Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

ဂျာနယ်ကျော်ဦးချစ်မောင် - ဂျာနယ်ကျော်ဦးချစ်မောင်၏၀ထ္ထုတိုများ

Regular price 2,500 MMK
Regular price Sale price 2,500 MMK
Sale Sold out

          “မင်းတို့ဥစ္စာ ရှေးကရေစက်ပေါ့ကွယ်” ဟူ၍ ဆရာတော်က ကျွန်တော် တို့ အကြောင်းနှင့်ပတ်သက်၍ အတိုချုံးကာ ပြီးပြီးပြတ်ပြတ် အမိန့် ရှိလိုက်သော်လည်း ကျွန်တော့်အဖို့တွင် ထိုစကားကို များစွာမကျေနပ်လှ ဘဲ ရှိနေပေ၏။ မကျေနပ်သဖြင့်လည်း ဆရာတော်အား ငယ်ငယ်ကပင် အစဉ်တစိုက် ကြောက်ရွံ့လာခဲ့ရသည်ဖြစ်သောကြောင့် စကားအထွန့်တက် ကာ တစ်စုံတစ်ရာ မပြောမဆို မလျှောက်ထားဝံ့ဖြစ်ကာ မိမိစိတ်ထဲတွင် သာ ကြိတ်၍ မကျေမနပ်ဖြစ်ခဲ့မိလေ၏။ အနှင်းအား ပြော၍ပြသောအခါ “ဟုတ်သားပဲ ဆရာတော်အမိန့်ရှိတာ အမှန်ပေါ့” ဟူ၍ ဆရာတော်ကိုပင် ထောက်ခံလျက်ရှိသောကြောင့် စိတ်ပျက်ရတော့မလိုလိုပင် ဖြစ်မိသေး၏။

          စင်စစ်သော်ကား အနှင်းနှင့် ကျွန်တော် တွေ့ဆုံရာမှအစ ယခုလို အကြင်လင်မယားအဖြစ်သို့အထိ ရောက်ခဲ့ကြရခြင်းမှာ ရှေးက ရေစက်ကြောင့်မဟုတ်လှဘဲ ယခုရေစက်ကြောင့်သာ ဖြစ်ခဲ့ပေ၏။ အနှင်းပင်လျှင် လည်း ဤအကြောင်းကို ရုတ်တရက်သဘောမပေါက်ဘဲ ကျွန်တော်ပြော ၍ပြမှသာ သဘောပေါက်၍ နှစ်သက်သဘောကျသွားခဲ့ပေ၏။

          အစကလိုလို ပြန်၍ပြောရလျှင် ကျွန်တော်ကား ကျွန်တော်တို့မြို့ ကလေးတွင် သိန်းတစ်ရာဆိုသော ဆန်စက်ကြီးကိုပိုင်သောသူဌေး ဦးဘမင်း+ဒေါ်လှမိုးတို့၏ တစ်ဦးတည်းသော သားဖြစ်၍ ရန်ကုန်တက္ကသိုလ်မှ ဘီအေအောင်မြင်ပြီးသည်နှင့်တစ်ပြိုင်နက် ကိုယ့်မြို့ကိုယ့်ရွာ သို့ ပြန်လည်ရောက်ရှိကာ ကိုယ့်အိမ်၌ပင် ကိုယ်အေးချမ်းစွာနေထိုင်၍ ကမ္ဘာ့စာပေအရပ်ရပ်တို့ကို နံနက်မိုးလင်းမှ ညသန်းခေါင်သန်းကျော်အထိ မအားတမ်း မနားတမ်း အမြဲမပြတ် တရစပ်ဖတ်ရှုရင်း အချိန်ကုန်လွန်နေခဲ့ သူ ဖြစ်ပေ၏။ စားရေးသောက်ရေး နေရေးထိုင်ရေးအတွက် တစ်စုံတစ်ရာ ပူပန် ကြောင့်ကြဖွယ်မရှိတိုင်း စာအုပ်များကိုသာ သဲသဲမဲမဲ ဖတ်ရှုနေထိုင်ခဲ့ လေရာ ကျွန်တော်၏ မိဘနှစ်ပါးက တိုက်တွန်းဖန်များလာသည့်အခါတွင် သာ ကိုယ့်ဝင်းကိုယ့်ခြံကြီးထဲတွင် အချိန်အတန်ကြာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်မိလျက် များစွာသော အကြိမ်တို့တွင်မူ လမ်းလျှောက်ဖို့ ရန်ပင် ပေါ့တန်မေ့လျော့နေခဲ့မိပေ၏။ အိမ်၏အတွင်းမှာပင် လမ်းလျှောက် ရန် ကောင်းစွာသတိမထားသူအဖို့ရာ၌ အိမ်အပြင်သို့ထွက်ခါ တောင်တောင် မြောက်မြောက်လျှောက်၍ လည်ပတ်သွားလာရန်မှာ သာ၍ပင် ဝေးလှချေ၏။ ကျွန်တော့်မိဘများ၏ ဆန်စက်ကြီးသို့ပင် ကျွန်တော်မှာ တက္ကသိုလ်သို့ ပညာသင်မသွားမီကသာ တစ်ခါတစ်ခေါက် ရောက်ရှိခဲ့ လျက် တက္ကသိုလ်မှ ပြန်လာ၍ပြီးသည့်နောက်တွင်ကား တစ်ခေါက်မျှ မရောက်ဘဲ ရှိခဲ့လေ၏။ ဤမျှလောက် နေနိုင်ခြင်းအတွက် ကျွန်တော်၏ မိဘ နှစ်ပါးသာမဟုတ် ကျွန်တော်၏ ဆွေမျိုးဉာတကာတို့လည်း များစွာ အံ့သြနေကြလေ၏။ “နေပဲနေနိုင်ရန်ကော” ဟု ပြောကြလေ၏ ။

