Skip to product information
1 of 3

Other Websites

ဂျာနယ်ကျော်မမလေး - 6 short stories

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

ကာဖီ

ဂျာနယ်ကျော် မမလေး

ဒေါ်လုံမကြီးသည်ရင်ကိုထုလေ၏။ ရင်ကိုထုရင်း“ ကိုဘိုးချက်ရေ.... အေ-ကိုဘိုးချက်ရဲ့”ဟု စိတ်ရှိလက်ရှိကုန်းအော်ပစ်လိုက်၏။ ဒေါ်လုံမကြီးအသံကို ကြားကြားသမျှသော အနီးအနားရှိ အိမ်နီးချင်းများသည် ဦးချက်ကြီးသေပါပကောဟု ချက်ချင်းသိကြရသည်။ နေဝင်ဖြိုးဖျအချိန်၌ ရုတ်တရက်ဖုံးလွှမ်းသွားသာ ငိုကြွေးသံသည် ။ တရပ်လုံးချောက်ချားထူပူသွားကြ၏။ လမ်းထောင့်က တိုက်အိမ်ကြီးအပေါ်ထပ်မှ ပြတင်းတံခါးပြူးထွက်လာကာ ပြတင်းပေါက်၌ မိန်းမသုံးယောက်ခေါင်းပြူးလျှက် ဒေါ်လုံမကြီး၏ တ် ပုတ်ကလေးကို ငုံ့ကြည့်လိုက်ကြသည်။ ဒေါ်လုံမကြီး၏ တဲကလေးရှေ့က တိုက်အိမ်များ၏ နောက်ဖေးပြတင်းပေါက်များ၌လည်း လူများထွက်ကြည့်နေကြလေ သည်။ ဒေါ်လုံမကြီးသည် တဲကပြင်တွင် လမ်းဘက်သို့ကျောခိုင်းထိုင်လျက် ရင်ကို ထုကာ ထုကာဖြင့် ငယ်သံပါအောင် ကြိုး အော်ဟစ်လိုက်ပြီးနောက် တဲခါးပန်းကို နဖူးနှင့်ထိအောင် ကုန်းလျက်လက်နှစ်ဘက်ဖြင့် အားရှိပါးရှိဆုပ်ကိုင်ထားပြီး “အမယ်

လေး.... ကျုပ်ကိုတော်ပစ်သွားတာ၊ ကျုပ်ဘယ်သူနဲ့နေရမှာလဲ.... ကိုဘိုးချက်ရဲ့....”ဟု နာကျင်အက်ကွဲသောအသံကြီးဖြင့် အော် နိုင်သမျှ ညှစ်အော်ငိုပြောလေ၏။

ဒေါ်လုံမကြီးသည် ခင်ပွန်းသည် အသက်ပျောက်စ မဖြေဆည်နိုင်အောင် ဖြစ်သွားလေသည်။ ရင်ထဲရှိတာတွေ ပါးစပ်က ထုတ်လိုက်ရမဖြစ်နိုင်မည့်အခြေအနေသို့လည်း ရောက်ရှိနေသည်။ မထိန်းနိုင်မသိမ်းနိုင်အသံကုန်အော်ဟစ်ကာ မြန်မြန်ကြီးပြော နေသဖြင့်ပြောသံထဲတွင်လန်အသဲလန်ငိုသံကြီးပါရောနှောနေ၍ မသာအိမ်သို့ထွက်ကြည့်သူတို့၏နားထဲတွင် ပြင်းပြသွားလျက် ရင်ထဲ၌ မြည်ဟည်းသွားကြလေ၏။ တိုက်အိမ်ကြီးအပေါ်ထပ်မှ မိန်းမသုံးဦးတို့အနက် ခပ်ရွယ်ရွယ်မိန်းကလေးမှာ ရင်ထဲက နောက်လာည်။

တဲပေါ်၌လမ်းဘက်သို့ခေါင်းပြုလျှက် အသက်ပျောက်သွားသော ဦးချက်ကြီး၏ခန္ဓာကိုယ်ကြီးမှာသေခါနီးမှ ဝမ်းဗိုက်က ဖေါရောင်ပေါင်းသည့်အတွက် လှမ်းလှမ်းကကြည့်ရင် တောင်ဘို့သို့ မြင်မို့နေသော ထိုဗိုက်ကြီးသည် ။

အောက်ပိုင်းတပိုင်းလုံး ကို ကွယ်နေ၏။ သေသူကားမချိမဆန့်နာကျင်သော မျက်နှာဖြင့် တွန့်နှံ့နေ၏။ ဝေဒနာခံစားနေရတုန်းကဲ့သို့ ပါးစပ်တဝက်ဟ နေ၏။ကြွင်းကျန်ရစ်ခဲ့သော ရုပ်ကလပ်သည် အိုသောရုပ်လည်းပေါ်၏။ နာသောရုပ်လည်းပြ၏။ နှလုံးအခုန်ရပ်စဲကြောင်းမှာ အထင်ရှားဆုံးဖြစ်လေ၏။

