ချစ်ဦးတင် - မိမိကိုယ်မိမိယုံကြည်မှုမြင့်တင်ရေးလက်တွေ့နည်းလမ်း၁၀၀
နိဒါန်း
သမိုင်းမှာ တစ်ယောက်ဆိုတစ်ယောက် အကြီးကျယ်ဆုံး အောင်မြင်ကျော် ကြားသူတွေဖြစ်ခဲ့တဲ့ နပိုလီယံ၊ ဒါဗင်စီနဲ့ မိုးဇတ်တို့ဟာ သူတို့ကိုယ်သူတို့ ကိုယ်တိုင်စီမံခန့်ခွဲခဲ့ကြသူတွေဖြစ်တယ်။
သူတို့ဟာ ကိုယ့်ကိုယ်ကို အုပ်ချုပ်ခဲ့သူတွေဖြစ်ပြီး အဲဒီအချက်ကပဲ သူတို့ကို ကြီးမားတဲ့အတိုင်းအတာနဲ့ မဟာအထင်ကရ အောင်မြင်သူတွေ အဖြစ် ရောက်ရှိအောင် ဖန်တီးခဲ့တာပါပဲ။
သူတို့ဟာ ဖြစ်ခေါင့်ဖြစ်ခဲ ရှားရှားပါးပါး ခြွင်းချက်ထားရမယ့်သူတွေ ဖြစ်သလို သူတို့ရဲ့ အထုံပါရမီနဲ့ သူတို့ရဲ့ ထူးချွန်ပေါက်မြောက်နိုင်စွမ်း အရည် အသွေး နှစ်ခုလုံးဟာလည်း သာမန်လူတွေမှာ ရှိကြတဲ့အတိုင်းအတာထက် နယ်နမိတ်ကျော်လွန်နေတယ်လို့ ပြောရပါမယ်။
မှန်တယ်။ သူတို့ဟာ တစ်မူထူးခြားတဲ့ အရည်အသွေးတွေနဲ့ ကိုယ့် ကိုယ်ကို အုပ်ချုပ်စီမံခဲ့သူတွေဖြစ်တယ်။ ဒါပေမဲ့ အဲဒီအချက်နှစ်ချက်တည်း နဲ့တော့ သူတို့အနေနဲ့ ဒီလိုမျိုး အောင်မြင်မှုတွေကို ဒီမျှအထိ ရရှိနိုင်စရာ အကြောင်းမရှိဘဲ သူတို့ကိုယ်သူတို့ ထပ်ပြီးဖြည့်စွက်ခဲ့တဲ့ ဧရာမ အရေးပါ တဲ့အချက်တစ်ချက် ရှိပါသေးတယ်။ အဲဒါကတော့ မိမိကိုယ်မိမိ ယုံကြည်မှု” ပါပဲ။
“မိမိကိုယ်မိမိ ယုံကြည်မှု ကြီးမားနက်ရှိုင်းမဲ့ခြံလေ ကြီးကျယ်မြင့်သွန်း ခံ့ညားတဲ့ အောင်မြင်မှုအထပ်ထပ်ကို ရလေဖြစ်ပါတယ်။
ဒါကြောင့် အောင်မြင်မှုကို လိုချင်သူတိုင်း မိမိကိုယ်မိမိ ယုံကြည်မှု ကို မြှင့်တင်ဖို့လိုပါတယ်။ ဘဝတစ်လျှောက်လုံးနဲ့ များပြားလှတဲ့ဘဝရဲ့ အချိုးအကွေ့တွေမှာ ဆူးငြောင့်ခလုတ်၊ အတားအဆီးနဲ့ မုန်တိုင်းကြမ်းတွေ ကို ကျော်ဖြတ်သွားဖို့ လူတိုင်းမိမိကိုယ်မိမိ ယုံကြည်မှုကို မြှင့်တင်ပေးရပါ မယ်။
မိမိကိုယ်မိမိ ယုံကြည်မှုသည် ထာဝရ မိမိကိုယ်တွင်းမှာသာ
လူတစ်ယောက်ဟာ စဉ်းစားတွေးတောရင်း၊ စိတ်ကူးကြံစည်ရင်း၊ ချင့်ချိန်မှန်းဆရင်းကတစ်ဆင့် ယုံကြည်မျှော်လင့်ချက်တွေနဲ့ အသက်ဆက် ရှင်သန် တိုးတက်ပြောင်းလဲ လာခဲ့တာပါ။
