Skip to product information
1 of 2

Other Websites

ချစ်စံဝင်း - မမေ့မလျော့ မပေါ့မဆ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

အခန်း (၁)

ကျွန်တော်၏ ထိုင်းမိတ်ဆွေကြီး နာတာပိုး

မိမိတွင် ထိုင်းမိတ်ဆွေတစ်ဦး ရှိသည်။ သူ၏ နာမည်က မစ္စတာ နာတာပိုးဟု ခေါ်၏။ သူသည် မြန်မာတို့အပေါ် အထူး လေးစား သံယောဇဉ်ရှိသူတစ်ဦး ဖြစ်သည်။ သူ့ကိုယ်သူလည်း မြန်မာတို့ အယုဒ္ဓယကို တိုက်စဉ်က ပါလာသော မြန်မာစစ်သားကြီးတစ်ဦးသေ၍ ဝင်စားသည်ဟု ယုံကြည်သည်။ မစ္စတာနာတာပိုးက မြန်မာ နိုင်ငံတွင် ကုသိုလ်ကောင်းမှုများ မကြာခဏ လာရောက်ပြုသည်။ မြန်မာနိုင်ငံတော်အစိုးရက ထိုင်းဘုရားကျောင်းဆောင် ဆောက်လုပ်ရန် ခွင့်ပြုထားသော ကမ္ဘာအေးစေတီဝင်းအတွင်းရှိ မြေနေရာတွင် ထိုင်း ဗိသုကာလက်ရာဖြင့် ဘုန်းတော်ကြီးကျောင်းဆောင် တစ်ဆောင်ကို တည်ဆောက်ရန် ကြိုးစားနေသူတစ်ဦးဖြစ်သည်။

မစ္စတာနာတာပိုးသည် ထိုင်းဗိသုကာလက်ရာဖြင့် ဘုန်းတော်ကြီး ကျောင်း ဒီဇိုင်းပုံကို ဆွဲပြီး ငွေကြေးကုန်ကျမှုကို တွက်ချက်ပြီးဖြစ်၏။ သို့သော် ၁၉၉၈-ခုနှစ်က အာရှတွင် ဖြစ်ပေါ်လာသော စီးပွားရေးနှင့်ချစ်စံဝင်း ငွေကြေးအကျပ်အတည်းတွင် သူသည် ငွေကြေးအတော်များများကို လက်လွှတ်ဆုံးရှုံးခဲ့ရာမှ ထိုကျောင်းတော်ကို မဆောက်ဖြစ်ဘဲ ခေတ္တ ဆိုင်းထားရ၏။ ရည်မှန်းသည့် အလှူဒါနကို မပြုရ၍ မစ္စတာ နာတာပိုးသည် စိတ်မကောင် ဖြစ်နေရှာ၏။ ထိုအချိန်၌ မိမိ အိန္ဒိယ နိုင်ငံသို့ သွားရန် အကြောင်းကိစ္စတစ်ရပ် ပေါ်လာသည်။ အကြောင်း မှာ ဒေလီရှိ မိတ်ဆွေဖြစ်သူ မစ္စတာကွပ်တားက ဒေလီတွင် စာအုပ် ပြပွဲတစ်ရပ် ခင်းကျင်းပြသရန် ရှိသည်။ ထို့ကြောင့် အိန္ဒိယသို့ လာခဲ့ရန် ဖိတ်ကြားသည်။ ဗုဒ္ဓဂယာသို့လည်း ဘုရားဖူးသွားရင်း အိန္ဒိယသို့ အသွားတွင် မစ္စတာနာတာပိုးနှင့် တွေ့ဆုံရန် မိမိသည် ဗန်ကောက်သို့ လှည့်ဝင်သည်။

ထိုခရီးကို မိမိ စိတ်လက်ပေါ့ပါးစွာ ထွက်လာခြင်းဖြစ်၏။ မိမိသည် ဤခရီးမှ စာအုပ်တစ်အုပ် ရရှိလိမ့်မည်ဟု မျှော်လင့် ထွက်လာခဲ့ခြင်းမရှိ။ ဗန်ကောက်သို့ရောက်တော့ ခရီးရောက်မဆိုက် ပင် မစ္စတာနာတာပိုးနှင့် တွေ့၏။ မိမိရောက်ရှိလာသည့်အတွက် သူလည်း အထူးဝမ်းမြောက်ဝမ်းသာဖြစ်၏။ တကယ်တော့ မိမိ ရောက်သွားချိန်တွင် သူသည် အတော်စိတ်ဓာတ်ကျနေချိန်ဖြစ်၏။ စိတ်ဓာတ်ကျရသည့် အကြောင်းရင်းမှာ အာရှ၏ ငွေကြေးဆိုင်ရာ အကျပ်အတည်းတွင် မစ္စတာနာတာပိုးသည် သူချမ်းသာသမျှ၏ သုံးပုံနှစ်ပုံခန့် အလိုအလျောက် လျော့ပါးဆုံးရှုံးခံလိုက်ရသောကြောင့် ဖြစ်၏။ မြန်မာနိုင်ငံတွင် ထိုင်းဘုန်းတော်ကြီးကျောင်း ဆောက်လုပ် ရေးအစီအစဉ်ကိုလည်း သူသည် ရက်အကန့်အသတ်မရှိ ရပ်ဆိုင်း လိုက်ရသည်။

