Skip to product information
1 of 2

Other Websites

ချစ်နိုင်(စိတ်ပညာ) - သေနင်္ဂဗျူဟာ အတတ်ပညာ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

ဆွန်ဇုနှင့် အပျိုတော်များ

ကမ္ဘာတစ်ဝန်းတွင် ဆွန်ဇူဟူ၍ ကျော်ကြား ထင်ရှား နေသော စွန်းဝူကို ခရစ်တော်မပေါ်မီ နှစ် ၅၀ဝခန့်က မွေးဖွား ၏။ တရုတ်နိုင်ငံ၊ ကွီပြည်နယ်သားဖြစ်သည်။ ဆွန်ဇုသည် “ သေနင်္ဂဗျူဟာ စစ် အတတ် ပညာ ” ကျမ်းကို ရေးသားခဲ့သည်။ ဘီစီ ၄၇၆-၂၂၁ အတွင်း ပြည်နယ် အချင်းချင်း စစ်ခင်းနေကြ သောခေတ်တွင် သူသည် ဝူပြည်နယ်မှာ မင်းမှုထမ်း တာဝန် ထမ်း ဆောင်ခဲ့လေသည်။ အခန်း(၁၃)ခုပါသော သူ၏ စစ် ပညာကျမ်းသည် နာမည်ကြီးသည်။ ထိုကျမ်းကို ဝူပြည်နယ်၏ မင်းသား ဝူဟေလူက ဖတ်ရှုပြီး လွန်စွာသဘောကျလှသဖြင့် ဆွန်ဇုအား နန်းတော်သို့ ဖိတ်ခေါ်တွေ့ဆုံသည်။

“စွမ်းဝွမ် (ဆွန်ဇု)ရေးသားထားတာ တော်တော် ရှင်း လင်း ပြည့်စုံတယ်။ ကျွန်ုပ် ၁၃ခန်းလုံးဖတ်ပြီးပြီ၊ ကောင်းတယ် ”

“ ဝမ်းမြောက်ပါတယ် ဘုရား

“ ဒီထဲက အတိုင်း ငါရဲ့ တပ်တော်တွေကို ကျင့်သုံး စေရင် ရနိုင်မလား ”

“ ရနိုင်တာပေါ့ ဘုရား ”

“ကောင်းပြီ၊ ရံရွှေတော်၊ မိန်းကလေးတွေကို ကျင့်သုံး ကြည့်ရင်ကော ရနိုင်မလား ”

“ ရနိုင်ပါတယ် ဘုရား ”

 “ သေချာရဲ့လား ”

 “ သေချာပါတယ် ဘုရား ”

ကဲမျက်မြင်ဒိဋ္ဌ စမ်းသပ်လို့ရတယ်ဆိုရင် နန်းတော် ထဲက မောင်းမမိဿံ အမျိုးသမီး ၁၈ဝ ထွက်စေ။ ဆင့်ခေါ်စု ရုံး၍ ဆွန်ဇု၏ စစ်ကျမ်းထဲက သင်ခန်းစာအတိုင်း အသုံးချ၍ ရအောင်လုပ်ဆောင်စေ၏။ အာဏာကုန် လွှဲအပ်လိုက်လေ၏။ ဆွန်ဇုသည် စစ်ရေးပြကွင်း (ယခုခေတ် ဘော်လုံးကွင်းမြက်ခင်း ပြင်)အတွင်း အမျိုးသမီးများအား တပ်ဖွဲ့နှစ်ဖွဲ့ ခွဲလိုက်၏။ တစ်ဖွဲ့တစ်ဖွဲ့စီကို မင်းသား အမြတ်နိုးဆုံး ကိုယ်လုပ်တော် အမျိုးသမီး နှစ်ဦးအား တစ်ဦးစီခွဲ၍ ဦးစီးခေါင်းဆောင်အဖြစ် တာဝန်ပေးလိုက်၏။ အဖွဲ့ဝင်အမျိုးသမီး တစ်ရာ့ရှစ်ဆယ်တို့ အား လှံလက်နက်များ အသီးသီး ပေးအပ်လိုက်ပြီးနောက် ဆွန်ဇုက မေးသည်-