          “မင်း ဒီလိုနေပုံမျိုးနဲ့ဖြင့် ဘယ်တော့ မိန်းမရမှာလဲ” ဟု အဒေါ်များ က လာတိုင်းလာတိုင်း ပြောဆိုသွားကြရာ မိန်းမရဖို့သည် အရေးကြီးဆုံး အလုပ်တစ်ခုဖြစ်၍ မိန်းမ မရခြင်းသည် အကြီးဆုံးသော ဆုံးရှုံးခြင်းတစ် ခုကဲ့သို့ အဒေါ်များ ထင်မြင်ယူဆပုံသည် ရယ်ဖွယ်ကောင်းလေစွ ဟူ၍ သာ စိတ်ကအောက်မေ့လျက် ခပ်ပြုံးပြုံးပင် နေလိုက်ခဲ့လေ၏။ အဒေါ် များသည် တစ်ခါတစ်ရံ အပျိုလေးများကိုခေါ်၍ လာကြပြီးလျှင် ကျွန်တော့်အား သူတို့ကို ထွက်ရောက်၍ ဧည့်ခံခြင်းဖြင့် စကားလက်ဆုံကျစေရန် ဖန်တီးကြသည်မှာလည်း မကြာခဏပင် ဖြစ်လေ၏။ သို့သော် ကျွန်တော် ကား မလွှဲသာလွန်းမက မလွှဲသာမှ ထွက်ရောက်တွေ့ဆုံလျက် ကျွန်တော့် ကို ရင်းရင်းနှီးနှီး စကားပြောဝံ့ခြင်းမရှိအောင် အတင်းဆုံးသော မျက်နှာ ထားဖြင့် တော်ရုံလျော်ရုံလောက်သာ စကားကိုပြောကာ “စာ သွားဖတ် လိုက်ဦးမယ် နေသာသလို နေကြပါ၊ အားမနာပါနဲ့” ဟု ပြောပြောဆိုဆို ထ၍ ကိုယ့်အခန်းထဲသို့ ကိုယ်ဝင်ရောက်ကာ စာကြည့်မြဲ ကြည့်နေခဲ့ ပေ၏။

