Skip to product information
1 of 2

Other Websites

ချစ်စံဝင်း - မြန်မာ့ရသပညာ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

အခန်း (၁)

 အနုပညာကိုခြေရာကောက်ယူခြင်း

၂၀၀၄-ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇-ရက်နေ့တွင် ယဉ်ကျေးမှု ဝန်ကြီးဌာနကကျင်းပခဲ့သော ယဉ်ကျေးမှုစာတမ်းဖတ်ပွဲအပြီးတွင် ကျွန်တော်သည် ရသကိစ္စကို တွေးနေမိ၏။ စာတမ်းဖတ်ပွဲတွင် ပညာရှင်တို့က

ရသဆိုတာ အနုပညာကို ပိုမိုထက်မြက် အောင်လုပ်တာ ဟုဆို၏။

ဒါဆိုအနုပညာဆိုတာကရောဘာလဲ?

ဆိုတာ ကတာ၊ ရေးတာ၊ တီးတာသည် အနုပညာရပ်များဖြစ် - သည်ဟု သမရိုးကျဘိုးစဉ်ဘောင်ဆက် သိခဲ့၏။

ပန်းချီ၊ ပန်းပု၊ ပန်းထိမ်၊ ပန်းပဲ၊ ပန်းယွန်း၊ ပန်းတော့ ပန်းတမော့ဆိုသော ပညာရပ်များသည်လည်း အနုပညာဟုဆိုကြ သည်။ ဒါကလည်း အစဉ်အလာအသိဖြစ်၏။ တဖန်ရသကို အစဉ် အလာအားဖြင့်

ချစ်၊ ရွှင်၊ သနား၊ တည်ကြည်၊ ကြမ်းကြုတ်၊ စက်ဆုတ်၊ ကြောက်ရွံ့၊ ရဲဝံ့၊ အံ့ဩ၊ နောအရသာကျမ်းဝယ်လာ ဟုဆိုသည်။ အနုပညာနယ်ပယ် ရသနယ်ပယ်သည် ကျယ်ဝန်းလှသည်။ -အနုပညာနယ်ပယ်ကို လိုက်လံတိုင်းတာရသည်က ခက်ခဲလှသည်။

သို့သော်လည်း ကျွန်တော်သည် အနုပညာဆိုသော စကားရပ် ကို နှိုက်နှိုက်ချွတ်ချွတ်လေ့လာခဲ့ပါ၏။ အနုပညာသည်လည်းကောင်း မြန်မာတို့၏ရသဆိုသော စကားရပ်သည်လည်းကောင်း၊ အင်္ဂလိပ်စာလုံး Aesthetics အက်(စ်)သက်တစ်ဆိုသော စကားရပ်နှင့် တိုက်ရိုက် မသက်ဆိုင်ဟု ယူဆမိပါသည်။ မြန်မာ့ပညာရှိကြီးများ အနုပညာရှင် ကြီးများသည် သူတို့ဘဝသူတို့အတွေ့အကြုံအရ မြန်မာ့ရသဆိုင်ရာ အဖွင့်စကားများကို ပြောခဲ့ကြ၏။ မြန်မာရသနိဒါန်းများကို ရေးသား ခဲ့ကြ၏။ ထိုရေးသားချက်များကို ကျွန်တော်လေ့လာခဲ့ပါသည်။ ကျွန်တော်သည် ၂၀၀၅-ခုနှစ် တနှစ်လုံး အနုပညာကို ခြေရာကောက် ရင်း ၂၀၀၅-ခုနှစ်ကုန်လွန်ခဲ့ပါ၏။ ဤကိစ္စသည် အချိန်ပေးလုပ်ဆောင်ရန် လိုအပ်သော ကိစ္စတရပ်ဟု ယုံကြည်သောကြောင့်လည်း ဤလမ်းကြောင်းကို ကျွန်တော်ဖြည်းဖြည်းသာသာ လျှောက်ခဲ့ခြင်း ဖြစ်၏။

