Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

ဂျက်(ကွမ်းခြံကုန်း) - ပြောစမှတ်ဆန်းတဲ့တောဇတ်လမ်း

Regular price 2,700 MMK
Regular price Sale price 2,700 MMK
Sale Sold out
လူမုန်းမခံနဲ့ ဟိုကောင်တွေရဲ့
[ တစ် ]

          ပြောတော့သာ တိရစ္ဆာန်။ ကဗျာကျတော့ အတော်ဆန်တဲ့ သတ္တဝါတွေ ခင်ဗျ၊ ဟုတ်တယ်။ စုံနံ့သာမြိုင်က အကောင်ကြီးတစ်သိုက်ဟာ အစွယ် ကြီးတွေ တဖွေးဖွေးနဲ့ပေမဲ့ နွဲ့ဖို့လိုတဲ့အခါကျတော့လည်း လေသိမ်းတိုင်း နွဲ့ တော့မတတ်ပါပဲ။ ကြည့်လေ၊ ဂျက်ကွမ်းခြံကုန်းလက်ထဲမှာ ရောက်နေ တဲ့ ဖိတ်စာ။

          “မနောအလင်းရောင်များနဲ့ တောအကျဉ်းထောင်တံခါး ခေတ္တ ခဏ လှစ်ဟပွဲကြီး” ဆိုလား။

          မနောက စိတ်။ အဲသည့်စိတ်ကို အလင်းနဲ့တွဲလိုက်တော့ ကောင်း မြတ်တဲ့ နှလုံးသားလို့ပဲ ဆိုကြပါစို့ရဲ့။ အဲသလို ကောင်းမြတ်တဲ့ နှလုံးသား တွေနဲ့ တောထဲမှာရှိတဲ့ ထောင်တံခါးကို ခေတ္တခဏယာယီ ဖျတ်ခနဲဆိုသလို ဖွင့်လှစ်ပေးမယ့်ပွဲဆိုလား။ အဲသည့်ဖိတ်စာကို စုံနံ့သာမြိုင်တောထဲက တိရစ္ဆာန်တွေ လက်ထဲကိုသာမကဘဲနဲ့ လူ့ရွာထဲကိုပါ ကျယ်ကျယ်ပြန့်ပြန့် ဝေငှထားခဲ့ပုံရပါလေသဗျ။

          ထုံးစံအတိုင်းပေါ့ ။ ဆရာကြီးဂျက်ဆိုတဲ့လူကြီးရဲ့ လက်ထဲကိုလည်း

          ပြောစမှတ်ဆန်းတဲ့ တောဇာတ်လမ်း ယင်း၎င်းဖိတ်စာ ရောက်လာခဲ့တာပဲပေါ့။ ချိုးငှက်ကလေးတွေ လှောင်ချိုင့် ထဲကနေ ပျံထွက်နေတဲ့ ပုံကလေးတောင်ပါသေး။ စကြဝဠာအနန္တ သတ္တဝါ အနန္တအဝိဇ္ဇာနဲ့ မကင်းသူ သတ္တဝါမှန်သမျှ လွန်ကျူးမိတဲ့ကိစ္စကြောင့် ပြစ်ဒဏ်ကျနေသည်များကိုတဲ့ ကရုဏာသက်မိပါသဖြင့် သဘောကြည် သာသူ တောလီဒါ (Leader) တစ်သိုက်က အစဉ်အလာများသဖွယ် မင်္ဂလာယူကာ လွှတ်ပေးလိုပါသည်ဆိုလား။ သို့ကလို စာသားတွေလည်း ဖိတ်စာထဲမှာ ပါပါရဲ့။

          ထားပါ။ အဲသည့်ဟာတွေ။ ဖိတ်လာပြီဆိုတော့လည်း စိတ် ပါပါ။ မပါပါ သိက္ခာကို ရှေ့တန်းတင်ပြီး သွားရပေမှာပေါ့။ တစ် ( မှန်းစမ်း။ အချိန်က မနက်ခင်း ဝေလီဝေလင်းတဲ့။ အချိန်ကောင်း အခါ ကောင်းကလေးပင် ဖြစ်ချေတော့ပေသည်တမုံ့။

