Skip to product information
1 of 2

Other Websites

ဂျာနယ်ကျော်မမလေး - သူလိုမိန်းမ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

ငြိမ်သက်သက်ကလေးနှင့် အမိခံလျက်ရှိနေ၏။ တအားကျုံး၍ အစွမ်းကုန် ပြေးသွားကြသော လူနှစ်ယောက်ကို ဓာတ်မီးရောင်ဖြင့် လှမ်းမျှော်ကြည့် ရင်း လက်စသတ်တော့ သူခိုးနှင့်သူဝှက်ကိုးဟု ခေါင်းရှင်း၍ သွားလေ၏။

ခရီးသွားရင်း သားရေသေတ္တာကြီးကို ကောက်ရတော့မည်။ ယနေ့ ည သည်အိမ်ကကားနှင့် လာခဲ့သည်မှာ ရန်ကုန်ထဲသို့ သွားမည့် ခရီးမဟုတ်ဘဲ ဗိုလ်တစ်ထောင်ဆိပ်တွင် နံနက်ထွက်မည့် သင်္ဘောကြီး ပေါ်သို့ ဆင်း၍ အိပ်ရမည့် ခရီးရှည်ကြီးဖြစ်လေ၏။

ခရီးသွားတန်းလန်း ခရီးသွားမတ်တက်တွင် သားရေသေတ္တာကြီး ကို ဂျပိုးနှစ်ကောင် အပ်၍ သွားကြလေသဖြင့် မိမိမှာကောက်ရတော့ မည်။ မကောက်ဘဲ ထားခဲ့ ရှောင်ခဲ့၍ လည်းမဖြစ်၊ ဥစ္စာရှင်ကို ကြော်ငြာ စုံစမ်း၍ မိမိသာလျှင် ပြန်ပေးနိုင်သူတစ်ဦး ဖြစ်ခြင်းကြောင့် ကောက်ရန် တာဝန်ရှိသည့်အတိုင်း ကောက်လိုက်ရလေ၏။

ညတွင်းချင်းပင် ဥစ္စာရှင်နှင့် တွေ့ချင်ကာ ဥစ္စာရှင်နေရာကိုသိ လျှင် ယခုပင်လိုက်၍ ပေးလိုက်မည်သာ ဖြစ်၏။ ယခုသော် ဥစ္စာရှင်ကို ညတွင်းချင်းလည်း လိုက်မရှာနိုင်ဘဲ ကောက်သာကောက်ခဲ့ရသော်လည်း မနက်ထွက်မည့် ခရီးလမ်းတွင် ဝန်ထုပ်ဝန်ပိုး ပိုလာခြင်းကို သဘောမ ကျနိုင်တိုင်း ဂျပိုးနှစ်ကောင်ကိုရေရွတ်ရင်း သားရေသေတ္တာကို ကားပေါ် သို့ တရွတ်ဆွဲတင်လိုက်လေ၏။ ။

မန္တလေးအဆန် သင်္ဘောကြီးကား တရွေ့ရွေ့ ခုတ်မောင်း၍နေ၏။ ကိုယ်လုံးကိုယ်ထည်ကြီးမား၍ ဝန်ကလည်း များသဖြင့် တရွေ့ရွေ့ သာ သွားနိုင်ရာ ခရီးသည်များအတွက် ပျင်းရိဖွယ်ရာကြီး ဖြစ်ပေ၏။  အခန်းထဲတွင် အဖော်မပါ တစ်ကိုယ်တည်း ဦးခန်းထဲမှ စီးနင်းလိုက်ပါခဲ့လေရာ အပြင်ဘက်မှ ခရီးသည်များကဲ့သို့ ဆူညံစွာ စားသောက် ပျော်ပါး၍ ခရီးရှည်ကြီးကို မေ့ပျောက်ရန် မရနိုင်သည့်အထဲမှ သင်္ဘော အောက်က ရေတိမ်ရေနက်ကြီးပစ်၍တိုင်းရသော ကုလား၏ ဘယ်နှစ် လက်မ၊ ဘယ်နှစ်ပေကို ငြီးငြီးငွေ့ငွေ့ကြီး အသံပေးနေသည့် အတွက် ကြောင့် ပို၍ပင် ပျင်းရိလျက် လာလေ၏။

