Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

ဂျာနယ်ကျော်မမလေး - ဝထ္ထုတို ၅ ပုဒ်

Regular price 2,700 MMK
Regular price Sale price 2,700 MMK
Sale Sold out

မသိရလေခြင်း

           နေဝင်ပြီဖြစ်သောကြောင့် အလင်းရောင်မှိန်တော့မယောင် ကွယ် စပြုနေရာတွင် လယ်ပြင်ကြီး တစ်ကွင်းလုံးမှာ ကြည့်နေရင်းကပင် အနက်မှောင် ဖုံးလွှမ်းလာကာ နက်မှောင်သည်ထက် နက်မှောင်လာပြီး နောက် ဝင်းထိန်သော လျှပ်ရောင်ကြီးကို မြင်လိုက်ရပြီး၊ တဂျိုးဂျိုး တဂျိမ့်ဂျိမ့်နှင့် မိုးခြိမ်းသံကြီးပါ ပေါက်လာရုံမျှမက ရုတ်တရက် မိုးသီး မိုးပေါက်ကြီးပါ ကျလာလေရာ မျက်နှာဆီသို့ မိုးစက်မိုးရေများ သွက် သွက်ကြီး ပက်လာတော့သဖြင့် ဝါးထရံ ကဲလား တံခါးပေါင်ပေါ်သို့ တင်ထားသော မျက်နှာကို လေးလေးဖင့်ဖြင့် ခွာလိုက်ကာ မျက်ရည်နှင့် မိုးရေပေါင်းစပ် စိုရွှဲနေသော မျက်နှာကို အင်္ကျီတံတောင်ဆစ်နှင့် သုတ် လိုက်ပြီးနောက် အိပ်ရာပေါ်သို့ ခွေခွေကလေး လှဲချလိုက်လေ၏။

           “အလို ဘယ်များ ထွက်သွားပါလိမ့်။ တံခါးလည်း မပိတ်။ ရွှဲရွှဲစိုလို့တော်၊ ဖြစ်ရလေလေ့ ́ဟု အိမ်ရှေ့မှ ဒေါ်ထွေးလှ အော်၍ ဝင်လာပြီး ရွက်လာသော ဗျပ်ကိုချကာ မိုးသက်လေဒဏ် မခံနိုင်၍တရွတ်တိုက် ဆွဲရွှေ့ခြင်းခံရသဖြင့် တစ်နေရာမှ တစ်နေရာသို့ ပြောင်း ရွှေ့စံမြန်းနေသော ဖျာစုတ်၊ တောင်းစုတ်၊ ပလုံးစုတ်များကို နေသား တကျထားပြီး မီးထွန်းရန် ပြင်ဆင်နေသံတို့ကို ကြားနေရသော်လည်း ထူးချင်စိတ်၊ ထချင်စိတ် လုံးဝမရှိ၍ မျက်စိနှစ်လုံး စုံပိတ်၍သာ နေ လေ၏။

           “ဝင်းမေ၊ ညည်းက ဒီ အိပ်နေတာကိုး။ ငါ့ တံခါးကြီးလည်း ပွင့်၊ အိမ်ထဲလည်း ရွှဲရွှဲစိုနေလို့ ဘယ်များထွက်သွားလဲလို့၊ စောင်မခြုံ၊ ဘာမခြုံနဲ့ ဘယ့်နှယ်နေသေးသလဲ ဟင်။ မိုးတွေ ရွာလာတာနဲ့ ညည်း များ မီးယပ်ချမ်း တက်နေပလားလို့ ၊ အပြန်ဈေးတောင် ဖြောင့်အောင် မဝယ်နိုင်ဘူး။ သုတ်ခြေ တင်ခဲ့ရတယ်။ မကြီး ဘီစကွတ်မုန့်လည်း ကာကာဆိုင်က ကျုပ်ဝယ်လာတယ်။ ကဲ.. ထ.. ထ..”