( နှစ် )

          စုံနံ့သာမြိုင်တောကြီးရဲ့ တစ်နေရာ ဦးသျှောင်မြေခွေးရဲ့ ဂူနဲ့ မလှမ်း မကမ်းဆီမှာ တောအကျဉ်းထောင်ကလေးတစ်ခု ရှိလေသဗျ။ ထိပ်ဖျားချွန် ထားတဲ့ဝါးတွေကို အကြားအလပ် မရှိရလေအောင် မြေမှာစိုက်ပြီး ကာထား တဲ့ အကျဉ်းထောင်ပဲပေါ့ ။ အပေါ်ကနေ အုပ်မိုးထားတာကတော့ သံဆန်ခါ ကွက် ခပ်စိပ်စိပ်တွေပါ။ အဲသည် တောအကျဉ်းထောင်ကို အမြဲမပြတ် လှည့်ပတ်ပြီး စောင့်ဆိုင်းဝန်းရံနေကြတာကတော့ အစွယ်တဖွေးဖွေးနဲ့ ခွေးအ တွေပါပဲ။

          အဲသည့်နေ့ကတော့ တောအကျဉ်းထောင်ရှေ့မှာ လူတွေရော၊ တိရစ္ဆာန် တွေရော စည်လှသဗျာ။ မနောအလင်းရောင်များနဲ့ တောအကျဉ်းထောင် တံခါး ခေတ္တခဏလှစ်ဟပွဲကြီး ကျင်းပပေးမယ်ဆိုတာကိုး။ အကြောင်း အမျိုးမျိုးနဲ့ တောအကျဉ်းထောင်ထဲမှာ ရောက်နေကြတဲ့ တိရစ္ဆာန်ကလေး တွေကို လွှတ်ပေးတဲ့အခါ ကိုယ့်အစုအဝေး ကိုယ့်အသိုက်အမြုံထဲက ဘယ် အကောင်တွေများ ပါလာလေမလဲဆိုတဲ့ မျှော်လင့်ချက်နဲ့ လာစောင့်နေ ကြတဲ့ တိရစ္ဆာန်ကလေးတွေပေါ့။ အဲ ... နည်းနည်းကလေး ဆန်းတာက လူတချို့ပါ ရှိနေခဲ့ကြတာပါ။ ပြီးတော့ ရထား။ မြင်းခြောက်ကောင်ဆွဲတဲ့ရထား။ လည်ဆံမွေးတဖွားဖွားနဲ့ နတ်မြင်းပျံကဲ့သို့ မြူးမြူးကြွား ကွာရှိလှတဲ့ မြင်းကြီးခြောက်ကောင်ကတဲ့ ရထား။ ကနုတ်တွေ ယိုးဒယား ပန်းခက် အလိမ်အကောက်တွေနဲ့ ခြယ်သထားတဲ့ရထား။ ရထားအိမ်ရဲ့ထောင့်လေးထောင့်မှာက ထီးဖြူ လေးလက်မိုးလို့။ မြင်းရထားပေါ် လိုက်ပါ သူတို့ သက်သောင့်သက်သာရှိစေဖို့ရာ အလို့ငှာ မှီအုံးတွေကလည်း များမှ များ။ နံ့သာကတိုး အမျိုးမျိုးတို့နဲ့ မွှေးသင်းကြိုင်လှိုင်နေတဲ့ မြင်းရထား။

            မှတ်တမ်းတင်ဓာတ်ပုံတို့၊ ဗီဒီယိုတို့ရိုက်ကြမယ့်၊ သတင်း ဆောင်းပါး ဘာညာရေးကြမယ့် လူတွေ၊ တိရစ္ဆာန်တွေ ဆိုတာကလည်း ရွရွ ရွရွနဲ့ပေါ့။

