Skip to product information
1 of 2

Other Websites

ချစ်ဦးညို - သမိုင်းမတွင်ပေမယ့် သမိုင်းဝင်နေဆဲစကားများ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

လောကဇာတ်ခုံကြီးထက်မှာ အမျိုးမျိုး ပါဝင်လှုပ်ရှားကြသွားကြ တဲ့ လူသားတွေရဲ့ အခန်းကဏ္ဍတွေဟာ စိတ်ဝင်စားစရာ ကောင်းလှ ပါတယ်။ ဒီလူသားတွေရဲ့ အခန်းကဏ္ဍတွေဟာ စိတ်ဝင်စားစရာ ကောင်း လှပါတယ်။ ဒီလူတွေရဲ့ ကံသုံးပါးအမှုတွေထဲမှာ ဆင်ခြင်ဖွယ်၊ နည်းယူ ဖွယ်၊ အားကျဖွယ်၊ လေးစားမြတ်နိုးဖွယ်များပါရှိသလို သံဝေဂရဖွယ်၊ရှောင်ကြဉ်ဖွယ်၊ စက်ဆုပ်ဖွယ်များလည်း ပါရှိနေကြပါတယ်။ ယူတတ်မယ် ဆိုရင်တော့ သမိုင်းဆိုတာဟာ ဘာသာရပ်အရဖြစ်ဖြစ်၊ ပညာအနေနဲ့ ဖြစ်ဖြစ်၊ ယူတတ်သူအဖို့ ကောင်းကျိုးဖြစ်ထွန်းစရာတွေချည်းပါပဲ။

သမိုင်းစဉ်တစ်လျှောက် အကောင်းနဲ့ဖြစ်စေ၊ အဆိုးနဲ့ဖြစ်စေ ထင်ရှားကျော်ကြားခဲ့သူများရဲ့ စာတစ်လုံး၊ စကားတစ်ခွန်းများ)ဟာ လည်း စိတ်ဝင်စားစရာကောင်းနေပါတယ်။ ဒီစာတစ်လုံး၊ စကားတစ်ခွန်း ကနေပြီး ကာယကံရှင် ပုဂ္ဂိုလ်အကြောင်းနဲ့ ဆက်စပ်နေတဲ့ သူ့ခေတ်၊ သူ့ဝန်းကျင်၊ သူ့နောက်ခံတွေကို ဆန့်ထုတ်ကြည့်မြင်လို့ ရနိုင်ပါတယ်။ သူတို့ရေးခဲ့တဲ့စာ၊ သူတို့ပြောခဲ့တဲ့စကားတွေဟာ သူတို့ရဲ့ စိတ်နေသဘော၊ ကိုယ်ကျင့်တရား၊ ဖြစ်တည်ရှင်သန်မှုများနဲ့အတူ သူတို့ရဲ့ လောကကြီးကိုလှမ်းကြည့်လို့ ရနိုင်တဲ့ ပြတင်းပေါက်သဖွယ် ဖြစ်နေကြပါတယ်။

“ကြည်... ပဲပြုတ်နဲ့နံပြားရရင် စားချင်တယ်”

အားလုံးသိကြတဲ့ စာလေးတစ်စောင် (စကားလေးတစ်ခွန်း)ပါ။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ စာ၊ စကား။ ဗိုလ်ချုပ်ရဲ့ ရိုးသားဖြောင့်မတ်မှု၊ အဆောင်အယောင်ပကာသန ကင်းမဲ့မှု၊ ကြီးလေးတဲ့ အမျိုးသားရေး တာဝန်များ ဖိစီးနေတဲ့ကြားထဲက ရိုးစင်းစွာ ထွက်ပေါ်လာတဲ့ ပကတိ ဖြူစင်မှု...တစ်ဆက်တစ်စပ်တည်း တွေးမယ်ဆိုရင် အများကြီးဆင့်ပွားလာ နိုင်စရာ စာ(စကား)လေးတစ်စောင်ဖြစ်ပါတယ်။ ။

“‌‌ဪ...ဘရုတပ်စ်၊ မင်းလည်းပါသကိုး”

