Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

ဂျက်(ကွမ်းခြံကုန်း) - အိုင်ကျွန်ုပ်နှင့်မြိုင်အရုပ်

Regular price 3,000 MMK
Regular price Sale price 3,000 MMK
Sale Sold out
တောဈေး တောင်ဈေး ကြိုက်ရာရွေး
(တစ်)

          အခုနှစ်ပိုင်းတွေထဲမှာ စုံနံ့သာမြိုင်တောထဲကို လာလာပြီး ကုန်စည် ပြပွဲတွေ ကျင်းပကြလေသဗျ။ အမျိုးစုံပါပဲ။ လူ့ရပ် လူ့ရွာ လူ့ကမ္ဘာက ထုတ်လုပ်ဖြန့်ဖြူးသမျှ ကုန်ပစ္စည်းအသစ်အဆန်း ထွေလီကာလီတွေဆိုတာ စက္ကန့်နဲ့အမျှ တစ်ခေတ်တစ်ခေတ် သစ်သစ်ဆိုသလို ပေါ်ပေါ်လာ လိုက်ကြတာများ။ အဲဒီမှာ ကုမ္ပဏီတွေက သူတို့ကုန်ပစ္စည်းတွေနဲ့ တောနေ တိရစ္ဆာန်စားသုံးသူများ ရင်းနှီးသွားဖို့ရာအလို့ငှာ ကုန်စည်ပြပွဲတွေကို စုံနံ့ သာမြိုင်တောထဲမှာ လာလာပြီး လုပ်ကြတာပါ။

          ဆိုကြပါစို့ လျှပ်စစ်ကုန်စည်တွေ ပြတဲ့ပွဲ။ ရေခဲသေတ္တာ၊ ရုပ်မြင် သံကြား၊ လေအေးပေးစက်၊ အသားကြိတ်စက်၊ သစ်သီးဖျော်စက်၊ ပန်ကာ၊ မီးပူ၊ အပူပေးစက်၊ ကော်ဖီဖျော်စက်၊ ဆံပင်အခြောက်ခံစက်၊ ပေါင်းအိုး၊ မီးဖို၊ ပေါင်မုန့်မီးကင်စက်၊ မီးလုံး၊ မီးသီး၊ မီးပန်း၊ မီးဆိုင်း၊ မီးကြိုး၊ မီးခုံ၊ မီးအားမြှင့်စက်၊ မီးဖြတ်စက်၊ မီးစက်ဆိုတာတွေကို အကုန်ပြထားတာ ပါ။

          အဲ... အိုင်တီ (It) လို့ခေါ်တဲ့ သတင်းနည်းပညာပြပွဲ။ ဖုန်းတွေ ဖုန်းတွေများဆိုတာ။ ပြားပြားတွေရော ပဲပြဲတွေရော။ အိုင်ဖုန်း (iPhone)၊ အိုင်ပက် (iPad)၊ တက်ဘလက် (Tablet)၊ နုတ် (Note)၊ လက်ပ်တော့(Laptop) 308&cos? (Desktop), varmoss (Projector) aposs တွေ။ လှမှလှ။ ကြွမှကြွ။

          စားသောက်ကုန်ပြပွဲဆိုလည်း တော်တော့်ကို စုံစုံစေ့စေ့ပါ။ ယမကာ မျိုးစုံ၊ အအေးမျိုးစုံ၊ အသားဘူးမျိုးစုံ၊ ဟင်းခတ်အမွှေးအကြိုင်ပုလင်းမျိုးစုံ၊ ဘူးမျိုးစုံ၊ အချဉ်ပုလင်းမျိုးစုံ၊ ခေါက်ဆွဲတွေ၊ ကြာဆံတွေ၊ ဂျုံမှုန့်တွေ၊ ဆန်မှုန့်တွေ၊ ငံပြာရည်တွေ၊ အချိုမှုန့်တွေ၊ အာလူး၊ ကြက်သွန်၊ ငရုတ်ပြခန်း၊ အသီးအရွက်ပြခန်း၊ မုန့်မျိုးစုံပြခန်း၊ လက်ဖက်ရည်၊ ကော်ဖီပြခန်း၊ အို.. အိုးခွက်ပန်းကန်ခွက်ယောက်၊ ဇွန်းခက်ရင်း၊ ဓား၊ တူ၊ သွားကြားထိုးတံက အစ ပြသထားလိုက်တာများဆိုတာ။