“ ရှေ့ဘက်၊ နောက်ဘက်၊ ဘယ်ဘက်၊ ညာဘက် ဆိုတာ တွေကို မယ်မင်းတို့ သိကြရဲ့လား ”

“ သိပါတယ် ” ဟု အမျိုးသမီးအားလုံးကပင် တစ်ပြိုင်ထဲ အော်၍ ဖြေဆိုကြသည်။ ကောင်းပြီ။ ထို့နောက် ဆွန်ဇုက ဆက်၍ ပြောလိုက်သည်-

“ ငါက “ရှေ့ဘက်” လို့ အမိန့်ပေးတဲ့အခါ မယ်မင်း တို့က ရှေ့တည့်တည့်ကို မျက်နှာမူကြရမယ်။ “ ဘယ်ဘက် လှည့် ” လို့ အမိန့် ပေးတဲ့အခါ ဘယ်ဘက်ကို မျက်နှာမူကြ ရမယ်။ “ညာဘက်လှည့် ”လို့ အမိန့်ပေးတဲ့အခါ ညာဘက်ကိုမျက်နှာမူ ကြရမည်။ “နောက်ဘက်”လို့ အမိန့်ပေးတဲ့အခါ နောက်ကျောဘက်ကို လှည့်ကြရမယ် ”

အမျိုးသမီးအားလုံးက သဘောတူခေါင်းညိတ် ကြသည်။ ဆွန်ဇုက သူ၏ စည်းကမ်းကြီးမှုကို အလေးအနက် ပြုသည့် သဘောဖြင့် လက်မရွံ့ အာဏာသားအား ဓားလက် နက်နှင့် အသင့်ရှိနေစေသည်။ ထို့နောက် စစ်စည်တီး၍ စစ်ရေးလေ့ကျင့်ပွဲ စတင်ပြုလုပ်သည်။ အမိန့်သံပေါ်ထွက်လာသည်။ သို့သော် အမျိုးသမီးတွေအားလုံး တစ်ယောက်မှ နေရာမရွေ့ဘဲ တဟားဟားနှင့် ရယ်သာ ရယ်နေကြသည်။

ဤတွင် အမိန့်ပေးမှု မရှင်းလင်းသောကြောင့် တပ်ဖွဲ့ ဝင်များ နားမလည်ကြခြင်း ဖြစ်ကြောင်း၊ ယင်းသို့ နားမလည် ခြင်းအတွက် အမိန့်ပေးသူတွင် အပြစ်ရှိကြောင်း ဆွန်ဇုက စိတ်ရှည်စွာ ရှင်းပြသည်။ ထို့နောက် နောက်တစ်ကြိမ် ထပ်မံ လေ့ကျင့်ရန် သူက ညွှန်ကြား၏။

ဒုတိယအကြိမ် စစ်စည်စစ်မောင်းများတီးခတ်ကာ ထပ်မံအမိန့်ပေးပြန်သည်။ ဤအကြိမ်တွင်လည်း အမျိုးသမီး တွေက စစ်ရေးလေ့ကျင့်မှု မပြုလုပ်ဘဲ ဟားတိုက်၍သာရယ် နေကြပြန်၏။ သို့ဖြင့် ဆွန်ဇုက ပြောသည်။

“ အမိန့်ပေးမှု မရှင်းလင်းတဲ့အတွက် နားမလည်ကြ ခြင်း ဖြစ်တယ်။ ဒီအတွက် အမိန့်ပေးသူမှာ အပြစ်ရှိတယ်၊ အမိန့်ပေးမှု ရှင်းလင်းပေမယ့် တပ်ဖွဲ့ဝင်တွေက လိုက်နာမှု မရှိရင်လဲ အဲဒီအတွက် သူတို့ကို ကြီးကြပ်ကွပ်ကဲတဲ့ အရာရှိ တွေမှာ အပြစ်ရှိတယ် ”