အထူးသဖြင့်ခြေနှင့်လက်သည်လူ့လက်သူ့ခြေများနှင့်မတူဘဲဆင့်လက်ဆခြေကဲ့သို့ ခုံးခုံးကြီးတင်းပြောင်တုတ်ဖောင်း မဲသဲနေ၏။ အင်္ကျီဝတ်ခဲလှသော ဦးချက်ကြီးသည် သေရာတွင်လည်း အင်္ကျီဝတ်မထားချေ။ အပြင်သွားလျှင်ဝတ်ရန်ထားသော ဖျင်အင်္ကျီလက်တို တစ်ထည်မှာ ဖေါယောင်လာမှ စွပ်လို့သွတ်လို့ မရသဖြင့် ခြေရင်းဘက်တဲထရံ၌ ချိတ်လျက်အတိုင်းပင် ရှိနေ သည်။ အင်္ကျီပေါ်၌ ထုံးခြောက်ရောင်ပုဝါတစ်ပိုင်းတင်ချိတ်ထားလေသည်။ ပုဝါလေးမှာ

ကြေနွမ်းပျော့ဖတ်နေလေပြီး၊ သွားစရာ လာစရာရှိလျှင် ခေါင်းတွင်ရစ်ပတ်ကာ လူထဲသူထဲ ဝင်ရသောပစ္စည်းမို့ ဦးချက်ကြီး၏ အသုံးအဆောင်ထဲ၌ ထိုပုဝါသည် လူရာ ဝင်သော ပစ္စည်းတစ်ခုဖြစ်သည်။ ကြေနွမ်းပျော့ဖတ်နေသာပုဝါကလေးသည် တဲထရံ၌ တွဲလောင်းကျနေရာမှ သူ့ကိုစွန့်ပစ်ထားခဲ့ သည့်အတွက် မဖြေနိုင်ရှာ၊ ဖျော့လျော့ကြေလွင့်နေလျက် လွင့်ကာလွကာ ငိုပြရှာသည်။ နွေ၊မိုး၊ ဆောင်းဥတုသုံးပါးလုံးအင်္ကျီအဝတ်နည်းခဲ့၍အလောင်း၏ဝမ်းရင်ရှိအသားအရေသည်ကျွဲအရေကဲ့သို့ နက်ဖြုတ် ကြမ်းထူ၍နေပေ၏။ အိုမင်းမစွမ်းရှိခါမှ ညစောင့်ဒရဝမ်လုပ်ခြင်းဖြင့် အသက်မွေးဝမ်းကျောင်းရသောကြောင့် ညအိပ်ပျက်ဖန်များ ထားခြင်းကို ဖေါ်ပြနေသောမျက်လုံးအစုံမှာ အသက်ပျောက်တာနှင့်

ဟောက်ချိုင့်ဝင်သွားကြလေပြီ။ အလောင်းဘေး၌ တဲထရံဖြင့်မှီထောင်ထားသော တောင်ဝှေးတစ်ချောင်းနှင့် ညအခါဂိုဒေါင်ပတ်ပတ်လည်ရှောက်လှည့် ကြည့်ရန် သူဌေးကပေးအပ်ထားသော လက်ဆွဲမီးအိမ်ကလေးတစ်လုံးရှိသည်။

တောင်ဝှေးနှင့်လက်ဆွဲမီးအိမ်တို့လည်း ကျပ်ကိုပစ်သွားတော့ဘသူနဲ့နေရမှာလဲတော့”ဟု အော်ဟစ်ငိုကြွေးနေရှာ သော ဒေါ်လုံမကြီးနှင့်အတူလိုက်၍ မျက်ရည်တောက်တောက်ကျနေဘိသကဲ့သို့ပင်း၊ ဒေါ်လုံမကြီးသည်တဲခါးပန်းမှခေါင်းကို ထူထောင်လျှက် ကိုယ်ကြီးကိုနောက်သို့ကော့လန်ပစ်ကာ “ အသေဆိုးလေခြင်း .... အေ... ကိုဘိုးချက်ရဲ့””ဟုထပ်ငိုကြွေးမည်တမ်းလိုက်စဉ် ဖုတ်ဖုတ်.... ဖုတ်ဖုတ်နှင့် ဒုန်းချပြေးလာသေညခြေသံများကို ကြားမိ၍ တံခါးပန်းပေါ်သို့ ပြန်ကိုင်းကျတော့မည့် ကိုယ်ကြီးကိုထိန်းလျှက် ခေါင်းကိုလိမ်၍ ကြည့်လေ၏။ ခြံဝင်းလေးထဲသို့သင် ဖိုးရိုးဖားလျားဖြင့် မိန်းမနှစ်ယောက် ကဆုန်ချပြေးလာနေကြ၏။ တဲပေါ်မရောက်ခင်ပင် “အဘရေ... အဘရဲ့”ဟု ပြိုင်တူသံကုန်အော်ဟစ်ခေါ်ကြကာ ပြေးတက်လာကြသည်။