          အဝတ်အထည်ပြပွဲတဲ့။ ကားပြပွဲတဲ့။ အိမ်ခြံမြေပြပွဲတဲ့။ ပညာရေး ပြပွဲတဲ့။ ။

          လူတွေ တစ်ဆင့်ထက်တစ်ဆင့် မြင့်သထက်မြင့်မြင့်နဲ့ နေကြဖို့ရာ အလို့ငှာ တွေးဆတီထွင်ထုတ်လုပ်ဖြန့်ဖြူး ရောင်းချတဲ့ ပစ္စည်းတွေကို တော ထဲက တိရစ္ဆာန်ကလေးတွေကလည်း သုံးဆောင်နေကြပြီမို့ ကုန်ပစ္စည်းနဲ့ စားသုံးသူ ရင်းနှီးမှုရကြဖို့ရာ လူတွေက တိရစ္ဆာန်တွေရှိတဲ့ တောထဲ ကုန် စည်ပြပွဲတွေ လာလာပြီး လုပ်ပေးကြတာပါ။ ။

          အို.. သတ္တဝါပေါင်းစုံ ကြိတ်ကြိတ်တိုး။ ရေခဲမုန့်စားရင်း၊ ကော်ဖီ ခွက်ကလေးတွေ လက်မှာကိုင်ရင်း၊ အအေးဘူးကလေးတွေ ပိုက်နဲ့တပ်ကာ စုပ်ရင်း ပြပွဲကို ကြည့်ရှုငေးမောကြတာ။ မြင်းကျားက မျက်မှန်အမည်းကြီး တပ်လို့။ နောက်လင်မယားက လက်ချင်းချိတ်လို့။ နွားက စီးကရက်ကို ခဲလို့။ သိုးမကလေးတစ်သိုက်က စကတ်အကွဲတွေနဲ့။ ကျားသစ်က နားကြပ် ပေါက်စနဲ့ သီချင်းနားထောင်လို့။

          ဪ.. ကုန်တွေနဲ့ စည်တဲ့ ကုန်စည်ပြပွဲတဲ့လေ။

(နှစ်)

           တစ်ပွဲတည်းတော့ မဟုတ်ခင်ဗျ။ လေးငါးခြောက်ပွဲ။ ဟုတ်တယ်။ တောထဲမှာ ကုန်စည်ပြပွဲတွေ လုပ်လာတာ လေးငါးခြောက်ပွဲကျော်ကျော် လည်း ရှိလာရော တိရစ္ဆာန်တွေ ရောဂါထတော့တာပါပဲ။

          “တို့များစုံနံ့သာမြိုင်က

          တိရစ္ဆာန်တွေလည်း

          ကုန်စည်ပြပွဲ

          လုပ်ကြရအောင်”တဲ့။ ကြည့်စမ်း။ အသံတွေ ထွက်လာလိုက်ကြ တာ။ ခြင်္သေ့တို့၊ ကြံတို့၊ ဖွတ်တို့ကကျတော့ ပြပွဲလုပ်မယ့်နေရာကိုပါ ရွေးတာ။ လူ့ရွာထဲမှာ တက်ပြမယ်တဲ့။ စုံနံ့သာမြိုင်ကုန်စည်ပြပွဲတဲ့။ နာမည် က ကဗျာဆန်ဆန်။

(သုံး)

          တိရစ္ဆာန်တွေက ပြောတဲ့အတိုင်း လုပ်ကြတာပါကလား။ လူ့ရွာထဲကို တက်ပြီး ခန်းမအကျယ်ကြီးတစ်ခန်း ငှားကြသဗျ။ ပြီးတော့ ဧရာမဆိုင်းဘုတ် ကြီးတွေ ခန်းမပတ်ပတ်လည်မှာ တင်လို့။ စုံနံ့သာမြိုင်ကုန်စည်ပြပွဲတဲ့။