ဆွန်ဇုက ယင်းသို့ပြောပြီးနောက် တပ်ဖွဲ့ နှစ်ဖွဲ့ကို ဦးဆောင် ကွပ်ကဲရသော ကိုယ်လုပ်တော် အမျိုးသမီးနှစ်ဦးအား“ ကွပ်မျက်ရန် ခေါ်ထုတ်သွားကြ ” ဟု အမိန့်ပေးလိုက်၏။

ဤတွင် စစ်ရေးလေ့ကျင့်ပွဲကို မဏ္ဍပ်ဆောင် စင်မြင့် ပေါ်မှ ကြည့်ရှုနေသော မင်းသား ဟေ-လူသည် သူအနှစ်သက် ဆုံး ကိုယ်လုပ်တော် နှစ်ဦးအား ကွပ်မျက်ရန် ခေါ်ထုတ်သွား သည်ကို မြင်ရသောအခါ အလွန်စိတ်မချမ်းမသာ ဖြစ်မိသောကြောင့် အောက်ပါ စာချွန်တော်ကို ဆွန်ဇုထံသို့ ပေးပို့လိုက် လေသည်။

“ စစ်သူကြီး စစ်ရေးပြအလွန်ကျွမ်းကျင်ကြောင်း ကျွန်ုပ်ယုံကြည်သည်။ သို့ရာတွင် ကိုယ်လုပ်တော် မောင်းမ နှစ်ယောက်မရှိတော့လျှင် ကျွန်ုပ်၏ စားတော်ပွဲမှာ အရသာ ရှိတော့မည် မဟုတ်ချေ။ ထို့ကြောင့် ၎င်းတို့အား အသက် ချမ်းသာခွင့်ပေးစေလိုသည်။ ”

ထိုအခါ ဆွန်ဇုက မိမိသည် တပ်ဖွဲ့များအား ဦး ဆောင် ကွပ်ကဲ၍ စစ်ရေးပြခွင့်ကို မင်းသားထံမှ ရရှိခဲ့ပြီးဖြစ် ကြောင်း၊ ထို့ကြောင့် အခြေအနေအရ လိုအပ်လျှင် မိမိအနေ ဖြင့် မင်းသား၏ အမိန့်အာဏာကိုပင်လျှင် ဖီဆန်၍ လုပ်ဆောင် နိုင်ခွင့် ရှိကြောင်း ပြန်ကြားလိုက်၏။ ထို့နောက်စံနမူနာ အဖြစ် ဖြင့် တပ်ဖွဲ့ခေါင်းဆောင် ကိုယ်လုပ်တော် မောင်းမနှစ်ယောက် အား ဦးခေါင်းဖြတ်၍ ကွပ်မျက်စေသည်။ ၎င်းတို့ နေရာတွင် နောက်ထပ် ကိုယ်လုပ်တော် မောင်းမနှစ်ယောက်ကို အစား ထိုးခန့်ထားကာ တပ်ဖွဲ့များကို ဦးဆောင်စေသည်။ ။

ထို့နောက် စစ်ရေးပြပွဲကို ဆက်လက်ပြုလုပ်ရာ အလုံးစုံ ချောမောအောင်မြင်သည်။ တပ်ဖွဲ့ဝင် အမျိုးသမီး အားလုံးပင် ဘယ်ဘက်သို့လှည့်ခြင်း၊ ညာဘက်သို့ လှည့်ခြင်း၊ ရှေ့ဘက်သို့လှည့်ခြင်း၊ နောက်ဘက်သို့လှည့်ခြင်း၊ ဒူးထောက်ထိုင်ခြင်း၊ ပြန်ထခြင်းတို့ကို ရယ်မောခြင်း သို့မဟုတ် မကျေနပ် သည့် အမူအရာပြခြင်း လုံးဝမရှိဘဲ ကျိုးနွံစွာ လုပ်ဆောင် ကြသည်။