အော်ဟစ်လာကြသောအသံများသည်မီးလောင်ရာလေပင့်ပေးလိုက်သလို ၊ ဒေါ်လုံမကြီး၏မီးအုံးထားသော အသည်းနှလုံး ကို လောင်မြိုက်သွားချ၏။ တဟုန်းဟုန် ထ,ကြားရသူတိုင်းမည်ကဲ့သို့နေကြမည်မသိ၊ ဒေါ်လုံမသည် သူ့အသံကို သူပြန်ကြားမိကာ ပြောရင်း၊ငိုရင်းမတ်တတ်မှ အရပ်ကို အာရုံရောက်သွားလျက်၊ ယခုနေအခါအရပ်သာလျှင်ကိုးကွယ်ရာဟု ပစ်အားကိုးလိုက်မိ၏။ မကြိုင်နှင့်မမြိုင်သည် ငါ့နေရာမှ တိုက်နောက်ဖေးတံခါးပေါက်မှ ထွက်ကြည့်နေသောသူများကို လှမ်းမြေ့ကြည့်လိုက် ကြသည်။ လူတွေကြည့်နေခြင်းကို မြင်ကာမှ ပို၍ငိုချင်လာကာ တရှုံ့ရှုံ့ငိုကြပြန်လေသည်။ မကြိုင်သည် ငိုနေခိုက်တွင်လျင်သော မျက်စိဖြင့် အမေ့ကို လက်တို့လိုက်ကာ“အဘရေ.... အဘ၊ သမီးတွေကို ထကြည့်ပါအုံးလား.... အဘရဲ့” ယူကြိုးမရဖြစ်စွာ ရင် ကွဲမတတ်အောင် ငိုလိုက်ပြန်သည်။ တကယ်တော့လည်း ထ, ကြည့်စေချင်သည့်စိတ်ကတော်တော် ပါးစပ်ဖျားတွင်ကပျာကယာရှာရသောစကားလုံးဖြင့် ဧည့်သည်ရောက်လာ၍ ငိုပြလိုက်ချင်သောကြောင့် ငိုပြရရှာသည်။ တိုက်အိမ်ပေါ်မှဆင်းကာ၏ခြံရှေ့သို့ ရောက်လာသော သားသားနားနားဝတ်သားထားသည့် မိန်းမကိုမြင်မြင်ချင်း ဒေါ်လုံမကြီးသည် လျင်မြန်သောအဟုန်ဖြင့် တဲအောက်သို့ရောက်အောင်ဆင်းကာ ပြေး၍ ခရီးဦးကြိုပြုလေသည်။ “သမီးကြီးရယ်.... အမေကြီးတော့ မုဆိုးမဖြစ်ပါပြီ....၊ အမေ့ဒုက္ခကို မြင်ဝံ့သေးရဲ့လား.....ကယ်ကြပါအုံး သမီးတို့ရဲ့” အင်မတန့်ကို ခယ,ဝတ္တ တိုးလျှိုးအောက်ကျိုနိုင်သော အသံလေးတုန်တုန်နှင့် တဲဝကဆီးငိုရင်း ခရီးဦးကြိုဆိုလိုက် လေသည်။ သတင်းမေးလားသောမိန်းမမှာ တဲနားသို့မရောက်သေးခင် ရပ်လျက် မျက်နှာမကောင်းစွာဖြင့် ဒေါ်လုံမကြီးကို စိုက် ကြည့်နေလိုက်သေးသည်။

“အမကြီးရေ.... အဘမရှိတော့ဘူး.... အမကြီးရဲ့၊ အမကြီးသကြားပေးတာ ကြေးဇူးတင်လိုက်တာဆို အဘရဲ့၊ အမကြီးကို ထ,ပြောပါအုံးလား အဘရဲ့” မမြိုင်မှာ နဂိုရ်က ဘယ်လောက်ပင်အ,အ သည်နေရာမှာ သူ့ကိုမသင်မကြားရဘဲ အရိပ်အကဲလောက်ဖြင့် နားလည်ပါး လည်ရှိကာ သွက်လက်စွာပြောငိုတတ်လာသည်။

“အမကြီးရယ်.... အပေါ်တက်ပါ-တက်ပါ”ဟု တောင်းတောင်းပန်ပန်

ပြောခေါ်ကြသော်လည်း သတင်းမေးလာသော မိန်းမသည် တဲပေါ်သို့တက်ထိုင်ရန် ခဲယဉ်းနေ၏။ ဦးချက်ကြီး၏ အလောင်းကြီးနှင့် သမီးနှစ်ယောက် ထိုင်နေခြင်းဖြင့်ပင်တဲပုတ် ကလေးမှာနေရာပြည့်သလောက်ရှိနေရာ တဲပေါ်သို့မတက်လိုဘဲ တဲကပြင်တွင် ခြေတွဲလောင်းချလိုက်ကာ ကိုယ်စောင်း ဝင်ထိုင် လိုက်သည်။ ညအိပ်ရာဝင် မျက်စိထဲမြင်နေမည်စိုး၍ အလောင်းကြီးကို စိုက်ပြီးမကြည့်ရဲဘဲ တချက်သာ လှမ်းကြည့်ရုံပင်ကြည့် လိုက်၏။ ထိုနောက် မျက်နှာမကောင်းလှဘဲ ငြိမ်သက်စွာရှိနေပုံကိုပြသော မချမ်းမသာဟန်အမူအရာများသည် ဒေါ်လုံမကြီးတို့ အားနှစ်သိမ့်နေသကဲ့သို့ အပူသဘစ်စု၏ရင်ထဲ၌ ခံသာရာရသလောက်ရသွားကြသည်။ “ ခံလိုက်တာနော်... မမာတာသုံးလလောက်ရှိမလား “ခင်” တို့လဲမအားတာနဲ့တခေါက်မှသတင်းမေးတောင် မရောက် ဘူး”

