Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

ဂျာနယ်ကျော်မမလေး - မာလာရီ

Regular price 2,700 MMK
Regular price Sale price 2,700 MMK
Sale Sold out

အမှာ

          ၁၉၅၄ ခု တပို့တွဲလ ... ။

          ဓာတ်မီးရောင်အောက်မှာ ရပ်ကာ ကျွန်မ စီးရမည့်ရထားကို ပလက်ဖောင်းတစ်ဖက်က မျှော်ကြည့်လိုက်သည်။ ပြည်မြို့ သို့ ထွက်ရမည့် ရထားသည် ခရီးသည်များကို အပြည့်တင် လျက် ထွက်ရမည့်အချိန်က ငံ့လင့်လျက်ရှိသည်။

          ရထားပလက်ဖောင်းကို ကျော်ဖြတ်လျက် လှေကား ပေါ်မှ ဆင်းခဲ့သည်။ ပထမတွဲများ ချိတ်သော နောက်တွဲများ ရှိရာသို့ ခပ်သုတ်သုတ်လျှောက်သွားသည်။ ပထမတန်းတွဲ၌ ချိတ်ထားသော နာမည်စာကတ်များကို လျှောက်ဖတ်ကာ ကျွန်မနာမည် ကပ်ထားမည့်တွေကို လိုက်ရှာရသည်။

          ခရီးသွားရင်း လမ်းတွင် စာရေးရန် ကျွန်မ အလုပ်ပါ လာခဲ့သည်။ ကျွန်မ စီးမည့်တွဲ၌ ခရီးသည်များမပါလျှင် စာရေးနိုင်မှာပဲ အောက်မေ့ခဲ့သည်။ တစ်နေ့လုံး စီးရမည့် အတွက် ဝတ္ထုတိုတစ်ပုဒ်ရေးရန် အားခဲလာခဲ့သည်။

          ပထမတန်းတွဲ၌ ချိတ်ထားသော နာမည်စာကတ်ကို မကြည့်သေးခင် တွဲထဲသို့ လှမ်းကြည့်လိုက်သည်။ ခရီးသည် များ ရောက်နှင့်နေကြသည်။ ဒီတွဲများ ဖြစ်လေမလား .. စိတ်အားလျော့လျော့နှင့်ပင် နာမည်စာကတ်ကို ဖတ်ကြည့် လိုက်သည်။

          “ကြည်ကြည်ဌေး” “ဂျာနယ်ကျော် မမလေး”

          ကြည်ကြည်ဌေးဆိုသော နာမည်ကို မြင်မြင်ချင်း ရုပ်ရှင် မင်းသမီးကြည်ကြည်ဌေးပဲ တွက်သည်။ ကျွန်မနှင့်အတူ သွားရမည့် ခရီးသည်မှာ အနုပညာရှင်တစ်ဦးဖြစ်၍ စိတ်ဝင် စားရမည့်ခရီးဖြစ်သည်။

          အသက် ၆၀ ကျော် အမယ်အို၊ ဆေးပြင်းလိပ်ခဲထား သော ဝဝမည်းမည်းသည်းသည်း ယောက်ျားတစ်ယောက်၊ သူတို့နှစ်ဦးက ကျွန်မကို လှမ်းကြည့်လျက် အကဲခတ်နေကြ ဟန်တူသည်။

ခပ်ငယ်ငယ် မိန်းမတစ်ဦးနှင့် ကြည်ကြည်ဌေးမှာ အိပ် ပျက်လာကြပုံ၊ ထိုင်ခုံများကို အိပ်စင်အဖြစ် ဖြန့်ခင်းလျက် ရထားမထွက်ခင်ပင် လှဲအိပ်နေကြသည်။ ယင်းရထားပေါ်တက်သွားပြီး အိပ်နေသော ကြည်ကြည်ဌေး ကို လှမ်းကြည့်လိုက်သည်။ တစ်ဖက်ရှိ ထိုင်ခုံများ၌ အိပ်စင် အဖြစ် ဖြန့်ခင်းလျက် ကျွန်မအတွက် နေရာယူလိုက်သည်။

          ကောင်းကင်ပြင်ကြီး၌ အဖြူရောင်သမ်းစ ပြုလာချိန်တွင် ဘူတာရုံမှ ရထားထွက်လာခဲ့သည်။ မလင်းတလင်း ရိပ်ငြိမ်မှု ပြည့်လျှမ်းသော နံနက်ဦး၌ မြမြလေးရှိသော လေအေးနှင့် ပေါင်းဆုံ၍နေရခြင်းကြောင့် လန်းဆန်းကြည်နူးလျက် မောမိနေစဉ် တစ်ဖက်မှ လှုပ်ရှားသွားသော သဏ္ဌာန်ကြောင့် အသာလှည့်ကြည့်လိုက်သည်။

