Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

ဂျာနယ်ကျော်မမလေး - နတ်ရေးငယ်ရွှေစာ

Regular price 4,000 MMK
Regular price Sale price 4,000 MMK
Sale Sold out
နတ်ရေးငယ်ရွှေစာ
[၁]

         

           “ဟိုမှာ ... ဟိုမှာ ... အဲဒီမိန်းမ .. အဲဒီမိန်းမပေါ့”

          ကျွန်မနှင့်ယှဉ်၍ ကပ်ရပ်နေသော မိန်းမတစ်ဦးက သူ့ဘေးရှိ မိန်းမဖော်ကို တီးတိုးပြောလိုက်သံကြားမိသော်လည်း ကျွန်မသည် အင်္ကျီ များကိုသာ တစ်ထည်ပြီးတစ်ထည် ရွေးနေသည်။

          မိုးသည် တအုန်းအုန်းရွာသွန်းလျက်ရှိသည်။ သိမ်ကြီးဈေးအပြင် တန်း “ပျို့အသည်း ဘော်လီဆိုင်ရှေ့၌ရပ်ကာ အင်္ကျီပုံကြီး ကြည့်ရွေးနေ ကြသည့် ဝယ်သူများ၏ကျောကို မိုးရေစက်များသည် တစ်စက်စက် စဉ်ပက်နေသည်။

          ဇာကိုကြည့်နိုင်မှ မြင်ရမည့် ခရမ်းရောင်ဇာနိုင်လွန်အကျီအောက် ၌ ပုံအတိုင်းထင်းထင်းကြီးပေါ်နေသည့် လည်ဟိုက်ဇာဘော်လီကြီး ဝတ်ထားသော အသားမည်းမည်း ခပ်ဝဝ ဆိုင်ရှင်မိန်းမကြီးသည် ဗီရိုထဲမှ ဘော်လီပုံအစားစားကို ထုတ်ယူပုံချကာ ဘော်လီများကို ဖြန့်ပြနေ သည်။

ဘော်လီကို ကိုယ်နှင့်ပတ်ပြလျက် ရှေ့ပုံနောက်ပုံမြင်အောင် ရင်ပုံ ကိုလည်းပြ ကျောလှည့်ပြနှင့် သူ့ရှေ့က ဝယ်သူများ ကွယ်နေ၍သာ တော်သေးသည်။ ကိုယ်အငြိမ်မနေ လှည်ပြနေရင်း နှုတ်ကလည်း မရပ် မနား ပြောသည်။

          “ဒါက ဆယ်ထည် ရှစ်ဆယ်ဈေး၊ ဒါကတော့ ခြောက်ဆယ်ဈေး။ ဟော့ဒါက နိုင်လွန်ဖောက်ပန်း ပိုမယူပါဘူး ဒီဈေးပါပဲ။ ရင်ပုံပေါ်ပေါ် ဝတ်ချင်ရင် ဟောဒီဘေးကွဲယူပါ။

          ဝယ်သူများကို မဝယ်ချင် ဝယ်ချင်အောင် နှုတ်သွက်လျှာသွက် ဆွယ်နေသော ဈေးသည်က ဘေးကွဲဘော်လီတစ်ထည်ကို ဖြန့်လိုက်ပြန် သည်။ အဖိုးမပြောခင် တစ်ဖက်သို့ လှည့်လိုက်ကာ ဝယ်သူများဘက်သို့ ပြန်လှည့်လာလျက် “ပိုင်းလုံးမှ ကြေးကြီးရှင့်”ဟု ထောက်ခံလိုက်၏။

          သူ့လက်၌ ဖြန့်ကိုင်ထားသည့် ဘော်လီအင်္ကျီပုံကို ကြည့်နေသော ကျွန်မမှာ သူတို့စကားကို ကိုယ်နှင့်မဆိုင်၍ စိတ်ဝင်စားခြင်းမဖြစ်မိ။ အင်္ကျီပုံကလေးသာ အာရုံစိုက်ကြည့်သည်။

          “ကြည့်ပါလား၊ နိုင်လွန်လက်တိုဘလောက်စ်နဲ့ ရှူးဖိနပ်နဲ့၊ ပုလဲ ပုတီးကတော့ အမြဲဆွဲတယ်” ။