သင်္ဘောလက်တန်းသို့မှီလျက် မျက်စိအောက်မှ တော်တော်နှင့် မပျောက်ကွယ်နိုင်သော ရှုမျှော်ခင်းများကို ရပ်လျက်ကြည့်နေရာမှ မျက် စိညောင်းလာခြင်းကြောင့် မိမိအိပ်ခန်းထဲသို့ ဝင်လာခဲ့လေ၏ '

အပေါက်ဝသို့ ပင်လျှင်ဝင်ချင်း မိမိ ညက ယူခဲ့သော သေတ္တာ ကြီးကို သွား၍ မြင်လိုက်၏။ သေတ္တာ၏ အဖုံးအစွန်မှာ ပိန်ချိုင့်လျက် ချက်များပင် ကန်ပွင့်လျက် ရှိနေသည်ကိုတွေ့ရလေ၏။ ဤတွင် စော စောက ထိုင်းမှိုင်းနေသည့်စိတ်များ လုံးလုံးပပျောက်သွားလျက် ခုတင် အောက်က သေတ္တာကို ဆွဲထုတ်လိုက်လေ၏။

သေတ္တာကို စိတ်ဝင်စားစွာ ကြည့်နေ၏ ပတ်ပတ်လည်လိုက်၍ ကြည့်လေ၏ အံဖုံးပေါ်တွင် ဆေးဖြူနှင့် အင်္ဂလိပ်လို အတိုကောက်ရေး ထားသည့် M.M. L. စာလုံးများကို တစ်လုံးစီ ဖတ်၏။

လူမျိုးခြားနဲ့ ပစ္စည်းလား၊ မြန်မာ့ပစ္စည်းလား။ မြန်မာဆိုလျှင် မောင်မောင်လွန်းလား၊ ဘယ်သူများပါလိမ့်။ ဘယ်လောက် နှမြောရှာမလဲဟု အောက်မေ့လျက် ပွင့်နေသည့်ချက်များကို အားနှင့်ဖိ၍ပိတ်လေ၏။

သေတ္တာမှာ မသူတော်တို့ ပစ်ချလိုက်ကတည်းက သော့ပွင့်ထွက် သွားရာ မိမိက အားစိုက်၍ ပိတ်ပါသော်လည်း သေတ္တာကား ချက်ပြုတ် ၍သွားသဖြင့် ပိတ်၍မရံပေ။

မိမိအခန်းထဲသို့ ဘွိုင် ကုလားများဝင်၍ အိပ်ရာခင်းအိပ်ရာပြင် လုပ်ကြခြင်းအတွက် သော့ပိတ်မရှိလျှင် အထဲမှ တစ်စုံတစ်ခု ပျောက်ရှ သွားမည် စသည့် စိုးရိမ်ကြောင့်ကြမှုများ ဖြစ်ပေါ်လာလေ၏။ သို့ဖြစ်၍ ကြိုးစား၍ပြန်ပိတ်၏။ မည်သို့ပင် ပိတ်ပိတ် သေတ္တာကား မဖြုန်၊ ကန် ကန်ပြီး ပွင့်၍သွားလေ၏။

စိတ်ပျက်ပျက်နှင့် အိပ်စင်ပေါ်သို့ခြေတွဲလွဲထိုင်လိုက်ကာ မရှု မလှ ဖြစ်နေသော သေတ္တာကို မသက်မသာ မျက်နှာထားနှင့် ကြည့်နေ၏။

“ဒုက္ခပါပဲ”

 ဟုလည်း ညည်းညူကာ လုံခြုံနိုင်မည့် နည်းလမ်းကို ကြံဆလေ ၏။

စိတ်ကူးထုတ်၍ ရသည်မှာ ဤသေတ္တာထဲမှ ပစ္စည်းများကို မိမိသေတ္တာနှင့် ပြောင်း၍ ထည့်ရန် ဖြစ်၏။