           “ဝင်းမေ၊ ထလေ ဘာဖြစ်လို့တုံး။ အဖျားတက်ပြန်ပလား။ မှန်း.. ငါ့လည်ပင်းကို ဖက်ထူလေ။ ဟင်.. ငိုနေသလား။ ခေါင်းကိုက် ရော့ မယ်”

           “နေပါစေ အရီးရယ်၊ ဝင်းမေ ထနိုင်ပါတယ်။ မုန့်ဝယ်စားသေး သလား၊ စကားပြောခဲ့ရသေးသလား” ဟု မတရိမေးရင်း မထချင် ထချင် ထ၍ ထိုင်လေ၏။

           “ပြောခဲ့ရတယ်။ ဝန်မင်းလာရင် ပန်းတောင်ဆက်ရမတဲ့။ စက် မှာတောင် ထိုင်မသိမ်းချုပ်ဖို့၊ အတိုင်းပေးဖို့ သူ့အမေကားကြီးနဲ့ လာခေါ် လို့ ကျောင်းတောင် နေ့ဝက် ခွင့်ယူသွားတယ်” ။

           “ဪ.. ဝန်ကြီးမင်း ကြိုရမတဲ့လား။ သူက ပြောတာလား” “အေး.. မုန့်လက်ဆောင်း လာသောက်ရင်းပေါ့။ အမာလေးတို့ ကျောင်းက အမာလေးရယ်၊ စိန်စိန်ရယ်၊ နက်ဖြန်နေ့လယ်ရထားမှာ ဝန်ကြီးချုပ် ပါလာမတဲ့။ အမာလေးတို့ စီးပုံဆောင်းပြီး ပန်းဆက်ရမယ်။

           ပြီးတော့လည်း မင်းသမီးလို ကတောင် ဝတ်ရမယ်။ မေမေတောင် ကတောင်ချုပ်ဖို့ လာခေါ်မတဲ့။ စားရင်းသောက်ရင်း ပြောလိုက်တာ။ သွက်သွက်လက်လက်တော့ သွက်သွက်လက်လက်”

           “မမာတာ တစ်လတောင် ရှိပြီ၊ မမြင်ရတာကြာလို့ ကြည့်ချင်လိုက်ပါဘိ”

           “လုပ်ပြန်ပြီ ဝင်းမေရယ်၊ ငါ့စကားများလည်း နားထောင်စမ်း ပါဦးဟဲ့၊ လိုက်ကြည့် ကြည့်ပြီး ဒီစိတ်နဲ့ လူမမာကြီးဖြစ်ပြန်။ သူလည်းကောင်းကောင်းမွန်မွန် နေနေရတာ။ ပြီး... သမီးရယ် မအေရယ်လို့ အသိပေးနိုင်ကြတော့တဲ့ ဘဝလည်း မဟုတ်”

           တရှုပ်ရှုပ်ငိုနေသော ဝင်းမေကို သနားကရုဏာသက်ရင်း “မေ့လိုက်ပါ ဝင်းမေရယ်... မေ့လိုက်ပါ” ။

           “ကိုယ့်သမီးလေးတစ်ယောက် မေ့ပစ်ဖို့ သတ္တိကို ထားကြည့်လို့မှ မရနိုင်ဘဲ အရီးရယ်”

           “နို့၊ ပေးလိုက်တုန်းက ဒီလိုဖြစ်မယ်လို့ မစဉ်းစားမိဘူးလား..... ဝင်းမေ”

           “မေးပြန်ပြီ အရီးက၊ ဒါကို မမေးပါနဲ့လို့ တောင်းပန်ထားတာ၊ ပြောရရင် ကျွန်မ ရူးရလိမ့်မယ်။ ဖအေ ဘယ်သူမှန်း၊ မအေဘယ်သူ မှန်း ကျွန်မ မပြောရင် ဒီတစ်သက်မှာ သိတော့မယ် မဟုတ်လို့ တစ်ခါ တလေများ ပြောချင်ပါဘိ။ မဖြစ်နိုင်တော့တဲ့ ဘဝမျိုးမို့”