ဒါကြောင့် ဘယ်သို့သော စိတ်ကူးကြံစည်မှု၊ အလေးအနက်စဉ်းစား ဆင်ခြင်မှုနဲ့ ကိစ္စတစ်ရပ်၊ အကြောင်းအရာတစ်ခုကို အစအဆုံး အစီအစဉ် တကျမဟုတ်ဘဲ ဟိုတွေးဒီတွေး တောင်ရောက်မြောက်ရောက် တွေးတောခြင်း မျိုးကမဆို မိမိကိုယ်မိမိယုံကြည်မှုကို တည်ဆောက်ပေးနိုင်ပါတယ်။ ဘယ်သင်း ဘယ်အတွေးက ကိုယ့်အတွက် အကျိုးကျေးဇူးအပြည့်အဝ ရနိုင် မလဲဆိုတာကို သိရှိသတိထားမိဖို့ပဲလိုပါတယ်။
သုတေသီတွေက လူရဲ့ဦးနှောက်ဟာ တစ်ချိန်တည်းမှာ အကြောင်း အရာ ၅ ခုမှ ၉ ခုအထိ တွေးတောနိုင်တယ်လို့ ဆိုပါတယ်။ ဒါဆိုရင် အဲဒီ အတွေးပေါင်းစုံထဲက ကိုယ့်ကိုကောင်းကျိုးမပေးမယ့် အတွေးတွေကို ချန်လှပ် ပြီး မိမိယုံကြည်မှုကို တည်ဆောက်ရမယ့် အတွေးတွေကို ခွဲခြားရွေးထုတ်ရာ မှာ အတိုင်းအတာတစ်ခုအထိ စိန်ခေါ်မှုရှိနိုင်ပါတယ်။
ဒါပေမဲ့ မိမိကိုယ်မိမိ ယုံကြည်မှုဟာ အခိုက်အတန့်အနေနဲ့ တစ်ထောင့်တစ်နေရာမှာ ဘယ်လိုပဲ ပုန်းခိုနေစေကာမူ မိမိကိုယ်ထဲ၊ ရင်ထဲ။ စိတ်ထဲမှာပဲ ထာဝရရှိနေတယ်ဆိုတာကို သိနားလည်ထားခြင်းက အဲဒီ မိမိ ကိုယ်မိမိ ယုံကြည်မှုကို ကြီးကျယ်မြင့်မားလာအောင် အားပေးမြှင့်တင်ရာမှာ ပထမအဆင့် ခြေလှမ်းတစ်ရပ်ဖြစ်ပါတယ်။
မိမိကိုယ်မိမိ ယုံကြည်မှုကို ထိန်းသိမ်းကိုင်စွဲထားဖို့ ဆုံးဖြတ်လိုက် ခြင်းနဲ့ အဲဒီယုံကြည်မှုအပေါ် အလေးထား အာရုံစိုက် အားဖြည့်ပေးခြင်းကိုတော့ နောက်တစ်ဆင့်လို့ ဆိုရပါမယ်။ ဦးစွာပထမ မိမိကိုယ်မိမိ ယုံကြည်မှု ကို တွေ့ ရှိအောင် ဖော်ထုတ်ရယူပြီးမှ ယုံကြည်မှုအစွမ်းကို အင်အားကြီးမား ထက်မြက်လာအောင် မြှင့်တင်အသုံးချ သွားဖို့ဖြစ်ပါတယ်။
ဒီနေရာမှာ ကိုယ့်ကိုယ်ကို သံသယရှိနေသူတွေ၊ ဒါမှမဟုတ် စိန်ခေါ် မှုနဲ့ ရင်ဆိုင်နေရတဲ့ အနေအထားမှာ ရောက်ရှိနေသူ တော်တော်များများ အတွက်တော့ အခက်အခဲရှိနိုင်ပါတယ်။ အဲဒီအခါမှာ သင်ဟာ ပြန်ပြောင်း ဆင်ခြင်တွေးဆနိုင်မယ့် တိတ်ဆိတ်ငြိမ်သက်တဲ့ အချိန်တစ်ချိန်ကို ရွေးချယ် ပြီး သင့်ရင်ထဲက တစ်နေရာမှာ ပုန်းခိုကိန်းအောင်းနေတဲ့ မိမိကိုယ်မိမိ ယုံ ကြည်မှု တည်ဆောက်ပေးမယ့် အတွေးတစ်စ သို့မဟုတ် နှစ်စကို ဆုပ်ဖမ်း မိအောင် ဖော်ထုတ်ကြိုးပမ်းရပါမယ်။ ဒါဟာ နောက်တစ်ဆင့် သင်လုပ်ဖို့ လိုအပ်တဲ့အလုပ်ပါပဲ။