          “ဟုတ်ကဲ့ ... မင်္ဂလာပါ တိရစ္ဆာန်အပေါင်း၊ လူအပေါင်းတို့ ... သဘောကြည်သာသူ တောလီဒါ (Leader) အကောင်ကြီးများရဲ့ စေတနာ ပြယုဂ်အဖြစ် တောအကျဉ်းထောင်တံခါး ခေတ္တခဏလှစ်ဟပေးမယ့် အစီ အစဉ် စတင်တော့မှာ ဖြစ်ပါတယ်ခင်ဗျာ”

          ဝံပုလွေတစ်ကောင်က အနို့ကလို အသံချဲ့စက်ကနေ ကြေညာချက် လှစ်ဟလိုက်တဲ့အခါ ဘာသာဘာဝတိရစ္ဆာန်တို့ရဲ့ အသံမှန်သမျှ တိတ်သွား ကြလေသဗျ။ ကင်မရာကိုယ်စီအသင့်။ ဗီဒီယိုမီးတွေအဖွင့်။

          “သဘောကြည်သာသူ တောလီဒါများက ဦးစွာလွှတ်ပေးဖို့ ဆုံးဖြတ် တာက သစ်တောက်ငှက်ကြီးပါပဲခင်ဗျ ... သူဟာ သစ်ပင်ရဲ့ အခေါက်ကို သူ့နှုတ်သီးကြီးနဲ့ ခေါက်ခေါက်ပြီး ပိုးကောင်ကလေးတွေကို စားတဲ့ အတွက် သစ်တောဖျက်ဆီးမှုနဲ့ ထောင်ဒဏ်ဆယ်နှစ် အချခံထားရတဲ့ ငှက် ပါ ... ယခု သူ့ကို လွှတ်ပါပြီ” ။

          တိရစ္ဆာန်အပေါင်းရဲ့ ကောင်းချီးပေးသံ တောလုံးညံ နေတဲ့အခိုက်မှာ ကိုပဲ သစ်တောက်ငှက်ကြီးဟာ ဦးခနဲ ပျံထွက်သွားခဲ့ပါလေရဲ့။

          “ယခုအခါ လွှတ်ပေးဖို့ ဆုံးဖြတ်ထားတာက ဖိုးရွှေယုန်ပါ။ သူဟာ ခြင်္သေ့ရဲ့ မိသားစု ... ဟိုတယ်ဆောက်ဖို့ ခြံစည်းရိုးကာထားတဲ့ အထဲက မုန်လာဥသုံးလုံးကို ဝင်စားတာကြောင့် တစ်သက်တစ်ကျွန်းကျနေတဲ့ ယုန် ပါ။ ယခု တောလီဒါများက သဘောကြည်သာစွာနဲ့ လွတ်စေ သတ်မှတ် ကြောင်းပါ” ခုန်ဆွ ခုန်ဆွနဲ့ ကဆုန်ချပြီး ပြေးထွက်လာတဲ့ ယုန်ကလေးကိုလည်းမြင်ရော တိရစ္ဆာန်တွေက သြဘာပေးကြပြန်ပါရဲ့ ။ သော် ... တောထဲ မှာပေါက်နေတဲ့ အပင်မို့ တောသားတွေစားဖို့လို့ ထင်ခဲ့ရှာတာကိုး။

          “နွားမကြီးကြာဖြူကိုလည်း လွှတ်မှာပါဗျ။ မြေခွေးရဲ့ ခယ်မ အိပ်နေတဲ့ အနားမှာ သွေးတွေ တဗြန်းဗြန်းပေါက်ချလို့ လန့်နိုးသွားတာကြောင့် ဝတ္တရားနှောင့်ယှက်မှုနဲ့ အဆွဲခံထားရတာပါ။ လွှတ်လိုက်ပါပြီ ခင်ဗျ”

          နွားမကြီးကြာဖြူကို လွှတ်ဆဲမှာ နွားတို့က သံပြိုင်ဘွတ်အဲလိုက်ပုံက ဘဝဂ်သို့ပင် တိုင်ပါလေပေါ့ ။

( သုံး )

 

          တိရစ္ဆာန်ကလေးတွေကို တောအကျဉ်းထောင်ကနေ တစ်ကောင်ပြီး တစ်ကောင် လွှတ်ပေးနေတုန်းမှာ ကြားဖြတ်ပြီး မြေခွေးက မိန့်ခွန်းအနည်းငယ် လှစ်ဟသဗျ။