          ဤအကြောင်းများကြောင့် ကျွန်တော့်အား ဆွေမျိုးတစ်သိုက်အကြား တွင် “ဘုန်းကြီး” ဟူ၍လည်းကောင်း၊ အိမ်တွင်းပုန်း” ဟူ၍ လည်းကောင်း၊ “တေမိ” ဟူ၍လည်းကောင်း ခေါ်ချင်သလိုခေါ်၍ ပြောင်လှောင်သရော် ကြပေ၏။ သို့သော် ကျွန်တော်ကား မပြုံ။ သူတို့အား မည်သည့်အခါက မှ အရင်းနှီးဆုံးသောသူများအဖြစ် ကျွန်တော့်စိတ်တွင် မအောက်မေ့ခဲ့မိ။ တစ်သက်တွင် ကျွန်တော်နှင့် အဝင်ဆန့်ဆုံး၊ အရင်းနှီးဆုံးသောသူများ မှာ ဘီရိုများနှင့် စင်များပေါ်တွင်ရှိသည့် တိတ်ဆိတ်ငြိမ်သက်သော စာအုပ် များပင်ဖြစ်ကြပေ၏။ သူတို့သည် ကျွန်တော့်အား လောကကြီးတစ်ခုလုံး ၏ သဘောတရားမျိုးစုံကို အမျိုးမျိုးအဖုံဖုံ ဖွင့်လှစ်ပြသ၍ အာရုံအမျိုးမျိုး ပြောင်းလဲခံစား တွေ့ထိစေခဲ့လေပြီဖြစ်ရာ သူတို့နှင့် ပေါင်းဖော်နေထိုင်ရ ခြင်းသည် အငြိမ်သက်ဆုံးနှင့် အရသာအတွေ့ဆုံး ပေါင်းဖော်နေထိုင်ရ ခြင်းပင်ဖြစ်ပေ၏။

          သို့သော် ဤတိတ်ဆိတ်ငြိမ်သက်စွာ ဖော်ရွေသော မိတ်ဆွေများ အကြားသို့ အခြား ကျွန်တော် သဘောကျသူတစ်ဦး ထိုးဖောက်ဝင်ရောက် လာဖို့ရန် အကြောင်းတစ်ခုဖြစ်လာခြင်းမှာ ကျွန်တော်၏ မိခင်နှင့် ဖခင် တို့ စစ်ကိုင်းတောင်ရိုးသို့ ဘုရားဖူးသွားလာရင်း ဥပုသ်ရက်ရှည်စောင့်သုံးလိုသည်ဖြစ်၍ ကျွန်တော့်အား အစစအရာရာ ကြည့်ရှုစီမံခန့်ခွဲရန် လုံးဝ တာဝန်လွှဲအပ်ခါ တစ်ခုသော တပေါင်းလတွင် အစေခံ အခြွေရံသင်းပင်း တစ်စုနှင့် ထွက်ခွာသွားကြရာမှ စခဲ့လေ၏။ ကျွန်တော့်အား စောင့်ရှောက် ကြည့်ရှုရန်အတွက် ဒေါ်ကြီးတော်စပ်သော မုဆိုးမတစ်ယောက်နှင့် အစေခံ မကလေး နှစ်ယောက်သာလျှင် ထားခဲ့ကြရာ သူတို့၏ တစ်ခုတည်းသော တာဝန်မှာ အိမ်ကြီးနှင့်ကျွန်တော့်ကို ကြည့်ရှုရန်ဖြစ်လေ၏။ ကျွန်တော် ၏တာဝန်မှာကား မန်နေဂျာလုပ်သူ ကိုသာပွင့်ဆိုသူနှင့် စက်ကြီးကို တိုင်ပင်ကြည့်ရှုစီမံခန့်ခွဲရန်ပင် ဖြစ်ပေ၏။

          ကိုသာပွင့်မှာ စက်ဝင်းအတွင်းရှိသော ခြံနှင့် တိုက်ကြီးတွင် နေထိုင် လျက် စက်တစ်ခုလုံးကို သိမ်းခြုံ၍ စောင့်ကြပ်ကြည့်ရှုလုပ်ကိုင်နေသူဖြစ် ရာ ကျွန်တော့်ထက် အဖက်ဖက်တွင် နားလည်ပြီးသူတစ်ဦးဖြစ်၍ ကျွန် တော်လည်း ဘာသိဘာသာပင် နေလိုက်သည်မှာ ရက်အတန်ကြာပင် ဖြစ်လေ၏။

