Skip to product information
1 of 2

စိတ်ကူးချိုချိုစာပေ

ဂျာနယ်ကျော်မမလေး - ကမ္ဘာမြေဝယ်

Regular price 7,000 MMK
Regular price Sale price 7,000 MMK
Sale Sold out

ပြန်သည်။ လှည်းနောက်မြီးတွင် ငြိမ်ငြိမ်မထိုင်ဘဲ ခြေထောက်တွေ လှုပ်ယမ်းလိုက်ခဲ့သည်။

“ခွေးမလေး ကျသွားမယ်နော်'ဟု ဦးသူတော်က လှည့်ဆိုလေ သည်။

နေရောင်ကြည်လင်ချိုအေးသည့်မိုးညနေမှာနွေ၊ ဆောင်းညနေ စောင်းမျိုးနှင့်မတူ ထူးထူးခြားခြားသာယာခြင်းရှိပေသည်။ ကျားတက် ရွာကြီးမှ ကမကလဲဘက်သို့သွားရသောလှည်းလမ်းကြီးကို လယ်ကွက် ထဲတွင်ဖြတ်ကာ ခင်းထားလေသည်။ လမ်းမှာဖုန်ထနေပေသည်။ လယ်ကန်သင်းနှင့် လက်ခုပ်တစ်ဖောင်လောက်မြင့်အောင် မြေဖို့ထား လေသည်။

လမ်းဘေးနှစ်ဖက်တွင် လယ်ကွက်တွေသာ တစ်မျှော်တစ်ခေါ် ကြီးတွေ့ရသည်။ လယ်ကွက်ထဲ၌ ရေများမှာပြည့်လျှံဖြူဖွေးနေသည်။ ရေထဲက အညွှန့်ထွက်နေကြသည့် မြက်ပင်မျိုးပင်တို့မှာ နေချိုချိုတွင် စိမ်းစိုနေပေသည်။

လှည်းနောက်ပြန် ထိုင်လိုက်ခဲ့၍လည်း လမ်းတစ်လျှောက်ခပ် ဝေးဝေးမှ ကုက္ကိုပင်၊ ပေါက်ပန်းဖြူပင်ကြီးတွေ အုပ်နေသည့် အုန်း နှဲရွာကြီးကို လှမ်းမြင်နေရသည်။ အုန်းနှဲရွာကြီးနှင့် တစ်ဆက်တည်းရှိ

သော သံတံခါး၊ နိဗ္ဗာန်စသည့် ရွာခြေကလေးတွေလည်း အံ့အုံ့ဆိုင်း ဆိုင်းရှိကြသည်။ တစ်ဖက်တွင်လယ်ကွက်များကိုကျော်၍ မျှော်ကြည့် လိုက်လျှင် ပဲခူးမြစ်ရိုးကို ခပ်ရေးရေးမြင်နေရသည်။ ရွက်တိုင်များထူ၍ သွားနေကြသည့် တုန်ကင်းသမွန်များမှာ မြစ်ထဲတွင် တရွေ့ရွေ့မျော နေကြသည်။ မြစ်တစ်ဘက်၌ မီးရထားသံလမ်းရှိလေသည်။

လှည်းရှေ့မှ နွားများရုန်းလိုက်တိုင်း လှည်းပခေါင်းများမှာ တကီ .ကျီနှင့် မြည်နေလေသည်။ ဦးသူတော်လည်း နေရှိသေး၍ လှည်းကိုဖြည်းဖြည်းပင် မောင်းလာသည်။ နေရောင်မှာ အရောင်တောက်လျက် စိမ်းညို့သောရှုခင်းတွေထဲတွင် ဖြာလက်နေလေသည်။ ။

လှနွယ်သည် ရွာတွေကိုလွန်၍ တောင်တွေဆီသို့ မျှော်ကြည့် လိုက်ပြန်သည်။ တောင်ပေါ်၌အလေ့ကျပေါက်နေသည့် အရွက်ဖားဖား နှင့် အရိုင်းပင်၊ ညောင်ညိုပင်၊ ဝါးရုံပင်၊ ကြခတ်ပင်၊ ဘန့်ပွေးပင် တို့ကား ခက်လက်ဝေဆာကာ စိမ်းစိုနေလေသည်။ တောင်ကုန်းခြေ ရင်း၌ လယ်သမားများ၏ တဲပုတ်တွေစုဝေးလျက် ကုပ်ကုပ်ကလေး ဝပ်နေကြသည်။ ပတ်ဝန်းကျင်တစ်ခုလုံးကို တစိမ့်စိမ့်စူးစိုက်ကြည့်ရင်း စိတ်စက်ကြည်လင်နေ၍ နောက်ချေးနံ့ကိုပင် မေ့နေလေသည်။