          “ဗိုက်ထဲက ... အောင့်လိုက်တာ...” ကြည်ကြည်ဌေးသည် နှုတ်ကပြောရင်း အပေါ်ထပ်အိပ်စင်ပေါ်တွင် တက်လှဲအိပ်ရန် လှေကားကလေးကို ကိုင် တွယ်တက်နေသည်။

          ကျွန်မက လှည့်အကြည့် မျက်လုံးချင်း ဆုံကြသည်။ ပြည့်ဝိုင်းသော မျက်နှာလေး၌ သူ့မျက်လုံးသည် ထူး ထူးခြားခြား ကြည်လင်တောက်ပနေသည်။ ထို ကြည်လင်တောက်ပသော မျက်လုံးအစုံတွင် ပြုံးစနဲ့ ပြုံးကြည်ချိုမြ၍ ရယ်နေသောမျက်လုံးကို တွေ့လိုက်ရသည်။ ရုပ်ရှင်ပြဇာတ် ထဲတွင် အကြိမ်ကြိမ် တွေ့ခဲ့ဖူးသော ပြုံးစစ ပြုံးကြည်ကြည် ရှိသော မျက်လုံးနှင့် မျက်နှာဟန်ပန်သည် ကျွန်မမျက်စိထဲ တွင် စွဲနေသည်။ ။

          ကျွန်မ ကြည့်ခဲ့သမျှ ပြဇာတ်ရုပ်ရှင်၊ သူပါဝင်သော သူ့အခန်း၊ သူ့ဇာတ်ကွက်ကို နိုင်နင်းစွာ သယ်ယူတတ်သော သူ၏ အနုပညာစွမ်းရည်သည် စူးစိုက်လေ့လာချင်စရာ ကောင်းအောင် ဆွဲဆောင်မှုရှိသည်။

          ရုပ်ရှင်ပြဇာတ်မှနေ၍ သူ့ကိုကြည့်ပြီး ပွင့်သစ်စ ပညာ သည် ကလေးတစ်ယောက်ဟု ထင်မှတ်ယူဆ၍ မရသော သူ့ပညာစွမ်းရည်ကြောင့် အနုပညာဘက်၌ ဝါရင့်ပြီးသား ပညာရှင်တစ်ယောက်ဖြစ်လိမ့်မည်ဟု တွက်ထားပြီးသား ဖြစ်သည်။ ။

          “လင်းလုလုရောင်နီ” ပြဇာတ်ထဲ၌ ကြည်ကြည်ဌေးကို စတွေ့ရသည်။ ရုပ်ရှင်ပြဇာတ်များကို သွားရောက်ကြည့် သည့်အခါတိုင်း ဇာတ်လမ်းဇာတ်ကွက်ကိုလည်း မျက်ခြည် မပြတ် ကျွန်မ အာရုံစိုက်တတ်သည်။ ပညာသည်များ၏ ပင်ကိုအရည်အသွေးကိုလည်း တစ်စမကျန် အာရုံစိုက်လျက်အကဲခတ်၍ကြည့်နည်းမျိုး ကျွန်မမှာ အကျင့်ပါနေသည်။ ပေါ်လာရာ၊ ပြသရာ၊ မြင်မြင်သမျှ အရာအားလုံးကို စူးစိုက် စိစစ်ပြီး ကြည့်လေ့ကြည့်ထရှိသည့်အပြင် တစ်ပြိုင်တည်း ဝေဖန်မှုပါပြီးသား ဖြစ်သည်။

          တချို့သော ရုပ်ရှင်ပြဇာတ်မင်းသမီးများ၏ အမူအရာ သရုပ်သဏ္ဌာန်တို့သည် ဇာတ်ကွက်၊ ဇာတ်ခန်းနှင့် တိမ်း ယိမ်းလွတ်ချော်သွားတတ်သော အမှတ်မထင်ကလေးတို့ကို ပင် ဂရုပြုလွန်း၍လားမသိ ဖမ်းမိသည်။

          ကြည်ကြည်ဌေး၏ လွတ်ကွက်၊ လစ်ကွက်တို့ကို တွေ့ မြင်ခဲသောကြောင့် သည်မျှလောက် ကိုယ်ရောစိတ်ပါ စွမ်းဆောင်သွားနိုင်သော အရည်အချင်း၊ သည်မျှလောက် တစ် သားတည်းကျညီနိုင်သော အသားသေပုံမျိုးသည် ပွင့်သစ်စ ပညာရှင် မဟုတ်တန်ရာ၊ အနုပညာအခြေခံ ရင့်သန်ပြီးသား ဖြစ်ရမည်။ ကျွန်မ ဤသို့ ဝေဖန်ထားသည်။