          အို.. လူတွေ လူတွေ ကြိတ်ကြိတ်တိုးလို့။ တိရစ္ဆာန်ကုန်စည်တွေ ကို လာကြည့်ကြတာ။ ဂျက်ကွမ်းခြံကုန်းလည်း ဝင်ကြည့်ဖြစ်ပါတယ်။

          တောရဲ့ ထွက်ကုန်တွေက အများသားကလား။ စပါးကြီးသည်းခြေ တဲ့။ ကျောသားရေတဲ့။ နွားသားရေတဲ့။ တောင်ဆိတ်ခွာတဲ့။ တောင်ဆိတ် ချိုတဲ့။ ကျွဲချိုတဲ့။ နွားမြီးတဲ့။ ကျားစွယ်တဲ့။ သမင်ချို့တဲ့။ မြွေပွေးတဲ့။ တောက်တဲ့...တဲ့။ ဆင်စွယ်တဲ့။ မျောက်သွေးတဲ့။ မျောက်ဦးနှောက်တဲ့။ ပျားရည် တဲ့။ သိုးမွေးတဲ့။ ဒေါင်းတောင်တဲ့။ မြင်းမြီးတဲ့။ ဆတ်သားခြောက် တဲ့။ ချေသားခြောက်တဲ့။ အမဲသားခြောက်တဲ့။ မျောက်အူတဲ့။ ကြက်တူရွေး နှုတ်သီး။ နွားလွှာ။ ကျားလျှာတဲ့။ ဝက်ဝံသည်းခြေတဲ့။ လင်းယုန်လက်သည်းတဲ့။ကျားရိုးတဲ့။ လိပ်ခွံတဲ့။ တောဝက်စွယ်တဲ့။ ဆိတ်ခေါင်းတဲ့။ ဝက်ခေါင်းတဲ့။ ဝက်လက်တဲ့။ တောကြက်ဥတဲ့။ တောကြက်သားတဲ့။ ငါးရှဉ့်ကျပ်တိုက်တဲ့။ ငါးရံ့ခြောက်တဲ့။ ပုတက်ကင်တဲ့။ ရှဉ့်သားခြောက်တဲ့။ ခါချဉ်ဥတဲ့။ လိပ်ဥတဲ့။ နွားနို့တဲ့။ ဆိတ်နို့တဲ့။ မြင်းနို့တဲ့။

          “အဆွေတို့တောရဲ့ ကုန်စည်ပြပွဲက တိရစ္ဆာန်တွေ ထုတ်လုပ်တဲ့ ပစ္စည်းတွေကို ပြမယ်ထင်နေတာ။ ခုတော့...

          ဂျက်ကွမ်းခြံကုန်းက အစွယ်ကျိုးနေတဲ့ ခြင်္သေ့ကြီးကို သို့နှယ် စကားဆိုရင်း စကားကို အဆုံးမသတ်ဘဲ တန်းလန်းကြီးနဲ့ရပ်ကာ ကြည့်နေမိသဗျ။

          ““ဪ.. ဂျက်ဆရာကလည်း ဘဇာ ထုတ်လုပ်စရာ လိုသလဲဗျ။ ကျုပ်တို့က အဖိုးထိုက်တန်နေပြီပဲဟာ။ ကျုပ်တို့ကို ဝယ်မယ့်သူတွေက အများကြီး”တဲ့။ ခြင်္သေ့က။

          ဪ ... ဒါတော့ဟုတ်သား။ တိရစ္ဆာန်တွေကိုယ်တိုင်က ရောင်း ကုန်ပစ္စည်းဖြစ်နေတဲ့ဥစ္စာ။ တောကြီးတစ်ခုလုံးကိုတောင် လူတွေက ဝယ်ချင် ဝယ်နေဦးမယ့်ဥစ္စာ။ တိရစ္ဆာန်တွေက မရောင်းနိုင်ပါဘူးလို့ ဂျက်ကွမ်းခြံကုန်း ဖြင့် အာမမခံရဲပေါင်ဗျာဟူလို။ ။