ဂျူးလီးယက်ဆီဇာရဲ့စကားဖြစ်ကြောင်း အားလုံးသိကြပါတယ်။ သူ့ဝမ်းဗိုက်ထဲ စိုက်ဝင်နေတဲ့ဓားတွေ၊ ယိုစီးလာတဲ့ သွေးတွေကြားမှာ အံ့သြ စွာ၊ နာကြည်းစွာ မယုံနိုင်စွာနဲ့ မြည်တမ်းရင်း သွေးအိုင်ထဲ ခွေလဲကျသွားခါ နီး ဆီဇာရဲ့ နောက်ဆုံးစကား ဒီစကားလေးကို ဆင်ခြင်ကြည့်မယ်ဆိုရင် လည်း ရှုပ်ထွေးလှတဲ့ သက်ဦးဆံပိုင်စနစ်၊ ခေါင်းဆောင်နဲ့ နောက်လိုက် တို့ရဲ့ ဆက်နွှယ်မှု၊ သစ္စာပျက်ယွင်းမှု၊ အနီးဆုံးလူရဲ့ လျှို့ဝှက်ကြံစည်မှု၊ သတိသံဝေဂရဖွယ်၊ သင်ခန်းစာယူဖွယ်များကို ပြောပြနေတဲ့ စကား တစ်ခွန်း...။

“ပေါင်မုန့်မရှိရင် ကိတ်မုန့်စားကြပစေပေါ့”

ဒါဟာလည်း ၁၈ ရာစု ပြင်သစ်တော်လှန်ရေးကြီး စတင် ပေါက် ကွဲဖို့ နီးကပ်လာတဲ့ ကာလလေးမှာ ထွက်ပေါ်လာတဲ့ စကားဖြစ်ပါတယ်။ လူဝီ ၁၆ရဲ့ မိဖုရား မေရီအင်တွိုင်းနက်ရဲ့ စကား။ ဆင်းရဲငတ်ပြတ်နေတဲ့ပါရီမြို့သူမြို့သားလူထုရဲ့ စားရမဲ့သောက်ရမဲ့ ဒုဗ္ဘိက္ခန္တရကပ်ဘေးကို မစာမနာ ပြောရက်ခဲ့တဲ့ ဧကရီမကြီးရဲ့ စကားဖြစ်ပါတယ်။ မိဖုရားကြီး အဖို့ စားစရာ ပေါင်မုန့်မရှိခြင်းနေရာမှာ ကိတ်မုန့်ကို အစားထိုးလို့ ရနိုင် တယ်လို့ ထင်ခဲ့ပါတယ်။ သူကောင်းမျိုးနဲ့ ဆင်းရဲသား ကျေးတော်မျိုး ကျွန်တော်မျိုးအကြားက ကြီးမားလှတဲ့ လူတန်းစားဘဝအသိ ကွာဟချက် ကို ပြလို့နေပါတယ်။ ဘာစတီးအကျဉ်းထောင်ရဲ့ ဗူးဝတံခါးကြီး ကျိုးပျက် ပွင့်ထွက်သွားစေဖို့ ထိမှန်တိုးဆောင့်ကြတဲ့ အကြောင်းရင်းတွေထဲမှာ မိဖုရားကြီးရဲ့ ဒီစကားတစ်ခွန်းလည်း အပါအဝင် ဖြစ်ပါလိမ့်မယ်။

“သမိုင်းမတွင်ပေမယ့် သမိုင်းဝင်နေတဲ့စကားများလို့ ခေါင်းစီး တပ်လိုက်တဲ့ ဒီစာမှာ အလားတူ စာ(စကား)များကို အလှမ်းမီသလောက်ကောက်နုတ်ဖော်ပြသွားမယ်လို့ ရည်ရွယ်ပါတယ်။ စကားတွေရဲ့ နောက်ခံ ဖြစ်ရပ်နဲ့ အကျိုးဆက်ဖြစ်ရပ်တွေကိုလည်း အလျဉ်းသင့်သလို ပြောဖို့ ကြိုးစားကြည့်ပါမယ်။ ကမ္ဘာ့သမိုင်းမှာ အဲဒီလို “ရာဇဝင်တွင်လောက်တဲ့ အထင်ကရစကားတွေ ရှိခဲ့သလို ရာစုများစွာ ရှည်ကြာပြီဖြစ်တဲ့ မြန်မာ့ သမိုင်းမှာလည်း ရာဇဝင်(သမိုင်း)တွင်မယ့် စကားတွေ ရှိနေပါတယ်။ ဒီစကားတွေကို ပြောခဲ့သူတွေကလည်း ပုဂ္ဂိုလ်အမျိုးမျိုး၊ စရိုက်အမျိုးမျိုး ရှိကြပါတယ်။ ဒီစကားတွေက သယ်ဆောင်လာမယ့် ဆင်ခြင်နှလုံးသွင်း ဖွယ်တွေကတော့ ကျွန်တော်တို့တစ်တွေရဲ့ ခံစားစုပ်ယူနိုင်မှုအင်အား အပေါ်မှာ မူတည်ပြီး အမျိုးစုံကွဲပြားနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ်၊ သမိုင်း ) ဆိုတာ ယူတတ်ရင် မှားမှန်ခွဲခြားနိုင်တဲ့ (အမောဟ) အသိဉာဏ်ညာ အတွက် အထောက်အကူပြုနိုင်တာချည်း ဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ အတိတ်ရဲ့ အကျဉ်းသားများ မဖြစ်ဖို့၊ အနာ ဂတ်ရဲ့ မိခင်ဖခင်ကောင်းများဖြစ်ဖို့၊ ပစ္စုပ္ပန်ရဲ့ သားသမီးကောင်းများဖြစ် ဖို့ အရေးကြီးလှတယ်မဟုတ်ပါလား။

