Skip to product information
1 of 2

Other Websites

ချစ်ဦးညို - မဟာသေနာပတိ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

အခန်း (၁)

သူနှင့် စတင် တွေ့ဆုံသိကျွမ်းခဲ့ရသည့် ပထမ ဆုံးအကြိမ်မှာပင် သူသည် ထူးခြားသော စိတ်နေသဘော သဘာဝရှိသူ ဖြစ်ကြောင်း ကျွန်ုပ် သိသိမှတ်မှတ် သတိ ထားခဲ့မိလေသည်။

ထိုနေ့က နှင်းတွေ ဝေနေသည်။

 အမရပူရ ရွှေမြို့တော်၏ ကျုံးရေပြင်ထက်တွင် နှင်းတို့ သိပ်သည်းစွာ ဆို့ဆီးနေကြသောကြောင့် ရေပြင် ကိုပင် ကောင်းစွာ မမြင်ရ။ နီညိုရင့်ရင့် မြို့ရိုးအုတ်တံ တိုင်းကြီးသည်ပင် နှင်းငွေ့တို့အကြား၌ ဝိုးတဝါးဖြစ်နေ သည်။ ကျုံး၏ အခြားဘက်မှ နေပြည်တော် လမ်းမကိုမူ မမြင်ရတော့။

ဆီးနှင်း တဖောက်ဖောက် ကျသံများကလည်း မိုးစက် မိုးပေါက်များလိုပင် ထင်ရတော့သည်။ ကျွန်ုပ်လက်ထဲတွင် ဆုပ်ကိုင်ထားသော လှံရှည်အရိုးသည် ပကတိအေးစက်နေသည်။ ကင်းတဲအတွင်းမှာ မီးဖိုထား သော်လည်း တကယ်တမ်း အေးလှသော အမရပူရဆောင်းရာသီဝယ် မီးလှုံ၍ အချမ်းမပြေ၊ မီးတောက်နှင့် နီးသော အပိုင်းမှာသာ ပူနွေးပြီး အခြားနေရာများတွင် ကား ဆောင်းဒဏ်ကို သိသိသာသာ ခံစားနေရသည်။

ကိုယ်တွင်း အနွေးဓာတ်ကို ကျွန်ုပ်တောင့်တမိ ချေသည်။

သည်လို ချမ်းချမ်းစီးစီး နံနက်အစောကြီးမှာ ထန်းလျက်အရက်ကလေး တစ်ခွက်တစ်ဖလားလောက် ဗိုက်ထဲ လောင်းထည့်လိုက်ရရဖြင့် .......။

သို့သော် အတွေးကို ချက်ချင်းပင် ဖယ်ရှားလိုက် ရသည်။ ။

အမှုတော် ထမ်းနေရသည့် အချိန်၊ အရှေ့ဘက် မြို့ရိုးမုခ်တွင် ကင်းအလှည့် တာဝန်ယူနေရသည့်အချိန်၊ ကင်းအလှည့်ကျ ရဲမက်၏ တဝန်မှာ ကြီးမားလှသည်။ မပြတ်မလပ်သော နားမျက်စိအာရုံကို အစွမ်းကုန် နိုး ကြားစေလျက် ကင်းစောင့်နေရသည်။

သန်းခေါင်ယံအချိန်မှ စ၍ ကင်းအလှည့်ဝင်ခဲ့ရသော ကျွန်ုပ်၏ တာဝန်ချိန်မှာ နံနက် အုံးမောင်းခေါက် ချိန်ရောက်မှ ပြီးဆုံးမည်ဖြစ်သည်။ ကျွန်ုပ်နှင့်အတူ ကင်း စောင့်တာဝန်ကျသော သွေးသောက်ကြီး ရဲမင်းထင်မှာကောင်းစွာ ကျန်းမာသူမဟုတ်၊ အထူးသဖြင့် ယခုလို အအေးဓာတ် လွန်ကဲလှသော ဆောင်းရာသီမျိုးဝယ် သူ့ ပန်းနာရောဂါက ဆိုးဆိုးရွားရွား ဖြစ်လာတတ်သည်။ သူချောင်းတစ်ချက် ဆိုးပြီဆိုလျှင် အရပ်အနားမရှိတော့။ ပင်ပန်းကြီးစွာ ရှိုက်ငင်လျက် ချောင်းဆိုးနေရရှာသော သူ့ခမျာ အသက်ရှူချိန်မှ ရပါလေစဟု ကျွန်ုပ်ထင်မိသည်။ ထို့ကြောင့် ကင်းတဲအတွင်းရှိ မီးဖိုနားတွင် သူ့ကို အိပ်ရာ ပြင်ပေးပြီး တစ်ချိန်လုံး အနားယူစေခဲ့ရသည်။ စင်စစ် သွေးသောက်ကြီး ရဲမင်းထင်သည် မြို့စောင့်တပ်တွင် အမှုတော်ထမ်းဖို့ မသင့်တော်ပေ။ ခမျာမှာ ပန်းနာရောဂါ အတွက် သက်သာရာ သက်သာကြောင်းရှာရင်း ဘိန်း လည်း စွဲနေရှာပြီ။

