Skip to product information
1 of 3

Other Websites

ဂျာနယ်ကျော်မမလေး - လက်ရွေးစင် ဝတ္ထုတိုများ

Regular price 2,300 MMK
Regular price Sale price 2,300 MMK
Sale Sold out

နှယ့်နေသေးသလဲ ဟင်။ မိုးတွေ ရွာလာတာနဲ့ ညည်းများ မီးယပ်ချမ်းတက်နေ ပလား လို့၊ အပြန်ဈေးတောင် ဖြောင့်အောင် မဝယ်နိုင်ဘူး။ သုတ်ချေတင်ခဲ့ ရတယ်။ မကြီး ဘီစကွတ်မုန့်လည်း ကာကာဆိုင်က ကျုပ်ဝယ်လာတယ်။ ကဲ..ထ...ထ”

“ဝင်းမေ.. ထလေ ဘာဖြစ်လို့တုန်း။ အဖျားတက်ပြန်ပလား။ မှန်း ငါ့လည်ပင်းကို ဖက် ထူလေ။ ဟင်... ငိုနေသလား။ ခေါင်းကိုက်ရော့မယ်” - “နေပါစေ အရီးရယ်၊ ဝင်းမေ ထနိုင်ပါတယ်။ မုန့်ဝယ်စားသေးသလား။ စကားပြောခဲ့ရသေးသလား'ဟု မချီတရိမေးရင်း မထချင် ထချင် ထ၍ ထိုင် လေ၏။

“ပြောခဲ့ရတယ်၊ ဝန်မင်းလာရင် ပန်းတောင် ဆက်ရမတဲ့။ စက်မှာ တောင် ထိုင်မသိမ်းရုပ်ဖို့၊ အတိုင်းပေးဖို့ သူ့အမေ ကားကြီးနဲ့ လာခေါ်လို့ ကျောင်းတောင် နေ့ဝက် ခွင့်ယူသွားတယ်” ။

“ဪ... ဝန်ကြီးမင်း ကြိုရမတဲ့လား။ သူက ပြောတာလား”

"အေး ... မုန့်လက်ဆောင်း လာသောက်ရင်းပေါ့။ အမာလေးတို့ ကျောင်းက အမာလေးရယ်၊ စိန်စိန်ရယ်၊ နက်ဖြန် နေ့လယ်ရထားမှာ ဝန်ကြီး ချုပ် ပါလာမတဲ့။ အမာလေးတို့ စီးပုံဆောင်းပြီး ပန်းဆက်ရမယ်။ ပြီးတော့ လည်း မင်းသမီးလို ကတောင် ဝတ်ရမယ်။ မေမေတောင် ကတောင် ချုပ်ဖို့ လာခေါ်မတဲ့။ စားရင်း သောက်ရင်း ပြောလိုက်တာ။ သွက်သွက်လက်လက်တော့ သွက်သွက်လက်လက်”

“မမာတာ တစ်လတောင် ရှိပြီ၊ မမြင်ရတာကြာလို့ ကြည့်ချင်လိုက် ပါဘိ"

“လုပ်ပြန်ပြီ ဝင်းမေရယ်၊ ငါ့စကားများလည်း နားထောင်စမ်းပါဦးတဲ့၊ လိုက်ကြည့် ကြည့်ပြီး စိတ်နဲ့ လူမမာကြီးဖြစ်ပြန်။ သူလည်း ကောင်းကောင်း မွန်မွန် နေ နေရတာ ပြီး..သမီးရယ် မအေရယ်လို့ အသိပေးနိုင်ကြတော့တဲ့ ဘဝလည်း မဟုတ်"

တရှုပ်ရှုပ်ငိုနေသော ဝင်းမေကို သနားကရုဏာသက်ရင်း “မေ့လိုက်ပါ ဝင်းမေရယ်... မေ့လိုက်ပါ” “ကိုယ့်သမီးလေးတစ်ယောက် မေ့ပစ်ဖို့ သတ္တိကို ထားကြည့်လို့မှ မရ

“နို့ ပေးလိုက်တုန်းက ဒီလိုဖြစ်မယ်လို့ မစဉ်းစားဘူးလား... ဝင်းမေ “မေးပြန်ပြီ အရီးကဒါကို မမေးပါနဲ့လို့ တောင်းပန်ထားတာ၊ ပြောရရင် ကျွန်မ ရူးရလိမ့်မယ်။ ဖအေ ဘယ်သူမှန်း၊ မအေ ဘယ်သူမှန်း ကျွန်မ မပြောရင် ဒီတစ်သက်မှာ သိတော့မယ် မဟုတ်လို့ တစ်ခါတလေများ ပြော ချင်ပါဘိ။ မဖြစ်နိုင်တော့တဲ့ ဘဝမျိုးမို့”

