်ဟု မှတ်ရသည်။ လေက တဝေါဝေါ တိုက် ခတ်လျက်ရှိရာ အဝါရော်ရောင် အစိမ်းခြောက်ခြောက် အရွက်တို့သည် အကိုင်းထိပ်ထက်မှ ကြွေလွင့်လာကြသည်မှာ အဝေးကကြည့်လိုက်လျှင် ဝေ့ကာ ဝေ့ကာ ကျလာသော လက်လက် လက်လက်နှင့် လှုပ်နေသည့် သဏ္ဌာန်ကိုသာ မြင်ရလေသည်။

လေသည် သင်္ချိုင်းတစ်ပြင်လုံးကို ဖြတ်သန်းကာ တိုးဝှေ့ဝင်လေသည်။

မီးသင်္ဂြိုဟ်နေသော မီးပုံထဲမှ မီးခိုးတို့သည် လိပ်တက်ကာ လေသင့်  ရာသို့ ပါနေကြသည်။ အသားတွေကို လောင်ကျွမ်းသဖြင့် တဖျစ်ဖျစ်အသံတွေ အဆက်မပြတ် မြည်နေကြသည်။ ကိုယ်ခန္ဓာမှ အဆီတွေ စီးကျနေ၍ မီးက တမြိုက်မြိုက်နေလေရာ စူးရှရှညှီနံ့ကြီး တထောင်းထောင်း ထွက်နေသည်။ညိုမည်းဖောင်းကားနေသော လက်ချောင်းကြီးများ၏ လက်သည်းခွံတွေကား • ရင့်မှည့်နေသည့် ပြည်ရောင်အဆင်းနှင့် မီးလျှံ၌ ထင်းကြီးပေါ်နေသည်။

ထင်းများပေါ်တွင် တင်ထားသော အလောင်းကြီးမှာ မီးတောက်ကြီးများထဲတွင် တဖြည်းဖြည်း ပုံပန်းပျက်ကာ ယိုယွင်းလေပြီး

ချိုချိုမှာ အနားမှ တတွတ်တွတ်နှင့်...

“ပြန်ရအောင်ပါ မစောလင်းရယ် အနံ့အသက်တွေကလည်း မကောင်း လိုက်တာ၊ နောက်ပြီး ဘယ်သူမှ သုသာန်မှာ မရှိကြတော့ဘူး၊ တော်ကြာ မှောင်လာတော့မယ်”

ဟုပြော လျက်ရှိသည်။

 သူက မူကား ကြားမှကြားပါလေစ။

လဲနေသော သစ်ငုတ်တိုပေါ်တွင် တင်ပလွှဲချိတ်ထိုင်ခြင်း၊ တဖျစ်ဖျစ် အသံမြည်ကာ တဟုန်းဟုန်းလောင်ကျွမ်းဘောက်ရှိနေသော အလောင်းကြီး ကိုသာ မျက်တောင်မခတ်စိုက်ကြည့်နေသည်။ လေကတိုက်သဖြင့် ဆံယဉ် ဆံညွန့်တို့သည် ဝဲကျကာ မျက်နှာပေါ်သို့ ကျဆင်းလျက် လွင့်နေသည်။ လက်နှင့်လည်း သပ်ပစ်ခြင်းမပြု၊ တစ်ခါတစ်ရံ ဆံပင်တို့သည် မျက်လုံးပေါ် သို့ လာအုပ်သည်။ ။

စဏ္ဍာလများက တူရွင်း၊ တံစူး၊ဝါးတို့ဖြင့် မီးစွဲနေသော အလောင်းကြီး အား ဟိုကထိုး သည်ကဆွကာ မီးညီအောင် ညှိပြင်နေကြသည်။ မီးလျှံ တို့သည် ဟပ်ကာဟပ်ကာ လူသေကောင်ကြီးကို ဝါးမျိုးလျက်ရှိလေသည်။