           “နို့ သူ့အဖေကော ရှိသေးသလား။ ညည်း သူ့ကို ပေးလိုက်တာ သူ့ အဖေ သိသလား”

           မိုး အတန်ငယ် စဲပြီဖြစ်၍ ဝင်းမေသည် ချထားသည့် ကဲလား ကို ပြန်ဖွင့်လိုက်ရာ စိမ်းလန်းသော စပါးပင်ပျိုပေါ်သို့ ကျထိုးနေသော လရောင်ကို မြင်ရသဖြင့် ရင်မအေးနိုင်ဘဲ ဘဝင်ဆွေး၍ သွားလေ၏။

           “အရီးကလည်း ကျွန်မက ပေးပစ်တာ မဟုတ်ပါဘူး” ဟု စိတ် တို ဝမ်းနည်းသလိုပြော၍ အရီးလှကို မကြည့်ဘဲ လယ်ကွင်းဘက် | ကိုသာ မျက်နှာပေး၍ ငေးမောကြည့်နေလေ၏။

           “ကျွန်မ ရင်သွေး ကျောင်းမှာရှိတယ်။ ရှာပေးပါ၊ စုံစမ်းပေးပါ ပြောလို့ တွေ့ကြ သိကြရတာပဲ ငါသိတယ်။ ဒီပြင် ငါ ဘာမှလည်း မသိရ၊ ငါမေးလည်း ငိုလွန်းလို့ ငါလည်း မမေးပါဘူး။ အေးပါအေ မပြောလည်း နေတာပေါ့။ ငါကတော့ မအေလိုနေလို့ မေးတာပါ” ဟု အရီးလှက ဝမ်းနည်းသလို တုန်တုန်ယင်ယင်နှင့် ပြောရှာလေ၏။

           အမှန်ကား အရီးလှမှာ တစ်ကိုယ်တည်း အပျိုကြီးဖြစ်၍ လွန်စွာ စိတ်သဘောကောင်းရကား သားထောက် သမီးခံလည်း မရှိ။ မိမိ ဤမြို့သို့ လာရာ အသိမရှိ တဝဲလည်လည်ဖြစ်နေစဉ် အရီးလှနှင့် တွေ့၍သာ ခိုကိုးရာ ရနေတော့သည်။ မိမိ မမာသည်ကိုပင် သားသမီး ကဲ့သို့ မညည်းမညူ ရှာဖွေကျွေးမွေးပြုစုခဲ့၏။ မိမိမှာ ဖခင်နှင့် လက်ပံ တန်းမြို့တွင်နေစဉ် မိမိတို့ အိမ်အနီးတွင် ၎င်း၏ တူမများနှင့် လုပ်လုပ် စားစားနေစဉ်က ဖခင်မှာ အစိုးရ လခစားဖြစ်၍ ခရီးထွက်ရတိုင်း မိမိတို့ အိမ်၌ အဖော်သဟဲ ညအိပ်ညနေ အစောင့်အရှောက်ရ၍ မိမိမှာလည်း မအေမရှိသဖြင့် မအေကဲ့သို့ အထူး ချစ်ခင်နေရာ မကြာမီ အရီးလှမှာ တူမများနှင့် မတည့်၍ ဤမြို့သို့ပြောင်းရွှေ့ နေထိုင်ကာ အသက်မွေးနေသဖြင့် ကွဲကွာသွားရာမှ ယခု ဤမြို့တွင် မိမိသမီး ကလေး ရှိသည်ဟု သိရ၍ လိုက်လာရာမှ တွေ့ကြပြီး မမာနေစဉ် အရီးလှ ရှာဖွေကျွေးသမျှနှင့် နေထိုင်ရသော ဘဝမျိုး ဖြစ်နေလေ၏။