မိမိပစ္စည်းများမှာ အရေအတွက်နှင့် သိပြီးဖြစ်၍ ပျောက်သွား သည့် တိုင်အောင်လည်း အရေးမကြီးလှရကား မိမိကောက်ခဲ့ရသည့် သေတ္တာထဲမှ ပစ္စည်းတစ်စုံတစ်ရာ ပျောက်ရှသွားမည်သာ ပုပန်မိလေ၏။

ဤတွင် အိပ်စင်ပေါ်မှ ကိုယ်ကိုလွဲ၍ ခုန်ချလိုက်ပြီးနောက် အိပ် စင်အောက်က မိမိသေတ္တာကို ဆွဲထုတ်လိုက်၏။ မကြာမီအတွင်းသေတ္တာထဲတွင် ပါလာသော ရှိရှိသမျှ မိမိအဝတ်အထည်များကို အိပ် ရာပေါ်သို့ ဖြန့်ပုံလေ၏ ။

နောက်သေက္ကာမှ ထုတ်ပုံစရာရှိသေး၍ နေရာကို တစ်ဝက်သာ လျှင် ယူ၍ ပုံ၏။ အလုပ်တစ်ခုခု လုပ်နေရသည့်အတွက် ပျော်သလို လို ရှိလာကာ လုပ်ရင်း ကိုင်ရင်း လေချွန်နေလေ၏။

 တစ်သေတ္တာအတွက် တစ်ကိစ္စပြီးလေပြီ။ မိမိသေတ္တာဟောင်း လောင်းကို ဘေးသို့ တွန်းဖယ်လိုက်ပြီးလျှင် ရလာခဲ့သော သေတ္တာကို မိမိရှေ့သို့ ဆွဲ၍ ယူလိုက်၏ ။

သေတ္တာဖုံးကို ဖွင့်ဖို့ရန် ကိုယ်ကို ကုန်းလိုက်ပြီးနောက် ကုန်းလျက် ကြီးနှင့်ပင် အဖုံးကို မလှန်ဘေးဘဲ တွေလျက်နေ၏။

သူတစ်ပါးသေတ္တာကို အခွင့်မရဘဲနှင့် ဖွင့်ရန် ဝန်လေး၍ နေလေ၏။ဤအကျင့်မျိုးကို ဘယ်သောအခါကမှ စိတ်ဆန္ဒမပေါ်ပေါက် " ခဲ့ဖူး၍ လက်မြန်ခြေမြန်မရှိဖြစ်နေ၏။ စောစောက သွက်သွက်လက်လက် ဖျတ်ဖျတ်လတ်လတ်ရှိသလောက် ယခု ချီတုံချတုံဖြစ်နေသည့်အတွက် ဖွင့်ဖို့ရန် ဖင့်နှေးလေးကွေးနေ၏။

ဦးချစ်ဆွေကား ကြောက်၍ နေ၏။ ပစ္စည်းရှင်ကို ကြောက်၍ မဟုတ်၊ သေတ္တာကို ကြောက်၍ မဟုတ်၊ သေတ္တာထဲမှ ပစ္စည်းကို ကြောက် ၍လည်း မဟုတ်၊ သူ၏ ကိုယ်ကျင့်တရားကို သူဖောက်ဖျက်ရမည်ကို

ကြောက်ရွံ့၍ နောက်တွန့်နေခြင်းဖြစ်၏၊ .

ကောင်းရာကောင်းကြောင်း ဖြစ်ဖို့လုပ်ရန် သိလျက်နှင့်လည်း တွန့်၍ နေ၏၊ ထိုစိတ်ကြောင့် သေတ္တာမှာ ပွင့်ရိုးပွင့်စဉ်မျိုးမပွင့်ရဘဲ မျက်လှည့်ဆရာဖွင့်သကဲ့သို့ တဖြည်းဖြည်း ဟဟလာပြီးမှ ပွင့်သွားရလေ ၏

ဖွေးဖွေးဖြူနေသော အဝတ်ကြီးကို အပေါ်က ဖုံးအုပ်၍ ထား၏။ အစများကို လေးဘက် လေးထောင့် ချပ်ချပ်ရပ်ရပ် ဖိညှပ်၍ ထားသဖြင့် ထိုအဝတ်ကို လှန်ဖို့ရန် ခဲရင်းနေပြန်လေ၏။