ယောက်ျားပျိုးကား သူ့အဖော်အား ဘာမျှမပြောတော့ဘဲ လက်ပိုက်၍သာ မတုန်မလှုပ် ရပ်ကြည့်နေသည်။ တစ်ချက်တစ်ချက် လေဝှေ့၍ မီးခိုးများ အနံ့များ သူ့ဘက်ရောက်လာမှ လက်ကိုင်ပါဖြူနှင့် နှာခေါင်းကို ပိတ်သည်။”

ချိုချိုမှာ ခေါ်၍မရမှန်းသိတော့မှ သူ့ဘေးတွင်ရပ်ကာ မျက်နှာကို လက်ကိုင်ပဝါနှင့်အုပ်ပြီး ရှိုက်နေလေသည်။

သုသာန်စောင့်ကျေးငှက်တစ်အုပ်သည် လန့်ကာ လယ်ကွင်းဘက်သို့ပျံသန်းသွားကြလေပြီ။မန်ကျည်းရွက်တို့က ကြွေမြဲကြွေကျလျက်ကြွ လေသည် တစ်ခါတစ်ခါမှသာ ညင်သာကာ နောက် ဆက်မြဲဆက်၍ တိုက်နေလေသည်။

အနံ့များမှာ လေသင့်သဖြင့် လှည့်လာပြန်လေရာ ချိုချိုလည်း မနေနိုင်တော့ဘဲ တစ်ဖက်သို့ ပြေးသွားသည်။ တော်တော်လှန်းလှမ်း အကိုင်းများ ကွေးကျနေသော မန်ကျည်းပင်အိုကြီးတစ်ပင်အောက်၌ ရပ်ကာ

“ပြန်ကြပါစို့ကွယ်... ပြန်ကြပါစို့ကွယ်"

" ဟု အော်ခေါ်နေသည်။

လေတဝေါဝေါတိုက်သံ မီးလျှံတို့၏ တဟုန်းဟုန်းအသံ တဖျစ်ဖျစ်မြည် သံများအကြားမှ ချို့ချို၏ အော်ခေါ်သံမှာ သဲ့သဲ့သာ ထွက်လာသည်။ အတန်ကြာလျှင် ယောက်ျားပျိုလည်း အနံ့မခံနိုင်သဖြင့် ချိုးချို ရှိရာသို့ပင် ပြေးသွားကာ နေရပြန်သည်။

တဖျစ်ဖျစ်မြည်သံများ ထန်ပြင်းလာပြန်ကာကုန်းကြွလာ၍ တူရွင်း နှင့် ရိုက်ကြရသည်။ မီးလျှံများကြားထဲမှ ခန္ဓာကိုယ်သည် တဖြည်းဖြည်း ရှုံ့တွတွန့်လိမ်ကာ ရုပ်ပျက်လေပြီ။ ခြေထောက်တစ်ဖက်မှာကုန်သလောက် ပင်လောင်ကျွမ်းသွားလေပြီး။

ချိုချိုက လေကြောင်းပြောင်းသွားမှ တစ်ဖန်ပြန်လာပြန်ကာ အနားသို့ ကပ်လျက်...

“မစောလင်းရယ် ပြန်ရအောင်ပါကွယ်၊ ဒီလောက်တောင်လည်း သံယောဇဉ်ငြိတွယ်မနေပါနဲ့၊ နောက်ပြီးဒါမျိုးကို အစအဆုံးကြည့်ကောင်းတာ လည်း မဟုတ်ပါဘူး၊ လာပါကွယ်"

ဟု လက်တစ်ဖက်ကို အသာကိုင်ကာ ပြောနေလေသည်။

လက်ကိုပင် ပြန်၍မဆုပ်။ မျက်စိပေါ်သို့ ဝဲကျလာသော ဆံပင်များကိုမသပ်ပစ် ကိုယ်ဟန်အနေအထားကို မပြင်။ ယခင်က ထိုင်နေရာကအတိုင်း ပေါင်နှစ်လုံးထပ်ကာ တင်ပါးလွှဲချိတ်လျက်ပင် ၊

“ဒီမယ် ဆရာကြီး သနပ်ခါးတုံး ထပ်ထည့်ပါဦး' .

