Skip to product information
1 of 9

စိတ်ကူးချိုချိုစာပေ

ဂျာနယ်ကျော်ဦးချစ်မောင် - ဂျာနယ်ကျော်တော်လှန်ရေးစာစောင်နှင့်နိုင်ငံတော်သစ်ဆီသို့

Regular price 1,200 MMK
Regular price Sale price 1,200 MMK
Sale Sold out

ယမန်နှစ်က ဤအချိန်တွင် ဘာတွေဖြစ်နေကြသနည်း။

          ယမန်နှစ်က ဤလ ဤအချိန်တွင် မြန်မာပြည်မှာ ဘာတွေဖြစ်၍ နေသနည်း။

          ယမန်နှစ် ဤလ ဤအချိန်တွင် ဘာတွေဖြစ်၍နေသည်ကို ပြန်လည် စဉ်းစားမိသော တိုင်းသူပြည်သားတိုင်းပင် ကျောချမ်းသူချမ်း၍ အံကြိတ်သူကြိတ်ကာ၊ လက်သီးဆုပ်သူ ဆုပ်ပြီး၊ ယောင်ယမ်း ဓားဆွဲ၊ သေနတ် ကိုင်သူ ကိုင်မိမည်သာဖြစ်၏။ ။

          မည်သူတစ်ဦးတစ်ယောက်မျှ စိတ်ထဲတွင် တစ်စုံတစ်ရာမဖြစ်ဘဲ ယမန်နှစ်က .... သို့မဟုတ် ယမန်နှစ်အရင် ၂ နှစ်အတွင်းကအကြောင်းများ ကို ပြန်လည်စဉ်းစား၍ မရနိုင်ရှိရမည်သာဖြစ်၏။

          ဂျပန်တို့သည် နေရာတကာတွင် အမျိုးမျိုး ဆိုးသွမ်း မင်းမူ၍နေ ကြ၏။

          ဂျပန်ကုန်သည်များသည် မြန်မာတိုင်းရင်းသားများ၏ လက်ထဲ တွင်ရှိသော ကုန်စည်များကို အတင်းအကျပ် သေနတ်ပြ၍ အဖိုးမတန်သော ငွေစက္ကူများဖြင့် အတင်း လဲလှယ်ယူငင်လျက်ရှိကြ၏။

          ဂျပန်စစ်သားများသည် မြန်မာတိုင်းရင်းသားများထံမှ လိုချင်ရာကို အတင်းဆွဲငင်လျက်ရှိကြ၏။

          ဂျာနယ်ကျော် ဦးချစ်မောင် ဂျပန် ကင်ပေတိုင်ခေါ် စစ်ပုလိပ်အဖွဲ့သည် မြန်မာတစ်ပြည်လုံး မလှုပ်နိုင်အောင်၊ မလှုပ်ရှားဝံ့အောင် ဖမ်းစားဖိစီး နှိပ်စက်မင်းမူလျက်ရှိ၏။

          ဤစာမျက်နှာများတွင် ဖော်ပြပါရှိသော ပုံများတွင် တွေ့မြင်ရသော အဖြစ်အပျက်တို့မှာ နေရာတကာတိုင်း နေ့စဉ် နေ့တိုင်းလိုပင် ဖြစ်နေခဲ့၏။ မြန်မာများသည် ဂျပန်တို့၏လက်အောက်၌ အလွန့်အလွန် အနေအထိုင်၊ အစားအသောက်၊ အပြုအမူ ကျဉ်းမြောင်းကျပ်တည်းကာ ဂျပန်တို့လက်အောက် မှ လွတ်မြောက်ရုန်းကန်ရန်အတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗမာ့တပ်မတော် ကြီး၏ ခြေလှမ်းကိုသာ ကြည့်ရှုမျှော်ကိုးနေကြ၏။