စောလုံ၊ စောင့်ပါခလှည့်

(နရသီဟပတေ့)

ပုဂံရာဇဝင်မှာ ထင်ရှားခဲ့တဲ့ နရသီဟပတေ့မင်းရဲ့ စကား တစ်ခွန်းဖြစ်ပါတယ်။ ငယ်မည် မင်းခွေးချေး ခေါ်တဲ့ နရသီဟပတေ့ဟာ ပုဂံရာဇဝင်မှာ ဖြစ်ရပ်စုံလင်လှတဲ့ ဘုရင်တစ်ပါးပါ။ အမျက်စောင်မာန်ကြီး ခြင်း၊ စည်းစိမ်ယစ်မူးခြင်း၊ အသိဉာဏ်နည်းခြင်း၊ မဆင်မခြင် အဆော တလျင် ဆုံးဖြတ်အမိန့်ပေးခြင်းစတဲ့ စရိုက်လက္ခဏာတွေနဲ့ ပြည့်စုံသူလို့ ဆိုပါတယ်။ သူ့လက်ထက်မှာ ထူးထူးခြားခြား(လို့ဆိုရမယ့်)ဖြစ်ရပ်တွေ ကလည်း အများသား။ မိဖုရားကြီး ဖွားစောဟာ အမြဲတစေအနီးကပ် ထိန်းမတ်နေရတဲ့ ဘုရင်ပါတဲ့။

“စောလံ၊ စောင့်ပါခလှည့်”။ ဒီစကားဖြစ်ပေါ်လာပုံက ဒီလိုပါ။ နွေလရာသီမှာ ရေဖျန်းကစားမြဲဖြစ်တဲ့ နရသီဟပတေ့ဟာ နန်းတော်က နေ မြစ်ဆိပ်အထိ အမိုးအကာအပြည့် တဲတန်းလျားရှည်ကြီးကို သိုး၊ မြစ်ဆိပ်မှာလည်း မင်းတဲဆောက်စေပြီး ရေကစားလေ့ ရှိပါတယ်။မောင်းမမိဿံ အစုံအလင်နဲ့ပါ။ ဒီပွဲတစ်ပွဲမှာ မိဖုရားစောလုံကို “မျက်စိ၊ မျက်နှာ၊ ဦးဆံရွှမ်းရွှမ်းစွတ်အောင် ရေပက်”လို့ မောင်းမငယ်တစ်ဦး ထံ ကျိတ်မှာထားပါတယ်။ စောလုံ ဆိုတာကနရသီဟပတေ့ အလွန် မြှောက်စားချစ်ကြည်တဲ့ မိဖုရားငယ်တစ်ဦးပါ။ အချစ်ကြီးသူမို့ ခပ်ကြမ်း ကြမ်းကလေး ကျီစယ်တဲ့သဘောပါ။ မောင်းမမိဿံတွေအလယ်မှာ စောလုံဟာ ရေမွန်းပြီး ဝူးဝါးပြိုလဲ အရှက်တကွဲဖြစ်ခဲ့ရပါတယ်။ ဒါကို နရသီဟပတေ့က တဟားဟားနဲ့ ရယ်ပွဲဖွဲ့၊ ဘုရင်ရယ်တော့ အားလုံးက လည်း လိုက်ရယ်ကြပေါ့လေ။