          ဝယ်သူမိန်းမနှစ်ဦးသည် ဆိုင်ရှင်မျက်စထိုးပြရာဆီသို့ လှည့် ကြည့်လိုက်ပြန်သည်။

          “အဲဒါက ဘယ်လောက်ပါလဲ”ဆိုင်ရှင်သည် ကျွန်မအမေးကို ပြန် ၍ မဖြေအားသေးပေ

          “ရွှေဆိုင်အမြဲလာတယ်၊ မြူလို့ချူလို့ရသမျှ ရွှေဒင်္ဂါးချည်း လာ ဝယ်တာပဲ”

          ပြောချင်တာကိုအရင်ပြောပြီးမှပင် “ဒါက တစ်ဆယ်လေ”ဟု ကျွန်မဘက်သို့ ခပ်တိုတိုလှည့်ဖြေလေသည်။ စောစောကလို ဖောင် လောက်အောင်မတိုက်တွန်းအားဘဲ မျက်စိကတခြားကိုကြည့်ရင်း ကျွန်မအား အင်္ကျီကိုကြည့်ရန် ကမ်းပေးနေသည်။

          အင်္ကျီကိုလှမ်းယူလိုက်ကာ နောက်ကျောဇာကို ကြည့်လျက် “လျှော့ပါဦးရှင်”ဟု ကျွန်မက ပြောလိုက်သည်။

          “အဒေါ်တို့အိမ်နားက ဝန်ထောက် တိတ်တိတ်ပုန်းမယား လုပ်နေ သေးတယ်။ ချူလို့ဝမှ ကန်ချလိုက်တာ။ အခုတော့ အမေရိကန်တွေကို အသုံးတော်ခံနေတယ်လေ”

          ဆိုင်ရှင်သည် ကျွန်မအမေးကို နားထော်နေကာ ကျွန်မဘေးက ဝယ် သူ မိန်းမနှစ်ဦးကိုသာ မဲပြောနေသည်။

          “အမေရိကန်တွေက နေ့ပိုင်း ဒေါ်ဒေါ်ရဲ့၊ ညပိုင်းကျ ယူနီယန် ကလပ်က ပုဂ္ဂိုလ်ကြီးတွေ”

          ဝယ်သူနှင့်ဆိုင်ရှင်တို့သည် ခေါင်းချင်းဆိုင်ကာ ခပ်အုပ်အုပ် ကျိတ်၍ ရယ်မောလိုက်ကြသည်။

          ဆိုင်ရှင်နှင့် ဝယ်သူတို့ အချီအချ လက်ဆုံကျနေကြခြင်းကို ပြတ် အောင် စိတ်ရှည်ရှည်ထားလျက် စောင့်ဆိုင်းရကာ “မလျှောပါဘူးလား ရှင်”ဟု ထပ်မေးရပန်သည်။

          “ဟော ... ဟော ... သွားပြီ တွေ့လား၊ တွေ့လား။ လုံချည်ကို တင်ကားအောင် တေလာနဲ့ချုပ်တာ”

          ဝယ်သူကော ဆိုင်ရှင်ပါ တစ်ဖက်သို့ လှည့်ကြည့် နေကြပြန် သည်။ ။

          ပြောလို့မကြား မေးလို့ မရဖြစ်နေစဉ် သူတို့ကြည့် ရာဘက်သို့ ရောယောင်ရောက်သွားသော ကျွန်မ၏မျက်စိထဲတွင် မနီးမနေမှ ပန်းရောင်ထပ်သည့် လှိုင်းထနေကာ ကြွရွရွရွေ့လျားလျက်ရှိသည်။

          နိုင်လွန်ပန်းရောင် လက်တိုဘလောက်စ်အကျီ ရင်တစ်ဝိုက် အငြိမ့် မင်းသမီး ရင်ခံပုံမျိုးအတိုင်း တွန့်ဖိ ထပ်ဖိထားသော မှန်ကူကွက်သည် မဖောင်းတဖောင်း ဖူးငုံတို့ဖြင့် ဝိုက်ကုံးထားသည့်သဏ္ဌာန် မို့ကြွနေပေ သည်။