“နို့ သူ့အဖေကော ရှိသေးသလား။ ညည်း သူ့ကို ပေးလိုက်တာ သူ့ အဖေ သိသလား”

မိုး အတန်ငယ် စီးပြီဖြစ်၍ ဝင်းမေသည် ချထားသည့် ကဲလားကို ပြန် ဖွင့်လိုက်ရာ စိမ်းလန်းသော စပါးပင်ပျိုပေါ်သို့ ကျထိုးနေသော လရောင်ကို မြင်ရသဖြင့် ရင်မအေးနိုင်ဘဲ ဘဝင်ဆွေး၍ သွားလေ၏။

“အရီကလည်း ကျွန်မက ပေးပစ်တာ မဟုတ်ပါဘူး'ဟု စိတ်တို ဝမ်းနည်း သလို ပြော၍ အရီးလှကို မကြည့်ဘဲ လယ်ကွင်းဘက်ကိုသာ မျက်နှာပေး၍ .မောကြည့်နေလေ၏။

'ကျွန်မ ရင်သွေး ကျောင်းမှာရှိတယ်။ ရှာပေးပါ၊ စုံစမ်းပေးပါ ဟလို့ တွေ့ကြ သိကြရတာပဲ ငါသိတယ်။ ဒိပြင် ငါ ဘာမှလည်း မသိရ။ : မေးလည်း ငိုလွန်းလို့ ငါလည်း မမေးပါဘူး။ အေးပါအေ မပြောလည်း

တာပေါ့။ငါကတော့ မအေလို နေလို့ မေးတာပါ” ဟု အရီးလှက ဝမ်းနည်း - လို တုန်တုန်ယင်ယင်နှင့် ပြောရှာလေ၏။

အမှန်ကား အရီးလှမှာ တစ်ကိုယ်တည်း အပျိုကြီးဖြစ်၍ လွန်စွာစိတ် ဘောကောင်းရကား သားထောက်သမီးခံလည်း မရှိ။ မိမိ ဤမြို့သို့ လာရာ အသိမရှိ တဝဲလည်လည်ဖြစ်နေစဉ် အရီးလှနှင့် တွေ့၍သာ ခိုကိုးရာရနေတော့ သည်။ မိမိ မမာသည်ကိုပင် သားသမီးကဲ့သို့ မညည်းမညူ ရှာဖွေကျွေးမွေး ခဲ့၏။ မိမိမှာ ဖခင်နှင့် လက်ပံတန်းမြို့တွင် နေစဉ် မိမိတို့အိမ်အနီးတွင် ၏ တူမများနှင့် လုပ်လုပ်စားစားနေစဉ်က ဖခင်မှာ အစိုးရ လခစားဖြစ်၍ ထွက်ရတိုင်း မိမိတို့အိမ်၌ အဖော်သဟဲ ညအိပ် ညနေ အစောင့်အရှောက် ၍ မိမိမှာလည်း မအေ မရှိသဖြင့် မအေကဲ့သို့ အထူးချစ်ခင်နေရာ မကြာမီ အရီးလှမှာ တူမများနှင့် မတည့်၍ ဤမြို့သို့ ပြောင်းရွှေ့ နေထိုင်ကာ အသက်

နေသဖြင့် ကွဲကွာသွားရာမှ ယခု ဤမြို့တွင် မိမိသမီးကလေး ရှိသည်ဟု ၍ လိုက်လာရာမှ တွေ့ကြပြီး မမာနေစဉ် အရီးလှ ရှာဖွေကျွေးသမျှနှင့် ဆိုင်ရသော ဘဝမျိုး ဖြစ်နေလေ၏။

ဝင်းမေလည်း သက်မကို ပွင့်ပွင့်ကြီး ချလိုက်ပြီး အရီးလှဘော်သို့

ကို ဖြည်းလေးစွာ လှည့်လိုက်ရာ မျက်ရည်ရစ်ဝဲ ဝမ်းပန်းတနည်း မိမိ : ဆူးစိုက်ကြည့်နေသည်ကို တွေ့ရ၍ ဣန္ဒြေမဆည်နိုင်တော့ဘဲ ဆက်၍သာ