          ကြည်ကြည်ဌေးကို မြင်သည်နှင့် ကျွန်မ ဝေဖန်ထား ချက်ကို ပြန်၍ သတိရသည့်အတိုင်း ကြည်ကြည်ဌေး၏ ဘဝအကြောင်းနှင့် ပညာအခြေခံကို သိလိုသော စိတ်ဆန္ဒမှာ နေရင်းထိုင်ရင်း ပြင်းပြလာသည်။ ။ | အိပ်မောကျလျက်ရှိသော အမယ်အိုကိုကြည့်လျက် ကြည်ကြည်ဌေး အမေပဲ ထင်သည်။ အမယ်အို၏မျက်နှာ သည် ဖြစ်မိလျှင် ရှေ့သာ တိုးမည်၊ နောက်ပြန်လှည့်မကြည့်၊ ပိုင်းဖြတ်နိုင်သော မျက်နှာမျိုး၊ ထက်မြက်သော အသွင်ဆောင်သည်။ အသားဖြူဆွတ်၍ အသားအရေ နူးညံ့ ညက် ပြောသည်။ နီရဲသော လက်ဖဝါးတွင် စိပ်ပုတီးကို ဆုပ်လျက်အိပ်ပျော်နေသည်။

          ပက်လက်အိပ်ပျော်နေသော လူဝဝ ထောင်ထောင်မောင်း မောင်း အသားမည်းမည်း အရောင်အဆင်းရှိသည့် ထိုလူ ကား ကြမ်းတမ်းခက်ထန်သယောင်ယောင်၊ နူးညံ့ပျော့ပျောင်း မယောင်ယောင်၊ တွက်ရခက်သော၊ အကဲခတ်ရခက်သော ကြန်အင်လက္ခဏာမျိုး ဆောင်သည်။ “ကြည်ကြည်ဌေးရဲ့ ခင်ပွန်းများလား.......” ခင်ပွန်းဆိုလျှင် ခင်ပွန်းလို့ မထင်စရာ။ မင်းသမီးကို ထက်ကြပ်မကွာ အုပ်ထိန်းနေသော ဇာတ်အုပ် ဇာတ်ခေါင်းများလား ....။ ။

          အမယ်အိုသည် နိုးလာကာ ထ၍ထိုင်သည်။ ရထား ပြင်ဘက် လယ်ကွင်းများကို ငေးမောကြည့်ရာမှ ကျွန်မနှင့် မျက်နှာချင်းဆိုင်က စကားလှမ်းပြောသည်။

          “ဒီနေရာတွေဟာ အမေတို့နေခဲ့တဲ့ နေရာတွေပေါ့။ ပြည် ဒိစတြိတ်၊ လက်ပံတန်းနယ်၊ မိုးအိုင်ရွာမှာ အမေတို့ လယ် လုပ်ခဲ့ကြတယ်။ ကြည်ကြည်ဌေးက ငယ်ငယ်လေးရှိသေး တယ်။ သမီးကြီးတွေကတော့ သူ့အရီးဇာတ်ထဲ ပါကုန်ကြ ပြီ။ ဇာတ်မင်းသမီးကြီး ဒေါ်စိန်ယုံဆိုတာ အမေ့ယောင်းမ၊ ဆရာအောင်ဗလ တပည့်၊ အဆိုကောင်း အကကောင်း အင်မတန် နာမည်ကြီးတယ်” တယ်။

          အမယ်အို၏အသံမှာ လွန်စွာ ညင်သာလျက် သူ၏ ပျော့ပျော့ပျောင်းပျောင်း အမူအရာနှင့် လိုက်ဖက်လှသည်။ ကျွန်မ သိလိုချက်တွေ အမယ်အိုထံမှ စတင်ကြားရသည်နှင့် တစ်ပြိုင်နက် နားစိုက်ထားသည်။

          ထိုအချိန်တွင် ကြည်ကြည်ဌေးသည် လှေကားလေးမှပြန်တွယ်ဆင်းလာသည်။

          “မမက ... ဂျာနယ်ကျော် မမလေးနော်...” ကြည်ကြည်ဌေးသည် ရှေ့မဆက်ဘဲ ပြုံးချိုထားသည်။ “ဟုတ်ပါတယ် .... ဂျာနယ်ကျော် မမလေးဟာ မမ