ဦးချက်ကြီးမသေခင်က တခေါက်မှ မရောက်နိုင်ခဲ့ခြင်းအတွက်မိမိအား ခွင့်လွှတ်စေချင်သော သဘောဖြင့် အပြောမျိုး လုံးလုံး မဟုတ်စေကာမူ၊ ဝတ်ကျေတန်းကျေကြည့်ကောင်းအောင်ပြောနေစေကာမူ၊ တိုက်နှင့်ဘဲနှင့်ကပ်နေပါလျက် မမာတုန်းက တခေါက်တလေမှလာမေးစမ်းဖော်မရခြင်းကို ဒေါ်လုံမကြီး၏စိတ်ထဲ၌ မည်သို့မှမဖြစ်၊ မည်သို့မှအောက်မေ့သည်ကို ကျမ်းကျိန် ၍ပင်ပြောရဲသည်။ တိုက်ပေါ်ကလူများ မကျန်းမမာဖြစ်လျှင်သာ ကိုယ်ကအချိန်မရွေးသွားနှိပ်နင်းပေးရသည်။ ပစ္စည်းရှင်များက ခင်ခင်မင်မင် နှိပ်နင်းခံကြကာ၊ တိုက်သို့ ဝင်နိုင်ခွင့် ထွက်နိုင်ခွင့် ရှိခြင်းကပင်နဲတဲ့ကျေးဇူးမဟုတ်ဘူးဟု အောက်မေ့ရသေးသည်။

ဒေါ်လုံမကြီးသည် နံနက်စာချက်ပြုတ်စားသောက်ပြီးတာနှင့် တညလုံးအိပ်ပျက်ခဲ့၍ တခေါခေါဟောက်အိပ်နေခဲ့သော ဦးချက်ကြီးနှင့်တဲကိုပစ်ကာ အရပ်ထဲ၌ တအိမ်တက်ဆင်းလျှောက်သွားနေရလေသည်။ နှုတ်ချိုသျှတပါး၊ လူ့အောက်ကျလို့ လူသိမသေပါဘူးဟု ပါးစပ်ကလေးချိုချိုဖြင့် လူရည်တတ်များကို ပြားပြားဝပ် ခယ နိုင်မှုကြောင့် လူချမ်းသာပိုင်းမှ ဒေါ်လုံမကြီးကို မသိသူမရှိသလောက်၊ အနှိပ်မခံဘူးသောအိမ်လည်းမရှိသလောက်ဖြစ်လေ၏။ သို့သော် ဘယ်၍ ဘယ်မျှဖြင့်နှိပ်စားသော အနှိပ်သယ်မျိုးတော့ မဟုတ်ပေ။

“ နေမကောင်းဘူးလား....သမီးကြီး၊ မညောင်းဘူးလားသမီးကြီး၊ လာလေ.... အမေဇက်ချိုးပေးမယ်၊ အပူလည်းထုတ်ပေးပါ့မယ်”ဟု တတ်သလောက်မှတ်သလောက် နင်းနှိပ်ပေးတတ်၏။ နှိပ်ပေးနေရင်း အညောင်းပြေအကြောလျော့သူတို့မပျင်းစေအောင် မိမိဝင်ထွက်သွားလာနေသောအိမ်များ၏ သတင်းမျိုး စုံကို မြိန်မြိန်ယှက်ယှက်ကြီး ဖောက်သည်ချကာ ဖျော်ဖြေရလေသည်။ လက်ကမရပ်မနားနှိပ်ပေးနေသလို၊ ပါးစပ်ကလည်း ပါးလျားသော နှုတ်ခမ်းကလေးကိုစုလျက် မျက်ခုံးချီကာ မေးထိုးကာဖြင့် မဆုံးနိုင်အောင် မမောမပန်းပြောနှိပ်ပေးလေ၏။ အနှိပ်အနင်းမခံလိုကြလျှင်လည်း သနပ်ခါးတကျောက်ပြင်ဖြစ်စေ အတင်းဆွမ သွေးပေးတတ်လေသည်။ အိမ်ကြီးရှင် များ၏ အလိုက်ကာ လက်တိုလက်ရှည် ဖင်ပေါ့လွန်းသဖြင့် အိုကြီး အိုမအရွယ်နှင့် မလိုက်အောင် ဖျတ်လတ်ပေါ့ပါးပေ၏။

ဤသို့အားဖြင့် တနေကုန် တနေခမ်း တအိမ်တက် တအိမ်ဆင်း လျှောက်သွားရလျက် ဟိုတိုက်က သည်အိမ်ကပေးလိုက်ကမ်းလိုက်ကြသော တကျပ်ငါးမူးငွေကို ခါးထဲ၌ လိမ်ထည့်ကာ ညနေစောင်းမှ အိမ်ပြန်ရစမြဲဖြစ်သည်။ ။ ဒေါ်လုံမကြီး၏ နှုတ်ဖျားက ချိုချို-ချိုချို ပြောတတ်ခြင်းကို နားဝင်သာ ချိုကြသော်လည်း ရင်ထဲကတော့ မချိုကြပေ။ စကားပြောလျှင် သူ့ကိုယ်သူ အမေ ... အမေဟု ထည့်ပြောတတ်၍ အူထဲကမဟုတ်သော်ငြားလည်း အမေ ... အမေဟု ပါးစပ်ဖျား ကတော့ဝိုင်းခေါ်တုန့်ပြန်ကြပါ၏။ “အမေ့ကိုတော့ အားနာပါရဲ့....၊ ခလေးအနှီးလေးတွေ