ငိုတော့၏။

'အရီးရယ်... ကျွန်မအကြောင်းက နည်းနည်းလေးမှ မကောင်းလွန်း လို့ပါ။ ဖုံးနေတာ မဟုတ်ပါဘူး။ စိတ်မချမ်းသာစရာကြီးမို့ ပြောလို့မထွက် နိုင်လို့ မပြောခဲ့တာပါ။ အရီးလည်း အသိ မအေကလည်း မရှိ၊ ဖအေတစ်ခု သမီးတစ်ခု။ သိပ်သိပ်သည်းသည်း ပိပိရိရိ နေလာပြီး အရီး လက်ပံတန်းက ထွက်သွားပြီး ကျွန်မတို့ အိမ်ကို ဖေဖေ့မိတ်ဆွေတစ်ယောက် ရောက်လာပြီး သူ့သားကို ဒီမြို့က ကျောင်းမှာ ဘော်ဒါထားဖို့ စုံစမ်းဖို့တဲ့ ရောက်လာတယ်။ စုံစမ်းပြီးလို့ ပြန်သွားပြီး မကြာပါဘူး၊ သူ့သားကို ခေါ်လာပြီး ကျောင်းအပ် တယ်။ ဖေဖေကလည်း မင်း ကျောင်းမှာ ဘော်ဒါနေပေမယ့် ကိုယ့်မိဘအိမ်လို ပဲ အောက်မေ့၊ ကိစ္စရှိရင် ဝင်ထွက်၊ အားမနာနဲ့လို့ ပြောတယ်။ တနင်္ဂနွေနေ့ တိုင်း အိမ်ကို တအောင့် တအောင့်လာတယ်။ ဒီလိုနဲ့ သိကြရာက တနင်္ဂနွေ နေ့မှာ သူလာတော့ ဖေဖေက ခရီးထွက်နေတယ်။ ကျွန်မလည်း စကားပြော မယ့်လူ မရှိလို့ ခဏ စကားထိုင်ပြောပြီး ပြန်ပုံမပေါ်တာနဲ့ ကော်ဖီဖျော်ခိုင်း မလို့ အိမ်ထဲ ဝင်အလာမှာ သူက လိုက်လာပြီး အတင်း ချစ်စကား၊ ကြိုက် * စကား ပြောတာပဲ။ ပြောရုံတွင် မကဘူး၊ အတင်းရော အားဓမ္မရော ဖြစ်လာ ပြီး အချစ်ဓားပြတိုက်ယူတာပဲ။ ဒီတုန်းက ကျွန်မလည်းလေ ဒေါသလည်း ထွက်၊ အရှက်လည်း ငဲ့ပြီး၊ မအော်ရဲ၊ မဟစ်ရဲ ခံပြင်းလွန်းလို့ အတင်းနှင်ချ လိုက်တာပဲ။ ဖေဖေပြန်လာတော့ အသာ ဣန္ဒြေမပျက် နေလိုက်ရတယ်။ သူ လည်း သုံးပတ်လောက် မလာပါဘူး။ ဖေဖေက ကိစ္စတစ်ခုရှိလို့ သူ့ကို ခေါ် ခိုင်းပြန်တော့ ဒီကတည်းက ဝင်ပြန် ထွက်ပြန်တယ်။ ဖေဖေအလစ်လည်း အတင်း တောင်းပန်တာနဲ့၊ ကြာတော့ ကျွန်မလည်း မထူးဘူးဆိုပြီး မေတ္တာ လက်ခံရ တော့တာပဲ။ တိတ်တိတ်ပုန်း ဖေဖေ မသိအောင် နေရာက ဖေဖေက တစ်မြို့ ကို ပြောင်းရပါရော။ ဒီအချိန်မှာ သူလည်း စာမေးပွဲဖြေပြီးလို့ ပြန်တော့မလို့။ တစ်ညတော့ ချိန်းတွေ့ကြပြီး သူက အင်မတန် ချစ်မြတ်နိုးလို့ မခွဲနိုင်တဲ့ အကြောင်း၊ မပူဖို့အကြောင်း။ ကောလိပ်ဆက်နေရရင်လည်း မကြာမကြာ စာပေးမယ် လာမယ်နဲ့ ပြောတာပေါ့လေ။ လူချင်းလည်း ဒီကတည်းက ခွဲကြ တယ် ဆိုပါစို့။ ။

