Skip to product information
1 of 2

Other Websites

ချစ်ဦးညို - ဝိသာခါနှင့်သီတာ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

(၁)

“ဂီတ... တေးသီချင်းများကို ဘုရားတောင် ပယ်တော်မမူ...

ပုဗ္ဗာရုံကျောင်းအမ၊ သူပြုရတဲ့ ကုသလကြည်ဖြူ... ဗိုက်ကိုပင် ဗြာအမှတ်နဲ့ တီးကာ ရွှင်ပျော် အတောမသတ်ပေါင် လောက ဓာတ် ဤဇမ္ဗူ... စေတနာ လွန်ကဲသူ... ရဟန္တာတွေ ဝါဆို ဝါကပ်လှူ... ကျောင်းအမကြီး တီးသမားကို ဘုရားတောင် အပြစ်တော်မယူ....”

မြို့မကိုလည်း ကြိုက်၊ အဆို တော် ကိုဖူးအံ့ကိုလည်း ကြိုက်သဖြင့် ဤသီချင်းက ကျွန်တော်တို့၏နှုတ်ဖျားသို့ အလွယ် တကူ ကပ်ငြိခဲ့၏။ သူငယ်ချင်းတစ်သိုက် စက်ဘီးကိုယ်စီဖြင့် ချုပ်ညမှောင်ရီဝိုးဝါးမှာ နန်းရှေ့ အရှေ့ကျုံးလမ်းတစ်လျှောက် ခေါက်တုံ့စီးကြရင်း ဟစ်ခဲ့အော်ခဲ့ကြသော သီချင်းတွေအနက်ဤ'ပဉ္စသီခ” သည် မပါမဖြစ်။

           “ပဉ္စသီခ နတ်ဒေဝါ... ထံတျာ.... တေးသံကြူ” ဟူသော “ခိုးရပ်’ အပိုဒ်ကျတော့ အားလုံး ဝိုင်းအော်ကြတော့သည်။ ပုဗ္ဗာရုံကျောင်းအမကြီးက သူ့ကိုယ်သူ ဗြောအမှတ်ဖြင့် တီးရင်း ကျွန်တော်တို့နှင့်တကွ ပါဝင်ဆင်နွှဲနေသည်ဟု ထင်မိ၏။ သူငယ်ချင်းတစ်ယောက်က တွေးတွေးဆဆ မေးသည်။ “ဗိုက်ကို ဗြောလုပ်တီးတယ်ဆိုတော့ အတော်နာမှာပဲနော်”တဲ့။တစ်ယောက် က ဆက်တွေးပြီး ပြောပြန်သည်။ “ကျောင်းအမကြီးတစ်ယောက် လုပ်နေပြီး ဗိုက်ကို ဗြောလိုလုပ်တီးတယ် ဆိုတာတော့ နည်းနည်း ... အင်း ... ဣန္ဒြေများ မဲ့သလားလို့ ။ နောက်တစ်ယောက်က ‘စေတနာလွန်ကဲသူဆိုတဲ့စာသား ပါတယ်လေကွာ။ ဝမ်းသာ လွန်းလို့ နေမှာပေါ့” ဟု ဖေးဖေးမမ ပြောပြန်၏။ ဘာကိုမဆို နည်းနည်းကလေး ကန့်လန့်လုပ် တွေးတတ်သည့် အကောင်က

တော့ “ဘုရားလက်ထက်က ဗြောဆိုတာ ပေါ်ပြီလား” ဟု မေး သည်။ သူ့အမေးကို ဖြေသူမရှိပါ။

သီချင်းထဲမှ ပုဗ္ဗာရုံကျောင်းအမ” ဆိုသော စကားလုံးကို တော့ မည်သူမျှ စူးစမ်းခြင်း မရှိကြချေ။ နောက်တော့ ဘုန်း တော်ကြီးများ၏ ဟောတရားများနှင့် လူကြီးသူမများ၏ ပြော စကားများမှာ ကျောင်းအမကြီး ဝိသာခါ” ဟူသော အမည်ကို ကြားလာရလေသည်။ ပြီးတော့မှ ဝိသာခါသည် ပုဗ္ဗာရုံကျောင်း အမကြီး ဖြစ်သည်ဟု ဆက်စပ်သိလာရပြန်သည်။ သို့သော်ဝိသာခါသည် ဝိဋဋူဘလောက် ကျွန်တော်တို့၏စိတ်ကို ဆွဲဆောင်နိုင်စွမ်း မရှိခဲ့သည်မှာလည်း အမှန်ပင်ဖြစ်၏။ ဝိဋဋူဘ မင်းသား၏ ဇာတ်လမ်းက ဓားတွေ၊ လှံတွေ တဖွေးဖွေး။ သူထိုင်သည့်နေရာကို နွားနို့ဖြင့် ဆေးကြောကာ “ထွှီ... ကျွန်မရဲ့ သား” ဟု ဆိုသဖြင့် သာကီဝင်မင်းတွေ၏ လည်ချောင်းသွေးဖြင့် ပြန်ဆေးပစ်သည်လေ။ ပြီးတော့ သူရော၊ သူ့စစ်တပ်ကြီးပါ အစီရဝတီမြစ်ထဲမှာ နစ်မြုပ်သေကုန်ကြသည်တဲ့။ ဝိသာခါကတော့ ခပ်စင်းစင်းပဲဖြစ်၏။ သူဌေးကြီးသမီး၊ အချိန်တန်တော့ သူဌေး ကြီးနဲ့ရ၊ နောက်တော့ ပုဗ္ဗာရုံကျောင်းကြီးဆောက်၊ ဘုရားကိုလှူ၊ အင်း... ၇ နှစ်သမီးကတည်းက သောတာပန်ဖြစ်သတဲ့ ဆိုတာ ကတော့ နည်းနည်းထူးခြားသလိုလိုဟု ထင်သည်။ ဒါပေမယ့် အဲဒီအချက်ကလည်း တစ်ဆယ့်ခြောက်နှစ်အရွယ်မှာ စစ်သေနာ ပတိချုပ်ဖြစ်သော ဝိဋဋူဘလောက် စိတ်လှုပ်ရှားစရာ မကောင်းပါ။