ဤအဝတ်အစနှင့် အဘယ်ကြောင့် ဖုံးဖိထားသည်ကို တွေးဆ၍မရပေ။ ဆောင့်ကြောင့်ထိုင်လျက် တစ်ခဏမျှ ငိုင်ကြည့်နေ၏။ ချီတုံ ချတုံဖြစ်၍ နေပြီးမှ လက်နှစ်ဖက်ကို တဖြည်းဖြည်း ဆန့်၍ လက်ဝဲဘက် မှ ထောင့်နှစ်စကို သာသာညင်းညင်း ဆွဲယူ၍ သေတ္တာတစ်ဝက်အထိ ပိတ်စကို လှစ်လာရာတွင် စက္ကူအိတ်တစ်အိတ်ဖြင့် ထည့်၍ ဆင့်ပုံထပ် ထားသည့် အပုံတစ်ပုံ ပေါ်လာခြင်းကြောင့် ... “အထည်သည်” ပဲ ဟု အတတ်စွဲလိုက်လေ၏

တစ်ဖန် ကျန်တစ်ဖက်သို့ ပိတ်စအဆုံး ဆွဲဖော်လာသည့်အခါ ၌ကား အသက်ရှူများပင် မှားကာ ကြမ်းပေါ်သို့ ဖင်ထိုင်ကျလျက် ကျသွား လေ၏။

အတွင်းခံ ဇာဘော်လီများကို ပရှူးခေါက်ခေါက်၍က တစ်ပုံးမိန်း မဝတ် အပေါ်အင်္ကျီများကို လေးထောင့်ကျကျ ခေါက်ထားသည့် ဒိုဘီချ များက တစ်ပုံ၊ အတွင်းခံ ပိတ်ထဘီများက တစ်ပုံတို့ဘရက်ကိုး၊ လင်နင်ပြောင်၊ ဘလာ၊ အပွင့်ရိုက် စသည့် ချည်လုံချည်များက တစ်ပုံ၊ အပုံပုံ တို့တွင် ချောင်ရာချောင်ရာ ကြားကွက်တိုင်း ကြားကွက်တိုင်း၌ ငွေပေါင် ဒါဘူး၊ မျက်နှာလိမ်း ပေါင်ဒါဘူး၊ ကိုယ်လိမ်းပေါင်ဒါဘူး၊ ဘီးအစ်ကြယ် သီးအစ် စသည့် တိုလီမိုဖြီးစရာ၊ လိမ်းစရာများအပြင် လေးထောင့် သဏ္ဌာန် စက္ကူဘူး၊ ရှည်လျားလျား၊ စက္ကူဘူးစသည့်တို့ပါ မြင်ရလေ၏။

အကုန်ကျုံး၍ ပါနိုင်ရန်နေရာ ခိုး၍ စနစ်တကျ သပ်သပ်ရပ်ရပ် ထည့်ထားသည့်လက်ရာကို ပေါ်ထွက်၍ ပြနေလေ၏။

မိမိတွင် အသက် ၃၆-နှစ် ၃၇-နှစ် တိုင်အောင် မည်သည့်မိန်း မနှင့်မှလည်း နီးနီးစပ်စပ် မနေခဲ့ရချေ။

အမေလည်း မရှိ နှမလည်းမရှိ၊ လူပျိုကြီးဘဝနှင့် တစ်ကိုယ်တည်းနေသူဖြစ်၍ အစိုးရအလုပ်နှင့် ပြောင်းလေရာ မြို့တိုင်းတွင် ဘုန်းကြီးလူ ထွက် နယ်ပိုင်ဝန်ထောက်ဟုသာ လူသိများကြလေ၏။

ဘိလပ်မှ ပြန်လာကတည်းက အစ်ကိုလုပ်သူက မိန်းမယူရန် တိုက် တွန်းနေလေရာ သားဒုက္ခ၊ မယားဒုက္ခကို နေပါဦး၊ ကိုကြီးရာ၊ အေးအေး ဆေးဆေးပဲ ကျွန်တော် နေပါရစေဦးဟု အခါခါ တောင်းပန်ခဲ့လေ၏၊