ပါပဲ”

          “ရထားမှာ ကပ်ထားတဲ့ စာရွက်ကလေးမြင်ရတော့ မမ နဲ့ ခရီးသွားရပြီလို့ ဝမ်းသာသွားတယ်”

          အသံသာသာထဲ၌ ရယ်မောသံလေးပါ စွက်ဖက်လျက် မျက်နှာချိုချို ပြန်ပြောသည်။

          “ကြည်ကြည်ဌေးနဲ့ တွဲတစ်တွဲတည်း လာကြုံရတာ မမ ဝမ်းသာမိတယ်။ ညီမကို ပြဇာတ်ထဲမှာ စတွေ့ ဖူးတာပဲ၊

          နောက် ရုပ်ရှင်မှာဆိုပါတော့ .... ညီမကို စတွေ့တွေ့ချင်း မမ စိတ်ဝင်စားလွန်းလို့ ဝေဖန်ထားတယ်” ။ “ဘယ်လို ဝေဖန်ထားသလဲ မမရယ် ...... သိပါရစေ...”

          ကျွန်မအဖြေကို စောင့်နေသော သူ့မျက်နှာလေးမှာ စိတ် အား ထက်သန်စွာဖြင့် မျက်လုံးများ တောက်ပြောင်ပြုံးလဲ့နေ သည်။

          “ပြဇာတ်မှာ ညီမကို စတွေ့တွေ့ချင်း ပွင့်သစ်စ မင်း သမီးတော့ မဟုတ်ဘူး၊ အနုပညာအခြေမိ ရှိရမယ်၊ ဝါရင့်ပြီး သားဖြစ်ရမယ်လို့ မမ ဝေဖန်ထားမိတာ မှန်ရဲ့လား...”

          ကြည်ကြည်ဌေးက ရယ်မောလိုက်သည်။

          “မမ ဝေဖန်တာ မမှားပါဘူး .... အနုပညာအခြေခံ ကတော့ ကျွန်မ ငါးနှစ်သမီးက စခဲ့တာပါ”

          “ဟုတ်ပြီ .. မမလည်း ထင်တယ် .... မမထင်တာမမှားတော့ဘူး၊ ငါးနှစ်သမီးက စခဲ့တာဆိုတော့ စပုံစနည်း အနုပညာဘက် ရောက်ပုံရောက်နည်း မမ သိပ်သိချင်တာပဲ”

          ရထားသည် အရှိန်ပြင်းစွာ ခုတ်မောင်းနေသည်။ အပတ် ပေါင်း မရေမတွက်နိုင်အောင် ရထားဘီးများ လည်နေသကဲ့ သို့ ကျွန်မ အာရုံမှာလည်း ရပ်နားခြင်းမရှိဘဲ ချာချာလည် လျက်ရှိသည်။

          ကျွန်မအနီးတွင်ရှိနေသော သူတို့မိသားစုသည် ကျွန်မ အနီး၌ တစ်နေရာစီ၊ တစ်သီးတခြားစီဖြစ်ချင်ဖြစ်လျက်၊ ပျောက်သောသူကလည်း ပျောက်ကွယ်လျက်၊ ကျွန်မ အနီး အနား၌ မရှိသော အရာဝတ္ထုများ၊ ပုံသဏ္ဌာန်များ၊ အသွင် အပြင်များ၊ အမျိုးမျိုးအဖုံဖုံ ပြောင်းလိုက်ပေါ်လိုက်ဖြစ်လျက် ထိုအမျိုးမျိုးသော ပုံသဏ္ဌာန်တို့မှ အသံဗလံများကလည်း အသံအမျိုးမျိုးထွက်ပေါ်လျက် .......။ ။

          ကြည်ကြည်ဌေးသည် ငါးနှစ်သမီးအရွယ်မှစ၍ ဇာတ် သဘင်၊ ပြဇာတ်၊ ရုပ်ရှင်၊ ကဏ္ဍသုံးခုခွဲကာ သူ ပါဝင်လှုပ် ရှားခဲ့ပုံများကို ပြန်ပြောင်းပြောပြနေသည်။

          ဇာတ်သဘင်အကြောင်း ပြောပြနေသည့်အခါ၌ ကပြခဲ့ သော ဇာတ်လမ်း၊ ဇာတ်ကွက်၊ ထိုဇာတ်၌ ဆိုခဲ့သော သီချင်း၊ ပြောခဲ့သော စကား၊ ပါးစပ်ဆိုင်းပါ တီးလျက် လက်မြှောက် မပြရုံတမည်..။