လျှော်ပေးစမ်းပါအမေရယ်....”ဟုပြောကာ “အားမနာပါနဲ့.... သမီးကြီးရဲ့၊ ခိုင်းစရာရှိရင်ခေါ်သာခိုင်း၊ အမေကဘာမှအယ်မရှိတာသမီးလည်းအသိ ဒိပြင်ကောဘာလျှော်ပေးရအုံးမလဲပေး...သမီး” ဟု လိုတာထက်ပိုအောင် ရွှန်းရွှန်းဝေဝေ ပြောတတ်ဆိုတတ် လုပ်ပေးတတ်၏။

လူကုံတန်အပိုင်းမှ ကိုယ့်သမီးအရွယ် ကိုယ့်သားအရွယ်၊ ကိုယ့်မြေးကလေးအရွယ်တွေဖြစ်စေ နှိမ့်ချဆက်ဆံဖို့ရန် ဦးမ လေးပေ။ ငတ်ပြတ်လွန်း၍ အရွယ်နှင့်မလိုက်အောင် မရှက်မကြောက်အောက်ကြို့ရလွန်းသည့်အတွက် သည်စိတ်ဓာတ်မှာ အ ကျင့်ပါနေပြီးသားဖြစ်၏။

ဦးချက်ကြီးမာနေတုန်းက ခြေဦးပင်လှည့်မကြည့်ကြဘဲ ငိုသံကြားမှသတင်းမေးလာသော တိုက်ပေါ်ကလူကို ဒေါ်လုံမ ကြီက ခွင့်မလွှတ်နိုင်စရာအကြောင်း ဘာမှမရှိ ခွင့်မလွှတ်နိုင်သည့် လူတန်းစားချင်းလည်းဟုတ်၊ စိန်တွေရွှေတွေသီးနေသော လူချမ်းသာမတဦး တဲကုပ်ကလေးပေါ်ရောက်လာသဖြင့် အမင်္ဂလာအခါကြီး၌ပင် မင်္ဂလာရှိသယောင်ယောင်။

“ ဘယ်လာနိုင်ပါ့မလဲသမီးကြီးရယ်.... သမီးကြီးမှာ ဝေယျကိစ္စက အများသား. . . အမေသိပါတယ်၊ ခုလိုလာတာဘဲ တအားပါဘဲ သမီးရဲ့၊ အမေ့အားကိုးစရာဟာ သမီးပါဘဲ၊ ဘယ်သူရှိတုန်း၊ သူကတော့ အမေ့ကိုပစ်သွားပြီပေါ့။ အမေတော့ရှေ့ ရှောက် ဒုက္ခရောက်ပါပြီသမီးရယ်....” ဒေါ်လုံမကြီးသည်ပါးပေါ်သို့ အသွယ်သွယ်ယိုစီးကျလာသော မျက်ရည်များကို အင်္ကျီလက်ဖျားကလေးဆွဲလျက် ပွတ် သုတ်ကာ ခေါင်းမဖော်ဘဲ တရှုတ်ရှုတ်ငိုပြောနေလေ၏။

ပြောရင်းပြောရင်း အလွန့်အလွန်လည်းမ်းနည်းလာ၏။ ဦးချက်ကြီးသုံးလလောက် မမာနေသည့်အခိုက်၊ ဒရဝမ်မလုပ် နိုင်သဖြင့် သူဌေးကချက်ချင်းလူစားသွင်းပစ်လိုက်ရာ သုံးလအတွင်း ဘယ်ကဝင်ငွေမရှိကြဘဲ တကျပ်ငါးမူးရဖို့အရေး တအိမ် တက်ဆင်း သွားခ,ယ ဖို့ရန်မှာလည်း လူမမာအနား၌ ထားဖို့ရန် လူခွဲမရှိသဖြင့် လာဘ်ပိတ်ခြင်းအတွက် လူမမာနှင့်လည်း တရန်၊ သားသမီးများပေးကမ်းထောက်ပံ့နိုင်သောငွေကလည်း မဖြစ်စလောက်၊ လူမမာ၏အတွက် အစိုးရ၏ အခမဲ့မြန်မာဆေးပေးရုံကဆရာ့ဆီမှာ ဆေးသွားတောင်းရတာလည်း အဝေးကြီး၊ ကုန်းကြောင်းလျှက်ရလွန်းလို့ ဒူးတွေတောင်ဆာနေပြီ • • •။ အိုကြီးအိုမ ဒုက္ခရောက်သဖြင့် ဦးချက်ကြီးမသေမီက သေနိုင်ခဲလှ၏ဟု အောက်မေ့မိတာ

သေပြန်တော့လည်း မသာ ချစရာစရိတ်အတွက်အရေးတကြီးလိုလာရပြန်လေသည်။ ဒေါ်လုံမကြီးသည် အသက်(၆၀)ကျော်ပြီမို့သင်္ချိုင်းကိုမျက်စောင်းထိုးထားပြီဖြစ်၍မသာတွေပို့ခဲ့ရပေါင်းလည်း အခေါက် ပေါင်း မရေမတွက်နိုင်အောင်ပင်ရှိခဲ့ပြီဖြစ်၍၊ သေသောသူကတော့သေပြီ၊ သူကတော့ဝဋ်ကျွတ်သွားလေရဲ့၊ ငါ့မှာသာ ရှေ့ရှောက် ၍ မသေမချင်းရောက်ရအုံးမယ့် ဒုက္ခတွေအတွက် နေရစ်ခဲ့ရသေးတာပါကလားဟု ဘဝကို အကွင်းသားမြင်နေရသဖြင့် တုန်လှုပ် လှိုက်လှဲစွာ ဝမ်းနည်းပက်လက် ဖြစ်နေလေ၏။