          တစ်ပြည်လုံး၏မျက်စိသည် ဗိုလ်ချုပ်အောင်ဆန်း၏ အပေါ်တွင် သာ စူးစိုက်ကျရောက်လျက်ရှိ၏။ တစ်ပြည်လုံး၏နားသည် ဗိုလ်ချုပ် အောင်ဆန်း၏ စကားများ အစွန်းနိမိတ်တွင် တွဲလဲခိုမှီလျက်ရှိ၏။

          ဗိုလ်ချုပ်အောင်ဆန်း၏ ဗမာ့တပ်မတော်ကြီးသည် ၁၉၄၂ ခုနှစ်က အင်္ဂလိပ် နယ်ချဲ့စနစ်ကို တိုက်၍ ထုတ်ခဲ့ဖူးသလို ယခုလည်း ဂျပန်ဖက်ဆစ် ဝါဒဆိုးကြီးကို တိုက်ထုတ်ပေးလိမ့်မည်ဟု အစဉ်မပြတ် ယုံကြည်ကိုးစားခဲ့ ပြီးဖြစ်သည့်အားလျော်စွာ ဗိုလ်ချုပ်အောင်ဆန်း၏အရိပ်အခြည်ကိုသာမပြတ် ကြည့်ရှုအကဲခတ်လျက်ရှိနေခဲ့ကြ၏။

          ဤအတွင်းတွင် ဂျပန်တို့ကား လိုချင်ရာကို ယူချင်သလို အဆီး အတားမရှိ ယူငင်နေကြ၏။

ဗမာ့တပ်မတော်၏ ခြေလှမ်းကို လိုက်၍ ကြိုကြိုကြားကြား မကျန် စုံစမ်းထောက်လှမ်းနေကြ၏။ တော်လှန်ရေးအတွက် ပြင်ဆင်နေသည်ဟူ၍ သတင်း အစအန ရသော ကွန်မြူနစ်ပါတီကို သဲလွန်စလိုက်၍ ကောက်နေ ကြ၏။

          “မိလျှင် အသတ်” ဟု ဆိုခြင်းကို လူတိုင်းသိကြ၏။

          သို့သော် အနည်းငယ်မျှလောက်သော လူတစ်စုမှတစ်ပါး အများသော တိုင်းသူပြည်သားတို့ကမူ မမိစေရအောင်၊ တောရွာကျေးလက်များမှ မကျန် စေရဘဲ ထူးကဲထက်သန်အောင်သောစိတ်ဖြင့် မည်သည့်အရိပ်အခြည်မှ မပေါ်ထွက် မပေါက်ကြားရအောင် ကူညီဖုံးဖိပေးလျက် ရှိနေကြပေ၏။ တော်လှန်ရေးလုပ်ငန်းကြီးသည် အောက်ခြေမှစ၍ ခိုင်မြဲစွာ တစ်ချိန်တည်းဂျာနယ်ကျော်တော်လှန်ရေးစာစောင်နှင့် နိုင်ငံတော်သစ်သို့ ထိုးထွက်ဖောက်ထွင်းလာရန် အားယူလျက် စီစဉ်လျက်ရှိခဲ့၏။

          ဂျပန်တို့သည် မြန်မာလူမျိုးဟုဆိုက စားတော့မတတ်၊ ဝါးတော့ မတတ် ကြည့်ရှု အကဲခတ်နေသောအချိန်ဖြစ်ခဲ့၏။

          ထိုသို့ မပြတ်မလပ် ကြည့်ရှုစောင့်ကြပ် အကဲခတ်နေသည့် အကြား မှပင် ဗမာ့တပ်မတော် ဗိုလ်ချုပ်ကြီး၏ အမိန့်အရဖြင့် မတ်လ ၂၇ ရက်နေ့ ညတွင် ဂျပန်တို့ကို တွေ့ရာနေရာ၌ ဗမာ့တပ်မတော်သားများ၊ ပြောက်ကျား တပ်သားများ၊ ဆက်သားများသည် ရှိရာလက်နက်နှင့် တစ်ချိန်တည်း ထကြွ တော်လှန်ပစ်ခတ်ခြင်းဖြင့် မြန်မာပြည်၏ မြို့ရွာများ၊ မြစ်ချောင်း တောတောင် များ၊ လယ်ယာသစ်တောများကို ဖက်ဆစ်ဂျပန်သချိုင်းများအဖြစ်သို့ တစ်ရှိန် ချင်းရောက်စေလျက်ရှိခဲ့၏။