          ပဒုမ္မာကြာဖူး၏ ပွင့်ငုံများကို တစ်ဖက်ပေါ်သို့ တစ်ဖက်ဆင့်လန် ပွင့်အာကျထားသကဲ့သို့ နိုင်လွန်ပန်းရောင်လုံချည်ဒူးအောက်ပိုင်း၌ တွန့်ထပ်ဖိထားသည့် အထပ်များမှ ကျလာသော အဖတ်များကား ဒေါက် မြင့်ကြိုးသိုင်း ရှူးဖိနပ်ဖြူပေါ်၌ ဝဲဝေနေသည်။

          တစ်ကိုယ်လုံး ခြုံငုံထားသော ပန်းရောင်ပေါ်တွင် ပုလဲကုံးသည် အရည်တောက်ကာ ရွဲဥဖြူ နှစ်နေသည်။

          တဒင်္ဂအားဖြင့် မျက်စိကိုထိုးဟပ်သွားသော အသွေးအရောင် အပြင်အလျာများကို ဖယ်ရှား၍ ရုပ်ကိုစေ့စေ့ကြည့်လိုက်ရာ ကျွန်မမှာ ခေါင်းနားပန်းကြီးသွားကာ တုန်လှုပ်ချောက်ချားသွားမိသည်။

          ရုတ်တရက်မြင်လိုက်ရသော ဤမျက်နှာသည် မျက်နှာအရာ အထောင်ကြားထဲမှ ခွဲခြားမှတ်မိသောမျက်နှာ ...။

          ကျွန်မသည် လက်ထဲက အင်္ကျီကို လွှတ်ချကာ လက်ကိုင်အိတ်ကို ကောက်ယူလျက် တစ်မုဟုတ်ချင်း ဆိုင်ကထွက်ခဲ့၏။

          တပြိုက်ပြိုက်ကျနေသော မိုးရေစက်များကို ဆိုင်အမိုးများဖြင့် ခိုကာ၊ ခိုကာ လူတွေလည်း ရှောင်ကာ မျက်ခြည်မပြတ်အောင် ဂရုစိုက် ကြည့်ကာ ဇောနှင့်မို့ ပျာယီးပျာယာ လျှောက်လာခဲ့သည်။

          ကျွန်မရှေ့က လူတွေကွယ်သွားလျှင် လူလုံးကို မမြင်ရတော့ပေ။ ဆံပင်ဖြတ်ကာကောက်တွန့်စည်းထားသည့် ကုပ်ပေါ်ကျနေသော ဆံပင် ခွေ လိမ်ကလေးကိုသာ လှမ်းမြင်ရသည်။//

          ပန်းရောင်နောက်ကျောတစ်ပြင်လုံးကို မြင်ရသည့်အခါလည်း မြင် ရပြန်၏။

          ကျွန်မမှာ လမ်းကို ဂရုမထားနိုင်ဘဲ ပိတ်ကျပ်နေသောလူတွေကို တိုးဝှေ့ကာ ကတိုက်ကရိုက်ကြီး အမီကြည့်လိုက်သွားနေစဉ် ဗွက်ပေါက် နေသော ချိုင့်ကြီးထဲသို့ ခြေထောက်တစ်ဖက် ကျမြုပ်သွားသည်။

          ကိုယ့်ခြေထောက်ကိုပင်ကိုယ်မဖော်ဝံ့လောက်အောင် အမျိုးမျိုး သော အညစ်အကြေးများ ရောပြုံ မည်းပျစ် ချွဲကျိနေသည့် ဗွက်ကြီးကို ငုံ့ကြည့်လိုက်ကာ နှလုံးနာနာနှင့် ဗွက်ထဲမြုပ်သွားသော ခြေထောက်ကို အသာမလိုက်ရသည်။

          ဘယ်လိုအညစ်အကြေးတွေမှန်း မသိပေ။ ခြေဖမိုးနှင့် ဖိနပ်ကို မပေါ်အောင် ပုံတင်နေကာ ပေရေနေသည်။

          ခြေပေါ်မှ အညစ်အကြေးတွေကို ဗွက်ထဲသို့ ပြန်ခါချပစ်နေရင်း စိတ်မချနိုင်၍ လည်ကိုလိမ်ကာ လှမ်းကြည့်လိုက်သည့်အခါ လက်ဖက် ရည်ဆိုင်နှင့် ပန်းကန်ဆိုင်ကြားသို့ ချိုးသွားခြင်းကို မြင်လိုက်ရသည်။