မိဘများ ငယ်စဉ်ကပင် ပစ်သွား၍ မိမိကိုပင် ငယ်စဉ်ကလေးဘဝ က ကျွေးမွေးသုတ်သင်လာကာ ၎င်းတွင် သားသမီးလည်း မဖြစ်ထွန်း၍ ညီလိုတစ်မျိုး၊ သားလိုတစ်သွယ် သံယောဇဉ်တွယ်တာလျက် မိန်းမမယူ ၍ စိတ်မအေးနိုင်အောင် ဖြစ်နေသည့် အစ်ကို့အတွက် အားနာစိတ်များ ပင် ဖြစ်မိတော့၏၊

မိန်းမတစ်ယောက်ကို အိမ်ပေါ်တက်၍ ကိုးကွယ်ရမည်ကဲ့သို့ ဝန် လေးနေလေ၏။

မိမိအလိုကို မိမိဘာသာ သဘောကျရှာကြံ၍ယူရန် ပြောတိုင်း လည်း မိမိတွင် မိန်းမယူရန် အရေးကြီးသည်ဟု တစ်ခါမှ မအောက်မေ့ဖူး ခဲ့သဖြင့် ... .

“ဘယ်တော့မှ “စွံ” မယ့် အကောင်မဟုတ်ဘူး၊ မင်းလို ကောင်က  များ မိန်းမရှာရသေးသလား”

ဟု အစ်ကို၏ အပြစ်တင်ကို အစဉ်ပင် ခံခဲ့ရသေး၏။

ယခုလည်း ရေနံချောင်းမှနေ၍ မင်းအတွက် မိန်းမတွေ့ထားပြီး မင်းနဲ့လဲ လိုက်တယ်၊ ရုပ်ရော၊ ဥစ္စာရော အလိမ္မာရော ပြောစရာမရှိ ပါဘူး။ မင်း လာကြည့်လှည့်ပါဟု ရုံးပိတ်ရက်တိုင်းလာရန် စာအတန်တန် ပို့သော်လည်း မိန်းမတစ်ယောက်အတွက် အရေးတကြီးထား၍ လိုက်လိုစိတ် လုံးဝမရှိသဖြင့် မသွားဘဲ နေခဲ့၏။

“မင်းကို မှာတာ မင်းမလာဘူး၊ ငါစေ့စပ်လိုက်ရမလား၊ ငါစေ့စပ် ရင် မင်းယူရလိမ့်မယ် အိုကြီး အိုမနဲ့ မင်းအတွက် ဒါလောက် ပူရတာ များ ငါ့တိုများ အာနာပါဦး ညီလေးရယ်၊ မင်း၊ အိမ်ထောင်ကျပြီးမှပဲ ငါခေါင်းချချင်တယ်၊ ဒီလို တစ်ယောက်တည်းပဲ နေမယ်ဆိုတာ ငါနည်း နည်းမှ စိတ်မအေးနိုင်ဘူး၊ အိုနေ နာရေးရှိသေးတယ်၊ မင်းမပူပေမယ့် ငါ့မှာတော့ ပူနေရတာပဲ။ အသက်လဲ ငယ်တော့တာ မဟုတ်ဘူး၊ အချိန် ရှိတုန်း အခွင့်ပေါ်တုန်းအခါမျိုးမှာ လွဲရှောင်ဖို့ မဟုတ်ဘူး။ မင်းကို စောင့် မနေနိုင်ဘူး။ ငါစေ့စပ်ထားလိုက်မယ်”

မိမိအား တွင်တွင်သာ နားပူနေသဖြင့် အေးမှ အေးစေတော့ စိတ်မှ ချမ်းသာစေတော့ ဟူသော စိတ်တစ်ခုတည်း ရှေ့ရှုလျက် ကိုကြီး သဘောအတိုင်းပဲဟု မိန်းမယူရန် ကိစ္စကိုမျှ ပေါ့ပေါ့တန်တန် သဘောထားသူဖြစ်လေ၏။ ။