           ဝင်းမေလည်း သက်မကို ပွင့်ပွင့်ကြီးချလိုက်ပြီး အရီးလှဘက်သို့ မျက်နှာကို ဖြည်းလေးစွာ လှည့်လိုက်ရာ မျက်ရည်ရစ်ဝဲ ဝမ်းပန်းတနည်း မိမိအား စူးစိုက်ကြည့်နေသည်ကို တွေ့ရ၍ ဣန္ဒြေမဆည်နိုင်တော့ဘဲဆက်၍သာ ငိုတော့၏။

           “အရီးရယ်... ကျွန်မအကြောင်းက နည်းနည်းလေးမှ မကောင်း လွန်းလို့ပါ။ ဖုံးနေတာ မဟုတ်ပါဘူး။ စိတ်မချမ်းသာစရာကြီးမို့ ပြောလို့မထွက်နိုင်လို့ မပြောခဲ့တာပါ။ အရီးလည်း အသိ၊ မအေက လည်း မရှိ၊ ဖအေတစ်ခု သမီးတစ်ခု။ သိပ်သိပ်သည်းသည်း ပိပိရိရိ နေလာပြီး အရီး လက်ပံတန်းက ထွက်သွားပြီးစ ကျွန်မတို့အိမ်ကို ဖေဖေ့မိတ်ဆွေတစ်ယောက် ရောက်လာပြီး သူ့သားကို ဒီမြို့က ကျောင်း မှာ ဘော်ဒါထားဖို့ စုံစမ်းဖို့တဲ့ ရောက်လာတယ်။ စုံစမ်းပြီးလို့ ပြန် သွားပြီး မကြာပါဘူး၊ သူ့သားကို ခေါ်လာတယ် ကျောင်းအပ်တယ်။ ဖေဖေကလည်း မင်းကျောင်းမှာ ဘော်ဒါနေပေမဲ့ ကိုယ့်မိဘအိမ်လိုပဲ အောက်မေ့၊ ကိစ္စရှိရင် ဝင်ထွက်၊ အားမနာနဲ့လို့ ပြောတယ်။ တနင်္ဂနွေ နေ့တိုင်း အိမ်ကို တအောင့်တအောင့် လာတယ်။ ဒီလိုနဲ့ သိကြရာက တနင်္ဂနွေနေ့မှာ သူလာတော့ ဖေဖေက ခရီးထွက်နေတယ်။ ကျွန်မ လည်း စကားပြောမယ့်လူမရှိလို့ ခဏ စကားထိုင်ပြောပြီး ပြန်ပုံမပေါ် တာနဲ့ ကော်ဖီဖျော်ခိုင်းမလို့ အိမ်ထဲဝင်အလာမှာ သူက လိုက်လာပြီး အတင်း ချစ်စကား၊ ကြိုက်စကား ပြောတာပဲ။ ပြောရုံတွင် မကဘူး၊ အတင်းရော အားဓမ္မရော ဖြစ်လာပြီး အချစ်ဓားပြတိုက်ယူတာပဲ။ ဒီတုန်းက ကျွန်မလည်းလေ ဒေါသလည်းထွက်၊ အရှက်လည်း ငဲ့ပြီး၊ မအော်ရဲ၊ မဟစ်ရဲ ခံပြင်းလွန်းလို့ အတင်းနှင်ချလိုက်တာပဲ။ ဖေဖေ ပြန်လာတော့ အသာ ဣန္ဒြေမပျက် နေလိုက်ရတယ်။ သူလည်း သုံးပတ် လောက် မလာပါဘူး။ ဖေဖေက ကိစ္စတစ်ခုရှိလို့ သူ့ကို ခေါ်ခိုင်းပြန် တော့ ဒီကတည်းက ဝင်ပြန် ထွက်ပြန်တယ်။ ဖေဖေ့အလစ်လည်း အတင်း တောင်းပန်တာနဲ့၊ ကြာတော့ ကျွန်မလည်း မထူးဘူးဆိုပြီး မေတ္တာလက်ခံရတော့တာပဲ။ တိတ်တိတ်ပုန်း ဖေဖေမသိအောင် နေရာက ဖေဖေက တစ်မြို့ကို ပြောင်းရပါရော။ ဒီအချိန်မှာ သူလည်း စာမေးပွဲဖြေပြီးလို့ ပြန်တော့မလို့။ တစ်ညတော့ ချိန်းတွေ့ကြပြီး သူက အင်မတန်ချစ်မြတ်နိုးလို့ မခွဲနိုင်တဲ့အကြောင်း၊ မပူဖို့ အကြောင်း။ ကောလိပ်ဆက်နေရရင်လည်း မကြာမကြာ စာပေးမယ် လာမယ်နဲ့ ပြောတာပေါ့ လေ။ လူချင်းလည်း ဒီကတည်းက ခွဲကြတယ် ဆိုပါစို့။