“ကျွန်မတို့ ပြောင်းသွားပြီး မကြာခင်ပဲ အဲဒီမြို့မှာ ကျွန်မ ကိုယ်လက် မအီမသာ ဖြစ်လာတော့ စိတ်ပူပြီး သူ့ဆီ စာရေး၊ သူကလည်း ကောလိပ်မှား လာခေါ်ပါဆိုလည်း ရက်ချိန်သာပေးပြီး မလာဘူး။ ကျွန်မလည်း ကိစ္စများ ပြီဆိုပြီး ကြိတ်လို့သာ ငိုမိတာပဲ။ ဖေဖေလည်း မပြောဝံ့ဘူး။ ဖေဖေကလည်းအဲဒီမြို့ရောက်တော့ အပေါင်းအသင်းတွေနဲ့ ပျက်စီးပြီး သောက်လိုက်တာ လွန်ရော။ နဂိုက ဒေါသကြီးကြီး၊ သောက်တော့ ပြောစရာမရှိဘူး။ ဒါနဲ့ အရီး ရယ် တိုတိုပဲ ပြောကြပါစို့။ နှစ်လလောက်ကြာတော့ အိမ်က ထွက်ပြေးပြီး စစ်ကိုင်းက ဖွားသီလဆရာကြီးဆီမှာ ပုန်းနေရတယ်။ ဖေဖေ့ကိုလည်း စစ်ကိုင်း မှာလို့ အကြောင်းမကြားဝံ့ဘူး၊ ဒေါသဖြစ်ပြီး လိုက်မရှာအောင် ယောက်ျား - နောက် လိုက်သွားသလို ရေးခဲ့ရတယ်။ စစ်ကိုင်းကနေပြီး ကျောင်းကို စာထည့် လည်း စာမေးပွဲပြီးလို့ ဘယ်လမုဘယ်ရက်မှ လာမယ်နဲ့ ရေးပြီး နောက်တော့ စာကို အရှင်းမပြန်ပါဘူး။ လိုက်ဖို့ရာကလည်း အခက်နဲ့၊ ဒုက္ခရောက်လိုက်

ဘာ အရီးရယ်။ ဒါနဲ့ပဲ သမီးလေးကို မျက်နှာမြင်ခါနီးကျတော့ ဆရာကြီးက . ငါလည်း နားမလည်ဘူး၊ ငါ့ညီမ အိမ်မှာ သွားမြင်ပါ ပြောတာနဲ့ သူ့ညီမအိမ် သွားရတယ်။ ဟိုကလည်း မုဆိုးမ၊ အနှိပ်သည်၊ ဆင်းရဲလိုက်တာ ချာလို့။ ကျွန်မပါလာတဲ့ ဟာလေးတွေ ထုခွဲပြီး စောင့်ရှောက်ခိုင်းရတယ်။ တစ်ခါတလေ လည်း ဒီကလေးများ အဖတ်မတင်ရင် ကောင်းမှာပဲလို့ သူ့ကို ပြောမိတယ်။ သူကလည်း စောစောကသာ သူသိရင် ဖျက်ပေးပါရဲ့လို့ ပြောသပေါ့လေ။ တစ်နေ့တော့ ညနေမှောင်ခါနီးမှာ ကလေးကို မျက်နှာမြင်တာပါပဲ။ မိုးတွေက လည်း ရွာလိုက်တာ မပြောနဲ့တော့။ ဖွားတော့ကာ ကလေးက မလှုပ်ဘူး။ အသေလေးတဲ့။ အသေလေးပြောလို့ ဝမ်းလည်းသာ၊ ဝမ်းလည်းနည်း၊ ကျွန်မ ပြစ်နေလိုက်တာ။ နေ့ကူးအောင် မထားကောင်းဘူး ဆိုပြီး နေဝင်ရီတရောမှ ဒီအဘွားကြီးပဲ သွားမြုပ်တယ်။ ကျွန်မလည်း ကျန်းမာအောင် မနည်း ကြိုးစား ဦး ဖေဖေ့ဆီ လက်ခံဖို့ လင်မရှိတော့လို့လို စာရေးတယ် တော်တော်နဲ့ စာ မပြန်ဘူး။ နောက်မှ လာခဲ့ဆိုလို့ ငွေပို့လိုက်လို့ ပြန်ရတယ်။ အိမ်ကို ပြန်ရောက် တဲ့နေ့က ဖေဖေ မရှိဘူး။ ကိုမြတ်ထွန်း မင်္ဂလာဆောင် သုံးဆယ်ကို သွားနေ တယ်လို့ ခိုင်းတဲလူတွေက ဆီးပြောတော့ ကျွန်မဆိုတာ ကြက်သေကြီး သေ သွားတာပါပဲ။ ဪ...ဖေဖေ၊ သမက် မင်္ဂလာဆောင်သွားတယ်။ ဘာမှမသိ ဘူးလို့ အောက်မေ့ပြီး ဒင်း...