          ၁၉၄၄ ခုနှစ်၊ အကုန်တွင် ရခိုင်ပြည်၌ ဦးပညာသီဟ ခေါင်းဆောင် လျက် ဖက်ဆစ်ဂျပန်ကို တော်လှန်ခြားနားခဲ့ပြီးသည့်နောက်၊ ၁၉၄၅ ခုနှစ် မတ်လ ၈ ရက်နေ့တွင် တစ်ဖန် မြန်မာပြည်အတွင်း မန္တလေးမြို့ကြီးမှနေ၍ ဗိုလ်မှူးကြီး ဗိုလ်ဗထူးက ဦးဦးဖျားဖျား ခြားနားတော်လှန်လိုက်သည်က စ၍ ကျန်နေရာ၊ ဒေသများ၌ ခြားနားထကြွရန် တရွရွဖြစ်နေကြသော တိုင်း ချစ်ပြည်ချစ် ရဲဘော် ရဲခေါင် ပြောက်ကျားများသည် ဤမတ်လ ၂၇ ရက်နေ့ ည ၇ နာရီအချိန်မှစပြီး ဂျပန်တို့ကို စိတ်ရှိသလို ဖိနှိမ်ပစ်ခတ်ခွင့်ရသော အခါ ဆင်းရဲဒုက္ခကို မဆိုထားဘိ အသက်ကိုပင် ပမာမထားဘဲ တိုင်းသား ပြည်သူတို့ ဖက်ဆစ်မင်းမူခြင်းမှ ကင်းလွတ်အောင် အသေခံ အရဲစွန့် သဲသဲ မဲမဲကြီး တိုက်ခိုက်ခြင်းပြုနေခဲ့၏။

          ဂျပန်က လက်ဦးသွားသဖြင့် သေဆုံးသွားရှာသော ရဲဘော်များလည်း အများပင်ရှိ၏။ ဂျပန်တို့က အင်အားကြီးမားသည်ကို သိလျက်နှင့်ပင် ရင်ဆိုင် ရှေ့တိုး အတင်းဝင် အတင်းတိုက်စစ်ထိုး၍ ဂျပန်တို့က ရန်ငြိုးကြီးစွာဖြင့် ပစ်ခတ် သတ်ဖြတ် ကျဆုံးသော ရဲဘော်များလည်း အများပင် ရှိနေခဲ့၏။

          ဂျပန်စစ်တပ်တို့သည် မြန်မာလူငယ် တော်လှန်ရေးသမားများအား တွေ့ရာမဆိုင်း ပစ်ခတ်နေကြသည့်နည်းတူ ဂျပန်ကင်ပေများသည် အချို့သော သစ္စာဖျက် မြန်မာများ၏ သတင်းပေးမှုဖြင့် တော်လှန်ရေးနှင့် အဆက် အသွယ်ရှိသူများကို လိုက်လံဖမ်းဆီး သတ်ဖြတ်ညှဉ်းဆဲလျက်ရှိခဲ့၏။

          သို့သော် တပ်မတော်နှင့် ပြောက်ကျားတပ်တို့က တပ်ဦးက၊ ရွာသား ရွာသူ၊ မြို့သားမြို့သူတို့က နောက်ပိုင်းကနေပြီး ဖက်ဆစ်ဂျပန်ကို ဝိုင်းဝန်း တိုက်ခိုက်ကြလျက်ရှိသဖြင့် တစ်ပြည်လုံးပင် အုန်းအုန်းကျွက်ညံ သေနတ်သံ မစ် တိုက်ပွဲကြီး တရစပ်ဖြစ်ပွားလျက်ရှိခဲ့၏။

