ချစ်ဦးညို - လက်ရွေးစင်ဝတ္ထုတိုများ
စရိုက်နှစ်မျိုးဖြင့်ပါဝင်သရုပ်ဆောင်သည်
“လွင်မိုး - ဒွေး လာလာ ကျော်သူ၊ စိုးသူ၊ ရဲအောင် လာလာလာ တဲ့ ဟိုဘက်က စိုးမြတ်သူဇာက ဘယ်ကွေ့သွားတာလဲ။ ငါ ရိုက်လိုက်ရနော်။ အံ့မယ် ဟောဒီ ရန်အောင်တစ်ယောက်တော့ ခက်နေပါပြီကော။ သူပဲ ဖဲ့ဖဲ့ ထွက်ချင်နေတယ်။ ဟဲ-ဟဲ့ စိုးမြတ်နန္ဒာ ဘယ့်နဲ့ကြောင့် သူများကို သွားလုပ်နေရ တာလဲ။ ထွန်းအိန္ဒြာဗိုကော သမီးဘယ်ရောက်နေသလဲ။ ဪ ဒီမှာကိုး။ လာ လေတဲ့။ ဟောဟိုရှေ့က မင်းမော်ကွန်းက ဘာလုပ်နေပြန်တာတုံး။ အံမာ ကိုကို လင်းမောင်နဲ့ ရန်စောင်နေကြပြန်ပြီ။ ပါးစပ်ကလဲ မနားတမ်းလက်ထဲက တုတ်ကိုလဲ မနားတမ်းယမ်းကာ တာရိုးနိမ့်လျှောပေါ် လျှောက်နေရတာမို့ ခြေ တုပ်မြဲအောင်လဲ သတိထားရသေး။ “ဟဲ-ဟဲ့ မျိုးသန္တာထွန်း ဘာကြီးဆွဲထုတ် နေတာလဲ။ အိုမလုပ်နဲ့လေ။ မော့စ် မော့စ် နင်အားကြီးဆိုးတယ်။ ဘယ်နှယ့် သူများအစာကို ဇွတ်လုနေရတာလဲ။ ဟော ရဲကိုကို ဘာဖြစ်လို့ နောက်ပြန်ကွေ့ တာလဲ။ ဟိုငါရိုက်လိုက်ရနော်”
တတ်နိုင်ဘူး။ တာရိုးစောင်းကနေ ရွံ့စပ်ထဲအထိ ဆင်းလိုက်ရတယ်၊ ထိုမှာ လုယက်နေကြပြီလေ။ မော့စ်က အားကြီးဆိုတာကြည့်လေမျိုးသန္တာထွန်း ဆီက အစာကိုသူရသွားပြီ။ အဲတော့် သူ့နောက်ကို ကျော်ဟိန်းရယ်၊ မိုးဒီနည်း