ကင်းတာဝန်ကျချိန် ဖြစ်သောကြောင့် သူ ဘိန်း လည်း မမျိုသာ။

ရင်ခေါင်းထဲမှ တရွှီးရွှီမြည်သံကြီးဖြင့် အသက် ရှူရင်း ရဲမင်းထင်သည် ဝေဒနာ ခံစားနေရရှာလေသည်။နွေးနွေးထွေးထွေးရှိစေရန် လုပ်ပေးဖို့မှအပ ကျွန်ုပ်လည်း ဘာမျှ မတတ်နိုင်သဖြင့် သူ့အိပ်ရာ၏ တစ်ဘက်တစ် ချက်စီတွင် မီးဖိုနှစ်ခု မွှေးပေးလိုက်ရသည်။

ယခုမူ ရဲမင်းထင်သည် ဒူးနှင့်ရင်ဘတ် ထိကပ် အောင်ကွေးကာ မီးဖိုနှစ်ခုအကြား အိပ်‌ပျော်နေလေပြီ။

မြေကရားထဲက ရေနွေးကြမ်းလည်း သူ ချွဲရှင်း အာလုပ်ကျင်းသည်နှင့် ကုန်လေပြီ။ အေးစက်နေသော လှံရိုးကို ဆုပ်ကိုင်ကာ ကျွန်ုပ်တစ်ဦးတည်း ကင်းတဲအဝ တွင် ကင်းဆောင့်နေရသည်။ နှင်းစက်များကြောင့် ကျွန်ုပ် ၏ “မောက်တို"လည်း ရွှဲရွှဲစိုနေသည်။ ခြုံထည်ဝတ်ရုံကို ရဲမင်းထင်အား ပေးထားရသောကြောင့် ကျွန်ုပ်၏ ကိုယ် ပေါ်တွင်လည်း နှင်းစက်များ ရွှဲနေသည်။

ကျင့်သားရနေပြီဖြစ်သောကြောင့် အိပ်ငိုက်ခြင်း အလျင်းမရှိစေကာမူ အအေးဒဏ်၏ ရိုက်ခတ်မှုဖြင့် မျက်ခွံများ ကျိန်းစပ်နေသည်။

နွေးထွေးစွာ အိပ်ပျော်နေသည့် သွေးသောက် ကြီး ရဲမင်းထင်။

အကင်းသေစ ပြုနေပြီဖြစ်သည့် မီးဖို။

 တဖောက်ဖောက်ကျနေသည့် နှင်းစက်များ။

အငွေ့ခြောင်းခြောင်း ထနေသည့် ကျုံးရေပြင်။

မြူအထပ်ထပ် ဆို့ဆီးနေသော မြင်ကွင်း။

အမရပူရ ရွှေမြို့တော်၏ ပြင်းထန်သော ဆောင်းရာသီအောက်ဝယ် ကျွန်ုပ်တစ်ယောက်တည်း ဖြစ်နေသည်။

လှံရိုးကို ဆုပ်ကိုင်ထားသည့် လက်ချောင်းများ ထုံကျင်လာသည်။ ခြေသလုံးသားများ နာကျင်ကိုက်ခဲ လာသည်။ နှာသီးဖျားနှင့် မျက်ခွံစများတွင် အအေးဒဏ် ကို ပို၍ ခံစားနေရသည်။

အချိန်တို့ ကုန်ခဲလှဘိခြင်းဟု တွေးနေမိစဉ်မှာ ပင် အုံးမောင်းခေါက်သံကို ကြားလိုက်ရလေသည်။ အုံး

မောင်းခေါက်သံကြောင့် ကျွန်ုပ်တစ်ကိုယ်လုံး နွေးသွား သည်ဟုဆိုလျှင် စကားကြွယ်လှချည့်ဟု ထင်ကြမည်။

စကား မကြွယ်ပါချေ။ အမှန်ပင် နွေးထွေး သွားချေသည်။

ကျွန်ုပ်၏ ကင်းအလှည့်တာဝန် ပြီးဆုံးသွားပြီး နောက် အလှည့်ကျသည့် ရဲမက်များ ရောက်လာကြတော့ မည်။ နားနေအိပ်စက်ခွင့် ရမည်။