ကျွန်တော်သည် ၁၉၉၀ပြည့်နှစ်မှစ၍ နှစ်စဉ် တစ်နှစ်ကို စာအုပ် ၁၀ အုပ်နီးပါးမျှ ရေးသားခဲ့ရာ အနုပညာခြေရာကောက်ခဲ့သော ၂၀၀၅-ခုနှစ်သည် ကျွန်တော့်အတွက် စာအုပ်မထွက်ဆုံးနှစ် ဖြစ်ခဲ့ရသည်။ သို့သော် ၂၀၀၆-ခုနှစ်ဆန်းတွင်တော့ ကျွန်တော်ခြေရာကောက်နိုင်ခဲ့၏။ အနုပညာဆိုသော စကားရပ်၏ အဓိပ္ပါယ်ကို ဖွင့်ဆို ဖြစ်ခဲ့သည်။

အနုပညာဆိုသည်မှာ လူသားသည် သူ့ဘ၀ခရီး လမ်းနှစ်တစ်သန်း အတွေ့အကြုံကို အခြေခံ၍ သူ့ဘဝ ရှင်သန်မှု အတွက် ရုပ်ဘဝလိုအပ်ချက် စိတ်ဘဝ လိုအပ်ချက်များကို ၊ဖြည့်ဆီးရင်း သူ့ဘဝပတ်ဝန်းကျင်နှင့် မျှတညီညွတ်စွာနေထိုင် နိုင်ရန် ဘဝအပန်းဖြေရန် သဘာဝပတ်ဝန်းကျင်ကို စံပြုအတုပြု၍ သူ၏ဦးနှောက် (စိတ်ခန္ဓာ)နှင့် သူ၏ကိုယ်ရုပ်ခန္ဓာ) ကို အသုံးပြု ကာ လွတ်လပ်စွာ အနုစိတ်တွေးတော တီထွင်ကြံဆပြုလုပ် ခဲ့သည်။ အများနှင့်ဆိုင်သော ခံစားမှုအလှတရားကို အနုပညာဟု ခေါ်သည်။

ဒါက မြန်မာ့အနုပညာနှင့် ပတ်သက်သော ကျွန်တော့် အတွေးဖြစ်ပါ၏။ အထက်ပါ စာပုဒ်ကို ခွဲခြမ်းစိတ်ဖြာ၍ ကြည့်ပါက ထိုစကားရပ်တွင် အောက်ပါအကြောင်းအရာများပါဝင်ပါသည်။ ပါဝင်သောအကြောင်းအရာတို့မှာ . . .

၁။ လူ့ဘဝအနှစ်တစ်သန်း

၂။ ဘဝရှင်သန်လိုမှု

၃။ ရုပ်ဘဝလိုအပ်ချက်

၄။ စိတ်ဘဝလိုအပ်ချက်

၅။ သဘာဝတရားကို တုပ၍

၆။ လူသည်လူ့ပတ်ဝန်းကျင်နှင့် ညီညွှတ်မျှတဖို့

၇။ လူ၏ စိတ်ခန္ဓာ (ဦးနှောက်) နှင့် ရုပ်ခန္ဓာ

၈။ လွတ်လပ်မှု

၉။ အစိတ်ပြုလုပ်မှု

၁၀။ လူသည်သူကိုယ်တိုင်ကြံဆပြုလုပ်သော

၁၁။ အလှတရား

၁၂။ ခံစားမှု

၁၃။ အများနှင့်ဆိုင်သော

 စသည့်စကားရပ်(၁၃)ရပ် ဖြစ်သည်။

လူ့ဘ၀သက်တမ်းအနှစ်တသန်း

လူသည် လူရယ်လို့ သူ့ခြေဖဝါးပေါ်တွင် သူမားမားရပ်၍ လျှောက်လှမ်းခဲ့သည်မှာ အနှစ်တစ်သန်း ဝန်းကျင်ရှိခဲ့ပြီဖြစ်၏။ ထိုအနှစ်တစ်သန်းတွင် လူသည်အတွေ့အကြုံများစွာရရှိခဲ့သည်။ လူ၏ အတွေ့အကြုံတို့သည် ထူးလည်းထူး ဆန်းလည်းဆန်း၏။ များလည်း များ၏။ ခက်ခက်ခဲခဲကြုံတွေ့ရမှုများလည်းရှိသည်။ ပြေပြေလည်လည် သာသာယာယာကြုံတွေ့ရသည်များလည်းရှိ၏။ လူသည် သူ့ဘဝအနှစ် တစ်သန်း ဘ၀အတွေ့အကြုံများ၊ ဘ၀ခံစားချက်များ၊ ဘဝလိုအပ်ချက်များ နှင့်အညီ သူသည်အနုပညာကို ဖန်တီးခြင်းဖြစ်သည်။