မကြာမီ အမြန်လာခဲ့ရန် သံကြိုးတွေနဲ့ ခေါ်နေသော်လည်း မိမိက အေးအေးလူလူ သင်္ဘောနှင့် လာခဲ့ပါရစေဟု စာပြန်လိုက်ပြီးနောက် သင်္ဘောနှင့် လိုက်ပါခဲ့ခြင်း ဖြစ်ပေ၏။

တစ်ခါဖူးမျှ အိမ်ထောင်ရေးကို တွေးမကြည့်ဖူးပေ။ အိမ်ထောင်ပြု ရန် စိတ်ကူးမထည့်သာ၌ အိမ်ထောင်ရေးကို တွေး၍ မကြည့်ခြင်း ဖြစ်လေ၏၊ အလုပ်အားချိန်တွင် ဝါသနာပါရာ စာဖတ်၍ အချိန်ကို ကုန်လွန်စေ၏။

မိန်းမမှု မိန်းမရေးရာကို အလျင်းဂရုမစိုက်သူ တစ်ယောက်ဖြစ်၏။ မိန်းမများနှင့် ပတ်သက်ရန် အလိုမရှိရုံအပြင် မိန်းမများအား စိတ်နုကိုယ်နုသည့် ဖယောင်းထည်တွေပဲဟု ဘယ်သောအခါကမျှ အထင်မကြီးခဲ့ပေ။

ဤမျှ မိန်းမနှင့်ကင်းကင်းရှင်းရှင်းနေခဲ့သူ တစ်ယောက်ဖြစ်၍ ယခု လို မိန်းမထဘီ၊ မိန်းအင်္ကျီ၊ မိန်းမအသုံးအဆောင်များ ကိုင်တွယ်ရမည်ကို နှလုံးမချမ်းမသာ ဖြစ်နေ၏။

သေတ္တာမှ ထွက်နေသော အနံ့သည် နှာခေါင်းတွင် လာ၍ သင်းနေလေ၏။ ယခုလို သင်းပျံ့သော ရနံ့မျိုးကို တစ်ခါဖူးမျှ မရှူရှိုက်ဖူး `ရကား အနံ့ကို စုံစမ်းသည့် သဘောနှင့် ရှိုက်လိုက်တိုင်း နှလုံးတွင် ကြည် လင်ချိုအေးသွားသည်ကို တွေ့ရလေ၏။

သေတ္တာလက်ဝဲဘက်မှ စက္ကူအိတ် တစ်အိတ်နှင့် ထည့်၍ထပ် ထားသည့် အပုံမှ စက္ကူအိတ်တစ်အိတ်ကို ကောက်ယူပြီးနောက် အိပ်စင် ပေါ်သို့ လှမ်းတင်လိုက်လေ၏။ လေးငါးအိတ်ယူတင်ပြီးမှ အိပ်စင်ကို လှမ်း၍ ကြည့်ပြီး တစ်စုံတစ်ခုကို သတိရလေ၏၊

မိမိအဝတ်အစားများမှာ မွေ့ရာခြေရင်းဘက်တွင် စုပုံထား၍ ယခု မိမိပုံတင်နေသော အလုပ်များမှာ ခေါင်းအုံးနှင့် ကပ်လျက် ခေါင်းရင်း ဘက်တွင် ပုံနေသဖြင့် သိလိုသည့်သဘောနှင့် လက်ထဲတွင် ကိုင်ထား

သော အိတ်တစ်အိတ်ကို ဆွဲထုတ်လိုက်ရာ နူးညံ့လှပသည့် ပိုးဇာထဘီတစ် ထည် ထွက်၍လာ၏။

ဤတွင်မှ ကပျာကယာထဘီကို သေတ္တာပေါ်သို့ ပစ်ချလိုက်၏။ စောစောက တင်ထားသော အထုပ်များကိုပါ လှမ်း၍ သေတ္တာထဲသို့ ပစ်ပုံ လိုက်၏။ ပြီးမှ မိမိအဝတ်အစားပုံကို ခေါင်းရင်းဘက်သို့ ရွှေ့ပုံရပြန်လေ ။

အလုပ်လုပ်နေရင်းမှ အလုပ်တွင်ရှုပ်သွားပုံကို တစ်ကိုယ်လည်း

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)