          ဖက်ဆစ်ဂျပန်တို့ကို တွေ့ရာနေရာမှာ သတ်ဖြတ် သုတ်သင်လျက် ရှိ၏။ ဂျပန်ရှိသည်ဟုဆိုလျှင် တစ်ခါတည်း စွတ်၍လိုက်ပြီး အတင်းတိုက်၊ အတင်းပစ်၊ အတင်းသတ်လျက်ရှိ၏။ ဂျပန်တို့ကလည်း တတ်နိုင်သမျှ ပြန်လည်ခုခံသတ်ဖြတ်နေခဲ့၏။

          ယမန်နှစ်က ဤလ ဤအချိန်တွင် ဂျပန်တပ်ကြီးများသည် မြန်မာ တော်လှန်ရေးသမားများရှိသည်ဟု သတင်းကြားရာနေရာကို ရှောင်ကွင်း ချီတက်လျက်သွားနေကြ၏။ တော်လှန်ရေးသမားများကလည်း ရွာသူရွာ သားများထံမှ ရသမျှသော သတင်းအစအနဖြင့် ခြေရာကောက် တောက်လျှောက် လိုက်ကာ ပစ်ခတ်ဖိနှိမ်လျက်ရှိရာ ဤတော်လှန်ရေး လူငယ်များ၏လက်ချက် ဖြင့် ဂျပန်ပေါင်း ၂ဝဝဝဝ ကျော် ကျဆုံးခဲ့ကြောင်း မဟာမိတ်တို့ကပင် ဝန်ခံ ကြရ၏။

          ရဲခေါင်ပြောက်ကျား ရဲဘော်များသည်ကား ဂျပန်တော်လှန်ရေး တိုက်ပွဲကို အပျော်အပါး ကစားစရာသဖွယ် မတွန့်မဆုတ်၊ သဲသဲမဲမဲကြီး လုပ်နေကြသည့်အဖြစ်ကိုလည်း မဟာမိတ်ထဲကပင် ဝန်ခံခဲ့ရ၏။ မဟာမိတ် တို့ အလလတိုက်ရမည့်စစ်ပွဲကို တော်လှန်ရေး တပ်သားများသည် မြန်မာ ပြည်သူပြည်သားများ အကျိုးငှာ နာရီပိုင်း ရက်ပိုင်းဖြင့် အပြီးပိုင်ပိုင် ဖြိုလှန် နိုင်ခဲ့ကြ၏။

          ဤနည်းအားဖြင့် ဖက်ဆစ်ဂျပန်တို့၏ ရန်မီးကိုသာ မြန်မြန်ကြီး ငြိမ်းစေသည်မဟုတ်၊ ဂျပန်နှင့် ရင်မဆိုင်လို၍ ကောင်းကင်မှ အရမ်း ဗုံးကြဲ ချနေသော မဟာမိတ်တို့၏ တိုက်စစ်ပရိယာယ်ကြောင့် ပျက်စီးရမည့် ဘေးရန်ကိုလည်း နည်းပါးယုတ်လျော့စေခဲ့ကြသေး၏။

          စစ်သား ဂျပန်၊ ကုန်သည်ဂျပန်၊ ကင်ပေတိုင်ဂျပန်၊ နွားဆွဲဂျပန်၊ ချွေးတပ်ဆွဲ ဂျပန်၊ ပစ္စည်းဆွဲဂျပန်၊ လှည်းဆွဲ ကားယူဂျပန်၊ စပါးသိမ်းဂျပန်၊ လူပျိုလှည့်ဂျပန်၊အနုကြမ်းဂျပန်၊ အကြမ်းကြမ်း ဂျပန်၊ ဘာ ဂျပန်၊ ညာဂျပန်မကျန် ဂျပန်အားလုံး တွေ့သမျှ ဆီး၍ သိမ်းကျုံးပစ်ခတ် သတ်ဖြတ်ခြင်းဖြင့် မြန်မာပြည်အား ဖက်ဆစ်ဝါဒကြီး ကပ်မှီဝင့်ကျယ်နေမှုကို တစုတဝေး တညီ တညာတည်း ဖြိုလှဲတိုက်ဖျက်ခဲ့ကြလျက်ရှိ၏။