ဒါကြောင့် ငါ့ဆီ မလာတာ အင်မတန်ရက်စက် တဲ့ ယောက်ျား၊ ယုတ်မာတဲ့ ယောကျာ်းနဲ့ စိတ်ဆိုးလိုက်၊ ဝမ်းနည်းလိုက်ပေါ့။ ဖေဖေပြန်လာတော့ တော်တော်နဲ့ စကားမပြောဘူး အရီးရဲ့ ၊ စိတ်ကလည်း ရှိ လေ တစ်နေ့မှ မကောင်းပါဘူး။ နှစ်တွေသာ ကုန်ရော၊ အဖြစ်ကြီးက အစွန်း ထင်ပြီးသား၊ မေ့လို့လည်း မရနိုင်ဘူး။ ဒီနောက် ဖေဖေက ဗြုန်းခနဲ ဆုံးပြန်ပါ ရော ရှိတာလေး ထုခွဲပြီး အသိတစ်ယောက်နဲ့ ဈေးထွက်။ နောက် ဆိုင်ပြုတ်၊ ဘာမှလဲ မလုပ်တတ်၊ စိတ်လေလေရှိတာနဲ့ စစ်ကိုင်းကို သွားကာ အရီးရဲ့”'နို့ ဒီအမာလေးက နောက်တစ်ယောက်နဲ့ ရပြန်တာလား'ဟု အရီးလှက သိချင်ဇောနှင့် ကသောကမျော မေးလေ၏။

“မဟုတ်ဘူး အရီးလှရဲ့ မဟုတ်ဘူး။ စစ်ကိုင်းရောက်တော့ ဆရာကြီး ဆီမှာ ခဏနေတုန်း သူညီမ ဟိုအဘွားကြီး တစ်နေ့ လာရော။ ကျွန်မ မြင် တယ်ဆိုရင်ပဲ ပြူးတူးပြနဲ့၊ ညည်း ငါ့ဆီ လိုက်လာသလား။ ဘယ်သူပြော သလဲ၊ ဘယ်က ကြားသလဲနဲ့ လုပ်ရော။ ဟင့်အင်း၊ ဘယ့်နှာပါလိမ့် ထူးဆန်း ပါတယ်လို့ အောက်မေ့ပြီး သူ့စကား သိချင်တာနဲ့ ပြောပါ ကြီးတော်ကျွန်မ

ကို မထိမ်ချန်ပါနဲ့ ပြောပါလို့ အောက်လိုက်တော့ အရီးလှရယ်၊ လား...လား... - ကလေးက မသေဘူး၊ သုဿာန်မှာ မြှုပ်မလို့ လုပ်တုန်း၊ အသက်ရှင်လာတော့ သူလည်း ကြံရာမရဖြစ်နေတုန်း မသာတစ်ခုကို လိုက်ပို့တဲ့ လူတွေထဲက အခု ကလေးမွေးတဲ့လူက ကလေးငိုသံကြားတယ်လို့ ကြည့်တော့ သူ့ကို တွေ့လို့ အကျိုးအကြောင်း မေးသတဲ့။ သူကလည်း ကျွန်မလည်း ဒီကလေးအဖေ မဖော်နိုင်တဲ့အတူ သူလည်း ငွေလေး ဘာလေး သုံးချင်တာနဲ့...တဲ့။ ဒီကလေး

သေတယ်မှတ်လို့ ယူလာတာ မသေဘူး။ မအေလည်း ဆုံးပြီ၊ ဆွေမျိုးလည်း မရှိဘူး။ ကျုပ်ကို အသေရယ်လို့ မြုပ်ခိုင်းတာ။ ရှင်လည်း ကလေးရူးနေတာ ရှင့်ကံပဲ။ ရှင်မွေးချင်ရင် ယူလို့ ပြောတော့ လူကြီးက ဝမ်းသာအားရ ပိုက်ဆံ

လေး အနည်းအကျဉ်းပေးပြီး ယူသွားသတဲ့။ ကျွန်မလည်း ဖြစ်ရလေခြင်းလို့ နှမြောဝမ်းနည်းလိုက်တာ မပြောနဲ့တော့။ အမည် နေရပ် စုံစမ်းတော့ကာ အခု ဒီမြို့ကို ပြောင်းနေကြတဲ့အကြောင်း၊ သူ တစ်ခါသွားလို့ ငွေ ၂၅ ကျပ်ပေးပြီး နောက် ဘယ်တော့မှ မလာဖို့ ပြောတဲ့အကြောင်း၊ ကလေးကလည်း ကြီးလို့ ကျောင်းတောင် နေပြီ။ အမာလေးလို့ နာမည်ပေးသတဲ့..နဲ့ တသီတတန်းကြီး လျှောက်ပြောတာပဲ။ ကျွန်မလည်း စိတ်မကောင်းလွန်းလို့ နေ့ချင်းပဲ ပြန်လာ တာပဲ။ ဒီမိန်းမကြီးလည်း ဆုံးတယ် ကြားရတာပဲ။ ပြန်ရောက်လည်းလေ အခြေအနေ မရှိတော့ ဆေးလိပ် ဝင်လိပ်ရတယ်။ အို...ကလေးပဲ မြင်ယောင် ပြီး နေတာ။ ငါ့သမီးလေး ဘယ်လိုများနေမလဲ။ ဘယ်သူနဲ့ တူပါလိမ့်နဲ့။ မြင် ချင်လိုက်တာ။ မပြောနဲ့တော့ မြင်ချင်လိုက်တာ။ ကြာတော့ မမြင်ရ မနေနိုင်ကို ဖြစ်လာတော့ ဒီကို လာခဲ့တာပဲ။ ဒီမြို့ရောက်တော့ ကျောင်းလွှတ်ချိန်မို့