ထို့နောက်စည်းကမ်းတကျ စစ်ရေးပြလေ့ကျင့်ထား ပြီးသော တပ်ဖွဲ့များအား မင်းသားကိုယ်တိုင် ကြွရောက်စစ်ဆေး ပါမည့်အကြောင်း စေတမန်လွှတ်၍ လျှောက်တင်စေသည်။ မင်းသားကြည့်ရှုလျှင် ရံရွှေတော် တပ်ခွဲ စွမ်းရည်သရုပ်ပြဖြတ်ကျော်ရန်အတွက် ရေနှင့်မီး အတားအဆီးများ ကိုပင် ပြင်ဆင် ထားစေ၏။

သို့သော်လည်း မင်းသားဟေလူသည် တပ်ဖွဲ့များ အား ကိုယ်တိုင်ကြွရောက် စစ်ဆေးခြင်း မပြုခဲ့ချေ။ ထိုအခါဆွန်ဇုက

“မင်းသားဟာ စကားပြောဖို့လောက်ကိုသာ နှစ်သက် သူ ဖြစ်တယ်၊ သို့ပေမယ့် အဲဒီစကားကို လက်တွေ့အကောင် အထည် ဖော်တဲ့ အလုပ်ကိုတော့ သူမလုပ်နိုင်ရှာဘူး ”

ဟူ၍ မှတ်ချက်ချပြောဆိုလိုက်လေသည်။

ဤတွင် မင်းသားသည် ဆွန်ဇု၏ မှတ်ချက်ချစကား ကြောင့် အရှက်ကြီး ရှက်သွားမိလေ၏။ သို့သော်လည်း မင်း သားက ဆွန်ဇု၏ အစွမ်းအစကို အသိအမှတ်ပြုသောကြောင့် ဆွန်ဇုအား “ဂူ” တပ်မတော်၏ စစ်သူကြီးအဖြစ် ချက်ချင်း ပင် ခန့်အပ်လိုက်လေသည်။

ခရစ်တော်မပေါ်မီ သက္ကရာဇ် ၅၀၆ ခုနှစ်အတွင်း ဆွန်ဇုသည် “ဇု” (Zhu) ပြည်နယ်အား ငါးကြိမ်တိုင်တိုင် စစ်ချီတိုက်ခိုက်ခဲ့သည်။ “ ဇူ” ပြည်နယ်က “ဝူ ” ပြည်နယ်အား လက်အောက်ခံ ပြည်နယ်အဖြစ် သတ်မှတ်ထားခြင်းကို မကျေနပ်သောကြောင့် ဖြစ်၏။ နောက်ဆုံးတွင် ဆွန်ဇု၏ တပ်မတော်က အောင်ပွဲခံပြီး “ ဇူ” ပြည်နယ်၏ မြို့တော် ဖြစ်သော “ ယင် - ဒူ ” (Ying-du) ကို သိမ်းပိုက်လိုက် သည်။ “ ဇူ” ပြည်နယ်၏ ဘုရင်ဖြစ်သူ “ ဇာအို ” (Zhao) မှာ စစ်ဒဏ်ကို ထောင်းထောင်းကြေမျှ ခံခဲ့ရသော သူ့ပြည်နယ်အား စွန့်ခွာကာ ထွက်ပြေးသွားရလေသည်။