          ဖက်ဆစ်ဂျပန်တို့ ဝင့်ကျယ်သွားသော ၃ နှစ်သည် မြန်မာပြည် အား မိုးမှောင်ကြီးချထားသကဲ့သို့ဖြစ်စေရာ ယမန်နှစ် ဤအချိန်တွင် တစ်ခါ နက် မည်းနက်သော မိုးမှောင်ကြီးကို တပ်မတော်သားများ၊ ရဲခေါင်ပြောက်ကျား များသည် လက်နက်ပြောင်းများမှထွက်သော အလင်းရောင်ကလေးများဖြင့် တစ်ခါတည်း ဖြိုခွင်းဖယ်ရှားလျက်ရှိကြ၏။

          ဂျပန်တို့၏ မြန်မာ့ အိုးခြေ အိမ်ခြေ၊ ရွာခြေမြို့ခြေနှင့် အသက်စည်း စိမ်ကို ဖြိုဖျက်ဖို့ နောက်ဆုံးအားထုတ်မှုကို တော်လှန်ရေး လူငယ်များက တွေ့ရာမဆိုင်း ခုတ်ပိုင်းပယ်ဖျက် သူ့အသက်ကို မပျက်နုတ်ယူလိုက်လျက်ရှိ နေခဲ့၏။

          ယခု ... ဖက်ဆစ်ဂျပန့် ဝဋ်မှ ကျွတ်လွတ်သွားပြီ။

          ရဲဘော်တို့၏ စွန့်စားပုံကို မြင်ရတွေ့ရကြားရသူတို့သည် အဘယ် မှာ ရဲဘော်တို့၏လုပ်ငန်းကို အထင်သေးနိုင်ကြပါတော့အံ့နည်း။

          ရဲဘော်တို့ခေါင်းဆောင်၍ တိုင်းပြည်က တစ်ခဲနက် လိုက်ပါကူညီ သဖြင့် သက်သာခွင့်ရသော လုံးပန်းမှုကြီးကို အဘယ်သူသည် အထင်သေး ရှုတ်ချဝံ့သနည်း။

          ရဲဘော်တို့ခေါင်းဆောင်၍ တိုင်းပြည်က တစ်ခဲနက်လိုလားသည့် အားလျော်စွာ သေတွင်းသို့ ဝင်၍ အတူတကွ တော်လှန်လာခဲ့ကြသောသွေးစည်းမှုကြီးကို အဘယ်ပရိယာယ်ရှင် နိုင်ငံရေးသမားသည် အဘယ် ဉာဏ်နီဉာဏ်နက်ဖြင့် ဖြိုခွဲနိုင်အံ့နည်း။

          ရဲဘော်များ၊ ပြောက်ကျားများသည် တိုင်းသူပြည်သားတို့နှင့် တစ် စိတ်တည်း တစ်ဝမ်းတည်း၊ တစ်ကျိတ်တည်း တစ်ဉာဏ်တည်း သေတွင်း ကြီးထဲသို့ဝင်၍ သေတွင်းကြီးထဲမှ ထွက်လာခဲ့ကြရာ ထိုမျှလောက် ကြီးမား ခိုင်မာသော သွေးစပ်မှုကြီးကို အဘယ်စက္ကူဖြူ၊ ရှေ့ နေသည် ချေဖျက်နိုင်အံ့ နည်း။