          စီးပွားရေး အဆင်မပြေရာက ဇနီးဖြစ်သူနှင့်လည်း ကတောက် ကဆ ဖြစ်၏။ ဇနီးက အိမ်ခွဲ၍ ဆင်းသွားသည်။ သမီးဖြစ်သူက ပညာဆုံးခန်းတိုင် မသင်ကြားဘဲ မိမိသဘောတူရန် ခဲယဉ်းသော ထိုင်းလူငယ်တစ်ယောက်နှင့် လက်ထပ်သည်။ ထိုကဲ့သို့ စိတ်ဆင်းရဲ စရာများနှင့် အဆုံးအရှုံးများ ထပ်ကာထပ်ကာ ကြုံကြိုက်နေစဉ် မိမိ ရောက်သွားခြင်းဖြစ်၏။

မိမိရောက်ရှိသွား၍ မစ္စတာနာတာပိုး ပို၍ဝမ်းနည်းသလို ပို၍ လည်း အားရှိသွား၏။ ပို၍ဝမ်းနည်းသွားသည်မှာ မိမိရည်မှန်းထား သော ဘုရားကျောင်းတော် မဆောက်ဖြစ်ခဲ့ရခြင်းကြောင့် ဖြစ်၏။

“မစ္စတာနာတာပိုး ကျောင်းမဆောက်ဖြစ်တာလည်း စိတ်မကောင်း ဖြစ်မနေနဲ့၊ စီးပွားရေး ပြန်ကောင်းလာရင် ကျောင်းတော်ကို ရည်မှန်း ချက်အတိုင်း ဆောက်နိုင်မှာပဲ။ အခုလည်း ထိုင်းနိုင်ငံ စီးပွားရေးက အတော်လေး တည်ငြိမ်နေပြီပဲ။ ကျောင်းဆောက်ချင်စိတ် ရှိနေတာ ကိုက ကုသိုလ်ရနေတယ်”ဟု ဆိုတော့ မစ္စတာနာတာပိုးက “ဦးချစ်စံ ဝင်းရာ ကျွန်တော်က ဒီအလှူကို ၂ဝဝဝ-ပြည့်နှစ် မတိုင်ခင် ပြုချင် တာ”ဟု ဆိုသည်။

“၂၀၀၀-ပြည့်ဖို့ ၂-နှစ်တောင် ကျန်သေးတာပဲ၊ ကဲ စိတ် ဆင်းရဲတာတွေ ခဏထား၊ ကျွန်တော် ရောက်တုန်း ရောက်ခိုက် စိတ်ပြေလက်ပျောက် လျှောက်လည်ကြရအောင်”ဟု ဆိုတော့ သူက သဘောတူ၍ မိမိတို့ သူ့အိမ်မှ ထွက်လာခဲ့ကြ၏။ ပထမတွင် ဘယ်သို့သွားရောက်မည်ဆိုသော အစီအစဉ်မရှိ။ သူနှင့်မိမိတို့ သောက် နေကျဆိုင်ဖြစ်သော ဆူကွန်ဗစ် ၁၁-လမ်းမှ ကော်ဖီဆိုင်သို့ ထွက်လာခဲ့ကြ၏။ ထိုဆိုင်တွင် ကော်ဖီကျကျတစ်ခွက်စီ ဝင်သောက်၏။ မစ္စတာနာတာပိုးကလည်း ကော်ဖီသမားဖြစ်၏။ မိမိတို့ စကား

ဖောင်ဖွဲ့၍ ကော်ဖီလေးသောက်နေချိန်တွင် မစ္စတာနာတာပိုး စိတ် အတော်အတန်သက်သောင့်သက်သာရှိနေ၏။ ထို့နောက်တော့ ပတ္တရာ မှ အာကဇာကပွဲကြည့်ရန် မိမိတို့ ပတ္တရာဘက်သို့ ထွက်လာခဲ့၏။

ပတ္တရာသည် ဗန်ကောက်မှ နှစ်နာရီခွဲခန့် မောင်းရသော ထိုင်း - နိုင်ငံ၏ နာမည်ကျော် ကမ္ဘာကျော် အပန်းဖြေဆိပ်ကမ်းမြို့ဖြစ်သည်။

