Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

ဂျာနယ်ကျော်မမေလး - အဌမုခ၊ဓာတုဝိတ္ထာရဓာတုဝိဘာဂဒီပနီသုံးစောင်တွဲကျမ်း

Regular price 2,700 MMK
Regular price Sale price 2,700 MMK
Sale Sold out
နမောတဿ ဘဂဝတော အရဟတော
သမ္မာသမ္ဗုဒ္ဓဿ။
ရတနယ ပဏာမ။

၁။           သုံးခွင်ဘုံနတ်၊ မြတ်ထက်မြတ်သား၊ ဥက္ကဋ္ဌိဂိုဏ်းသီး၊ ကပ်လုံးချီးလည်း၊ အပြီးမနော်၊ ကျေးဇူးတော်တည့်၊ အဖော် ပဝရ၊ သမ္ဗုဒ္ဓနှင့်၊ ဓမ္မဆယ်ဖြာ၊ မြတ်သံဃာဟု၊ အရိယာရှစ်၊ မြူတေနှစ်ကို၊ ပွင့်သစ်စက်စက်၊ ခိုင်လုံးရှက်သို၊ ဦးထက်ဆင်လှုံ၊ ရှိလက်သည်၊ မုံဝတ်ရွှေ လှိုင်အ

၂။            ကုံးဆင်ယုံမှတ်၊ ကြာမုံဝတ်ဆွီ၊ ဦးညွတ်ပန်ဆင်၊ ရှိပန်း တင်လျက်၊ အကြင်လေး၊ သူတော်အား၊ ဇယာအာရုံ၊ သုဒ္ဓါဟုန်ကြောင့်၊ လောက်လုံစေ စေ၊ ရှေးကျမ်းတွေကို၊ ကွယ် ရွှေ့မဝှက်၊ ထင်ကွက်ကွက်လျှင်၊ ခက်လက်ဖြိုးဖြိုး၊ ကပ်ဦးမိုးညှိုး၊ ဉာဏ်မျိုးခွယ်စုံ၊ ချမ်းရိပ်မြ သည်၊ အာဂုံရွတ်စေ ခိုင်အခံ့ ။

၃။            ထုံးတင်ပုံတတ်၊ အိုသူမြတ်တို၊ ဓာတ်လည်းလေး၊ ရှစ်ဒီသာနှင့်၊ ကုရာဆေးဝါး၊ သမားဗေဒင်၊ မျက်မှောက်မြင် လျက်၊ ကောင်းအင်ပြည့်ဝ၊ မည်နာမကား၊ အဋ္ဌမုခ ဓာတ်ကျမ်းဟု၊ အလင်္ကာဆင်၊ ဖွဲ့စီရင်ပိမ့်၊ လူတွင်လူမြတ်၊ ကဝိထွတ်ဟု၊ အတတ်ဂုဏ်ရည်၊ ပွင့်လင်းစည်ဖို၊ ရွှင်ကြည်ခိုလှုံ၊ သောတာရုံ သည်၊ နာတုံညွှတ်လေ ကြိုင်ယနံ့ ။