ကျောင်းရှာပြီး တန်းသွားတာ။ ဝင်လည်း မမေးရဲနဲ့၊ ကျောင်းရှေ့မှာ ရစ်ဝဲ ရစ်ဝဲ လုပ်နေတုန်း အလှနဲ့ တွေ့တာပါပဲ”

မိမိမှာ ပြောလိုတာတွေ တသီတန်းကြီး လျှောက်ပြောနေ၍ အရီးလှ ကိုကား ဂရုမစိုက်မိ။ ပြောပြီးမှ အရီးလှကို ကြည့်မိရာ မျက်ရည်တွေ တွေတွေနေသည်ကို တွေ့ရရာ မိမိပါ မချုပ်တည်းနိုင်တော့ဘဲ အားရပါးရငိုမိပြန် လေတော့သည်။

“အေးအေး၊ ကံတရားပဲ ထားတော့။ ညည်းတင်မှ မဟုတ်ဘဲ၊ ယုတ်မာ တဲ့ ယောက်ျားတွေ အပုံကြီးပဲ။ ညည်းလို ခံရတာတွေလည်း အပုံကြီးပဲ။ ဒီလို လူမျိုးတွေ များလွန်းလို့ အခုကာလ သိပ်ကြောက်ရတာ။ ယောက်ျား၊ ယောက်ျား။ သူတို့က အသာကြီးပဲ။ မအေ နှမတွေကို ရှောင်ကြသေးလို့သာ သူတို့ကိုမြင့်မြတ် တယ် ဆိုရသေးတာပါ။ တရားနဲ့ ဖြေပေတော့။ ညည်းက အမေပါလို့ ပြောဦး ကလေးမိဘက ရှိသေးတယ်။ ခက်သားလား၊ ပြီး ဟိုဟာက အူဝဲဆိုကတည်းက ရတာ ညည်းက မွေးအမေ၊ ဟိုက ကျွေးအမေ ဖြစ်ပြီကပဲ။ မေ့လိုက်ပါ မီးရယ်။ မတွေ့ပါနဲ့၊ မတွေ့ချင်ပါနဲ့တော့”

“ကျွန်မရော မေးသေးလား”

“မေးတယ်။ မေးတယ်။ အဘွားနဲ့ ပါလာတဲ့ မိန်းမကြီးလေး အမာ လေးကို ကြည့်ပြီး ငိုနေတဲ့ မိန်းမကြီးကော မလာဘူးလားလို့ မေးတယ်။ ငါ လည်း သူ့မိဘကြားရင် ငါနဲ့တောင် တွေ့ခွင့်ပေးမယ် မဟုတ်လို့ အဲဒီမိန်းမ ကြီးက စိတ်နောက်နေတယ်။ အဘွားသမီးလို့ ပြောရသေးတယ်"

ဝင်းမေကား ဆင့်ကဲ ဆင့်ကဲ ရှိုက်ကာ “ဒီလိုပြောမှ ကောင်းမယ် အရိုး နဲ့'ဟု မချိတင်ကဲ ပြောရှာလေ၏။

ထိုနေ့ညကား အရီးလှလည်း အရီးလှအတွေးနှင့် ဝင်းမေလည်း ဝင်းမေ အတွေးနှင့် မအိပ်နိုင်ကြ။ နောက်ကြောင်းတွေ ပြန်ပြောင်းကာ ထင်ယောင် မြင်ယောင် ဆွေးပူနေသော ဝင်းမေအား “အိပ်လေ၊ အိပ်ပါ သမီး” ဟူ၍မှ တစ်ပါး ဘာမျှ အားမပေးနိုင်။ သမီးကို ချစ်၍ မအေအဖြစ် မပြောနိုင်သော ဝင်းမေပြဿနာကို လူးရင်းလှိမ့်ရင်း စဉ်းစားရင်း မော၍ နေလေ၏။

