Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

ဂျာနယ်ကျော်မမလေး - လောကီရတနာ

Regular price 1,800 MMK
Regular price Sale price 1,800 MMK
Sale Sold out

          မှောင်လွန်းရသည့်အထဲ ပတ်ဝန်းကျင်တစ်ရပ်လုံး ဆိတ်သုဉ်း နေလေ၏။

          ခြံစည်းရိုးတစ်လျှောက် ပိန္နဲပင်ကြီးများဖြင့် လေးဖက်လေးတန် စလုံး ပိတ်ဖုံးနေသော မေဒိနီတောရကျောင်းဝင်းကြီး တစ်ဝင်းလုံး အမှောင် ထုထဲ၌ အတိုင်းမသိ ငြိမ်သက်လျက်ရှိနေသည်။

          သစ်ပင်သစ်ရွက်များ အုပ်ကွယ်ထား၍ ကျောင်းဝင်းအတွင်းရှိ အဆောက်အအုံများကို ကြယ်ရောင်ကလေးများဖြင့်သာ ဝိုးတိုးဝါးတား မြင်ရသည်။

          ကျောင်းဝင်းပေါက်ဝမှ ကားဝင်သွားသည့်အခါ ညဉ့်ငှက်များ လန့်၍ ဆူညံပျံသန်းကြသည့်အသံများသည် မှောင်မိုက်တိတ်ဆိတ်နေ သော ညကြီး၌ ရင်ဖိုစရာကောင်းသည်။

          ကားကို ပိန္နဲပင်ကြီးအောက်၌ ထိုးရပ်လိုက်ပြီးနောက် ကျောင်း ခွေးများကို ကြောက်ကြောက်နှင့်ခြေသံမထွက်အောင် ချွတ်နင်း နင်းလျက် လျှောက်ခဲ့သည်။

          ခပ်လှမ်းလှမ်းမှ မီးရောင်ကလေးမြင်ရ၍ ဆွမ်းစားဇရပ်ဆီသို့ အသံမကြားအောင် ပြေးသွားရသည်။

          ဆွမ်းစားဇရပ်မျက်နှာစာတွင် ကြက်တူရွေးတန်းကွက် အပေါက် များရှိ၍ ဇရပ်ထဲသို့ လှမ်းကြည့်လိုက်သည်။

          မိန်းမသုံးလေးဦးသည် ကျောင်းကပြင်၌ ခေါင်းချင်းဆိုင်ကာ စုဝေး ထိုင်နေကြရာမှ မှောင်ထဲတွင် မမြင်မစမ်းပြေးလာသော ကျွန်မကို ငုံ့ကြည့်နေကြသည်။

          ကျွန်မမှန်းသိလျှင် တစ်ဦးက ထ၍ လှေကားပေါက်မှ ဆီးရပ် ကြိုသည်။ )

          “ခုနကမှ အိမ်ပြန်ရောက်လို့ စာတွေ့ရတယ်။ ကြီးကြီးခင် ဘယ်လိုနေသေးလဲ ခင်ခင်စု”

          မီးရောင်ကိုကျောခိုင်းကာ ထွက်ရပ်ကြိုဆိုနေသောသူကို ခင်ခင်စု ဖြစ်မှန်း အနားကပ်မှ သိရသည်။

          ကျွန်မက လှေကားမတက်မီ လှမ်းမေးလိုက်သည်။ “ဆုံးပြီ .. ခုနကပဲ”

          အံ့သြလွန်း၍ ကျွန်မမှာ ကြက်သေကြီးသေလျက် လှေကား ထစ်၌ ကျောက်ရုပ်ကြီးလို ဖြစ်နေသည်။

          “မမကို လိုက်ရှာကြတာ အနှံ့ပဲ၊ မြို့ထဲတောင် ရောက်သေး တယ်။ ခုနကလေးကမှ အသက်ထွက်သွားတာ”

          “ဟင်” ဟု ကျွန်မနှုတ်မှ ထွက်သွားကာ ခေါင်းငိုက်ကျသွား သည်။

           ယနေ့ည မြို့ထဲမှ ရုပ်ရှင်ကြည့်ပြီး အိမ်သို့ရောက်သည့်အခါ “ကြီးကြီးခင် မူးနေတယ် ... မမလာခဲ့ပါ” ဟူသော ခင်ခင်စု၏ စာ ကလေးကို စားပွဲပေါ်၌တွေ့တွေ့ချင်း “ဟိုက်” ဟု အလန့်တကြား အော်လိုက်ကာ ပျာယီးပျာယာ ထွက်လာခဲ့သည်။

          ကြီးကြီးခင်အတွက် စိုးရိမ်မကင်း ဖြစ်မိသော်လည်း ရုတ်တရက် သေလိမ့်မည်ဟု မထင်။

          ရုတ်တရက် သေဆုံးပုံကို ကြားသိရခြင်းသည် ကျွန်မအား ထိုနေရာမှ မရွေ့ နိုင်လောက်အောင် ဇာဝီနှင့်စုပ်ထားသကဲ့သို့ဖြစ်နေ သည်။ ။