အဋ္ဌမုခဓာတ်ပုံလက်။

           အဋ္ဌလက်ပုံ၊ သားပြီးတုံမှ၊ ကြာမှုံဝတ်ရင့်၊ အတင့်ပြီးသည်။ သုံးလည်စိုးအုပ်၊ ရဲစွမ်းထုတ်က၊ မြဲကုပ်အစူး၊ ထက်ဦးရေလှိုင်း၊ ဝိုက်သိုင်းကြံတွေ၊ စွယ်ရောင်သွေ့ဖြင့် ။ အရှေ့ကသည်၊ လက်ဝဲ လည်၍၊ ရှစ်မည်ဂြိုဟ်ချ၊ ပြီးမှမပျက်၊ လူ့အသက်ကို၊ တချက် တည်လတ်၊ အဋ္ဌဖြတ်လျက်၊ သေသတ်အကြွင်း၊ လှည့်ရင်း အရှေ့ ၊ စ၍ရေပါ၊ ရောက်ရာအစ၊ ပဋ္ဌမဂြိုဟ်သုံး၊ စန်းသုံးစန်း ငုပ်၊ ဓာတ်ငုပ်သင်းချိုင်း၊ ကသိုဏ်းပုံရှု၊ ဒုတိယဆောင်ကြေ၊ ခိုက်လေသမသော၊ အဟောလေးဝ၊ တတိယလျှင်၊ မိတ်ပင်မှတ် လေ၊ လေးထွေစတုတ္ထ၊ သောကဥပါဒ်၊ စုတ်လာဘ်လည်းမြင်၊ လေးအင်ဂြိုဟ်မ၊ အပရှိလျှင်၊ တွင်းပင်ရှိရိုး၊ အမျိုးဒေသ၊ ဓာတ် အရနှင့်၊ နှိုင်းဆဆင်ခြင်၊ ငုပ်လျှင်ပေါ်အောင်၊ ကြောင် မိတ်နံ၊ နှစ်တန်အစာ၊ ပေးရာသည်ချည်း၊ ဆေးလည်းတတန်၊ရှောင်ရန်တထွေ၊ ဥဝေစံကူး၊ ရေဘူးတောသူ၊ ရန်မူလည်းဆို၊ ဦးညိုခေမာ၊ သုတာဝေရီ၊ မမှီတဲ့ရာ၊ ဓမ္မာသောက၊ အင်းဝရာဇာ၊ ကာရန်စစ်၊ ဖွေသနစ်၍၊ အပြစ်စင်အောင်၊ ကြဉ်ရှောင်ပယ် ကွင်း၊ သက်စားကြွင်းနှင့်၊ လှည့်ရင်းကျရာ၊ ဂြိုဟ်အိမ်မှာလျှင်၊ လေးဖြာနံစု၊ ဓာတ်ကိုရှု၍၊ ဇာဂရုမှ၊ အင်္ဂဝိဇ္ဇာ၊ နည်းကျယ်စွာကို၊ မှန်စွာယှဉ်မြို့၊ဂြိုဟ် ပရိယာယ်၊ သွယ်သွယ်ဟောကာ၊ နေရာဒေသ။ က၁လမျိုးရိုး၊ ပုန်းလျှိုးလုယက်၊ ကွယ်ဝှက်ထောင့်ဘိ၊ မလွတ်ရှိ သည်၊ မျက်စိနားနှယ် အလားတည်း။

တနင်းအိမ် ဟောခန်းလက်။

           ဇမ္ဗူဒီပါ၊ ကျွန်းအောင်ချာဝယ်၊ နရာလူများ၊ မှတ်စိမ့်ထား သည်၊ ခြောက်ပါးကိုးဆယ်၊ အန္တရာယ်ကို၊ လွယ်လွယ်စေမှု၊ စတုသင်္ခေပ၊ အကျဉ်းပြပိမ့်၊ တိဿမထေရ်၊ ထားခဲ့သည်ကို၊ နားလည်စိမ့်ငှ၊ မှတ်ကုန်ပါလော့၊ အက္ခရာတိမ်မြုပ်၊ ဘဏ်ချွန်း အုပ်၍၊ ပြာအစ၊ ဗျားဟုန်၊ ခဲလေတုန်က၊ အန္တကရိ၊ ဟိုင်းနှင့်ဖိသော်၊ ငြိမ်း၏အမှန်၊ မငြိမ်းပြန်မူ၊ ဆဒ္ဒန်နာဂေ၊ ပေါက်စေလောဟု၊ ကျမ်းဟောင်ကန်၊ မိန့်ချက်မှန်သည်၊ ဗျ” ကျားခန်း နိဋ္ဌိတည်း။ ။စန္ဒုမုခ။

 

တနင်္ဂနွေအိမ် ဟောခန်းလင်္ကာ။

          ဂရုဠဟု၊ သူနမှန်၊ ဂဠုန်ပျံလျှင်၊မြင်းထန်တေဇ၊သုတ်လက မူ ဥသာမပျက်၊ ကျမ်းထွက်အလို၊ နဂိုပူးမင်း၊ ခဲလေလျင်းက၊ ကြေပျက်ပြား၊ ဥပဒ်ရှား၍၊ သူအားချမ်းသာ၊ ရောက်စေရာ၏။ မြန်စွာသုခ၊မရောက်ကမူ၊ အောင်ပတချက်၊ မိတ်ဖက်အရ၊ပစ္ဆိမက ဖလ်မြကျောက်ဂူ၊ ပျော်လေ့မူသည်၊ မိတတူဟိရည၊ နောက်ထပ် ပြစေ၊ ချမ်းသာလေ့၏၊ မသွေမိတ်ခံ၊ ရန်တချက်ထောက်၊ ချမ်းသာရောက်သည်၊ ရှိန်တောက်ဂဠုန် အခန်းတည်း။ ။ သူရဇ္ဇမုခ။