လယ်ကွက်ထဲမှ အတိုင်အလှည့်တွင် နွားတွေကို “ဟဲစေ--တဲ့ တော့ဟု အော်ငေါက်လိုက်သော လယ်သမား၏အသံကို ကြားရ၍ လှည့်ကြည့်လိုက်လေသည်။ လယ်သမားမှာ နံငယ်ပိုင်းလုံချည်ကို ဒူး အထက်တွင်ဆီးလျက် လယ်ထွန်အင်္ကျီရင်ခွဲဝတ်၍ ခမောက်ဆောင်း ကာ ထယ်ထိုးနေသည်။ သစ်သားနှင့် လုပ်ထားသည့် ထယ်သွား ငါးချောင်းကို ထွန်တုံးတွင်တပ်လျက် တံပိုးတုံးဖြင့် နွားနှစ်ကောင်ကို ရုန်းခိုင်းသည်။ နွားရုန်းသွားလျှင် ထယ်သွားအောက်မှ မြေကြီးခဲများ မွမ္မထ၍ နှစ်များတက်လာလေသည်။ လှနွယ်သည် ထွန်ယက်နေ

သောလယ်ကွက်ကိုလျက် မပေါက်သေးသောစပါးပင်များကို တစ် ပင်ပြီးတစ်ပင် သူ့လက်နှင့် စိုက်ကြည့်နေသည်။ -

ဦးသူတော်လည်း လှည်းနောက်တွင် ငြိမ်သက်လျက်ရှိသော လှနွယ်အား ‘တဲ့ ကောင်မလေး၊ နင့်အဘကို ဖူးခဲ့သေးသလားဟု လှမ်းပြောလိုက်သည်။

ဖူးခဲ့သားပဲ"

လှနွယ်၏မျက်စိထဲတွင် စိမ်းလန်းသန်စွမ်းသောစပါးပင်များကို

ပေါက်ကြည့်လျက်၊ စပါးပင်များမှာ လေတိုက်ရာသို့ ယိမ်းနွဲ့နေကြ သည်။ သူစိုက်လိုက်သောစပါးပင်တွေဟု စိတ်ကူးနှင့်ကြည်နူးကျေနပ် နေစဉ် စကားကို ပြတ်ပြတ်ပင်ပြန်ပြောလိုက်သည်။ ထိုနောက် စပါး နှံတွေကို စာကလေးများက ကိုက်ဖြတ်နေ၍ လယ်ထဲတွင် တုတ်တစ် ချောင်းနှင့် ပြေးခြောက်မောင်းကာ ပျော်နေပြန်သည်။ ။

`တယ်---တိုးပွား၊ သွားစမ်းဆို ရိုက်လိုက်ရ၊ ရွှေနီနော် ဘာ ပေကတ်ကတ်နဲ့

ကြားတက်နှင့် ကမကလဲသို့ တစ်နေ့လုံး ကူသယ် ခေါက်သယ် နွားချေးတိုက်နေရသော ဦးသူတော်၏နွားနှစ်ကောင်မှာ မောပန်းနေ ရှာသည်။ တိုးပွားကနှေးနေလျှင် ရွှေနီကလည်း လိုက်သွားသည်။ တစ်ကောင်ကောင်ကျောကို ကြိမ်ချက်စပ်စပ်ရိုက်လိုက်မှပင် ရွှေနီတို့ မှာ မိမိကတ်မိလျှင် နာမှန်းသိကာ တအားခဲ၍ ရုန်းကြပြန်လေသည်။

လှနွယ်သည် လယ်ထဲတွင် တုတ်တစ်ချောင်းနှင့် စာခြောက်ရင်း ပြေးနေရာမှ ရွိခနဲအသံကြား၍ အတွေးကိုရပ်လိုက်သည်။ “မရိုက်ပါနဲ့ ဦးသူတော်ရယ် သူတို့လည်း မောရောပေါ့"

မိမိနောက်မှ နှာခေါင်းနှင့် တွေ့သုတေ့ခင် ပုံထားသောနွားချေး ပုံကိုကျော်၍ နွားတွေကို မျှော်ကြည့်ကာ သနားသွားသည်။

“အသွားတုန်းက ဘယ်သူ့လှည်းနဲ့လဲ' `ကိုကြွက်နီတို့ မီးသွေးလှည်းနဲ့ လိုက်သွားတယ်” “နင့်အဘဆီ သွားတာလား ။

“အဘဆီ တမင်သက်သက် သွားတာတော့ မဟုတ်ပါဘူး၊ ကား တက်က ဒေါ် သာယာတို့စက်မှာ ကောက်စိုက်အင်္ကျီအပ်ထားတာ သွားရွေးတာ'