တဲအတွင်း မီးဖိုနှစ်ခုကြားတွင်မူ ရဲမင်းထင်သည် အိပ်ကောင်းနေဆဲ။

ထိုအချိန်မှာပင် ဆီးနှင်းငွေ့များ၏ တစ်ဘက် မမြင်ရသော နေရာဆီမှ လူသံများ ကြားလိုက်ရသည်။

“ရပ်... ဘယ်သူလဲ”

ကျွန်ုပ် အော်၍မေးရင်း လှံရှည်ကို အသင့်ပြင် ထားလိုက်လေသည်။

“သစ် ... ငါတို့ပါ၊ ကင်းအလှည့်ပြောင်း ရဲမက်တွေ”

“နာမည်ပြော” “ငတေနဲ့ ငခါး”

ရဲမက်ငတေ၏ အသံကြောင့် စိတ်ချသွားသည်။ မကြာခင်မှာပင် ဆီးနှင်းမြူငွေ့များကြားထဲမှ ငတေ ပေါ်လာသည်။ သူ့နောက်မှာ ငခါး။ ။

“ချမ်းလိုက်တာကွာ၊ ကိုယ့်မေးစေ့ ကိုယ် တောင် ထိန်းလို့ မရတော့ဘူး”

မေးချင်းခတ် သွားချင်းရိုက်နေသော အသံဖြင့် ငတေက ညည်းသည်။ သူ့ပါးစပ်မှ အငွေ့ဖြူဖြူများ ထောင်းထောင်းပျံ့လွင့်နေပေသည်။

“ငါ့များ အားနာပါဦးတော့၊ သန်းခေါင်ကနေအခုထိ

“ရဲမင်းထင်ကော ..."

ရဲမင်းထင် အိပ်နေရာဆီသို့ မေးငေါ့ ပြလိုက်ရ သည်။

“ဒီပန်းနာရောဂါနဲ့ ကင်းစောင့်နဲ့တော့ မကိုက် ပါဘူးကွာ””

ရဲမင်းထင်ကို နှိုးရသည်။ ကယောင်ကတမ်း ထ လာကာ မီးဖိုကို မီးဆွနေလေသည်။

“ကင်းအလှည့် ပြောင်းပြီ သွေးသောက်ကြီးရဲ့၊ ကိုယ့်အိမ်ကိုယ်ပြန်၊ ဘိန်းမျိုးနိုင်ပြီ၊ ထ...ထ”

ငခါးက ရဲမင်းထင်ကို ဆွဲထူပေးသည်။ ရဲမင်း ထင်ဆီမှ ခြုံထည်ဝတ်ရုံကို လှမ်းယူကာ ကျွန်ုပ်တစ်ကိုယ် လုံးကို ပတ်လိုက်ရသည်။ ရဲမင်းထင်၏ ကိုယ်ငွေ့ မီးဖိုမှ အပူငွေ့တို့ဖြင့် နွေးနေသော ခြုံထည်ဝတ်ရုံကို လွှမ်းလိုက် ရသည်မှာ အရသာရှိလှပေသည်။

“ဘာအကြောင်းထူးသေးလဲဟေ့ ငသစ်”

 “မထူးဘူး၊ အားလုံးအေးချမ်းငြိမ်သက်””

 “တပ်မှူး လာစစ်သေးလား”

 “မလာဘူး”

ထုံးစံအတိုင်း ကင်းအလှည့်ပြောင်းတာဝန်ကို လွှဲကြပြီးနောက် ရဲမင်းထင်ကိုတွဲကာ ကင်းတဲမှ ကျွန်ုပ် ထွက်လာခဲ့သည်။ ငတေနှင့်ငခါးတို့ နှင်းဖြူထု၏ တစ် ဘက်တွင် ပျောက်ကွယ်ကျန်ရစ်ခဲ့ကြလေသည်။

“သွေးသောက်ကြီး ဘယ့်နှယ့်နေသေးလဲ”

“အခုတော့ သက်သာသွားပါပြီ၊ ဒီရောဂါမျိုး ဆိုတာကလည်း အေးလေလေ ပိုဆိုးလေလေကိုးကွာ။ စောစောကများဆိုရင် ချောင်းဆိုးရင်းနဲ့ အသက်ထွက် သွားတော့မလား အောက်မေ့ရတယ်””