          (၂)

          နောက်ပိုင်းမှာတော့ ဝိသာခါနှင့်ပတ်သက်လျှင် မျက်ခုံးပင့်ဖြစ် သွားသော အချက်တစ်ခုကို သွားတွေ့သည်။ “မိဂါရမာတာ” ဟူသော အမည်ပင်ဖြစ်၏။ ထိုအမည်ကို ဘယ်သို့ရသနည်း။ မိဂါရဆိုတာက ယောက္ခမသူဌေးကြီး၏ အမည်။ ထိုယောက္ခမ သူဌေးကြီးက သူ၏ချွေးမ၊ သားနှင့်စပ်၍တော်သော သမီး ဆိုပါ စို့။ ထိုသမီးကို `သင်သည် ငါ၏မိခင်ပါပေ”ဟု မြတ်စွာဘုရား မျက်မှောက်တော်မှာပင် ထုတ်ဖော်ဝန်ခံသည်။ ထို့ကြောင့် မိဂါရ မာတာ၊ မိဂါရသူဌေးကြီး၏အမေ...။ ယောက္ခမကြီးက အမေ ပြန်ခေါ်ရသည်ဆိုတာကတော့ အတော့်ကိုရှားရှားပါးပါးပေပဲဟု နားလည်လိုက်မိ၏။ ဘာကြောင့်ပါလိမ့်။ အရပ်တွေး တွေးကြည့် လိုက်သောအခါ သမက်နှင့် ယောက္ခမ၊ ချွေးမနှင့် ယောက္ခမဆိုသည်မှာ ခွဲမရအောင် တွဲစပ်နေသော ရန်ဓာတ်ဟုဆိုရလောက်အောင် တကျက်ကျက်ရှိနေရမည့် “ယူနစ်” တစ်ခု ဖြစ်သည်ဟု သိထားလေသည်။ သိကြားနှင့် အသူရာတို့ စစ်ပွဲ ကား သမက်နှင့် ယောက္ခမအကြား ပဋိပက္ခ၏အမြင့်ဆုံး ပြယုဂ် ပင် မဟုတ်လား။ ထိုသို့သော သဘောသဘာဝထဲမှာ မိဂါရ သူဌေးကြီး၏ သူ့ချွေးမ ဝိသာခါကို အမေဟုပင် ချီးမြှောက် ခေါ်ဝေါ်လောက်သည်အထိ ဖြစ်သွားသည် ဆိုတာကတော့ အလွန်ကြီးကျယ်သောအကြောင်း ရှိရပေမည်ဟု သဘောပိုက် လိုက်မိပါသည်။

ထို့ကြောင့် အစီရဝတီမြစ်ကြီး၏ လှိုင်းလုံးကြီးများ အောက် ရောက်သွားသော ဝိဋဋူဘတို့ကို မေ့ထားလိုက်ပြီး မိဂါရမာတာဘက် စိတ်ဦးလှည့်လိုက်၏။

ဝိသာခါ၏ ဘဝစာမျက်နှာများကို အစီအစဉ်အတိုင်း ဖွင့်လှစ် ကြည့်လိုက်ပါသည်။

အဘိုး၊ အဘတို့၏ အရှိန်အဝါ

ဗိမ္ဗိသာရမင်းကြီး၏ အာဏာစက် ပျံ့နှံ့ရာ ရာဇဂြိုလ်ပြည် နယ်အတွင်း ဘဒ္ဒိယမြို့ရှိသည်။ ထိုမြို့၌ မေဏ္ဍကသူဌေးကြီးနှင့် စန္ဒပဒုမာ သူဌေးကတော်ကြီး နေထိုင်သည်။ သူတို့၏သားက ဓနဉ္စယသူဌေး။ ဓနဉ္စယ၏ ဇနီးက သုမနဒေဝီ။ ဝိသာခါသည်....

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)