ဝင်းမေလည်း လူးရင်း လှိမ့်ရင်း အားရအောင် ငိုရင်းက တစ်ဖက်မှ အိပ်ရာ ခြင်ထောင်ကို အသာမ၍ “အရီးလှ၊ အရီးလှ”ဟု နှိုးလေရာ 'ဘာတုန်း ဝင်းမေ ဘာတုန်း ́ဟု ပျာပျာသလဲ ထထိုင်၍ မေးရာ “မနက်လေ မနက်ဖြန်မသမီးလေး မင်းသမီးလေးလို ဝတ်ထားတာ ကျွန်မ သွားကြည့်မယ်။ ဘယ်အချိန်လဲ အရီးရဲ့ ၊ သူလေး ဘယ်လောက်လှလဲဆိုတာ သွားကြည့်မယ်၊ ဒီတစ်ခါပဲ အရီးရဲ့၊ ဒီတစ်ခါပဲ။ နောက်ကို ဘယ်တော့မှ မတွေ့ဘူး။ ကျွန်း ဒီကြည့်ချင်တာပဲ။ အချိန်ကို ပြောပါ အရီးရယ်၊ ပြောပါ"ဟု လက်ကို လှုပ် ၏ လှုပ်၍ အထပ်ထပ်မေးလေသဖြင့် ... ။ မပြောချင် ပြောချင်နှင့် “နေ့တစ်ချက်တီး ́ဟု ပါးစပ်မှ မြည်ထွက်လိုက်ရလေ၏။

နေကား ချစ်ချစ်တောက်အောင် ပူပြင်းလှ၏။ အထက်ကပူ၊ အောက်က ပူ၍ တစ်ကိုယ်လုံး နေလှန်းထားသလို ပူပြင်းလှရာ အရှင်လတ်လတ် ငရဲအိုး ထဲ ဆင်းရသကဲ့သို့ မှတ်ထင်ကာ ခြေလှမ်းကို မြန်သထက်မြန်အောင် ကြိုးစား ၍ ဘူတာရုံဘက်ဆီသို့ လှမ်းနေရလေ၏။ တစ်ချက် တစ်ချက် ဘူတာရုံဘက် ဆီမှ သဲ့သဲ့မျှ ကြားလိုက်သော စည်တော်သံကြီးမှာ နားမှဝင်၍ ဘဝင်ကို သွား ရိုက်သဖြင့် ဝမ်းနည်းသလို၊ ငိုချင်သလို ကတုန်ကယင်ကြီး ဖြစ်စေလေ၏။ “သမီးလေး လှလိုက်မယ့်ဖြစ်ခြင်း၊ ချစ်စရာကောင်းလိုက်မယ့် ဖြစ်ခြင်း'ဟု ပါးစပ်မှ ရေရွတ်ကာ လျှောက်ခဲ့ရာ လျှောက်ရင်း လျှောက်ရင်း တုန်တုန်ယင်ယင် ကြီး ဖြစ်နေလေ၏။

ကြီးမားသော လူထုကြီးကား ဘူတာရုံဝင်းထဲ ဝင်းပြင်တွင် အအုပ်လိုက်၊ အစုလိုက် စုဝေး၍ နေကြလေ၏။ သပြေညို နှစ်ဖက်ထိုး၍ တဟီဟီထုရိုက် တီးခတ်နေသော စည်တော်သံမှာ နီးလေလေ၊'ရင်ခုန်လေ ရင်တုန်လေလေး

ဟိုတစ်စု ဒီတစ်စု မဟုတ်ဘဲ အစုလိုက် အအုပ်လိုက် စုဝေးပြုထပ်နေ သဖြင့် သမီးကို ကျကျနန မြင်နိုင်မည့် နေရာကို ရှာရသော ဝင်းမေမှာ ဝိုင်းကြီး ပတ်ပတ်ဖြစ်နေပြီး ချွေးသီးချွေးပေါက်ကြီးသာကျ၍ တစ်လက်မလေးမျှ အပေါက် အကြား မရှိသဖြင့် နေရာကား မရနိုင်။ နေကပူ၊ လူတွေက များ၍ ငြီးစော် နံလာပြီး နဂိုကတည်းက အားကမရှိသည့်ပြင် မိမိကိုယ်ပေါ်သို့ လူတစ်ကိုယ်လုံး တွဲလဲခိုထားသကဲ့သို့ လေးလံထိုင်းမှိုင်း ပင်ပန်းမောဟိုက်လှသဖြင့် အနီးရှိ သစ်ပင်ရိပ်အောက်တွင် ခေတ္တ ထိုင်လိုက်ရာတွင် ... ။ ' 'ဆိုက်ပြီဟု ဆိုက်ပြီ"ဟု လူထုကြီး၏ ပါးစပ်ပေါက်များမှ ဝေါခနဲ တစ်ပြိုင်နက် ထွက်လာသော အသံကြောင့် အမောမှ မဖြေနိုင်တော့ဘဲ မတွေ့ လိုက်ရမှာ စိုးရိမ်လှ၍ ရှိသမျှ အားကလေးနှင့် တအားကုန် တိုးဝှေ့ရာ ပရိသတ်ကား မရွေ့ မိမိမှာသာ ဟောဟဲ ဟောဟဲ ဖြစ်ကာ နေလေ၏။