          ဒီနေ့ အခါမှာ သတ္တဝါတွေဟာ တစ်ကောင်တည်းနေလို့ မရဘူးတဲ့။ တစ်ကောင့်တစ်ကောင် အမှီသဟဲပြုနေရတာတဲ့။ အထူးသဖြင့် ဉာဏ်နီ ဉာဏ်နက် ဉာဏ်ရောင်စုံ လင်းလက်ပေသော လူသားတွေနဲ့ အမုန်းမပွား ကြဖို့လိုတယ်တဲ့။ လူမုန်းမခံရစေနဲ့တဲ့။ ဒါလေးပါပဲ။ ပြီးတော့ ဝံပုလွေက လွှတ်သဘင်ကို ဆက်လက်ကြေညာပါတယ်။

           “အဲ ... အခုတစ်ခါကတော့ လူနဲ့တိရစ္ဆာန် အပြန်ပြန်အလှန်လှန် ချစ်ကြည်ရေးပါ။ တောထဲကို ခိုးဝင်လာကာ ဆင်ငါးကောင်ကိုသတ်ပြီး အစွယ်ဖြတ်မှု ...၊ ရှားပါးကတ္တဝါငှက်ကြီး ဆယ်ကောင်ကို ခိုးမှု၊ တမလန်း အမျိုးအစား ကျွန်းပင်တစ်ထောင်ကို ခုတ်လှဲခိုးယူမှု အဲသဟာတွေကြောင့် ဖမ်းထားရတဲ့ လူငါးယောက်ရှိပါတယ်။ မနေ့က ဖမ်းထားတာပါ။ ခမျာများ ပင်ပန်းလွန်းရှာလှပါပြီ။ ယခု လူနဲ့တိရစ္ဆာန် အပြန်အလှန်ချစ်ကြည်ရေးအရ လွှတ်ကြောင်းပါ”

         အေးဗျာ။ ဘောင်းဘီရှည်တွေနဲ့ ။ လက်ကိုင်ဖုန်းတွေနဲ့။ လက်တောင် ကွန်ပျူတာတွေနဲ့ ။ မြင်းခြောက်ကောင်ကတဲ့ ရထားကြီးပေါ် တက်သွားကြ တာများ ကြွားကြွားဝင့်ဝင့်။ ခြင်္သေ့မကလေးသုံးကောင်က လက်ဆောင် ခြင်းကလေးတွေ ကိုယ်စီနှင်းလို့ ။

          လက်ဆောင်ခြင်းထဲမှာက တောအကျဉ်းထောင်ထွက် လူသားတွေ အတွက် ပျားရည်လည်းပါရဲ့ ။ ဆတ်ချိုနုလည်းပါရဲ့ ။ စပါးကြီးသည်းခြေ လည်းပါရဲ့ ။ တောကောင်သား အစိုအခြောက် မျိုးစုံလည်းပါရဲ့ ။ ကျား သားရေလည်း ပါရဲ့ ။ သိုးမွေးဆွယ်တာလည်းပါရဲ့။ မျောက်သွေးလည်း ပါရဲ့ ။ ဇီဝဇိုးငှက်အန်ဖတ်လည်းပါရဲ့ ။

         ဦးသျှောင်မြေခွေးတို့ ခေတ်ကြီးထဲမှာ တိရစ္ဆာန်နဲ့လူသား ချစ်ကြည်မှု တံတားကြီး ထိုးထည့်ပစ်လိုက်တာ။ ဘာပဲဖြစ်ဖြစ် ဂျက်ကတော့ သဘောကျ သဗျ။ လူမုန်းမခံဘူးဆိုတဲ့ သဘောတရားကို ပြောတာပါ။ တိရစ္ဆာန် အချင်းချင်းကျတော့ ဘာပဲဖြစ်နေနေပေါ့ ။ မဟုတ်ဘူးလား။ ။

7 Day Daily No.813/ August 2, 2015