ရဲမင်းထင်သည် ကျွန်ုပ်ထက် ရှစ်နှစ်ခန့် အသက် ကြီးသူဖြစ်သည်။ သူ့အသက်မှာ သုံးဆယ်ကျော်ပြီ။ သို့သော် ရောဂါကြောင့် သူ့ခန္ဓာကိုယ်သည် ကြုံလှီဖျော့တော့နေသည်ဖြစ်ရာ အသက်လေးဆယ်ကျော်ဟု ထင် ရသည်။ သွေးသောက်ကြီးဟု ကျွန်ုပ်တို့က တရင်းတနှီး ခေါ်နေကြသော်လည်း စင်စစ်သူသည် ကျွန်ုပ်တို့ ရဲမက် ဆယ်ယောက်အပေါ် အုပ်ချုပ်ရသော “အကြပ်”တစ်ဦး သာဖြစ်သည်။ အကြပ်ငါးဦးကို အုပ်ချုပ်ရသော “သွေး သောက်” အဆင့် မဟုတ်သေး။ သူ့အသက်ရှိရင်းထက် ဆယ်နှစ်ခန့်ပို၍ ကြီးရင့်အိုစာနေသောကြောင့် သူ့ကိုသွေးသောက်ကြီးဟု ကျွန်ုပ်တို့က ခေါ်နေကြခြင်းဖြစ် သည်။ ။

ကျွန်ုပ်တို့ နှစ်ဦးသား ကျုံးတံတားတစ်ဘက်ထိပ် သို့ ရောက်လာကြသည်။

နံနက်ခင်းဘက် ရောက်လာလေလေ အအေး ဓာတ်က ပို၍ ပြင်းလာလေလေဖြစ်သောကြောင့် စော စောက သက်သာသွားပါပြီဆိုသော ရဲမင်းထင်မှာ တံ တားထိပ်အရောက်တွင် ရောဂါဖောက်လာပြန်သည်။ သူ့ ချောင်းဆိုးသံရှည်ကြီးကို နားမခံသာဖွယ် ကြားလာရ ပြန်သည်။

“ကိုင်း ... သွေးသောက်ကြီး၊ ခင်ဗျား ဒီ အတိုင်း အိမ်ပြန်လို့ မဖြစ်သေးဘူး။ ဟောဟို လမ်း

ထောင့်မန်ကျည်းပင်အောက်မှာ အကြော်တဲလေးတစ်တွဲ ရှိတယ်။ ဝမ်းထဲ အစာလေးသွင်းပြီး ရေနွေးကြမ်း ပူပူ လေးသောက်ချလိုက်ဦး။ နည်းနည်းခံသာသွားမယ်။ကျုပ် လည်း ဝမ်းဟာနေတယ်။ အကြော်လေးဘာလေး စား လိုက်ကြရအောင်””

“ငါတော့ အိမ်အမြန်ပြန်ပြီး ဘိန်းမိုချင်တာပဲ”

 “အကြော်စားပြီးမှ ပြန်၊ လာစမ်းပါဗျာ”

ကင်းတာဝန်ကျပြီးသည့် နောက်တစ်နေ့တွင် ကျွန်ုပ်တို့ ရဲမက်များအဖို့ နန်းတော်အတွင်း တပ်စခန်းသို့ ပြန်စရာမလို။ ကိုယ်အိမ် ကိုယ်ပြန်နားနေခွင့်ရသည်။ ရဲမင်းထင်မှာ ရွှေမြို့တော် မြောက်ဘက်ဇနပုဒ်တွင် သူ့ ညီတစ်ယောက်နှင့်နေသူ ဖြစ်လေသည်။

မန်ကျည်းပင်အောက် အကြော်တဲသို့ ရောက် သောအချိန်ထိ နှင်းမကွဲသေး။ ပို၍ပင် ထူထပ်သိပ်သည်း နေတော့သည်။

အကြော်တဲကလည်း ယခုမှ ထွက်လာကာစပင် ရှိသေးသည်။ အကြော်ဒယ်ဘေးရှိ ဗန်းထဲတွင် ပဲစင်းငုံ နှင့် ကတိုးဝါကြော် လေးငါးခုသာရှိသည်။

“ထိုင်ကြ၊ ရေနွေးသောက်ကြဦး။ ရဲမက်တို့ စောစောစီးစီး၊ ကင်းအလှည့် သိမ်းလာကြတာနဲ့တူရဲ့”

အကြော်သည် မိန်းမကြီးက နှုတ်ဆက်စကား ဆိုသည်။ အကြော်တဲတဲတွင် ကျွန်ုပ်တို့ နှစ်ဦးမှအပ ဘယ်သူမျှ မရှိသေးပေ။ ရေနွေးကြမ်းပူပူ အငွေ့တခြောင်းခြောင်းကို မှုတ်လျက် အားပါးတရ သောက်ချ လိုက်သည်။ ထိုအခိုက်မှာပင်

“ဟေ့.. ကတိုးဝါကြော် ရပြီလား၊ မြန်မြန်

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)