ဒီအချိန်မှာ သင်ဟာ သင် ဖြတ်သန်းခဲ့တဲ့ ဘဝတစ်လျှောက် အောင် မြင်မှုကလေးတွေရခဲ့တဲ့ အချိုးအကွေ့လေးတွေနဲ့ အဲဒီတုန်းက သင့်ရဲ့ စွမ်းဆောင်မှုနဲ့ အောင်မြင်မှုရဲ့ အရသာခံစားချက်ကလေးတွေကို သင့်ရဲ့ အတွေး ထဲမှာ ပြန်သတိရလာပါလိမ့်မယ်။ ဒါဟာ သင့်ရဲ့ မိမိကိုယ်မိမိ ယုံကြည်စိတ် ချမှု ရှိနေခြင်းကို ပြန်လည်သတိရတဲ့ အမှတ်တရ အတွေးပဲဖြစ်ပါတယ်။ အားလုံးသိထားတဲ့အတိုင်း လူတစ်ယောက်ဟာ ဦးစွာ ဒီလိုဆောင်ရွက်လိုက် ဖူးပြီဆိုရင် သူ့အနေနဲ့ နောက်ထပ်အလားတူ ဆောင်ရွက်နိုင်ပါတယ်။
အတိတ်ကအောင်မြင်မှုတွေကို ကျကျနန လေးလေးနက်နက် ပြန် တွေးမြင်ယောင်ခြင်းနဲ့ အဲဒီကပေါ်ထွက်လာတဲ့ အောင်စိတ်ရဲ့ အရသာကို အကောင်းဘက်က အပြည့် အဝခံစားကြည့်လိုက်ခြင်းအားဖြင့် အဲဒီ အကြောင်းတွေနဲ့ ဆက်နွယ်ပြီး နောက်ထပ်တစ်ဖန် မိမိကိုယ်မိမိ ယုံကြည်မှု နဲ့ အဲဒီယုံကြည်မှုအရ အောင်မြင်အောင် ဆောင်ရွက်နိုင်မယ့် ပိုမိုကြီးမားတဲ့ အရည်အသွေးတွေ ရရှိပိုင်ဆိုင်လာစေမှာဖြစ်ပါတယ်။
အကြောင်းကတော့ သင်ဟာ အောင်မြင်မှုကို လိုချင်ရုံ၊ မျှော်လင့်ရုံ သာမဟုတ်တော့ဘဲ သင့်ကိုယ်သင် မိမိကိုယ်မိမိ ယုံကြည်မှု ပိုမိုကြီးမားတဲ့မိမိကိုယ်မိမိ ယုံကြည်မှုကို ထိန်းသိမ်းကိုင်စွဲထားဖို့ ဆုံးဖြတ်လိုက် ခြင်းနဲ့ အဲဒီယုံကြည်မှုအပေါ် အလေးထား အာရုံစိုက် အားဖြည့်ပေးခြင်းကိုတော့ နောက်တစ်ဆင့်လို့ ဆိုရပါမယ်။ ဦးစွာပထမ မိမိကိုယ်မိမိ ယုံကြည်မှု ကို တွေ့ ရှိအောင် ဖော်ထုတ်ရယူပြီးမှ ယုံကြည်မှုအစွမ်းကို အင်အားကြီးမား ထက်မြက်လာအောင် မြှင့်တင်အသုံးချ သွားဖို့ဖြစ်ပါတယ်။
ဒီနေရာမှာ ကိုယ့်ကိုယ်ကို သံသယရှိနေသူတွေ၊ ဒါမှမဟုတ် စိန်ခေါ် မှုနဲ့ ရင်ဆိုင်နေရတဲ့ အနေအထားမှာ ရောက်ရှိနေသူ တော်တော်များများ အတွက်တော့ အခက်အခဲရှိနိုင်ပါတယ်။ အဲဒီအခါမှာ သင်ဟာ ပြန်ပြောင်း ဆင်ခြင်တွေးဆနိုင်မယ့် တိတ်ဆိတ်ငြိမ်သက်တဲ့ အချိန်တစ်ချိန်ကို ရွေးချယ် ပြီး သင့်ရင်ထဲက တစ်နေရာမှာ ပုန်းခိုကိန်းအောင်းနေတဲ့ မိမိကိုယ်မိမိ ယုံ ကြည်မှု တည်ဆောက်ပေးမယ့် အတွေးတစ်စ သို့မဟုတ် နှစ်စကို ဆုပ်ဖမ်း မိအောင် ဖော်ထုတ်ကြိုးပမ်းရပါမယ်။ ဒါဟာ နောက်တစ်ဆင့် သင်လုပ်ဖို့ လိုအပ်တဲ့အလုပ်ပါပဲ။