           “ကျွန်မတို့ပြောင်းသွားပြီး မကြာခင်ပဲ အဲဒီမြို့မှာ ကျွန်မ ကိုယ်လက် မအီမသာ ဖြစ်လာတော့ စိတ်ပူပြီး သူ့ဆီ စာရေး၊ သူက လည်း ကောလိပ်မှာ။ လာခေါ်ပါဆိုလည်း ရက်ချိန်းသာပေးပြီး မလာ ဘူး။ ကျွန်မလည်း ကိစ္စများ ဖြစ်ပြီဆိုပြီး ကျိတ်လို့သာ ငိုမိတာပဲ။ ဖေဖေ့လည်း မပြောဘူး။ ဖေဖေကလည်း အဲဒီမြို့ရောက်တော့ အပေါင်းအသင်းတွေနဲ့ ပျက်စီးပြီး သောက်လိုက်တာ လွန်ရော။ နဂိုက ဒေါသကြီးကြီး၊ သောက်တော့ ပြောစရာမရှိဘူး။ ဒါနဲ့ အရီးရယ် တိုတိုပဲပြောကြပါစို့။ နှစ်လလောက်ကြာတော့ အိမ်က ထွက်ပြေးပြီး စစ်ကိုင်းက ဘွားသီလဆရာကြီးဆီမှာ ပုန်းနေရတယ်။ ဖေဖေ့ကိုလည်း စစ်ကိုင်းမှာလို့ အကြောင်းမကြားဝံ့ဘူး။ ဒေါသဖြစ်ပြီး လိုက်မရှာအောင် ယောက်ျားနောက် လိုက်သွားသလို ရေးခဲ့ရတယ်။ စစ်ကိုင်း ကနေပြီး ကျောင်းကို စာထည့်လည်း စာမေးပွဲပြီးလို့ ဘယ်လမှ၊ ဘယ်ရက်မှ လာမယ်နဲ့ ရေးပြီး နောက်တော့ စာကို အရှင်းမပြန်ပါဘူး။ လိုက်ဖို့ရာကလည်း အခက်နဲ့၊ ဒုက္ခရောက်လိုက်တာ အရီးရယ်။ ဒါနဲ့ပဲ သမီးလေးကို မျက်နှာမြင်ခါနီးကျတော့ ဆရာကြီးက ငါလည်း နား မလည်ဘူး၊ ငါ့ညီမ အိမ်မှာ သွားမြင်ပါပြောတာနဲ့ သူ့ညီမ အိမ်သွားရ တယ်။ ဟိုကလည်း မုဆိုးမ၊ အနှိပ်သည်၊ ဆင်းရဲလိုက်တာ ချာလို့။ ကျွန်မပါလာတဲ့ ဟာလေးတွေ ထုခွဲပြီး စောင့်ရှောက်ခိုင်းရတယ်။