ဒေါ်လုံမကြီးသည် ပင်ပန်းကြီးစွာ ရှိုက်ငင်ငိုနေ၏။ ရင်ထဲမှ ရှိုက်သံတို့သည် ဆင့်ကဲဆတဲထွကန်နေကော၊ လူတွင် မက တဲပုတ်ကလေးပါ သိမ့်သိမ့်ခါအောင် ရှိုက်နေသကဲ့သို့ မှတ်ထင်ရလေသည်။ ။ သတင်းမေးလာသော တိုက်ကြီးပေါ်မှ“ခင်”မှာ ကိုယ်ကိုတုန်ယင်ကာ သည်းထန်စွာရှိုက်ငင်နေသော ဒေါ်လုံမကြီးကို မြင် ရတာ မသက်သာလွန်း၍ စိတ်ထဲကနောက်ကျိလာသည်။ ဆရာဝန်ကမိမိကို နှလုံးရောဂါရှိတယ် ဟု ရောဂါအမည်တပ်ပေးထား သဖြင့် နှလုံးမချမ်းသာစရာများကို မသိချင် မကြားချင်သမို့ ရှောင်နိုင်ရှားနိုင်မှ တော်တော့မည်။

“ သားတွေ သမီးတွေရှိသားဘဲ....၊ ဘာအားယ်စရာရှိသလဲ " ဒေါ်လုံမကြီးသည် မိမိကို အားပေးစကားပြောကြားလိုက်သော ခင်၏ မျက်နှာကို ရှက်ငိုရင်း တွေငိုင်ကြည့်လိုက်မိ သည်။ သူပြောသလို သားသမီးများရှိသားဘဲဟု အားကိုးဖို့ရန်မှာ ကိုယ့်ဝမ်းနာ ကိုယ်သာသိလေ၏။ ဦးချက်ကြီးရှိစဉ်က ဒရဝမ်အလုပ်ကလေးဖြင့်ရသည့် လစာငွေကလေးကိုပင် သားသမီးများက သူတို့မှာ မလောက်ငှနိုင် တိုင်း လာနှိုက်ကြသေးသည်။ ဒေါ်လုံမကြီး၏သားကြီး“ကိုသာဆိုင်”မှာ လက်သမားလုပ်လျက်၊ သားငယ်ကိုဘဇံက ကားဝပ်ရှော့ ရုံတစ်ရုံတွင် တနေ့ ၂-ကျပ် ၂-ကျပ်ဖြင့် ကားပြင်ဆရာ မက်ကဲနစ်၏ တောက်တိုမယ်ရ ခိုင်းစေရာအလုပ်ကို သင်လုပ်လုပ်နေရ သည်။ သမီးနှစ်ယောက်စလုံး အိမ်ထောင်သည်များဖြစ်ကြလျက် မကြိုင်က ကလေးငါးယောက်နှင့်မုဆိုးမဖြစ်ကာ၊ နောက်ထပ် ကလေးသုံးယောက်အမေ မုဆိုးဖိုတစ်ယောက်နှင့် အကြောင်းပါကြ၏။ ကလေးသုံးယောက်အမေ မြူနီစပါယ် လမ်းပြင်အလုပ် သမားယူမိ၍ ရသည့်လစာကလေးနှင့် ကလေးတအုပ်ကြီးကို ဝအောင်ကျွေးနိုင်ကြပေ။ တဘက်တလမ်းက ဝင်ငွေရအောင်မနက် တိုင်း အရပ်ထဲလည်ပြီး ပဲပြုတ်ထွက်ရောင်းရသေးသည်။ မမြိုင်မှာမကြိုင်ထက် ကြပ်တည်းသေး၏။ ခလေးနှစ်ယောက်ရမှ လင်ကမယားယ်ယူသွား၏။ မတ်တတ်ပြေးနို့စို့ ရွယ်လူမမယ်ခလေးကလေးတွေမျက်နှာဖြင့် ယောက္ခမအိမ်တွင်ပင် ကပ်ရပ်မှီခိုနေရလေသည်။ နုံလွန်း ,အလွန်၍ ယောက္ခမ မကြည်ဖြူ သည့် တနေ့ကိုယ့်ဆီသာ လာမှီခိုအုံးမည့် သမီးဖြစ်သည်။ ဒေါ်လုံမသည် အရပ်ကိုကပ်မှီကာတက်တလမ်း အားကိုးအားထားပြုနေရသူမို့ သူ့စိတ်ရင်းအတိုင်းပင်“ဘယ်သူရှိလို့ တုန်း သမီးတို့သာ အားကိုးစရာ ရှိပါတယ်”ဟု ဖွင့်ဟပြောလိုက်မိခြင်းဖြစ်သည်။“အမေရယ်....ဘာအားငယ်စရာရှိသလဲ-ခင်တို့လည်းရှိသားဘဲ” သနားကြင်နာစွာ အားပေးစကားမျိုး အကယ်၍များ ကြားလိုက်ရမည်ဆိုပါက ခုလိုချိန်ခါမျိုး၌ မစားရဝခမန်း တအားရှိသွားမှာ မုချဖြစ်သည်။ သတင်းမေးလာသောမိန်းမမှာ သူ့ဘက်ကသည်စကားမျိုး နှုတ်အားဖြင့် သက်သာဖွယ်ရာနှစ်သိမ့်လိုက်ဖို့ရန် စိတ်ထဲက ကိုမပါသောကြောင့်တတ်နိုင်ပေ။