ဟုပင် စဏ္ဍာလများကို နှိုးဆော်ကာ အပါးမှ သနပ်ခါးတုံးတစ်တုံးကို မီးလျှံထဲသို့ ပစ်ထည့်လိုက်သေးသည် ။

ချိုချိုကမူကား ရုပ်ပျက်ဆင်းပျက်သည့် သဏ္ဌာန်များကိုမကြည့်ရဲသည့် အတွက် တစ်ဖက်သို့ မျက်နှာလွှဲနေသည်။

အရိပ်များသည် ရှေ့သို့တိုး၍ ရှည်လျားလာလေပြီး။ မို့မောက်ကာ အချွန်အတက်များသော ဂူတို့မှာ အရိပ်ထိုးထွက်လာကြသည်။ ထူထပ်သော မန်ကျည်းပင်များရှိသည့် နေရာတွင်ကား အမှောင်သည် ရောက်လာလေသည်။ မီးခိုးတွေလည်း အလိပ်လိပ်တက်ကာ အမှောင်နှင့် ရောနှောသွားကြသည်။

လေသည် စောစောကလောက် မပြင်းထန်တော့။ ညနေစောင်း၍ ညင်းညင်ညံ့ညံ့တိုက်ဟန်ရှိသည်။ အလောင်းကိုပြိုက်နေသောလီးလည်းစော စောကလောက် တဟုန်းဟုန်းမတောက်တော့ဘဲ အရှိန်လျော့ကာ ဖျစ်ဖျစ်သံကို တိုးစေသည်။

“ပြန်ကြရအောင်ကွယ်၊ ကိုသက်ရင်လည်း ချိုချိုတို့ကို စောင့်နေတယ်” ဟု ချိုချိုက ထပ်ခေါ်ပြန်သည် ။

“ပြီးပါတော့မယ် ချိုချိုရယ်၊ အဆုံးသတ်ရပုံကို ကိုယ် သေသေချာချာ တပ်အပ်တွေ့ချင်လွန်းလို့ပါ”

ဒါပဲပြောသည်။ ပြောသံတွင် ငိုသံမပါ၊ ရှိုက်သံလည်းမပါ၊ တုန်ယင် ခြင်းမပါ၊ ပကတိ အသံတွင် နည်းနည်းပျော့ပျောင်းခြင်းနှင့် ငြိမ်သက်တည် ကြည်စွာ ပြောလိုက်သည်။

မီးလျှံသည် ပါးလာတော့သည်။တောက်စရာ လောင်မြိုက်စရာမရှိ တော့၍ တဖျစ်ဖျစ်အသံမမြည်တော့ ယခင်စောစောကမြင်ရသေးသော လူရုပ်သဏ္ဌာန်သည် ယခုရှာမရတော့ပြီး မည်းမည်းကျန်တော့သည်။ အရိုး တို့မှာ ပြာထဲတွင်မြုပ်ကာ နေပေမည်။

မီးအတောက်နည်း၍ မီးခိုးများ သေသလောက်ရှိသွားသောအခါ အင်္ကျီမပါသော အသားမည်းမည်းစဏ္ဍာလက တူရွင်းကိုကိုင်ကာ အပါးသို့ ``ရောက်လာပြီး...

“အရိုးဘယ်တော့ကောက်မလဲ ကျုပ်တို့ကောက်ထားလိုက်ရမလား'

 ဟု မေးသည်။

 'မနက်စောစောလာယူမယ် အဲဒီအိုးသစ်ထဲက အုန်းရေထဲမှာစိမ်ပါ"

 ' စဏ္ဍာလနှစ်ယောက်သည် ပြာပုံဘေးတွင်ရပ်ကာ တီးတိုးတိုင်ပင်နေ ကြရာမှ.. '

“ဟုတ်ကဲ့ ရပါ့မယ် လာယူပါ”

 ဟု ဖြေသည်။

လေက ဝှေ့လာပြန်ရာ၊ ပြာတို့သည် အထက်သို့လွင့်တက်ကြသည်။ ပြာပုံထဲမှ အရိုးများပေါ်လာသည်။

သစ်ငုတ်တိုမှထသည် မီးလျှံများကုန်သည်အထိ ရပ်စိုက်ကြည့်နေပြီးမှ...

