Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

ချန်ပီယံတင်ညွန့် - အပျော်တမ်းမျက်လှည့်ပြနည်း

Regular price 4,000 MMK
Regular price Sale price 4,000 MMK
Sale Sold out

မျက်လှည့်ပညာဟူသည်

           “မသိခင် ရွှေတစ်ဆုပ် သိသွားသော် ဖွဲတစ်ဆုပ်” ဟူသကဲ့သို့ သိုဝှက်ခြင်းနှင့် ရင်းစားရသော အနုပညာတစ်ရပ် ဖြစ်လေ သည်။

          မျက်လှည့်ပညာပိုင်းတွင် “ကြေးစား” ၊“အပျော်တမ်း” ဟူ၍ အမျိုးအစား နှစ်ပိုင်းကွဲခြားသလို “စင်ပြ” ၊“မြေဝိုင်း”၊ “ရွက်ထည် ရုံ” ဟူ၍ အဆင့်အတန်းအားဖြင့်လည်း ခြားနားစွာတည်ရှိခဲ့လေ သည်။ ။

          မျက်လှည့်ဝါသနာရှင် အပေါင်းတို့သည် တစ်စုံတစ်ယောက် သော မျက်လှည့်အကွက်ဆန်းကလေးတစ်ကွက်ကို မြင်တွေ့ ရာမှ တဖြည်းဖြည်း ကူးစက်လာတတ်သော (ဝါ) လိုလိုချင်ချင် တတ်မြောက်လိုသော (ဝါ) မိမိကိုယ်တိုင် ဆရာဖြစ်ပြလိုသော မျက်လှည့် ဝါသနာရှင်များသာ ဖြစ်သည်။

           အနုစိတ်ဆန်လှသော ယိုးဒယား ၁၂ ခန်း အကပညာ ကဲ့သို့ အသေးစိတ် အခြေခံပိုင်းမှစ၍ ခက်ခဲနက်နဲလှသော ပညာ တစ်ရပ်သည် ဤ“မျက်လှည့်”သာလျှင် ဖြစ်လေသည်။

          မျက်လှည့်ဆရာတစ်ဦးအဖြစ် အောင်မြင်မှုကို ရယူလိုသော ဝါသနာရှင်တို့သည် အခြေခံသဘောတရားနှင့် ပြုကျင့်ထိုက်သော စည်းကမ်းတို့ကို အထူးဂရုပြုရသကဲ့သို့ လူ့စွမ်းအားနှင့် ထုတ် လုပ်သော မျက်လှည့်ပညာဟူသမျှတို့ကို ပြည်သူတို့အား ဖြန့်ချိ ရာ၌ အဓိပ္ပာယ်မရှိသော လူ့ဘဝနှင့်လားလားမျှ မအပ်စပ်သော အရိုးခေါင်းခွံကို ခေါက်ပြခြင်းဖြင့် မြတ်နိုးဖွယ်ရာ မျက်လှည့် ပညာတို့ကို မစော်ကားမိစေရန် နံပါတ်တစ် အရေးကြီး၏။

မျက်လှည့်အစ လက်လှည့်က

          မျက်လှည့်ပညာကို တကယ်လိုက်စားတော့မည်ဟု ဆိုလျှင် ဦးစွာပထမ မျက်လှည့်ဆရာ၏ (က) အဆင့်ကို လေ့ကျင့်ရပါ မည်။ လိုက်နာပါမည်ဆိုလျှင် လက်လှည့် (ဝါ) လက်၏ကျွမ်း ကျင်မှု (ဝါ) လျင်မြန်ဖြတ်လတ်မှုတို့ကို ဦးစွာအထူးဂရုပြုရပေမည်။

          (က) အဆင့်ဖြစ်သော လက်လှည့်ပညာကို ပိုင်နိုင်စွာ ကျင့် သုံးပြီးသည်နှင့်

          (ခ) အဆင့်ဖြစ်သော အနေအထား၊ ဟန်ပန် အယူအဆ၊ အထားအသို၊ လှည့်ကွက်၊ မြှုပ်ကွက်၊ စကား အရာမှအစ အကဲခတ်ပညာတို့ကို တစ်ဆင့်တက်၍ လေ့လာရပါ မည်။

          (ဂ) အဆင့်တက်၍ ပညာသင်ချိန်ရောက်လျှင် သင်သည် အပျော်တမ်း မျက်လှည့်ဆရာတစ်ဦးအဖြစ် ရဲရဲဝံဝံ ကြေညာ နိုင်ပေမည်။ (ဂ) အဆင့်တွင် စာအုပ်စာတမ်းဖြင့်လည်းကောင်း အတွေ့ အကြုံဖြင့်လည်းကောင်း၊ လေ့လာမှုများ၊ မိမိကိုယ်ပိုင်ဉာဏ်ဖြင့် စမ်းသပ်တီထွင်မှုများ၊ အမှားအမှန် ဝေဖန်မှုများ၊ ပရိသတ်ဘက်မှ အပြန်ပြန်အလှန်လှန် သုံးသပ်မှုများ စသည် တို့ ပါဝင်လေသည်။

          (ဃ) အဆင့်၌မူ လောကဓာတ် သိပ္ပံပညာရပ်များ၊ စိတ်ကူး သစ်၊ ဉာဏ်ရည်သစ်များ၊ နည်းသစ်များကို ကြိုးစားတီထွင်ခြင်း၊ တပည့်တပန်းမပါဝင်စေဘဲ (ဝါ) မရှိသော်၊ ရှိသော် နှစ်ဖက် နှစ်လမ်း မရမက ပြတတ်မှုများနှင့် အထူးသဖြင့် လူထုပရိသတ် ၏ အထာကို အကြိမ်ကြိမ် စမ်းသပ်လေ့လာမှုများ ပါဝင်လေသည်။

          (င) အဆင့်သည် စိတ်ပညာ လူမှုရေးပညာ စမ်းသပ်တီ ထွင်မှု၊ စွန့်စားတီထွင်မှု၊ အရဲစွန့်မှု၊ တိုင်းပြည်နှင့်လူမျိုးကို သိမှု၊ ဘာသာစုံစကား (စာ) တတ်မြောက်မှု၊ မိမိမြတ်နိုးသော မျက်လှည့်ပညာဖြင့် အဆုံးစွန်သော သရဖူဆောင်းနိုင်ရန် အရေး ထားဆုံးသော ကြီးကျယ်လှသည့် အစိတ်အပိုင်းများ ပါဝင် လေသည်။