မကြိုင်နှင့်မမြိုင်သည် တဲရှေ့သို့ ရှောက်လာကြသော ယောက်ျားနှစ်ယောက်ကို လှမ်းမြင်မြင်ချင်း“အကိုတို့ရေ.... အဘ ရှိတော့ဘူး.... အကိုတို့ရဲ့”ဟု ဆီး၍ လှမ်းအော်ငိုပြောလိုက်ကြပြန်သည်။ ။ သားတွေကိုမြင်လျှင် တလိပ်လိပ်တက်လာသော ၊ အလုံးကြီးကိုဖိလျက်“သားတို့ရေ.... အမေ့ဒုက္ခ ကြည့်ကြပါအုံးလားကွဲ” ဟူ၍

ဆောက်တည်ရာမရ ဝမ်းနည်းပမ်းနည်း သမီးများနှင့်အတူတူ ရောအော်ငိုလိုက်သည်။ ကိုသာဆိုင်သည် အလောင်းဘေး၌ နှာရေများထွက်လျက် မသာမယာသောမျက်နှာဖြင့် တဲအဖီကို မှီထိုင်လိုက်သည်။ ဦးချက်ကြီးထားပစ်ခဲ့သော တောင်ဝှေးနှင့် လက်ဆွဲမီးအိမ်ကလေးကို ဝိုင်းကြည့်နေလေ၏။ ဒေါ်လုံမကြီး၏ငိုသံကို တဒိတ် ၊ ဒိတ်ရင်ခုန်ခံစား နားထောင်ရင်း၊ သားအကြီးဖြစ်၍ သူတာဝန်ကျသော မသာကိစ္စအစီအစဉ်များကို စဉ်းစားနေလေ၏။ သံဖြူဆိုင် က အောက်လင်းဓာတ်မီးနှစ်လုံး

ငှားရမည်။ တဲရှေ့၌ ကနဖျင်းထိုးဖို့ရာအတွက် ဝါးနှင့်ကျူဖျာများကို စဉ်းစားလိုက်ရာ မီးရ ထားသံလမ်းဘေးရှိ ဘုန်းကြီးကျောင်းကို အမိုးမိုးပေးစဉ်က ကျောင်းအောက်၌ ပုံထားသော ဝါးနှင့်ကျူဖျာများကို မြင်ခဲ့၍၊ ဘုန်း ကြီးဆီခဏသွားငှားရန် အကြံပေါ်လာသည်။ ခေါင်းအတွက်ကလည်း ကြိုတင်မှာထားဖို့ အရေးကြီးသည်။ ခေါင်းကို ခပ်ကြီး ကြီးမှာရမည်ဖြစ်သဖြင့် အကုန်သက်သာအောင် အကူငွေကြည့်ပြီး ကိုယ်တိုင်ပျဉ်ဝယ်စပ်ရ ကောင်းမလား။

အရပ်လူကြီး ဦးအောင်ဘတို့ကို အကြောင်းကြားကာ ဖဲဝိုင်းကောင်းဖို့ လူစုအုံးမှ၊ ဝိုင်ကောင်းလို့ တွက်ကိန်းကိုက်ခဲ့ လျှင် မသာကို ၃-ရက်မှ ၅-ရက် တိုးထားလိုက်မည်။ အကောက်မှ စရိတ်ကျေအောင်ရပါ့မလားဟု တထင့်ထပူပန်နေမိပြန် သည်။ တလောက ဆိုက်ကားသမားလှထွန်းသေတုန်းက မသာစရိတ်ကျေရုံအပြင် သုံးလေးဆယ် မြတ်လိုက်သည်ကို သတိရ၍ ပူပန်စိတ်နည်းနည်းလျော့လာပြန်သည်။ ဖဲဒိုင်ခံဖို့ အဓိကပ်ရပေမည်။

ကိုဘဇံမှာ မျက်မှောင်ကုတ်ထားသော အလောင်းကြီးကို စိုက်ကြည့်နေလေသည်။ နေ့လည်က ဝေဒနာကို မရှုမလှခံရင်း နောက်ဆုံးဒေါသကြီးစွာ အားအင်မကျန်တော့သည်အထိ ရုန်းကန် ညည်းတွားနေသောပုံသဏ္ဍန်ကြီးကို မြင်ယောင်မိကာ တောင့်တောင့်ကြီးစန့်နေသော အလောင်းအား “ အဘအတွက် သေတာဘဲကောင်းပါတယ်ဗျာ....”ဟု စိတ်ထဲက ပြောကြားသည်နေလေ၏။ အပြင်ဘက်တွင် အနည်းငယ်မှောင်၍ပင်လာသည်။ ပြာနှမ်းနှမ်းအရောင်တို့သည်တွားလာကာလူသေကိုလွှမ်းဝန်းလျက် ချောက်ခြားလှုပ်ရှားစရာ ဖြတ်သန်းကျရောက်လာချေပြီ။ ထိုအခိုက် ရုတ်တရက်စိန်နှင့်မြရောင်များ တဝင့်ဝင့်တောက်လက်သွားသဖြင့်ဆည်းဆာမှောင်သည် လွင့်စင်သွားလေ၏။ မျက်ရည်စက်လက်ဖြင့်ရှိကြသော မကြိုင်နှင့် မမြိုင်တို့သည် ရင်တခုန်ခုန်ဖြင့် စိန်ရောင်မြရောင် ထွက်ပေါ်လာရာဆီသို့ တအား စိုက်ကြည့်ကြ၏။