"ပြန်မယ်”

ဟု တစ်ခွန်းဆိုကာ သုသာန်အဝဘက်သို့ မျက်နှာမူကာလျှောက်လာ လေသည်။ လမ်းတွင် စကားမပြောကြ၊ အတုံးအရုံး လဲလျောင်းနေသော ဂူများကို ဖြတ်သန်းလာကြသည်။ ခွေးတစ်ကောင်သည် လူသံကြား၍ ဂူပြားပြားတစ်ခုမှ ပြေးထွက်ကာ မို့မောက်သည့်ဂူကြီးတစ်ခုသို့ကပ်လျက် . ကွယ်လိုက်သည်။

သုသာန်ဇရပ် တံစက်မြိတ်အစွန်းသို့ရောက်သောအခါ မစောလင်းက

“ဪ... ဆုံးရပြီနော်..... ဆုံးပြီ'

 ဟု ရေရွတ်လိုက်သည်။

ချိုချိုက မစောလင်း၏လက်တစ်ဖက်ကို ဆုပ်ကိုင်ထားသည်။ ငိုရ ရှိုက်ရလွန်းသဖြင့် ချို့ချို၏မျက်နှာမှာ နီနေကာ မျက်လုံးတို့မှာလည်း မို့လျက်ရှိလေသည်။ မစောလင်း၏မျက်နှာမှာကား ချိုချိုကဲ့သို့ နီရဲခြင်းမဖြစ် မျက်လုံးမှာ မို့မနေ၊ သို့သော် ဆံပင်တို့မှာသာ လက်နှင့်သပ်မတင်သဖြင့် ဖာကြဲကာ မျက်နှာပေါ်သို့ ဝဲကျင့်ကျနေလေသည်။ .

 ယောက်ျားပျိုက ရှေ့နှစ်လံကွာလောက်ခွာကာ လျှောက်သွားသည်။

' သုသာန်ဇရပ်ကြီးမှ ထွက်ခဲ့၍ ယိုင်နဲ့နေသော ဇရပ်ဟောင်းအပျက် တစ်ခုသို့ ရောက်သောအခါ မစောလင်းက ဟိုဟိုသည်သည်ကြည့်ကာ...

“ဒေါ်လေးတို့ကော .

 ဟု မေးသည်။

 ချိုချိုက ပြန်၍လှည့်ကြည့်လျက်...

“ပြန်ထွက်သွားကြပါပကော။ မီးစရှို့ကတည်းက လေစွတ်တိုက်နေတာနဲ့ အနံ့ကမခံနိုင်အောက်ဆိုးရွားလွန်းလို့ ပြန်သွားကြတယ်လေ မစောလင်း ကိုလည်း အော်ခေါ်လိုက်ကြတာ

“မကြားမိဘူး'

 ဟု မစောလင်းက ဖြေသည်။

 “သူတို့ စောင့်နေကြသေးတယ်၊ အနံ့က ဇရပ်ထဲကို စွတ်ဝင်နေကာ၊

မစောလင်းလည်း ခေါ်လို့မရ၊ အနံ့ကသိပ်ဆိုးတာနဲ့ ပြန်သွားကြတယ် ချိုချိုကသာ မနေနိုင်တာနဲ့'

သုသာန်တစ်ပြင်လုံးမှာ အမှောင်ရိပ်များဖြင့် ယှက်သန်းလျက်ရှိလေ • သည်။ မိုးသည် ရုတ်ခြည်းအုံ့လာရာက လေသည် ဝှေ့သုတ်လာပြီး မိုးဖွဲ များပင် ကျလာလေပြီ။

ဂူတို့မှာ အဝင်ဝရောက်သောအခါ ပို၍ထူထပ်လာသည်ဟု မှတ်ရသည်။ ဂူပြားပြားကလေးမှာ နေရာချင်းမလပ်အောင်ပင် ကပ်နေကြသည်။ ကွင်းဖက် ကျသော မြေကွက်တွင်ကား မြင့်သောဂူများရှိကြသည်။ အားလုံးမှာ ပြုစု ပြင်ဆင်ခြင်းကင်းမဲ့သဖြင့် ရေညှိမှော် မြက်ပင် ပေါင်းပင်တို့ဖြင့် တွယ်ကပ် ကာ မည်းနေကြလေသည်။