ထိုမှ နောက်နှစ်ပေါင်း ၂၀လုံးလုံး ဆွန်ဇု ကွပ်ကဲ ဦးစီးသော “ ဂူ” တပ်မတော်သည် အိမ်နီးချင်းပြည်နယ်များ ဖြစ်သော “ကွိ” (Qi) ပြည်နယ်၊ “ကွင်” (Qin) ပြည်နယ်နှင့် “ ယူး ” (Yue) ပြည်နယ်တို့ကို ဆက်တိုက်အောင်ပွဲခံကာ အပြီးအပိုင်သိမ်းယူနိုင်ခဲ့သည်။ သို့သော်လည်း စစ်သူကြီး ဆွန်ဇု ကွယ်လွန်သွားပြီးနောက် ဆက်ခံခဲ့ကြသော စစ်သူကြီး အဆက် ဆက်တို့သည် ဆွန်ဇု၏ စစ်သေနင်္ဂဗျူဟာ သဘောတရား များကို လိုက်နာကျင့်သုံးခြင်း မပြုသောကြောင့် ကျူးကျော် တိုက်ခိုက်လာသော ရန်သူများအား ပြန်လှန် တိုက်ခိုက်နိုင်ခြင်း မရှိဘဲ တစ်ပွဲပြီး တစ်ပွဲရှုံးကာ နောက်ဆုံးတွင် ခရစ်တော်မပေါ်မှ သက္ကရာဇ် ၄၇၃ ခုနှစ်ရောက်သောအခါ “ဝူ” နိုင်ငံတော်ကြီး တစ်ခုလုံးပင် ပြိုကွဲပျက်သုဉ်းသွားခဲ့ရလေသည်။

ဆွန်ဇု၏ စစ်ပညာသည် စာအုပ်ထဲမှာသာရှိနေသော သီအိုရီ၊ သဘောတရားသက်သက်မဟုတ်။ လက်တွေ့ကျင့်သုံး လိုက်နာလျှင် စစ်အောင်နိုင်စေပြီး အသုံးမချတတ်လျှင် စစ်ပွဲ များ ရှုံးနိမ့်ရတတ်သည်။ တိုက်ပွဲများ၊ အတွေ့အကြုံများမှ ပေါ်ထွက်လာသော စစ်ပါရဂူ၊ စစ်ရေးကျွမ်းကျင်သူ ပညာရှိတစ်ဦး၏ သေနင်္ဂဗျူဟာ စစ်အတတ်ပညာအဆီအနှစ်ကို ခြုံငုံ ထုတ်ဖော်ထားသော ကျမ်းတစ်ဆူ ဖြစ်ပါသည်။ ဘာစီ၊ ဟင်နရီ၊ လစ်ဒယ်လ်ဟတ် အမည်ရှိ ဆာဘွဲ့ရ ဗြိတိသျှ စစ်ပညာကျွမ်း ကျင်သူက “ စစ်အတတ် ပညာအရာ၌ ဆွန်ဇုကို မီသူမရှိပါ။ ကားလ်၊ ဗွန်၊ ကလော့ဇ်ဝစ်ဇ်သည်ပင် ထွင်းဖောက် သိမြင်နှံ့စပ် သည့်အရာတွင် ဆွန်ဇု ကို မယှဉ်နိုင်ပါ ” ဟု မှတ်ချက်ချဖူး ပါသည်။

စာဖတ်သူ ကိုယ်တိုင် ဆွန်ဇု၏ သေနင်္ဂဗျူဟာ စစ် ပညာကျမ်းကို ဖတ်ရှုလေ့လာသည့်အခါ သာမန်သိရုံအတွက် မဖတ်ဘဲ လက်တွေ့ဘဝနှင့် ယှဉ်၍ မည်ကဲ့သို့ အသုံးချလျှင်ကောင်းမည်လဲဟူသော မိမိဘဝ အသုံးကျမှု ရှုထောင့်က ချဉ်းကပ် လေ့လာလေလေ အမှန်တကယ် အသုံးဝင်အဖိုးတန်ကြောင်းတွေ့ရလေလေ ဖြစ်ပါလိမ့်မည်ဟု မြန်မာဘာသာပြန် သူက ပမာဏအနေနှင့် ရဲဝံ့စွာ အာမခံလိုက်ပါသည်။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)