          ခြေထောက်အပေကြီးနှင့် လမ်းလျှောက်၍မဖြစ်၊ မိုးရေကျနေသည့် တစ်နေရာတွင် စင်ကြယ်အောင် သွားဆေးလိုက်ချင်ပါလျက် ဆေးမနေ နိုင်၊ အပေအရေတွေ ကပ်စေးကပ်စေးနှင့်ပင် ပန်းကန်ဆိုင်နားရောက်အောင်အမြန်လာခဲ့ရသည်။ အမေရိကန်တစ်ယောက် တံခါးဖွင့်ပေး လျက် အသင့်စောင့်နေသည့် ပြောင်ဖိတ်နေသော ဆလွန်းကားအနက် ကြီးဆီသို့ မိုးရေထဲတွင် အပြေးအလွှားဖြတ်သွားလျက် ကိုယ်ကလေးကို တုန်ကာ အမေရိကန်ဘေးတွင် ယှဉ်ထိုင်ချလိုက်ခြင်းကို လှမ်းမြင်ရခြင်း ကြောင့် ဟစ်၍သာခေါ်လိုက်ချင်သည်။

          သုတ်ခြေတင်လာနေရာမှ အပြေးလာကာ လက်ဖက်ရည်ဆိုင်က ခုံတွေကို ကွေ့ရှောင်လျက် လမ်းဘေးသို့ ပြေးအထွက် ကားတံခါးသည်ပိတ်သွားကာ စက်သံမကြား ငြိမ့်ငြိမ့်ကြီး ထွက်သွားတော့သည်။

          မိုးကလည်း မစဲဘဲ တဖွဲဖွဲရွာလျက်။

          မိုးရေထဲတွင် ထွက်သွားသောကားကြီးကို ငေးကြည့်ကာ မချင့် မရဲဖြင့် ရင်ထဲ၌ ဖုံးလျသွားသည်။

          ကားထွက်သွားသော်လည်း ကျွန်မမှာ ထိုနေရာ၌ပင် ရပ်လျက်နေ သည်။

          မျက်စိရှေ့၌ရှိသော ကားတွေ၊ လူတွေ၊ တစ်ဖက်ဈေးရုံက ဆိုင် တန်းတွေနှင့် ကမ္ဘာခြားလျက် မျက်စိအောက်က ပျောက်ကွယ်သွားသော ကားကြီးနောက်သို့ တကောက်ကောက် ရမ်းဆကြည့်နေသည်။

          ကားနောက်သို့ တရိပ်ရိပ်အမီလိုက်ပြေးနေသောစိတ်သည် မောဆို့ပန်းကျလာမှ မချိတရိ နှုတ်က တခေါ်တမ်းရှိုက်မိသည်။

          “မြ .. ရယ် ...”

          “ဟေ့လူ .. ရှင် ယောက်ျားပဲဟာ၊ ကျွန်မကို ပြောခိုင်းနေမယ့် အစား ရှင်ကိုယ်တိုင် ကိုပြောပါလား”

          ကိုသန်းမောင်သည် ပြုံးလေသည်။ နဂိုနေဆိုရင် သူ့မျက်နှာသည် မှုန်တုန်တုန်ဖြင့် မာကျောပုံရသေးသည်။ သို့သော်လည်း လူပျော့၊ လူ အေး၊ လူ့အဆိပ်မရှိမှန်း ပြုံးလိုက်မှ ပေါ်လာသည်။

          မြသည် ကျွန်မချစ်သော မြ ... ကျွန်မမှာ ချစ်သောသူငယ်ချင်း ဆို၍ 'မြဆိုသော မြတစ်ယောက်ပဲ ရှိသည်။

          မြနှင့် ကျောင်းတွင် တစ်ကျောင်းတည်း၊ တစ်ခုံတည်း အတူတူနေ ခဲ့ကြသည်။ သွားအတူ၊ လာအတူ၊ စားအတူ တတွဲတွဲနှင့် ကျောင်းဆင်း အိမ်ပြန်မှ လူချင်းခွဲလိုက်ကြသည်။