သတင်းမေးလာသော'ခင်' သည် ခါးကိုဆန့်လျက် စိန်နှင့်မြ နှစ်ပါးသွားလက်ကောက်ဝတ်ထားသ် ညာဘက်တော်ဖြင့် ချွေးခံအကျီအိတ်ကို ရှိနှိုက်နေလေ၏။ လက်ချောင်းများမှာ အိတ်ထဲက တော်တော်နှင့်ထွက်မလာကြ။ သေချာစွာ အိတ်တွင်း၌ စမ်းနှိုက်နေရခြင်းကြောင့် မတ်မတ်ဆထားရသောခါးသည် ဘယ်ဘက်သို့တဖြေးဖြေး ကိုင်းကျလာလေသည်။

မကြိုင်နှင့်မမြိုင်မှာမျက်တောင်ကိုမခတ်နိုင်ကြဘဲ အိတ်ထဲမှထွက်လာမည့်လက်ကို

မှော်ဝံ့ကြည့်နေကြစဉ် တလက်လက် တောက်ပနေကုန်သော စိန်ရောင်မြရောင်တို့မှာ တချက်တချက် မျက်စေ့ကျိန်းသွားလေသည်။ ဒေါ်မကြီးမျက်နှာ၌ မျက်ရည်တို့သည် မှုံသီဝေနေသော မျက်လုံးတို့မှ ပါးရေပါးတွန့်ကြောင်းများအလိုက် စီးဆင်းကျလာလေသည်။ ဆင်းရဲဒုက္ခကြုံခဲ့ရပေါင်းများပြီမို့ ညှိုးလျော်ရော့တွဲရှုံ့ခေါက်နေသောမျက်နှာသည် အိတ်နှိုက်နေသောသူကို အသ နား ခံထားခြင်းဖြင့် တမဟုတ်ခြင်း ဇီးရွက်ကလေးလောက် ငယ်သွားလေသည်။ အိတ်ထဲမှ တော်တော်နှင့်ထွက်မလာသေးသော လက်ကို ခပ်စမ်းစမ်း မျှော်လှမ်းကြည့်ရှုနေကြလျက် အားကိုးထင်မှန်းလိုက်သည့် တွေးလုံးထင်လုံးများမှာ ဒေါ်လုံမကြီး၏ ရင်ထဲ၌ပြည့်သိပ်ရွလှုပ်နေကြ၏။ ရွလှုပ်နေသဖြင့် အားတက်သရောမြူးလာသော အသိကို အမှတ်ဆင် ခံစားရသေး၏။

လက်ညှိုး လက်မ နှစ်ချောင်းဖြင့် ချွေးခံအိတ်ထဲမှ ညှပ်ကိုင်နှုက်ယူလိုက်သော ငွေစက္ကူ ၅ရွက်သည် အပြင်သို့ တကြိမ်တည်းထွက်မလာဘဲ တရွက်စီ တကြိမ်စီ ပေါင်ပေါ်သို့ ထွက်ကျလာကြ၏။ ပေါင်ပေါ်၌ ငွေစက္ကူ ၅-ရွက် စေ့သွားသော အခါ စုထပ်ယူလျက် ဒေါ်လုံမကြီးကို “ဘကြီးချက်ကြီးအတွက် လှူပါတယ်”ဟု ညင်သာပျော့ပျောင်းသော လေသံလေးဖြင့်ပြော ကာ မသာကူငွေ ၅-ကျပ်ကို ကမ်းပေး၏။ တချိန်လုံး ရင်ခေါင်းတက်၍ ပြည့်သိပ်ရွလှုပ်နေကြသည့် တွေးလုံးထင်လုံးတို့သည် မတင်ကျနှင့် ရင်ထဲ၌ နှင့်သွား လေ၏။ ဤသို့သောအသက်အရွယ်နှင့် ၊ ကိုယ့်အိမ်မှာလက်တိုလက်ရှည် ကူဖော်လောင်ဘက် လုပ်ကိုင်ပေးဖော်ရတာတွေ ထောက်ထားကာ မသာအက်သူတို့အခြေအနေနှင့် ကူငွေ ၁ဝိလား၊ ၂ဝိ-လားဟူသော တွေးလုံးထင်လုံးတို့သည် မွှန်နေသဖြင့် ဒေါ်လုံမကြီးမှာ ကိုယ့်အခြေအနေကို ကိုယ်မေ့နေခဲ့၏။

မိမိအားလက်ကမ်းနေသော ငွေ၅-ကျပ်ကို လှမ်းယူလိုက်ရမှာလောက် စိတ်ဆင်းရဲတာမရှိ

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)