နောက်ဆုံး၌ ကြံရာမရဖြစ်ကာ ပရိသတ်လည်း မမြင်နိုင်၊ အရှက်ကို လည်း သတိမရနိုင်တော့ဘဲ သမီးသာ မြင်လိုလှသည့် ဇောက စောစောက ခြေရင်းတွင် ထိုင်၍ အမောဖြေသော သစ်ပင်ခွကြားပေါ်သို့ မ,တင်ကာ သွား လေ၏။

မိမိ သမီးလေးမှာ စည်းပုံ၊ ထိုင်မသိမ်း၊ ထဘီလေးနှင့် လှရသည့်အထဲ တွင် စိန်ရွှေအရောင်တွေက တစ်ကိုယ်လုံးကို မီးထိုး၍ ပြသယောင် တဖိတ် ဖိတ် တဝင်းဝင်း တောက်နေသဖြင့် နတ်သမီးကလေးကဲ့သို့ မှတ်ထင်မိလေ၏။အဖေ အမေ အခေါ်ခံသော လင်မယားနှစ်ဦးမှာလည်း ပုဆိုး တမမ၊ ပါတလွင့်လွင့်နှင့် သမီးကို မျှော်နေသော ဝင်းမေအား ရှက်ပါတယ်ဟေ့ဟု သရော်သကဲ့သို့ ဖြစ်နေ၍ ဝင်းမေ၏ စိတ်တွင် ကြိတ်မနိုင် ခဲမရ။ သူ့ကိုယ်စား နေရာရကြလေခြင်းဟု မနည်းကြီး ဝမ်းနည်းမိလေ၏။ မိမိသမီးလေးအား ပေး၍ ဖက်နမ်းချင်လောက်အောင် အားမလို အားမရ၊ ရင်တပြင်လုံး ချစ်စိတ် တွေ ပြည့်လျှမ်းကာ ရှုမဝဖြစ်နေသဖြင့် တွဲဖြူမှ ကြွဆင်းလာသော ဝန်ကြီးချုပ် မင်းနှင့် ဝန်ကတော်တို့ကိုပင် မမြင်။ သမီး လက်မှ ပန်းစည်းကို ပြုံးကာ ရယ် က ယူလိုက်မှ ဝန်ကြီးချုပ်ကို မြင်လိုက်ရာ အမယ်လေး ကိုမြတ်ထွန်း.. ဘုရားရေ... သမီး... သမီးအဖေလေ။ အလိုလေး၊ အမယ်လေးလေး မကြည့် ပါကလား'ဟု အသည်းဆိုင် နှလုံးခိုင်မှ ဖြစ်ညှစ်မြည်တမ်းရင်း မျက်နှာကို လက်နှင့် အုပ်လိုက်ရာ မည်သို့ ဖြစ်သည်မသိ ...။

ဝန်ကြီးချုပ်မင်း ကြိုဆိုပွဲတွင် ကြက်ပျံမကျ စည်ကားကြောင်း၊ အချို့မှာ နေရာမရ၍ သစ်ပင်ပေါ်က ကြည့်ရရာ အမည်မသိ အသက် ၃၀ ကျော်လောက်ရှိသော မိန်းမတစ်ယောက် သစ်ပင် ပေါ်မှ လိမ့်ကျ၍ အရှိုက်ကို ခိုက်မိလေသလော မသိ။ ပွဲချင်း ပြီး သေဆုံးနေလေ၍ အလောင်းကို ဆေးရုံသို့ ပို့လိုက်ရ ကြောင်း ...

ဟု ဝန်ကြီးချုပ်ကြိုဆိုပွဲ အခမ်းအနားသတင်း ဖော်ပြပါရှိသော သတင်း အကို ဝန်ကြီးချုပ်မင်းနှင့် ဝန်ကတော်ပါ ပြုံးပြုံး ပြုံးပြုံးနှင့် ဖတ်နေကြလေ ဘာ့သတည်း။

ဂျာနယ်ကျော် အတွဲ (၉)၊ အမှတ်(၉)၊ ၃၁-မေ-၁၉)

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)