 ဘဝရှင်သန်လိုမှု

လူ့ဘဝခရီးလမ်းနှစ်တစ်သန်းတွင် လူသည်သူအတောင့် တဆုံး သူအမက်မောဆုံး သူအလိုလားဆုံးအရာသည် ဘဝရှင်သန်လိုမှု ဖြစ်၏။ ဘဝရှင်သန် လိုမှုဆိုသည်မှာ သူအသက်ရှင်နေလိုမှုဖြစ်၏။ ဘဝရှင်သန်လိုမှုဆိုသည်မှာ သူ့အသက်နှင့် သူ့ခန္ဓာတစ်အိုးစားတည်း ရှိနေလိုသောဆန္ဒဖြစ်၏။ သူသည်သေမှာကို စိုးရိမ်ဆုံးအကြောင့်ကျ ဆုံး၊ မလိုလားဆုံးဖြစ်ရှာ၏။ သူသည်အသက်ရှင်သန်လို၏။ ထိုရှင်သန် လိုမှုကြောင့် သူ့ဘဝတွင် လိုအပ်ချက်များရှိလာသည်။ ယင်းကို ဘဝ လိုအပ်ချက်ဟု ခေါ်၏။ ဘဝလိုအပ်ချက်နှစ်မျိုးရှိသည်။ စိတ်ဘဝ လိုအပ်ချက်နှင့် ရုပ်ဘဝလိုအပ်ချက်တို့ဖြစ်၏။ ထိုလိုအပ်ချက်တို့၏ နောက်သို့လိုက်ရင်း လူသားသည် အနုပညာသားကောင်ကို မတော် တဆတွေ့ခဲ့သည်။ သို့မဟုတ် သူသည်အနုပညာသားကောင်ဖြစ်သွားရရှာ၏။