 

သောကြာ အိမ် ဟောခန်းလက်။

           ဥတ္တရဒီသာ၊ မြောက် မျက် နှာ က၊ ရောင် ဝါထိန် လျှမ်း၊ကျောက်ဂူနန်း၌၊ ရွှင်လန်းပျော်ပေ၊ ပူးထက်နေသော၊ မိုးမြေ ရိုက်တုံ၊ အာကဘုံက၊ တောင်ဟုန်ရှိန်ပြင်း၊ ဂဠုန်မင်းအား၊ နှိပ်နင်းစေရ၊ ဆေးချက်ပြလော့၊ ပူးလှမိတ်ဆွေ၊ ကျောက်နန်း နေသည့်၊ ကေသရာမည်၊ ခြင်္သေ့ဆီကို၊ တလီနောက်ထပ်၊ ပေးစေ အပ်၏၊ ပူးခတ်နာ၊ သဘောတူရာ၊ စွယ်ရှက်လာက၊ ချမ်း သာရသည်၊ မုခမှတ်ရန် ပူးခန်းတည်း။ ။သောကြာမုခ။

ရာဟု အိမ် ဟော ခန်းလက်

           ပါရပ်ဒီသာ၊ နောက်မြောက်မှာလျှင်၊ နာနာဘာဝ၊ စွမ်းနိုင် လှသား၊ ဂြိုဟ်များရာဇာ၊ တံခိုးနာသည်၊ အက၊ ဟိုင်းမင်း ရှိမြင်၊နေရပ်ခွင်၌၊ သက်လျှင်ရောက်ထ၊ ကြိမ်လကမူ၊ ဘယ ဘေးဒဏ်၊ လွန်ပြင်းထန်၍၊ ရန်ကြီးလှ၊ မိတ်နံခစေ၊ အဖွဲ့ဘောမ၊ ဂြိုဟ်ပပကို၊ သောမနှင့်ချေ၊ အကြေနက္ခတ်၊ တလုံးရပ် ၏၊ ပြတ်သည့်တခန်း၊ ခန္ဓာလန်းလိမ့်၊ မချမ်းသာသော၊ မရောနှောနှင့်၊ အဂဗ္ဗူ၊ စရေဝံသ၊ မယှဉ်ကြလို၊ ဦးညိုခေမာ သုတာဝေရီ၊ မမှီတဲ့ရာ၊ ဓမ္မာသောက၊ အင်းဝရာဇာ၊ ဆေးချက် ပါက၊ မရဏစစ်၊ အမှန်ဖြစ်သည်၊ သက်စစ်ဟိုင်းကျ ဟောခန်း တည်း။ ။ပရပ်မုခ။

 

ကြာသပတေး အိမ် ဟာခန်းလက်။

           ပစ္ဆိမသာ၊ နောက်မျက်နှာ၌၊ ရာဇာကြွက်လှ၊ ဟိရညမူ၊ ခဲထမှန်စွာ၊ ဘာဒုက္ခ၊ ကြီးပြင်းကလျှင်၊ ပူးလှမိတ်ဆွေ၊ ကေ သရာခံ၊ ခြင်္သေ့ ပျံနှင့်၊ နံသင့်ခံစေ၊ မိတ်ဆွေအရ၊ အောင်ပအကြုံ၊ ငှက်ဂဠုန်နှင့်၊ ပြတုံဆေးချက်၊ ကျားမင်းထွက်က၊ အမျက်လည်းကြေ၊ ရန်လည်းပြေသည်၊ ကျမ်းရွှေမုခ ကြွက်ခန်းတည်း။ ။ ဂုရုမုခ။

 