မိမိတို့ ဗန်ကောက်မြို့တော်မှ တကူးတက လာရောက်ကြည့်ရှု သော အာကဇာကပွဲကြီးအကြောင်းကို အနည်းငယ်မျှ မိမိ တင်ပြ လို၏။ အာကဇာကပွဲသည် မိန်းမလျာများချည်း ကသော ထိုင်းနိုင်ငံ ၏ နာမည်ကြီး ကပွဲတစ်ခုဖြစ်၏။ ကပွဲရုံကြီးအတွင်းသို့ မိမိတို့ ရောက်တော့ ဧည့်ခံတီးဝိုင်းက စတင် တီးခတ်နေပြီဖြစ်၏။ အနောက် တိုင်း သြခက်စတြာ ဧည့်ခံတီးလုံးသံများက ကပွဲရုံကြီး၏ အရှေ့ဘက် အနောက်ဘက် ဘေးဘက်တို့မှ တစ်ပြိုင်နက်တည်း ထွက်ပေါ်လျက် ရှိ၏။ ထိုအချိန်တွင်မှ ဝင်လာသော မိမိတို့နှစ်ယောက်အား ဧည့်ခံ တီးလုံးသံကို အာရုံခံစားနေကြသော ရွှေပွဲလာပရိသတ်များက သိပ် ကြည်ပုံမရ။ မိမိတို့ကြောင့် အနှောင့်အယှက် တစ်စုံတစ်ရာဖြစ်မည်မှာ အမှန်ဖြစ်သော်လည်း အားနာနာနှင့်ပင် မိမိတို့နေရာသို့ ရောက်အောင် သွား၍ ခပ်လျှိုလျှိုလေး ဝင်ထိုင်ကြရ၏။

အာကဇာကပွဲ၏ ဧည့်ခံတီးလုံးက ဟိတ်ဟန်ကြီးမား ခံ့ညား ၏။ ဧည့်ခံတီးလုံးမျှနှင့်ပင် အာကဇာကပွဲကြီးသည် ချက်ချင်း အထွတ် အထိပ်သို့ ရောက်ရလောက်အောင် အထင်ကြီးစရာဖြစ်၏။အာကဇာကပွဲတွင် ပါဝင်ကပြသူအားလုံးသည် မိန်းမလျာများ ချည်း ဖြစ်၏။ သို့သော် သူတို့အား ဘယ်သူကမှ မိန်းမအစစ်နှင့် ခွဲခြား၍မရနိုင်။ သူတို့တွင် လည်ပင်းစလုတ်များလည်း မရှိ။ ရင်သား များကလည်း မို့မောက်ကာ ရှိုက်ဖိုကြီးငယ် အသွယ်သွယ်ဖြစ်အောင် ခွဲစိတ် ဖြည့်စွက်ထားကြသည်။ ။

ဧည့်ခံတေးသွားသည် ဒေါက်တာဇီဗားဂိုး၊ ကလီယိုပါထရာ အစ ရှိသော ရုပ်ရှင်ဇာတ်ကားကြီးများထဲမှ တီးလုံးများကို မိမိရရ ယူငင်ကာ ထိုဇာတ်ကားကြီးများကို ကြည့်ရင်း ခံစားနေသလို ခံစား၍ ရအောင် တီးပြဖျော်ဖြေသည်။ ပရိသတ်မှာ ဧည့်ခံတီးလုံး၏ ဖျော်ဖြေ မှုတွင် တစ်ခဏချင်း နစ်မျော၍ပါသွားသည်။ ဧည့်ခံတီးလုံး ပြီးသည် နှင့် ထူထူထဲထဲရှိသော ကတ္တီပါပြည်ဖုံးကားကြီး လိပ်၍တက်သွား သည်က ရွှေ့ပွဲလာ ပရိသတ်အား အခြားကမ္ဘာတစ်ခုဆီသို့ ခေါ်ဆောင် သွားနေသကဲ့သို့ရှိသဖြင့် ပရိသတ်ကြီးထံမှ အလိုလို လက်ခုပ်သံများ ပေါ်ထွက်လာသည်း၊ အာကဇာကဘာရေရှို့သည် ပြည်ဖုံးကားကြီးကို မတင်လိုက်စဉ်ကပင် ပရိသတ်ကို ဒုတိယအကြိမ် ဖမ်းစားပြီးဖြစ်၏။

အာကဇာကပွဲကြီး စတင်တော့မှာဖြစ်ကြောင်းကို အင်္ဂလိပ် ဘာသာ၊ ထိုင်းဘာသာတို့နှင့် ကြေညာသည်။ ကြေညာ၍ပြီးလျှင် ပြီးချင်း ကြက်ပေါင်သီးလို ပေါင်ဖြူဖြူနှင့်ကောင်မလေးများက တင်ဂိုအကဖြင့် မြူးမြူးကြွကြွ စတင်ကပြ ဧည့်ခံ၏။ ဘိုရှုံးလောက်အောင် ကပြနေသော ကောင်မလေးများသည် မိန်းမလျာများ ဖြစ် သည်ဆိုခြင်းကို ဘယ်လိုမှ လက်ခံ၍ မရလောက်အောင်ပင်၏။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)