          “ညနေကအကောင်းပဲ မမ၊ ရေပါချိုးပြီး မနက်ဆွမ်းဟင်း အတွက်ဈေးသွားဝယ်မလို့ ကျောင်းကအထွက် မူးလိုက်တာပြောပြီး ထိုင်ချတာပဲ။ အဲဒါနဲ့ ကျောင်းပေါ်ပြန်ပွေ့တင်လာကြရတယ်။ မမ လိုက်ရှာကြတာ ရှာမတွေ့တာနဲ့ ဆရာဝန်ခေါ်ရတယ်။ အသက်သာ ထွက်ရော စကားတစ်ခွန်းမှ မပြောနိုင်ဘူး၊ သတိလည်း မရဘူး” | ခင်ခင်စု ပြောပြနေစဉ် မမြစိန် အနားသို့ ရောက်လာသည်။

          သူတို့မှာ ကြီးကြီးခင် အသက်မထွက်ခင် ကျောင်းသို့အချိန်မီ ရောက်နှင့်နေကြသည်။

ကြီးကြီးခင် သေပြီဟူသော အသိဖြင့် ပုတ်လောက်ကြီးသွား သော ကျွန်မခေါင်းကို အနိုင်နိုင် ပင့်ထောင်ရကာ ပြည့်ဝေနေသော မျက်ရည်တွေနှင့် ဇရပ်ထဲသို့ အားယူကြည့်ရလေသည်။

          ဇရပ်ထဲ၌ ရှင်းနေသည်။ ။

          ဆွမ်းစားကျောင်းဖြစ်၍ ခန်းမဆောင်ကြီး၌ သံဃာတော်များ ဆွမ်းစားကြသည့် စားပွဲခုံများ၊ ဒန်ရေချိုင့်ခွက်များမှာ နံရံ၌ မှီစီထားသည်။

          ဆွမ်းစားကျောင်းခန်းမကြီး၏ အနောက်ဘက်အဆောင် တံခါးဝ၌ ဦးပဉ္စင်းနှစ်ပါးရပ်နေကြကာ အထဲသို့လှမ်းကြည့်နေကြသည်။ သဇရပ်ထဲ၌ ဓာတ်မီးရောင်မှာ ထိန်နေအောင် မလင်းလှဘဲ အားနည်းကာ အရောင်ဖျော့မှိန်နေသည်။

          ခန်းမကြီး အလယ်ပေါက်တွင် အနီးအနားမှ သတင်းမေးလာ ကြသည့် ဧည့်သည်တစ်စု ထိုင်နေကြသည်။

          ကျွန်မမှာ မည်သူတွေမှန်း သေသေချာချာမကြည့်နိုင်ဘဲ ခင်ခင်စုနှင့် မမြစိန်ခေါ်ရာနောက်သို့ လေးလံစွာ လျှောက်လိုက်သွား ရသည်။

          ဇရပ်နောက်ဖေး အဆောင်ကလေးဆီသို့ လာခဲ့ကြရာ အခန်းဝ၌ ပိတ်ရပ်နေကြသော ဦးပဉ္စင်းနှစ်ပါးက လမ်းဖယ်ပေးကြသည်။

          မီးဖိုနှင့်ကပ်လျက် စားသောက်စရာ ကြောင်အိမ်၊ ဗီရို၊ အိုးခွက် ပန်းကန်များထားရာ စားဖိုဆောင်အခန်းထဲ၌ ကြီးကြီးခင်၏ အလောင်း ကို ဘွားခနဲ မြင်လိုက်ရသည်။

          ကျွန်မ၏ မျက်လုံးတွေမှာ ပြာသွားကာ ရင်ထဲ၌နာသွားလေ သည်။

          ကြီးကြီးခင်၏ အလောင်းကို မီးဖိုဆောင်ထဲ၌ တွေ့ရတာမျိုး လောက် ရင်ထဲနာသည်မရှိ။

          နောက်နောက်က ကြီးကြီးခင်ကို မီးဖိုဆောင်ထဲ၌ အသက် ပျောက်လိမ့်မည်ဟု ကြိုတင်၍ မသိမမြင်ခဲ့သော်လည်း ကြီးကြီးခင်ကို “ဒီနေရာဟာ ကြီးကြီးခင်နေရာ မဟုတ်ဘူး” ဟု ပြောဖူးခဲ့သော အတိတ် ကြောင့် ရင်ထဲ၌ မခံမရပ်နိုင်အောင် နာသွားခြင်းဖြစ်သည်။

          အသက် ၆ဝ ခန့်ရှိ အမယ်ကြီးတစ်ယောက်မှာ ကြီးကြီးခင်၏ အလောင်းဘေး၌ ထိုင်နေသည်။ သည်။

          အလောင်းခြေရင်းဘက်၌ အဘိုးကြီးတစ်ယောက် ကြောင် အိမ်ကို ကျောမှီကာ လက်ပိုက်လျက် အလောင်းကိုရပ်ကြည့်နေသည်။

          ဦးပဉ္စင်းတစ်ပါးနှင့်ကံဘဲ့မှ အမြတ်တော်ခွန်ဝန်ထောက် ကတော် ဒေါ်ပြုံးတို့လည်း အနားတွင်ရှိကြသည်။