စနေအိမ် ဟော ခန်းလာ။

           သောရီဝ ရေ၊ စနေအရ၊ ထောင့်ပါပ၌၊ နာဂနဂါး၊ မှူး ပျော်ပါးလျက်၊ စံစားလှည့်ရာ၊ ရပ်ခန်းဝါထက်၊ သက်သာ ရောက်လေ၊ အခြွေအရ၊ ရှောင်ကြဉ်ကြလော့၊ ရလျင်စားမိ၊ ဘယာဖိသော်၊ ဒက္ခိဏာမှတ်၊ တောင်အရပ်က၊ ပေါက်လှဆင်ပြောင်၊ ကြေအောင်နင်းယူ၊ နောက်ထပ်မူကား၊ ဆင်ဖြူဟိုင်းလှ၊ မိတ်အရကို၊ ပြလေတတန်၊ ရှင်အရဟံတည့်၊ ရှင်ပျံတိဿ၊ ဘွဲ့မည် ရသား၊ ခပ်ထတံဆိပ်၊ လက်ဝယ်နှိပ်၍၊ ဂုဏ်ဟိတ်ပြဆို၊ ဓာတ်ဖို ဓာတ်မ၊ ထုပ်ဖော်ဆလျက်၊ ဒန်းလှအာပေါ၊ မှန်မောမုချ။ ဧကန္တတည့်၊မရမမှန်၊ ရှိလေပြန်မူ၊နှစ်တန်အက္ခရာ၊နှောပြီးခါဝယ်၊ သတ္တဗီသ၊ချေလကမူ၊ အရမကြေ၊ ကျေလျင်နှစ်ဆယ်၊ စွန်းဝယ် သတ္တေ၊ နက္ခတ်ကြသည်၊ မှတ်လေရေနတ် ဟောခန်းတည်း။ ။ သောရီခ။

 

ဗုဒ္ဓဟူးအိမ် ာခန်းလက်။

           စက်မြတ်ဝရဇိန်၊ နတ်ပစ်ချိန်ညှိ၊ မထိန်သေသ၊ တခန်းပြပိမ့်။ ဒက္ခိဏဒီသံ၊ တောင်ရပ်ဋ္ဌာန်ဝယ်၊ ဆဒ္ဒန်ဆင်လှ၊ ပျော်မြူပသည်။တောဝမြိုင်သာ၊ ဟေဝန္တာဝယ်၊ ဇိဌာသက်ကျ၊ ဆုံလကမူ၊ ကာယကြုံလှီ၊ မအီမသာ၊ ဘယာဖွဲ့စည်း၊ နာရောက်သည်းသော်၊ နည်းမှာပုံသေ၊ ကျမ်းရင်းဖွေ၍၊ အကြေနက္ခတ်၊ တေဇောဓာတ်ပြု၊ ဝိရူပက္ခ၊ အခြေမရောက်၊ အမောက်နီဖန်၊ ဆိပ်ပြင်းထန်သည့်၊ အမှန်နာ၊ ပေါက်စေသောဟ၊ ကျမ်းဟောဧကန်၊ မငြိမ်း ပြန်မူ၊ ကိန်းမှန်အရ၊ စန်းအကျနှင့်၊ ဗျဂ္ဃသူတော်၊ မိတ်ဖေါ်မှန်လှ၊ နောက်ထပ်ပြလေ၊ မမှားစေနှင့်၊ မှားထွေအပါယ်၊ လှမ်းဝယ် မုချ၊ မှန်ကန်ကမူ၊ သုံးဝချမ်းသာ၊ ရလေရာသည်၊ ကျမ်းလာ ဆင်မင်း ဟောခန်းတည်း။ ။ဗုဒ္ဓမုခ။

 

အင်္ဂအိမ် ဟောခန်းလာ။

           ရှေ့တောင်ရပ်က၊ ဂြိုဟ်မြတ်အင်္ဂါ၊ သက်ရောက်လာမူ၊ ငုတ် ခါ ပထဝီ၊ ဆောင်ပြီးတေဇော၊ တချက်ဟောလော၊ သဘောထောက်ဆ၊ ပါပဂြိုဟ်သုံး၊ စန်းသုံးလွန်းပြတ်၊ နှစ်ထပ်နှစ်စုံ ကုန်လည်းကုန်က၊ ကြံပုံခဲခက်၊ ဥာဏ်ဖြင့်တွက်၍၊ ဆေးချက် အဟာရ၊ ပြုပြီးမှလျှင်၊ ဗုဒ္ဓမြတ်စွာ၊ ရံသင်္ဃာနှင့်၊ မြတ်စွာကိုးဆူ၊ ပူဇော်မူ၍၊ ဆွမ်းဖြူဩဇာ၊ သဒ္ဒဆိုက်ဆိုက်၊ နှစ်ခြိုက်စေတနာ၊ လှူဒါန်းပါက၊ လွတ်ရာလွတ်ကြောင်း၊ ဆုတောင်းပန်ထွာ၊ ဘေးကင်းရာ၏၊ အစစာပေးငြမ်း၊ နည်းတခန်းကား၊ စိန်ပန်းအရ၊ ဟိရ