          တစ်နေ့တွင်ကား ဒေါ်ကြီးက စက်ကို တစ်ခါတစ်ခေါက်သွားရောက် ကြည့်ရှုသင့်ကြောင်း သူစိမ်းတစ်ရံဆံတို့ မည်သည်မှာ အဘယ်မျှပင် အလုပ်ကိုရိုသေ၍ ရိုးဖြောင့်သည်ဆိုစေကာမူ ကြီးကြပ်သူမရှိပါက ဖောက် ပြန်ဖို့ရန် လွယ်ကူကြောင်းဖြင့် တိုက်တွန်းဖန်များလတ်သည်ဖြစ်၍ တုတ်ကောက်တစ်ချောင်းကိုယူကာ ညနေခင်း လမ်းလျှောက်သည့်သဘောမျိုး ဖြင့် မလျှောက်စဖူးထွက်၍ လျှောက်လာခဲ့လေ၏။

          ထိုသို့ ထွက်၍လျှောက်လာခြင်းသည်ပင် ကျွန်တော်၏ အေးချမ်းစွာ စာအုပ်များနှင့် ပျော်ပိုက်နေသောဘဝကို ပြောင်းလွဲ၍ တစ်မျိုးဖြစ်စေရန် ဖန်တီးဖို့ဖြစ်ကြောင်းကို နောင်မှသိရတော့လေ၏။ ဝမ်းနည်းသလားဟူ ၍မေးလျှင် အနှင်း၏မျက်နှာအမူအရာလေးများကြောင့် ဝမ်းမနည်းပါဟူ ၍ ဖြေရမည်ဖြစ်ပေ၏။ ဝမ်းသာသလောဟု မေးလျှင်လည်း ညှိုးငယ်စွာနှင့် ကျွန်တော့်အယုအယ အကိုင်အတွယ်ကို အမြဲမပြတ်စောင့်ငံ့နေသော စာအုပ်ကြီးငယ်များ၏ မျက်နှာကိုမြင်မိကာ အဖြေရကြပ်ကြပ်ပင် ဖြစ်နေ မိပေ၏။ သို့ သော် အနှင်းနှင့် တွေ့ရခြင်း၏ အကြောင်းကိုပြော၍ မပြီးသေးဖြစ်သောကြောင့် ကျွန်တော့်စိတ်ထဲ၌ ဖြစ်ရသည့် ဝေခွဲမရမှုကို အကျယ်ချဲ့ရန် မသင့်ဟု ထင်မိပေ၏။

          စက်ကြီးထဲသို့ ရောက်သောအခါ ကျွန်တော်၏ ခြေလှမ်းများမှာ မန်နေဂျာ ကိုသာပွင့်နေထိုင်ရာ အိမ်ကြီးဆီသို့ ဦးတည်၍ နေကြလေ၏။ သို့သော် ထိုအိမ်ကြီးဆီမှာ ဆူညံဆူညံနှင့် မိန်းမကြီးငယ်တစ်စုတို့ မဲ့ကာ ရွဲ့ ကာ ပြောဆိုရေရွတ်ရင်း စီတန်းထွက်လာကြသည်ကို တွေ့မြင်ရသောကြောင့် ခြေလှမ်းကိုရုတ်ခါ သူတို့ကိုလှမ်း၍ အကဲခတ်ကြည့်နေမိရာ မိန်းမ များမှာ ကျွန်တော့်ကိုပင် ကောင်းစွာမြင်ပုံမရဘဲ ဒေါသူပုန်ထ၍ ဆိုဆို ဆဲဆဲနှင့် ဖြတ်ကျော်သွားကြလေ၏။ ကျွန်တော်လည်း သူတို့ကို မမေးဝံ့ သဖြင့် နောက်ယောင်ခံလိုက်ပြီး ကြည့်ဦးအံ့ဟု အကြံဖြစ်ခါ နောက်မှ မယောင်မလည် လိုက်၍လာခဲ့ရာ မိန်းမများမှာ ကိုသာပွင့်ကိုဆဲ၍ မဝသေး သကဲ့သို့ တစ်တစ်ခွခွဆဲပြီးရင်းဆဲရင်းနှင့် ဆဲနေကြသည်ကို နားမဆံ့ အောင် ကြားနေရလေ၏။

