Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

ဂျာနယ်ကျော်မမလေး - စာအုပ်အမှာစာများနှင့်စာအုပ်၀ေဖန်ချက်

Regular price 1,000 MMK
Regular price Sale price 1,000 MMK
Sale Sold out
ဖျာပုံမောင်ဆွေနွယ် - နံ့သာမိုးကဗျာများ စာအုပ်မှ
ဂျာနယ်ကျော်မမလေး၏ အမှာ

 

          ကဗျာသည် ခေတ်နှင့်ကိုက်ညီသည့် အယူအဆများပေါ်၌ ရပ် တည်၍ ခံစားချက်များမှ ထွက်ပေါ်လာသော အတွေးကို ပိုင်နိုင်စွာ သရုပ်ဖော်မှသာလျှင် ကဗျာ၏ စွမ်းအင်ကို ပို၍ ပေါ်လွင်စေမည်ဖြစ် သည်။

           မျက်မှောက်ပြုနေရသောခေတ်၏ ကောင်းကျိုးဆိုးကျိုးနှင့် တိုး တက်ဖွံ့ဖြိုးမှုများကို ဖော်ကျူးဖွဲ့ နွဲ့ လိုသည့် ကဗျာစာဆို၏ စေတနာ သည် သူ၏ နှလုံးသားအတွင်းမှ ယိုစိမ့်စီးကျလာသည့်အချိန်၌ ထက် မြက်ပြောင်မြောက်သော ကဗျာများကို ဖွဲ့ဆိုတတ်လေသည်။

          ဤကဗျာစာအုပ်ကလေးကို ပြုစုသော ကဗျာရှင် ဖျာပုံမောင်ဆွေ နွယ်သည် စာဖတ်သူ၏စိတ်ထဲ၌ ကွင်းကွင်းကွက်ကွက် ပေါ်လာစေရန် ပိုင်နိုင်သောအတွေးအခေါ်နှင့် ပြည့်ဝသောရသကို ဆောင်ရန် ကြိုးပမ်း သီကုံးတင်ပြသောကြောင့် စိတ်ဝင်စားမိသည်။

          ကျွန်မသည် ကဗျာရှင်မဟုတ်သော်လည်း ကဗျာများကို ဖတ်ချင် လိုစိတ်မှာ ပြင်းပြမြဲဖြစ်သည်။ ကဗျာတစ်ပုဒ်ကိုဖတ်လျှင် ကဗျာရှင်၏ အတွေးအခေါ်မှန်ကန်မှု၊ နက်ရှိုင်းမှု ရှိ မရှိ ပထမ ဆန်းစစ်မိသည်။ စကားလုံးနှင့် ဖွဲ့စည်းသိုင်းဝိုင်းပုံများကိုလည်း သတိပြုကြည့်သည်။ ထို့အပြင် အရေးအသား သီကုံးဖွဲ့ နွဲ့ ပုံကို စံနှုန်းပြည့် မပြည့်လည်း စစ် ကြောသုံးသပ်မိသည်။

          ဘ၀အတွေ့အကြုံရင့်သန်၍ ထိုရင့်သန်မှုကို အခြေခံကာ ဘဝ၏ အတွင်းပိုင်းကျကျများကို လေ့လာရှုမြင်လျက် သူ၏ စစ်မှန်သောအတွေး အခေါ်၊ အဘက်ဘက်မှပြည့်စုံသည့် စကားလုံးဝေါဟာရတို့ဖြင့် မွမ်းမံ ထားသောကဗျာများကို ဖတ်ရှုရလျှင် ကျွန်မမှာ ထိုကဗျာတို့ကို စွဲလမ်း နှစ်သက်လွန်း၍ ကဗျာကောင်း ကဗျာညွန့် တစ်ပုဒ်အနေဖြင့် စံတင်မိ တော့သည်။

          ဤကဗျာစာအုပ်ကလေး၌ ခေတ်၏အပေါ်ယံ သာမန်ရှုမြင်ပုံ ရှု မြင်နည်းဖြင့် တင်ပြရေးသားချက်များကို မတွေ့ရှိရပေ။ ခေတ်နှင့်လျော် စွာ သူ၏ခံစားချက်များကို ရှင်းရှင်းရိုးရိုးကလေးနှင့် တိုးလျှိုပေါက်မြင် နိုင်အောင် သရုပ်ဖော်ရေးဖွဲ့ သီကုံးထား၍ ကဗျာဖတ်သူအား ဆွဲဆောင် နိုင်စွမ်းရှိပါပေသည်။

၃-၆-၆၇