ဦးသူတော်လည်း သမင်လည်ပြန်ကြည့်လိုက်ကာ..ပေါက်ကြည့်လျက်၊ စပါးပင်များမှာ လေတိုက်ရာသို့ ယိမ်းနွဲ့နေကြ သည်။ သူစိုက်လိုက်သောစပါးပင်တွေဟု စိတ်ကူးနှင့်ကြည်နူးကျေနပ် နေစဉ် စကားကို ပြတ်ပြတ်ပင်ပြန်ပြောလိုက်သည်။ ထိုနောက် စပါး နှံတွေကို စာကလေးများက ကိုက်ဖြတ်နေ၍ လယ်ထဲတွင် တုတ်တစ် ချောင်းနှင့် ပြေးခြောက်မောင်းကာ ပျော်နေပြန်သည်။ ။

“အဘဆီ တမင်သက်သက် သွားတာတော့ မဟုတ်ပါဘူး၊ ကား တက်က ဒေါ် သာယာတို့စက်မှာ ကောက်စိုက်အင်္ကျီအပ်ထားတာ သွားရွေးတာ'လှနွယ်က နှုတ်ခမ်းကလေးစူလျက်၊ တွဲလောင်းချထားသောခြေ နှစ်ချောင်းကို လိမ်ချိတ်ကာ ရှေ့တိုးနောက်ငင် လှုပ်နေလေသည်။

“ကောက်စိုက်တတ်လို့လား ... တဲ့"

“ဪ... ဦးသူတော်ကလည်း သင်စိုက် ဆင်းစိုက်ရမှာပေါ့။ ယာယီ သင်စိုက်စိုက်ရင် မျိုးတစ်ပေါကို တစ်ပဲရတယ်၊ နောက်စိုက် တတ်လာတော့ နေ့စားစိုက်မှာပေါ့”

“ခွေးမကလေး မျိုးတစ်ပေါဆိုတာ ဘာလဲ၊ နင်သိသလား” | လှနွယ်သည် ခေါင်းကို ချာခနဲ လည်၍ ဦးသူတော်ကို မျက် စောင်းထိုးကြည့်လိုက်သည်။ ဦးသူတော်မှာ လှနွယ်ကို ကျောခိုင်းကာ လှည်းမောင်းမပျက်မောင်းနေသည်။ လှနွယ်လည်း ဦးသုတော်ကို ပြန်၍ကျောပေးလိုက်သည်။ ။

“မျိုးနုတ်တုန်းက မျိုးပင်တွေကို လက်နဲ့ လေးခါကိုင်ဆုပ်ပြီး စည်းထားတာ၊ အဲဒါတစ်ပေါခေါ်တာပေါ့”

'အမယ်၊ ဘုန်းကြီးသမီးက အလာကြီးပဲ၊ ဟဲ ဟဲ"

အဘိုးကြီး၏သွားမရှိဘဲ ရယ်မောနေသောလေသံကို လှနွယ်မှာ နားကြားပြင်းကပ်ကတ်လေသည်။ ဘုန်းကြီးသမီးခေါ်၍လည်း စိတ်တို သွားသည်။ နောက်ချေးပုံထဲမှ နွားချေးခဲတစ်ခုကို ကောက်ယူကာ လယ်ကန်သင်းချုံပုတ်တွင် နားနေကြသည့် တစ်တီတူးလေး နှစ်

ကောင်ကို စိတ်ပေါက်ပေါက်နှင့် လှမ်းပစ်လိုက်သည်။ ကြောက်အား လန့်အားနှင့် ဝုတ်ခနဲ ထပျံပြေးကြသည့် တစ်တီတူးလေးတွေကို မျက်စိတစ်ဆုံး လိုက်၍ မော့ကြည့်နေလေသည်။

“ဘယ်လယ်မှာ စိုက်မလို့လဲ” “သူဌေး ကိုခွက်လယ်မှာ” “ဒါဖြင့် နင် ပဲပြုတ်မရောင်းတော့ဘူးပေါ့"“အမေရောင်းလိမ့်မယ်”

လှနွယ်သည် မြသင်ကို ဖျတ်ခနဲ သွား၍ သတိရလိုက်သည်။ ရင်ထဲ၌လည်း ထိတ်သွားသည်။ ။

မြသင်တို့တဲတွင် ပဲပြုတ်အကြွေး ငါးမူးရစရာရှိသည်။ အမေသိ ရင် ဆိုလိမ့်မည်။ အမေကကြွေးမရောင်းရန် ပြောထားသည်။ မြသင် ဖျားနေတုန်းစားရန် မနက်တိုင်း ပဲပြုတ်တစ်ပဲဖိုး ဝင်ပေးသည်။ ပိုက်ဆံကို နောက်မှပေးတာပေါ့ဟု အကြွေးသားခဲ့သည်။