          သူတို့သည် ရေပေးရာစက်ကလေးဆီသို့ သွားနေကြလေ၏။ ရေခံ သံပုံးများမှာ ရေပြွန်ဝအောက်နှင့်ဘေးတွင် ပြည့်ကြပ်နေလေ၏။ သံပုံး များအကြားတွင် ရေပြွန်ကိုကိုင်လျက် မိန်းမ ခပ်ငယ်ငယ်တစ်ယောက် ရပ်၍ မျှော်နေသည်ကို မြင်ရလေ၏။ ဤတွင်မှ ရေနှင့် ပတ်သက်သော ကိစ္စ ဖြစ်ရမည်ဟု အကဲခတ်မိတော့လေ၏။

          “ဘယ့်နှယ့်လဲ” ဟု စောင့်နေသော မိန်းမငယ်ငယ်က လှမ်း၍မေးရာ သူ၏အသံကို ကျွန်တော် ပြတ်သားစွာ ကြားရသည့်အတွက် ပင်လော မပြောတတ် (စောစောက စာအုပ်များကို ဖတ်ရာတွင် အာရုံကြောအားလုံးပင် အလုပ် လုပ်နေကြသည်ဟု ယူဆခဲ့မိသော်လည်း ယခုမှပင် မိမိကိုယ် ထဲ၌ ထိုင်းမှိုင်းလေးလံနေသော အာရုံကြောအချို့တို့သည် မနိုးကြားသေး ဘဲ ရှိမှန်းကိုသိရကာ) တစ်ကိုယ်လုံးသို့ ထိုအသံကလေး၏ လှိုင်းများ သည် လျင်မြန်စွာ ထွင်းဖောက်စိမ့်ယို၍ ဝင်ရောက်ပြီးလျှင် အာရုံကြော များကို ဒလဟောကြိုးညှိကစားနေသည်ဟု မှတ်ထင်လိုက်ရလေ၏။

          “မပြောပါနဲ့အေ၊ မသေခင် ပြိတ္တာဖြစ်မယ့် ခွေးမျိုး၊ ဒီရေကလေးဖွင့် ပေးနေရတာ သင်းပစ္စည်းမို့ နှမြောသလား၊ ဖွင့်ပေးလို့ကော သင်းသူဌေးမှာ မွဲသွားမယ်တဲ့လား၊ ခွေးမျိုး တိရစ္ဆာန်မျိုး၊ လာသွားကြမယ်။ ရွာဦးမှာပဲ သွားခပ်ရတော့မှာပဲ ဝေးလိုက်တာလဲ မပြောပါနဲ့တော့၊ ငါတော့ သေသာ သေလိုက်ချင်တာပဲ” ဟု မိန်းမကြီးတစ်ယောက်က ထီ၊ ထွမ်နှင့် တံတွေး ကို လှိုင်လှိုင်ကြီးထွေးရင်း သံပုံးကိုစောင့်ကာ ကိုင်တွယ်ယူငင်လိုက်သည် နှင့် အခြားမိန်းမများ အားလုံးပင် ကိုယ်စီကိုယ်စီ သံပုံးများကို ကောက်ယူ ၍ သွားကြမည်ကဲ့သို့ ပြုနေကြလေ၏။ သူတို့အားလုံးမှာ ကျွန်တော့်ကို မမြင်ကြ။ ကျွန်တော်က သူတို့နောက်မှ လိုက်၍လာသဖြင့် မြင်နိုင်ဖို့ရန် လည်း မရှိ၊ မိန်းမပျိုကလေးသာလျှင် ကျွန်တော့်ကို တည့်တည့်မြင်နေရ လေ၏။

          မိန်းမပျိုကား သံပုံးကို ကောက်၍မကိုင်သေးဘဲ ကျွန်တော့်ကိုသာ လှမ်း၍ကြည့်ကာ တွေ့၍နေသကဲ့သို့ ထင်ရလေ၏။ ထို့နောက် ဖျတ်ခနဲ မိန်းမများ၏အကြားမှ ရုတ်တရက် တိုးထွက်ကာ ကျွန်တော့်ဆီသို့ ဖျတ် လတ်သွက်လက်စွာ လာနေသည်ကို မြင်ရလေ၏။ သူ့အသံကလေး၏ ပဲ့တင်သံသည် ထိုအချိန်သို့တိုင်အောင် ကျွန်တော့်အာရုံကြောများပေါ်သို့ ခေါက်တုံ့ခေါက်ပြန်လျှောက်ကာ ကြိုးညှိနေသေးသကဲ့သို့ ထင်ရလေ၏။