ဒီအချိန်မှာ သင်ဟာ သင် ဖြတ်သန်းခဲ့တဲ့ ဘဝတစ်လျှောက် အောင် မြင်မှုကလေးတွေရခဲ့တဲ့ အချိုးအကွေ့ လေးတွေနဲ့ အဲဒီတုန်းက သင့်ရဲ့ စွမ်းဆောင်မှုနဲ့ အောင်မြင်မှုရဲ့ အရသာခံစားချက်ကလေးတွေကို သင့်ရဲ့ အတွေး ထဲမှာ ပြန်သတိရလာပါလိမ့်မယ်။ ဒါဟာ သင့်ရဲ့ မိမိကိုယ်မိမိ ယုံကြည်စိတ် ချမှု ရှိနေခြင်းကို ပြန်လည်သတိရတဲ့ အမှတ်တရ အတွေးပဲဖြစ်ပါတယ်။ အားလုံးသိထားတဲ့အတိုင်း လူတစ်ယောက်ဟာ ဦးစွာ ဒီလိုဆောင်ရွက်လိုက် ဖူးပြီဆိုရင် သူ့အနေနဲ့ နောက်ထပ်အလားတူ ဆောင်ရွက်နိုင်ပါတယ်။
အတိတ်ကအောင်မြင်မှုတွေကို ကျကျနန လေးလေးနက်နက် ပြန် တွေးမြင်ယောင်ခြင်းနဲ့ အဲဒီကပေါ်ထွက်လာတဲ့ အောင်စိတ်ရဲ့ အရသာကို အကောင်းဘက်က အပြည့်အဝခံစားကြည့်လိုက်ခြင်းအားဖြင့် အဲဒီ အကြောင်းတွေနဲ့ ဆက်နွယ်ပြီး နောက်ထပ်တစ်ဖန် မိမိကိုယ်မိမိ ယုံကြည်မှု နဲ့ အဲဒီယုံကြည်မှုအရ အောင်မြင်အောင် ဆောင်ရွက်နိုင်မယ့် ပိုမိုကြီးမားတဲ့ အရည်အသွေးတွေ ရရှိပိုင်ဆိုင်လာစေမှာဖြစ်ပါတယ်။
အကြောင်းကတော့ သင်ဟာ အောင်မြင်မှုကို လိုချင်ရုံ၊ မျှော်လင့်ရုံ သာမဟုတ်တော့ဘဲ သင့်ကိုယ်သင် မိမိကိုယ်မိမိ ယုံကြည်မှု ပိုမိုကြီးမားတဲ့ပုဂ္ဂိုလ်တစ်ဦး အမှန်တကယ်ဖြစ်ကြောင်း သိမြင်ခဲ့လို့ ဖြစ်ပါတယ်။
သေးငယ်တဲ့အောင်မြင်မှု၊ မာန်တင်းမှုနဲ့ မိမိကိုယ်မိမိ ယုံကြည်စိတ်ချ ရမှု အပိုင်းအစကလေးတွေဟာ မျိုးစေ့နဲ့တူပါတယ်။ တကယ်လို့ သင်ကသာ သူတို့ကို စိုက်ပျိုးမယ်၊ အချိန်နဲ့ တွေးတောဆင်ခြင်မှုဆိုတဲ့ နေရောင်နဲ့ ရေ အနည်းငယ်ကို ပေးလိုက်မယ်ဆိုရင် သင် လုပ်ဆောင်နေတဲ့ အရာရာတိုင်းမှာ သင့်ကိုယ်သင် ပိုမိုရွှင်လန်းတက်ကြွမှုနဲ့ ခရီးဆုံးအောင်မြင်မှု ပန်းတိုင်ကို လှမ်းမြင်ရသလိုမျိုး စတင်ခံစားရလာပါလိမ့်မယ်။
ဒီစိတ်အလုပ်ပေး လေ့ကျင့်ခန်းဟာ အလေးမတာ၊ ဒါမှမဟုတ် ပတ္တု ဖိနပ်စီးတာတွေနဲ့ ဘာမှမသက်ဆိုင်ပေမယ့်လည်း သင့်အတွက် သင့်ရဲ့ စိတ် ခံစားမှု ပြင်းပြထက်သန်အောင် ပျိုးထောင်ပေးမယ့် လေ့ကျင့်ခန်းတစ်ခုပါပဲ။