ရုပ်ဘဝလိုအပ်ချက်

လူသည် သူ့ဘဝခရီးလမ်းအနှစ်တသန်းကို ဖြတ်သန်းရာတွင်

 (က) သဘာဝဘေးအန္တရာယ်များ

 (ခ) ပယောဂအန္တရာယ်များ

 (ဂ) မတော်တဆဖြစ်ရသော အန္တရာယ်များ ကိုဆုံရကြုံရသည်။

            ထို့နောက် လူသည် သူလူဖြစ်လာသော နေ့မှစ၍

(ဃ) အိုခြင်း

(င) နာခြင်း

(စ) သေခြင်း

ဆိုသော အရာများကို မလွဲမသွေ ရင်ဆိုင်ကြရ၏။

လူတွင် နေ့စဉ်လိုအပ်ချက်များကလည်းရှိနေ၏။ ထိုလိုအပ် ချက်တို့မှာ -

(ဆ) စားဖို့ကိစ္စ။ မစားဘဲ မနေနိုင်၊ မစားရပါက သေရန်သာရှိ၏။

(ဇ) ဝတ်ဖို့ကိစ္စ၊

 ဝတ်ရန်ကိစ္စမှာ ရာသီဥတုမှကာကွယ်ရန် အရှက်တရားများ လုံခြုံရန် လူသည် အဝတ်ဝတ်ကြရ၏။

 (ဈ) နေဖို့ကိစ္စ။

နေဖို့ကိစ္စကလည်း အရေးကြီးသည် လူဖြစ်လာသောကြောင့်နေရန် နေစရာ၊ ကွန်းခိုရာ နေရာလိုသည်။ (ည) ထိုပြင်အခြားလူမှုရေး လိုအပ်ချက်ကိစ္စများလည်း ရှိသေး၏။ ယင်းတို့မှာ ချစ်ခြင်းမေတ္တာကိစ္စ သား    ရေး သမီးရေးကိစ္စ၊ လိင်မှုဆိုင်ရာ ကိစ္စ၊ ပိုင်ဆိုင်မှုကိစ္စ၊ ဂုဏ်ဒြပ်အခမ်းအနား ဆိုင်ရာကိစ္စ၊ ရိုးရာဓလေ့ ထုံးစံများကိစ္စ စသည်ဖြင့် အခြားလိုအပ်ချက်တို့က ပိုများသေး၏။ လူသည်အခြား သတ္တဝါများနှင့်မတူ သူ့တွင်တီထွင်မှု၊ ကြံဆမှု မှတ်သားသင်္ခန်းစာယူမှုစသည်တို့ရှိသည်။ လူသည်သဘာဝတရား၏ လျှို့ဝှက် ချက်များကို ဖော်ထုတ်၍ တိုးတက်ကြီးပွားအောင် အစဉ်အမြဲလည်း ကြံဆလုပ်ဆောင် နေတတ်သူဖြစ်သည်။ လူတွင်ထိုသို့သော သဘော များကို ပြုလုပ်နိုင်သော ဦးနှောက်ရှိသည်။ လူ့ဦးနှောက်သည် အရေး ကြီးဆုံးဖြစ်၏။လူသား၏ ရှင်သန်မှုကို ဦးနှောက်ကအဓိက ဖန်တီး၏။ ဦးနှောက်သေလျှင် လူလည်းသေ၏။ ဦးနှောက်မေ့လျှင် လူလည်းမေ့၏။ လူ၏ခန္ဓာသည် ဦးနှောက်အဓိကခန္ဓာဖြစ်သည်။

သဘာဝဆိုသည်မှာ သဘာဝတရားကြောင့်ဖြစ်သော မိုးရွာ ခြင်း၊ ရေကြီးခြင်း၊ ငလျင်လှုပ်ခြင်းစသော ဘေးအန္တရာယ်များနှင့် ရာသီဥတုသာယာခြင်း၊ သီးနှံစပါးပေါများခြင်း စသည်တို့ပါဝင်၏။ သဘာဝတရားသည် ကောင်းကျိုးရော ဆိုးကျိုးပါပေးသည်။

ပယောဂကိစ္စဆိုသည်မှာ လူတို့၏ ချစ်ခြင်း၊ မုန်းခြင်း၊ မနာလို ဝန်တိုခြင်း၊ သံယောဇဉ်ရှိခြင်း စသော ကိစ္စရပ်များကြောင့် ဖြစ်ပေါ်လာ ရသော မလိုလားသည့်ကိစ္စ အရပ်ရပ်၊ လိုလားသည့်ကိစ္စအရပ်ရပ် ဖြစ်ပေါ်မှုကို ဆိုလိုသည်။ လူ့လောကတွင် ဘုရားအဆူဆူပွင့်တော်မူ ခြင်းဟူသောကိစ္စ၊ ကမ္ဘာစစ်ကြီးများဖြစ်ပွားသောကိစ္စတို့သည် လူ့ ပယောဂကြောင့် ဖြစ်ရသောကိစ္စများဖြစ်၏။ ထိုကိစ္စသည်လည်း ဆိုးကျိုးကောင်းကျိုးပေးသည်။ မတော်တဆဖြစ်ရသော ကိစ္စများသည် လည်း လူ့လောကတွင်ရှိရာ သားကောင်းရရှိခြင်း အမြင့်မှ ချောက်ထဲ လိမ့်၍ ခြေကျိုးခြင်း၊ ကားတိုက်မှုဖြစ်ခြင်း၊ အာကာသယာဉ် ပျက်ကျ ခြင်းစသောကိစ္စများသည် မတော်တဆကိစ္စများဖြစ်၏။ ထိုကိစ္စရပ် များကြောင့် လူ့ဘဝတွင် ရုပ်ဘဝလိုအပ်ချက်များရှိလာသည်။