“လှနွယ် ဈေးရောင်းခိုင်းရတာ တယ်ကြွေးကျတယ်၊ ကြွေး တောင်းရတာ အလုပ်တစ်လုပ်၊ ဒီကရင်းပြီး ဒီကရောင်းတဲ့ဥစ္စာ၊ တကတဲတော် လက်လွယ်လိုက်တာ၊ သူ့အဖေဘုန်းကြီးကျနေတာပဲ၊ ပြောလို့ ဆိုလို့လည်း မရပါဘူး၊ ငါသာသေချင်တာပါပဲ"

လှနွယ်မှာ အမေဆူနေတုန်း ကိုယ်အပြစ်နှင့်ကိုယ် ခေါင်းငုံ့ကာ ငြိမ်နေရသည်။ ကြွေးပေးခဲ့လျှင် မီးခိုးမဆုံး မိုးမဆုံး မြည်တွန်တောက် တီး ကြိမ်းမောင်းခံရသည်။

“နောက်တစ်ခါ အကြွေးပေးတယ်များ ကြားရရင်တော့ သေရ အောင်သာ ပြင်တော့၊ အကြွေးရောင်းဝံ့ရောင်းစမ်း၊ ကြားရဲ့ လား ငါ ပြောတာ"

လှနွယ်သည် တုန်၍ သွားမိလေသည်။ မဖြစ်ချေဘူး၊ မနက် ကောက်စိုက်ဆင်းနေတုန်း မြသင်တို့ထဲက အမေ့ကို အကြွေးဆပ် လိုက်ရင် အခက်ပဲ ။ - ဦးသူတော်၊ ကမကလဲကို မလိုက်ဘူး၊ စက်ပိုင်းမှာပဲ ဆင်းမယ်၊ ရပ်တော့၊ ရပ်တော့”

‘တယ် ဒီကောင်မလေးဟာ၊ စက်ပိုင်းမှာဘာလုပ်တုံး' ဦးသူတော် - သည် နဖားကြိုးကို တုံ့ဆွဲကာ လှည်းကို အရှိန်သတ်ပေးလိုက်သည်။ချိုင်းကအင်္ကျီကို မြဲမြဲညှပ်၍ လှည်းပေါ်မှ ခုန်ချလိုက်သည်။ ထဘီတွင် နွားချေးများပေရော့သလားဟု လည်ကိုလိမ်လျက် စောင်း ငဲ့ကြည့်ကာ တင်ပါးကို လက်ဝါးနှင့် ပုတ်ပစ်သည်။ နောက် အင်္ကျီကို ချိုင်းပြောင်းညှပ်ကာ “ကြွေးတောင်းစရာရှိလို့”ဟု လှမ်းအော်ပြော လိုက်သည်။

လှည်းလမ်းပေါ်မှဆင်းခဲ့၍ ကန်သင်းရိုးမှဖြတ်ကာ အတော်က လေးလျှောက်ခဲ့ပြီးမှ “ဟောတော့” ဟု ဆိုကာ လှည်းကိုပြန်လှမ်း ကြည့်လိုက်သည်။ လှည်းမှာခပ်လှမ်းလှမ်းသို့ ရောက်သွားပေပြီ။ ထို နေရာတွင်ရပ်လျက် စိတ်ထဲတွင် ချီတုံချတုံဖြစ်သွားပြီးနောက် လှည်း နောက်သို့အမီ ကဆုန်ချကာ ပြေးလိုက်သွားလေသည်။

“ဦးသူတော်..... ဦးသူတော် ́ဟု နောက်က ခေါ်သံကြား၍ ဦးသူတော် လှည့်၍ကြည့်ကာ နဖားကြိုးကို ဆွဲထားလိုက်သည်။ “စက်ပိုင်းမသွားတော့ဘူး၊ ကမကပ်ပဲ လိုက်မယ်"

ပြောပြောဆိုဆို လှည်းနောက်မြီးကို ကျော်နှင့်မှီ၍ လှည်းပေါ်သို့ ခိုတက်ကာ နောက်တွဲထိုင်ချလိုက်သည်။ “တယ်.... ဒီကောင်မလေးဟာ” လှနွယ်သည် တခစ်ခစ်ရယ်နေလေသည်။ “ဘာရယ်နေတာလဲ အရူးမဟု ဦးသူတော်က ဆိုပြန်သည်။ “ရယ်တတ်လို့ပါ ဦးသူတော်ရဲ့

ဦးသူတော်နဲ့ အမေနဲ့များတွေ့လို့ စက်ပိုင်းမှာ ကြွေးတောင်းနေ ရစ်ခဲ့တယ်ပြောလိုက်ရင် ဒုက္ခ သတိရတာတော်ပါသေးရဲ့၊ လှနွယ် သည် သူ့ဟာသူ တွေး၍ အတောမသတ် တခစ်ခစ်ရယ်မောလိုက် လာသည်။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)