အစဦးပိုင်းမှာတော့ လူတော်တော်များများအနေနဲ့ နည်းနည်း တထင့် ထင့် ချီတုံချတုံ ဝန်လေးသလို ဖြစ်နေနိုင်ပါတယ်။ ဒါမှမဟုတ် မယုံတစ်ဝက် ယုံတစ်ဝက်နဲ့ စိတ်နှစ်ခွ ဖြစ်နေပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါဟာ ဘယ်တော့မဆို အမြဲတမ်း အနည်းနဲ့အများ စိုးရိမ်ပူပန်မှု ပေးလေ့ရှိတတ်တဲ့၊ ကိုယ်နဲ့ အကျွမ်းတဝင်မဖြစ်သေးတဲ့ နယ်စိမ်းဖြစ်နေလို့ပါပဲ။
ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် သင့်ရဲ့ စိုးရိမ်ပူပန်မှုနဲ့ အနေအထားမကျ ဖြစ်နေမှုတွေကြားကပဲ မိမိရဲ့ ယုံကြည်မှု ခိုအောင်းတည်ရှိနေတဲ့နေရာကို ခွဲခြားရှာဖွေ ဖော်ထုတ်ရမယ့်အလုပ်ကို အပြီးတိုင်ဆောင်ရွက်ရမှာဖြစ်သလို ပြီးမြောက်အောင်မြင် ပြည့်စုံသွားချိန်မှာ သင်လုပ်ခဲ့တဲ့ လုပ်ရပ်အတွက် သင့် ကိုယ်သင် ကျေးဇူးတင်နေပါလိမ့်မယ်။
အဲဒီမှာ သင်ဟာ ယခင်ကလည်း အလားတူရရှိခဲ့တဲ့အတိုင်း မိမိကိုယ် မိမိ ယုံကြည်မှုထားရှိနိုင်စွမ်း အရည်အသွေးကို ပိုင်ဆိုင်ဆုပ်ဖမ်းမိတာနဲ့ တစ်ပြိုင်နက် သင့်ရဲ့ ဘဝဟာလည်း နည်းနည်းကလေး သက်သောင့်သက် သာ ပြေပြေလည်လည် ပိုဖြစ်လာပြီး ပျော်ရွှင်မှုလေးတွေ အပုံအပင်ပိုရလာ လိမ့်မှာဖြစ်ပါတယ်။
ယုံကြည်မှုဆိုတာ ကမ္ဘာကြီးကို လွှဲပြောင်းတာဝန်ယူတာနဲ့ မပတ် သက်ပါဘူး။ မိမိရဲ့ ဘဝကို ဖြစ်နိုင်သမျှ အစွမ်းကုန်ပျော်ရွှင်စွာ နေနိုင်ရေးနဲ့ ပဲ သက်ဆိုင်ပါတယ်။ မိမိကိုယ်မိမိယုံကြည်မှု ဖြစ်ပေါ်လာအောင် တည်ဆောက်မြှင့်တင်ရေးဟာ သိပ်ခက်ခဲလှတာမဟုတ်ဘဲ သင့်အနေနဲ့ သင့်ရဲ့ မိမိကိုယ်မိမိ ယုံကြည်စိတ်ကို ရင်ထဲ အသည်းနှလုံးအထိ အပြည့်အဝနှစ် ပြီး အချိန်အနည်းငယ်ပေး တွေးတောခံစားဖော်ထုတ်ဆင်ခြင်ရုံပဲ ဖြစ်ပါ တယ်။
အဲဒီအခါ သင့်ရဲ့ မိမိကိုယ်မိမိ ယုံကြည်စိတ် ဘယ်လိုဘယ်နည်း ဘယ်ပုံ ပေါ်ထွက်လာတာကို တွေ့ လုပ်ဆောင်နိုင်ခြင်းအားဖြင့် စိတ်ဓာတ် တွေတက်ကြွပြီး အောင်မြင်မှုအကြိုကာလမှာပဲ သင့်အနေနဲ့ ပိုမိုပီတိဖြစ် ကျေနပ်နေလိမ့်မယ် ဆိုတာလည်း သေချာနေပါတယ်။
ချစ်ဦးတင်