မိုးရွာခြင်းမှကာကွယ်ရန် ထီးပြုလုပ်ခြင်း၊ ရေထည့်ရန် အိုးပြု လုပ်ခြင်း၊ ပစ္စည်းထည့်ရန် တောင်းယက်ခြင်းစသည်တို့ ပြုလုပ်ရာမှ ထီးလုပ်သည့် အနုပညာ၊ အိုးလုပ်သည့်အနုပညာ၊ တောင်းယက်သည့် အနုပညာများကို ဖြစ်ပေါ်လာ၏။ အနုပညာရပ်သည် လူသားတို့မတော်တဆတွေ့ခဲ့ရသောကိစ္စဖြစ်၍ ထိုသို့တွေခဲ့ရမှုသည် လူတို့ အတွက်ကံကောင်းမှုဖြစ်၏။ သားကောင်ရရှိ၍ ပျော်ရွှင်ခြင်း ပျော်ရွှင် ရာမှ ဟစ်အော်ခြင်း ခုန်ပေါက်ခြင်းတို့မှ သံစဉ်နှင့်အက ပညာရပ်များ ကို ဖြစ်စေခဲ့သည်။ ချောင်းကိုဖြတ်ကူးရန် လှေပြုလုပ်ခြင်းသည်လှေလုပ်သည့်အတတ်ကို တတ်မြောက်စေ၍ လှေကိုပိုမိုလှပအောင် ပြုလုပ်ရာမှ လှေလုပ်သည့် အနုပညာတစ်ရပ်ပေါ်ထွက်လာ၏။ ထိုအရာတို့သည် ဘဝလိုအပ်ချက်အရ သဘာဝတရားကို အတုခိုးရာမှ ဖြစ်ပေါ်လာသော အနုပညာရပ်များဖြစ်၏။

စိတ်ဘဝလိုအပ်ချက်

လူတွင်စိတ်ရှိ၏။ စိတ်ကတီထွင်ကြံဆမှတ်သားရုံ သာမက ခံစားမှုလည်း ရှိ၏။ ဆိုးကျိုးများဖြစ်သော သဘာဝအန္တရာယ်၊ ပယောဂ နှင့် မတော်တဆကိစ္စရပ်များကို ကြုံတွေ့ ရမှာလူသည် ဝမ်းနည်းကြ ရသည်။ ကြေကွဲကြရသည်။ ငိုကြွေးခဲ့ရသည်။ ပူပန်ကြောင့်ကြခဲ့ရ၏။ အိုနာသေဘေးနှင့် မအိုသေး၊ မနာသေး၊ မသေသေးသော ကာလများ တွင် စိတ်လိုအပ်ချက်များရှိ၏။ ထိုစိတ်ဘဝလိုအပ်ချက်များက စိတ် လိုအပ်ချက်ဆိုင်ရာအနုပညာရပ်များ ကိုဆက်နွယ် မွေးဖွားစေခဲ့သည်။

အိုနာသေဘေးသည် မလွဲမရှောင်သာကိစ္စဖြစ်သော်လည်း လူသည်မွေးမွေးခြင်းတော့ သေသည်မဟုတ်၊ နာခြင်းတရားသည် မလွဲ မသွေ ဆုံဆိုက်မည့်ကိစ္စဖြစ်သော်လည်း လူ့ဘဝတွင် နာခြင်းရောက် မလာ သေးသော ကာလတော့ရှိ၏။ အလားတူသေခြင်းကိစ္စကလည်း မသေခင်တော့ ရှင်နေသေးရာ အိုခြင်း၊ နာခြင်း၊ သေခြင်းတို့မရောက် ခင် လူတို့တွင်ပျော်မှု ရွှင်မှုကြည်နူး ခံစားမှုများတော့ရှိသည်။ ထိုပျော်မှု ရွှင်မှု ကအနုပညာရပ်များကို ဖွားမြင်ပေး၏။ အိုခြင်း၊ နာခြင်း၊ သေခြင်း၊ မချစ်မနှစ်သက်သူနှင့် ပေါင်းရခြင်း၊ ချစ်ခင်နှစ်သက်သူနှင့် ကွေကွင်းရခြင်းစသည်တို့ဖြစ်လာရသောအခါ လူ့စိတ်ကဝမ်းနည်း

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)