မိုးသည် ဖွဲရာမှ ဖြုန်းခနဲ စိပ်လာပြီ၊ နေလည်း ရုပ်သိမ်းသွားခြင်းမရှိ ဘဲသူ၏ရွှေရောင်ကို ထိုးရိုက်ထင်လျက်ရှိရာ မိုးရေတို့၏သဏ္ဌာန်မှာတလက် လက်နှင့် ဝင်းတောက်လျက်ရှိသည်။ ။

ယောက်ျားပျိုကသုတ်သုတ် သုတ်သုတ်နှင့် သုသာန်တံခါးပေါက်ကို ရောက်အောင် သွားသည်။ ချိုချိုက လက်ကိုင်ပဝါကို ခေါင်းပေါ်ဖြန့်တင်ထား သည်။ မိုးသည် မထင်ဘဲ ရွာကိုချလာသည်။ သို့သော် နေရောင်ကလည်း ထိုးရိုက်လျက်။

မစောလင်းကဘာမှမဖြစ်သလို လျှောက်လာသည်။ မိုးရေစိုမှာစိုးသဖြင့် ခြေကို သုတ်သုတ်လည်းမလျှောက်၊ ခေါင်းပေါ်၌လည်း ဘာမျှပတင်၊ ချိုချို သည်...

“မိုးရွာလာပြီ'

 ဟု နှုတ်မှဆိုကာ လမ်းပေါ်သို့ရောက်အောင် ပြေးသွားသည်။.

လမ်းမတွင်ကား ထူထပ်သောမန်ကျည်းပင်အုပ်ကြီးမှာ အပေါ်တွင် မိုးထားသဖြင့် တော်တော်တန်တန်မိုးဆိုလျှင် မစို၊ ယောက်ျားပျိုကား လမ်းမမှရပ်စောင့်ရင်း ရေတင်နေသော အပေါ်အင်္ကျီကို လက်နှင့်တောက်ပစ်လျက် - ရှိသည်။

မစောလင်သည် ဣ‌န္ဒြေရစွာပင် မိုးရေထဲ၌ လမ်းလျှောက်လာသည်။

 “မစောလင်းတော့ မိုးရေမိပြီး အအေးမိတော့မှာပဲ”

 ဟု သူ့ဘေးရှိ ယောက်ျားပျိုအား ပြောနေလေသည်။

 မစောလင်း အနားကပ်လာသောအခါ... ။

“ကြည့်စမ်း မိုးရေတွေရွဲကုန်ပါပကော ခေါင်းမှာလည်းစိုလို့ အအေး မိလိမ့်မယ်၊ အင်္ကျီတွေလည်း ရွဲနေတာပါပဲလား'

ဟုဆိုကာ လက်ကိုင်ပဝါနှင့် ခေါင်းကိုသုတ်ပေးနေသည်။

 တို့သုတ်ပေးရင်လည်း နှုတ်က...

“မစောလင်းက သိပ်ခက်တာကို သိပ်ပေတာပဲ”

 ဟု ပြောနေသည်

 “ကဲ... ပြန်ကြရအောင်ကွယ်

မစောလင်းက ဘာမှပြန်မပြောဘဲ လမ်းဘေးသစ်ပင်အောက်တွင် ဆိုက်ထားသောကားအပြာကြီးပေါ်သို့တက်သည်။ ယောက်ျားပျိုက ရှေ့က ဝင်ထိုင်သည်။

မိုးမှာသည်းမလာဘဲ တန့်နေပြန်လေသည်။

ကားသည် ဖုထစ်များပြွမ်းနေသော သုသာန်လမ်းမှကွေ့ကာ ပြည် လမ်းပေါ်သို့ တက်လေပြီ။တောင်ဘက်သို့ကားကိုချိုးလိုက်ရာ မစောလင်းက-

“ဟေ့.. အိမ်မပြန်နဲ့ ချိုချိုတို့ကို လိုက်ပို့ရမယ်"

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)