စောလုံဟာ ငယ်ရွယ်ချောမောသလောက် အလှဂုဏ်နဲ့ မာန် မာနကြီးရတဲ့အထဲ ရေသဘင်ပွဲမှာ အရှက်တကွဲဖြစ်ခဲ့ရတော့ မင်းကြီး အပေါ် အမျက်သိုနှလုံးနာပြီး ပွဲတော်စာ(ထမင်းအုပ်)မှာ အဆိပ်ခပ်ပါ ရော။ ဒီအမှုပေါ်သွားတော့ မင်းကြီးက စောလုံကို စစ်မေးပါတယ်။ စောလုံက “ဟယ်...ပန်းပွတ်သည်မြေး၊ နင့်ကို ငါ လုပ်ကျွေးမွေးမြူ၍ ငါ့ကိုနင် သူကောင်းပြုလျှင် ဤသို့သောကိုယ်ဖြစ်၍ အထင်အရှားရှိပြီးမှ မောင်းငယ်ကို နှုတ်ထည့်၍ အဝတ်အစားဦးဆံစွတ်အောင် နင်လုပ်သော ကြောင့် နင့်ကိုငါ နှလုံးထောင့်၍ ကြံသည်”လို့ ပြန်ပြောပါတယ်။

“ပန်းပွတ်သည်မြေးဆိုတဲ့စကားလုံးဟာ နရသီဟပတေ့ရဲ့ မျိုး ရိုးဇာစ်မြစ်ကို လှန်ပြီး ငယ်ကျိုးငယ်နာဖော်လိုက်တဲ့စကားပါ။ ဒီစကားလုံး ကို ဘုရင်မခံနိုင်ပါဘူး။ ဒါ့အပြင် အဆိပ်ခပ်လုပ်ကြံတယ်ဆိုတာကလည်း အဆုံးစွန်သော ရာဇဝတ်ပြစ်မှုဆိုတော့ ...

ပန်းပဲသမားတွေခေါ် သံကျပ်စင်လုပ်ခိုင်းပြီး “ဖိုထိုးကျပ်တင်သတ်စေအမိန့်ချပါတယ်။ မိဖုရားစောလုံဟာ ခုနစ်ရက်လုံးလုံး အဓိဋ္ဌာန် ဝင်၊ သီတင်းသီလစောင့်ပြီးမှ သံကျပ်စင်တက်တယ်လို့ ဆိုပါတယ်။ သီလဂုဏ်ကြောင့် မီးသုံးကြိမ်သေပြီးမှ ငါသည် ခဏချင်း ကျွမ်း၍ ပျောက် စေသားလို့ ဓိဌာန်ပြီး အနိစ္စရောက်သွားပါတယ်။

နရသီဟပတေ့မင်းဟာ စောလုံကိုသတ်ပြီးနောက် စက်တော် ခေါ်ချိန်ရောက်ရင် ယောင်ယမ်းတမ်းတ ခေါ်မိပါတယ်တဲ့။ အခါတိုင်း သူအိပ်ရာအဝင်မှာ ထွေးပွေ့ချော့သိပ် ခစားရသူဟာ စောလုံဖြစ်ခဲ့တာ ကလား။ ဒီတော့ မင်းကြီးဟာ အိပ်ရာဝင်တာနဲ့ မြည်တမ်းပါတော့တယ်။ “စောလုံ...စောင့်ပါခလှည့်၊ စောလုံ...စောင့်ပါခလှည့်”တဲ့။

စောလုံကို စီရင်ပြီးပါပကောလို့ မိဖုရားစော သတိပေးတော့မှ ငါမှားပြီရယ်လို့ နှလုံးကြေကွဲပြီး အိပ်မပျော်နိုင်ဖြစ်ရပါတယ်။ မဟာထေရ် ဆရာတော် တရားနဲ့ဆုံးမမှ အတန်အသင့် ဝေဒနာပြေပြီး “နောင် ငါမျက် ကဲ့သော် လခွဲဆယ်ရက်ထားပြီးမှ အချင်းခပ်သိမ်းကို မေးမြန်းစိစစ်ဦး၊ ပြီးမှ စီရင်သင့်သူ စီရင်၊ လွှတ်သင့်သူ လွှတ်စေ'လို့ မိန့်မှာပါသတဲ့။

ချစ်ခင်လေးစားအပ်သော မိတ်ဆွေ...။ ကျွန်တော်တို့မှာ ကိလေ သာ အကြမ်းစားတွေ အခံရှိနေလေတော့ တစ်စုံတစ်ခု မိမိကို ထိခိုက်လာ တယ်လို့ ထင်မြင်ယူဆလိုက်တဲ့အခါ ပြင်းထန်တဲ့ ပေါက်ကွဲမှုတွေ ထွက် ပေါ်လာတတ်ကြပါတယ်။ အဲဒီပေါက်ကွဲမှုရဲ့ဖြစ်စဉ်နောက်ခံအကြောင်းရင်း တွေထဲမှာ တရားခံဟာ “သူပဲဖြစ်နေတတ်ပြီး “မိမိရဲ့ အပြစ်မရှိဘူးလို့လည်း

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)